မြန်မာနိုင်ငံမှာ ငါးပုဇွန် အလွန်ပေါ ပါတယ်။ ရေခဲ ရိုက်ဖို့ ရေခဲ မဝယ်ချင်လို့ မပုတ်အောင် ဖော်မလင်သုံးတာက တစ်ပိုင်းပေါ့။ အဲပြောချင်တာက ဒီပုဇွန် ဈေးသယ်တွေက ချောင်းသာ ပုဇွန်လို့ လိမ်ရောင်းတယ်။ ချောင်းသာက လာတာ မဟုတ်ဘူး။
နိုင်ငံခြားကနေ ရေခဲပုံးတွေနဲ့လာတာ စားသောက်ဆိုင်တွေ အဓိက သုံးတယ်။ မြန်မာ FDA မသိဘူးလား။ မသိပါဘူး။ စားသုံးသူတွေကို ကာကွယ်ပေးဖို့ ဆိုတာ နှစ် ၆၀ လုံး လုပ်မလာခဲ့ပါဘူး။ နိုင်ငဲခြားကနေ ရန်ကုန်ထိ ရေခဲပုံးနဲ့ သယ်လာတဲ့ ပုဇွန်က ဧရာဝတီက ဘော့ချိပ်ထက် ဈေးပိုပေါနေတယ်။
သူ့နိုင်ငံမှာ ဓာတုဗေဒဆေး အလွန်အကျွန်သုံးထားလို့ ဂျပန်နဲ့ ဥရောပ ပို့မရ၊ သူ့နိုင်ငံထဲမှာလဲ လက်မခံတဲ့ ပုဇွန်တွေကို အောက်လမ်းကနေ အဆင့်ဆင့် ရန်ကုန်ထိ သယ်လာတာပါ။ လမ်းကြေးကောက်တဲ့ အဆင့်ဆင့်က ဒီပုဇွန်တွေဝင်နေတာ သိပေမယ့် ပညာတတ်ပြီး Food Safety အကြောင်းနားလည်တဲ့သူတွေ မရှိလို့လားတော့ မသိ။ သိရင်လဲ လမ်းကြေးယူပြီး နှပ်နေတာလားတော့ မသိ။
ဒီလို အန္တရာယ် များတဲ့ အစားအစာတွေကို ကိုယ့်နိုင်ငံသားတွေ နားမလည်ပဲ စားနေရတာ အများကြီး။ အဲ့ဒါတွေကြောင့် ဖြစ်နေတဲ့ ရောဂါတွေလဲ အများကြီး။ အဲ့တာတွေ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ နှစ် ၆၀ လုံး ပြည်သူ့အတွက် မစဉ်းစားခဲ့တဲ့ အစိုးရ ဥပဒေပြု တာဝန်ရှိသူတွေလား ပြည်သူတွေ ပညာမတတ်အောင် လုပ်ခဲ့တဲ့ သူတွေလား။
ဘယ်လိုပဲ ဖြစ်ဖြစ် နေ့စဉ် ဒီလိုမျိုး အဆိပ်သင့်နေတဲ့ အစားအစာတွေကို နားမလည်တဲ့ ပြည်သူတွေက နေ့စဉ်စားသုံးနေကြရတာပါ။ ကိုယ်ဖြစ် ကိုယ်ခံ ပါပဲ။ (Ba Nyar)
သို့ ငါးဦးစီး နေပြည်တော်၊ အဂတိတိုက်ဖျက်ရေး နေပြည်တော် နှင့် FDA နေပြည်တော်၊ ထိုင်းနိူင်ငံပြည်တွင်းတွင် ဓာတုဗေဒဆေး အလွန်အကျွံ သုံးထားသဖြင့် ထိုင်းပြည်တွင်းတွင် ရောင်းချခွင့် စားသောက်ခွင့်မရှိသော ငါး ပုဇွန် နှင့် ငါးယောင်များကို ရေခဲပုံးဖော့ဖါများနှင့် မဲဆောက်နယ်စပ်မှတဆင့် မြန်မာနိူင်ငံ မြဝတီမြို့ BGF အဖွဲ့အစည်းဂိတ်များမှ နေ့စဉ်တရားမဝင် ဝင်ရောက်ကာ ရန်ကုန်စံပြငါးဈေးကြီးသို့ ပို့ဆောင်နေကြသည်မှာ နှစ်များစွာကြာမြင့်နေပါသဖြင့် တာဝန်ရှိသူများကို ထိရောက်စွာအရေးယူပေးပါရန် တင်ပြပေးလိုက်ရပါသည်။
ထိုင်းနိုင်ငံမှာ.. ဓာတုဆေး အလွန်အကျွန်သုံးထားသဖြင့် ဂျပန် နဲ့ ဥရောပ ကိုလည်း ပို့မရသော ထိုင်းနိုင်ငံအတွင်းမှာလဲ လက်မခံ တဲ့ ငါး ပုဇွန်တွေကို အောက်လမ်းအဆင့်ဆင့်ကနေ မြဝတီမှ ခြောက်ဘီးကား မျာစွာဖြင့် ရန်ကုန်ထိသယ်ဆောင်ကာ ရန်ကုန်မှတဆင့် တနိူင်ငံလုံးသို့ ပြန်လည် ဖြန့်ဖြူး ပါသည်။
ဒီလို အန္တရာယ် များတဲ့ အစားအစာတွေကို ကိုယ့်နိုင်ငံသားတွေ နားမလည်ပဲ စားနေရတာတွေ ထိုမှတဆင့် အလွန်အန္တရာယ်ရှိတဲ့ ရောဂါတွေဖြစ်လာတာတွေဟာ FDA နှင့် ငါးဦးစီး တို့၏ လာဘ်ငွေယူပြီးနှစ်ပေါင်းမျာစွာ လွှတ်ထားခဲ့သောကြောင့် ပြည်သူများမှနေ့စဉ် အဆိပ်သင့်နေသော အစားအစာတွေကို စားသုံးနေရခြင်းဖြစ်ပေသည်။ လက်ရှိ ၂၀၁၉ခုနှစ် မြဝတီမြို့မှ ရန်ကုန်မြို့အထိ တရားမဝင် ငါးပုဇွန်တင်သော ခြောက်ဘီကားတစ်စီး ၏ တရားမဝင်ပေးရသော လာဘ်ငွေများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
မြဝတီသင်္ကန်းညီနောင်ရှိအဖွဲ့စုံဂိတ် – ကျပ် ရှစ်သောင်း ၈၀၀၀၀၊ ကော့ကရိတ်ရဲအဖွဲ့ဂိတ် – ကျပ် ခုနှစ်သောင်းခွဲ ၇၅၀၀၀၊ ဂျိုင်း တံတားရဲအဖွဲ့ – ကျပ် ခုနှစ်သောင်းခွဲ ၇၅၀၀၀၊ သံလွင်းတံတား ဘားအံ ငါးဦးစီးမှ ဒေသထွက်ကုန် စာရွက်အတု – ကျပ်နှစ်သိန်း ၂၀၀၀၀၀၊ သံလွင်တံတား ဘားအံ ရဲအဖွဲ့ – ကျပ်နှစ်သောင်း ၂၀၀၀၀၊ သံလွင်းတံတား ဘားအံ အကောက်ခွန် – ကျပ်သုံးသောင်း ၃၀၀၀၀
ဘားအံငါးဦးစီးမှ မျောစာအတုပေါ်တွင် တံဆိပ်တုံးထုခ၊ သံလွင်းတံတား ဘားအံ စရဖ – ကျပ်ငါးထောင် ၅၀၀၀၊ သံလွင်းတံတား ယဉ်ထိန်း – ကျပ်ငါးထောင် ၅၀၀၀၊ သထုံ ဒုံသမိတံတား – ကျပ် ခုနှစ်ထောင် ၇၀၀၀၊ သထုံကြာပန်းတီုးဂိတ် အကောက်ခွန် – ကျပ်ငါးထောင် ၅၀၀၀၊ သထုံကြာပန်းတီုးဂိတ် ရဲ – ကျပ် ၅၀၀၀
မရမ်းချောင်း မိုဘိုင်းအဖွဲ့ စစ်ဆေးရေးဂိတ်ကြီး ဘားအံငါးဦးစီးမှ မျောအတုစာရွက်ပြရုံသာ၊ အင်းတိုင်ရဲဂိတ် ကျပ်သုံးသောင်း ၃၀၀၀၀၊ ရန်ကုန်အမှတ်သုံးလမ်းဆုံ ရဲဂိတ် – ကျပ်တစ်သောင်း ၁၀၀၀၀
ခြောက်ဘီးကား တစီးကို အနည်းဆုံး ငါးသိန်း လေးသောင်း ခုနှစ်ထောင် လာဘ်ပေးရပါတယ်။ ပွဲတော်ကြီးတမျှ ပျော်ပျော်ရွှင်ရွှင် ပါပဲ ခင်ဗျာ။ ကျန်တဲ့သူတွေ ဖြစ်ချင်တာသာ ဖြစ် ငါတို့ အတွက် ရရင် ပြီးပြီ ဆိုတဲ့ သဘောပါပဲခင်ဗျ။ တာဝန်ရှိသူ လူကြီးများ စိစစ် ကြပ်မတ်ပေးကြပါဦး ခင်ဗျာ။ (၂၀၂၀ ခုနှစ်က ဆက်ကြေးနှုန်းထားများ ဖြစ်ပါသည်၊ ယခုထို့ထက် ပိုများနိုင်ပါသည်) ပိတောက်မြေ (ခေတ္တလူပြည်)
Zawgyi
ျမန္မာႏိုင္ငံမွာ ငါးပုဇြန္ အလြန္ေပါ ပါတယ္။ ေရခဲ ႐ိုက္ဖို႔ ေရခဲ မဝယ္ခ်င္လို႔ မပုတ္ေအာင္ ေဖာ္မလင္သုံးတာက တစ္ပိုင္းေပါ့။ အဲေျပာခ်င္တာက ဒီပုဇြန္ ေစ်းသယ္ေတြက ေခ်ာင္းသာ ပုဇြန္လို႔ လိမ္ေရာင္းတယ္။ ေခ်ာင္းသာက လာတာ မဟုတ္ဘူး။
ႏိုင္ငံျခားကေန ေရခဲပုံးေတြနဲ႔လာတာ စားေသာက္ဆိုင္ေတြ အဓိက သုံးတယ္။ ျမန္မာ FDA မသိဘူးလား။ မသိပါဘူး။ စားသုံးသူေတြကို ကာကြယ္ေပးဖို႔ ဆိုတာ ႏွစ္ ၆၀ လုံး လုပ္မလာခဲ့ပါဘူး။ ႏိုင္ငဲျခားကေန ရန္ကုန္ထိ ေရခဲပုံးနဲ႔ သယ္လာတဲ့ ပုဇြန္က ဧရာဝတီက ေဘာ့ခ်ိပ္ထက္ ေဈးပိုေပါေနတယ္။
သူ႔ႏိုင္ငံမွာ ဓာတုေဗဒေဆး အလြန္အကြၽန္သုံးထားလို႔ ဂ်ပန္နဲ႔ ဥေရာပ ပို႔မရ၊ သူ႔ႏိုင္ငံထဲမွာလဲ လက္မခံတဲ့ ပုဇြန္ေတြကို ေအာက္လမ္းကေန အဆင့္ဆင့္ ရန္ကုန္ထိ သယ္လာတာပါ။ လမ္းေၾကးေကာက္တဲ့ အဆင့္ဆင့္က ဒီပုဇြန္ေတြဝင္ေနတာ သိေပမယ့္ ပညာတတ္ၿပီး Food Safety အေၾကာင္းနားလည္တဲ့သူေတြ မရွိလို႔လားေတာ့ မသိ။ သိရင္လဲ လမ္းေၾကးယူၿပီး ႏွပ္ေနတာလားေတာ့ မသိ။
ဒီလို အႏၲရာယ္ မ်ားတဲ့ အစားအစာေတြကို ကိုယ့္ႏိုင္ငံသားေတြ နားမလည္ပဲ စားေနရတာ အမ်ားႀကီး။ အဲ့ဒါေတြေၾကာင့္ ျဖစ္ေနတဲ့ ေရာဂါေတြလဲ အမ်ားႀကီး။ အဲ့တာေတြ ဘယ္သူ႔မွာ တာဝန္ရွိပါသလဲ။ ႏွစ္ ၆၀ လုံး ျပည္သူ႔အတြက္ မစဥ္းစားခဲ့တဲ့ အစိုးရ ဥပေဒျပဳ တာဝန္ရွိသူေတြလား ျပည္သူေတြ ပညာမတတ္ေအာင္ လုပ္ခဲ့တဲ့ သူေတြလား။
ဘယ္လိုပဲ ျဖစ္ျဖစ္ ေန႔စဥ္ ဒီလိုမ်ိဳး အဆိပ္သင့္ေနတဲ့ အစားအစာေတြကို နားမလည္တဲ့ ျပည္သူေတြက ေန႔စဥ္စားသုံးေနၾကရတာပါ။ ကိုယ္ျဖစ္ ကိုယ္ခံ ပါပဲ။ (Ba Nyar)
သို႔ ငါးဦးစီး ေနျပည္ေတာ္၊ အဂတိတိုက္ဖ်က္ေရး ေနျပည္ေတာ္ ႏွင့္ FDA ေနျပည္ေတာ္၊ ထိုင္းႏိူင္ငံျပည္တြင္းတြင္ ဓာတုေဗဒေဆး အလြန္အကြၽံ သုံးထားသျဖင့္ ထိုင္းျပည္တြင္းတြင္ ေရာင္းခ်ခြင့္ စားေသာက္ခြင့္မရွိေသာ ငါး ပုဇြန္ ႏွင့္ ငါးေယာင္မ်ားကို ေရခဲပုံးေဖာ့ဖါမ်ားႏွင့္ မဲေဆာက္နယ္စပ္မွတဆင့္ ျမန္မာႏိူင္ငံ ျမဝတီၿမိဳ႕ BGF အဖြဲ႕အစည္းဂိတ္မ်ားမွ ေန႔စဥ္တရားမဝင္ ဝင္ေရာက္ကာ ရန္ကုန္စံျပငါးေဈးႀကီးသို႔ ပို႔ေဆာင္ေနၾကသည္မွာ ႏွစ္မ်ားစြာၾကာျမင့္ေနပါသျဖင့္ တာဝန္ရွိသူမ်ားကို ထိေရာက္စြာအေရးယူေပးပါရန္ တင္ျပေပးလိုက္ရပါသည္။
ထိုင္းႏိုင္ငံမွာ.. ဓာတုေဆး အလြန္အကြၽန္သုံးထားသျဖင့္ ဂ်ပန္ နဲ႔ ဥေရာပ ကိုလည္း ပို႔မရေသာ ထိုင္းႏိုင္ငံအတြင္းမွာလဲ လက္မခံ တဲ့ ငါး ပုဇြန္ေတြကို ေအာက္လမ္းအဆင့္ဆင့္ကေန ျမဝတီမွ ေျခာက္ဘီးကား မ်ာစြာျဖင့္ ရန္ကုန္ထိသယ္ေဆာင္ကာ ရန္ကုန္မွတဆင့္ တႏိူင္ငံလုံးသို႔ ျပန္လည္ ျဖန႔္ျဖဴး ပါသည္။
ဒီလို အႏၲရာယ္ မ်ားတဲ့ အစားအစာေတြကို ကိုယ့္ႏိုင္ငံသားေတြ နားမလည္ပဲ စားေနရတာေတြ ထိုမွတဆင့္ အလြန္အႏၲရာယ္ရွိတဲ့ ေရာဂါေတြျဖစ္လာတာေတြဟာ FDA ႏွင့္ ငါးဦးစီး တို႔၏ လာဘ္ေငြယူၿပီးႏွစ္ေပါင္းမ်ာစြာ လႊတ္ထားခဲ့ေသာေၾကာင့္ ျပည္သူမ်ားမွေန႔စဥ္ အဆိပ္သင့္ေနေသာ အစားအစာေတြကို စားသုံးေနရျခင္းျဖစ္ေပသည္။ လက္ရွိ ၂၀၁၉ခုႏွစ္ ျမဝတီၿမိဳ႕မွ ရန္ကုန္ၿမိဳ႕အထိ တရားမဝင္ ငါးပုဇြန္တင္ေသာ ေျခာက္ဘီကားတစ္စီး ၏ တရားမဝင္ေပးရေသာ လာဘ္ေငြမ်ားမွာေအာက္ပါအတိုင္းျဖစ္ပါသည္။
ျမဝတီသကၤန္းညီေနာင္ရွိအဖြဲ႕စုံဂိတ္ – က်ပ္ ရွစ္ေသာင္း ၈၀၀၀၀၊ ေကာ့ကရိတ္ရဲအဖြဲ႕ဂိတ္ – က်ပ္ ခုႏွစ္ေသာင္းခြဲ ၇၅၀၀၀၊ ဂ်ိဳင္း တံတားရဲအဖြဲ႕ – က်ပ္ ခုႏွစ္ေသာင္းခြဲ ၇၅၀၀၀၊ သံလြင္းတံတား ဘားအံ ငါးဦးစီးမွ ေဒသထြက္ကုန္ စာ႐ြက္အတု – က်ပ္ႏွစ္သိန္း ၂၀၀၀၀၀၊ သံလြင္တံတား ဘားအံ ရဲအဖြဲ႕ – က်ပ္ႏွစ္ေသာင္း ၂၀၀၀၀၊ သံလြင္းတံတား ဘားအံ အေကာက္ခြန္ – က်ပ္သုံးေသာင္း ၃၀၀၀၀
ဘားအံငါးဦးစီးမွ ေမ်ာစာအတုေပၚတြင္ တံဆိပ္တုံးထုခ၊ သံလြင္းတံတား ဘားအံ စရဖ – က်ပ္ငါးေထာင္ ၅၀၀၀၊ သံလြင္းတံတား ယဥ္ထိန္း – က်ပ္ငါးေထာင္ ၅၀၀၀၊ သထုံ ဒုံသမိတံတား – က်ပ္ ခုႏွစ္ေထာင္ ၇၀၀၀၊ သထုံၾကာပန္းတီုးဂိတ္ အေကာက္ခြန္ – က်ပ္ငါးေထာင္ ၅၀၀၀၊ သထုံၾကာပန္းတီုးဂိတ္ ရဲ – က်ပ္ ၅၀၀၀
မရမ္းေခ်ာင္း မိုဘိုင္းအဖြဲ႕ စစ္ေဆးေရးဂိတ္ႀကီး ဘားအံငါးဦးစီးမွ ေမ်ာအတုစာ႐ြက္ျပ႐ုံသာ၊ အင္းတိုင္ရဲဂိတ္ က်ပ္သုံးေသာင္း ၃၀၀၀၀၊ ရန္ကုန္အမွတ္သုံးလမ္းဆုံ ရဲဂိတ္ – က်ပ္တစ္ေသာင္း ၁၀၀၀၀
ေျခာက္ဘီးကား တစီးကို အနည္းဆုံး ငါးသိန္း ေလးေသာင္း ခုႏွစ္ေထာင္ လာဘ္ေပးရပါတယ္။ ပြဲေတာ္ႀကီးတမွ် ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ပါပဲ ခင္ဗ်ာ။ က်န္တဲ့သူေတြ ျဖစ္ခ်င္တာသာ ျဖစ္ ငါတို႔ အတြက္ ရရင္ ၿပီးၿပီ ဆိုတဲ့ သေဘာပါပဲခင္ဗ်။ တာဝန္ရွိသူ လူႀကီးမ်ား စိစစ္ ၾကပ္မတ္ေပးၾကပါဦး ခင္ဗ်ာ။ (၂၀၂၀ ခုႏွစ္က ဆက္ေၾကးႏႈန္းထားမ်ား ျဖစ္ပါသည္၊ ယခုထို႔ထက္ ပိုမ်ားႏိုင္ပါသည္) ပိေတာက္ေျမ (ေခတၱလူျပည္)