ဆိုင်ကယ်တစ်စီးနဲ့လူတစ်ယောက် စာအိတ်တွေလိုက်ချနေတာမြင်လို့ ပြေးကောက်ပြီး ဖွင့်ကြည့်လိုက်သောအခါ

ဆိုင်ကယ် တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ

မြင်လို့ ပြေးကောက်ပြီး ဖွင့်ကြည့်လိုက်သောအခါ…

ဗန်းမော်မြို့က ထူးခြားဖြစ်စဉ် တစ်ခု

မြေနုဈေးမှာ ဈေးရောင်းသူ ဝယ်သူ Mask တပ်မတပ် ကြည့်ရှု့စဉ်။

ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်တော့

ဘာတိုင်သလည်းပေါ့ ပြေးကောက်ပြီးဖွင့်ကြည့်လိုက်တယ်။

အထဲမှာ Maskတစ်ခု ငွေ ၃၀၀၀ စာရွက်တစ်ရွက်

စာဖတ်ပြီး အော်….တော်လိုက်တာ။

သာဓုပါဗျာ အမည်မဖော်ပဲ ကုသိုလ်လုပ်တာ အမြတ်ဆုံးပါ။

ဒါနဲ့ ဈေးရောင်းတဲ့ ဆင်းရဲပုံရှိတဲ့ သားအမိကို တဆင့်ပြန်ပြီး ပေးလိုက်ပါတယ်။

ဂုဏ်ယူလျှက် Kyaw Sweo Kyaw Swe

Zawgyi

ဆိုင္ကယ္ တစ္စီးနဲ႔ လူတစ္ေယာက္ စာအိတ္ေတြ လိုက္ခ်ေနတာ

ျမင္လို႔ ေျပးေကာက္ၿပီး ဖြင့္ၾကည့္လိုက္ေသာအခါ…

ဗန္းေမာ္ၿမိဳ႕က ထူးျခားျဖစ္စဥ္ တစ္ခု

ေျမႏုေဈးမွာ ေဈးေရာင္းသူ ဝယ္သူ Mask တပ္မတပ္ ၾကည့္ရႈ႕စဥ္။

ဆိုင္ကယ္တစ္စီးနဲ႔ လူတစ္ေယာက္ စာအိတ္ေတြ လိုက္ခ်ေနတာ ျမင္ေတာ့

ဘာတိုင္သလည္းေပါ့ ေျပးေကာက္ၿပီးဖြင့္ၾကည့္လိုက္တယ္။

အထဲမွာ Maskတစ္ခု ေငြ ၃၀၀၀ စာ႐ြက္တစ္႐ြက္

စာဖတ္ၿပီး ေအာ္….ေတာ္လိုက္တာ။

သာဓုပါဗ်ာ အမည္မေဖာ္ပဲ ကုသိုလ္လုပ္တာ အျမတ္ဆုံးပါ။

ဒါနဲ႔ ေဈးေရာင္းတဲ့ ဆင္းရဲပုံရွိတဲ့ သားအမိကို တဆင့္ျပန္ၿပီး ေပးလိုက္ပါတယ္။

ဂုဏ္ယူလွ်က္ Kyaw Sweo Kyaw Swe

“ရထားပေါ်က (၅၀၀) တန် ထမင်းထုပ်လေးက ပေးတဲ့ သင်ခန်းစာ”

ရန်ကုန်မှ မန္တလေးသို့ သွားသော ရထားပေါ်တွင် ဖြစ်သည်။

ရထားပေါ်မှာပါလာတဲ့ ခရီးသည်တစ်ဦးရဲ့ လက်ထဲမှာဟောင်းနွမ်းနေတဲ့ ၅၀၀ တန်အစုတ် လေး တစ်ရွက်။

သူက လာသမျှ ဈေးသည်တွေကို အဲဒီပိုက်ဆံ လေးနဲ့ လိုက် ဝယ်နေတယ်။

ဒါပေမယ့်…ဈေးသည် တော်တော်များများက “ဒီပိုက်ဆံလေးပြန်လဲပေး ပါဦး” ဆိုပြီး လဲခိုင်း တယ်။

ဒီတော့ သူစဉ်းစားနေတယ်..

“အင်း” ဒီအတိုင်းဝယ်နေလို့ကတော့ အဆင်ပြေမှာမဟုတ် ဘူး။ ငါ နောက်ဘူတာကို ရောက်ရင် ရထားထွက်ခါနီးမှပဲ ဝယ်မယ်။ ဒီလိုဆိုရင်သူတို့ ပြန်လဲခိုင်းလို့ရမှာမဟုတ်တော့ ဘူး” သူ့အကြံနဲ့သူကတော့ ဟုတ်လို့ပေါ့။

နောက်လာမဲ့ဘူတာမှာလည်း ဈေးသည် တစ်ယောက်ရှိနေတယ် . .သူက..ရထား ထွက်ခါနီးမှ ထမင်းထုပ်တွေ အပြေးအလွှား လိုက်ရောင်းနေတာ။

ဘူတာကိုလဲရောက် ရထားပြန်ထွက်ခါနီး ဥသြလဲဆွဲရော – ရထားဘီးတွေကလဲ တစ်လိမ့်ချင်း လိမ့်စပြုလို့ ဒီတော့မှ

ဈေးသည်က …”ထမင်းတွေရမယ် ထမင်းတွေရမယ် ပူပူနွေးနွေးလေးနော် !တစ်ထုပ်မှ ၅၀၀ ပဲ၊ယူကြဦးမလား ? ”

ငါးရာတန်အစုတ် ကိုင်ထားတဲ့ ခရီးသည်ကလဲ ..

“လာဦးဗျို့ … တစ်ထုပ်လောက်ပေးပါ”

“ဟုတ်ကဲ့…ရော့ရော့… ပိုက်ဆံချပေးလိုက်လေ”

“အေး အေး”

ခရီးသည်ကလဲ ပိုက်ဆံအစုတ်လေး ထွက်သွားပြီး ထမင်း ထုပ်လေး ရလာတော့ သူ့ကိုယ်သူ ဟုတ်လှပြီပေါ့။

ဈေးသည်ကလဲ သူ့ထမင်း တစ်ထုပ်က ပိုက်ဆံ(၅)ရာ ရတယ်ဆိုတော့ ဝမ်းသာ လို့လေ…

ရထားပေါ်ကပစ်ချလိုက်လို့ လေထဲဝဲနေတဲ့ ပိုက်ဆံလေးကို အမိအရ ဖမ်းပြီးတော့မှ …

“ဟင်” !ပိုက်ဆံက အစုတ်ကြီးပါလား”

ခရီးသည်ကလဲ ဈေးသည်ကို လှမ်းကြည့်. . .သနားပါတယ် ဆိုတဲ့ သဘောပေါ့ !ပြီးတော့မှ ထမင်းစားမယ်ဆိုပြီး ထမင်းထုပ်ဖွင့် လိုက်တော့မှ…

“ဟာ” !! ထမင်းကအသိုးတွေပါလားဟ. .တောက်!”

မိတ်ဆွေတို့ရေ ..

ဒီ(ဟင် နဲ့ ဟာ)ကိုအနှစ်ချုပ်ရင်…

* အစုတ်ပေးရင်_အပုပ်ရတယ်။ *

* အပုပ်ပေးရင်_အစုတ်ရတယ် * ဆိုတဲ့သဘောပါ။

စိတ်ထားလေးတွေမကောင်းသရွေ့အကျိုးပေးလဲညံ့တတ်တယ်ဆိုတာ သတိရစေချင်လို့ပါ။

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

Zawgyi

ရန္ကုန္မွ မႏၲေလးသို႔ သြားေသာ ရထားေပၚတြင္ ျဖစ္သည္။

ရထားေပၚမွာပါလာတဲ့ ခရီးသည္တစ္ဦးရဲ႕ လက္ထဲမွာေဟာင္းႏြမ္းေနတဲ့ ၅၀၀ တန္အစုတ္ ေလး တစ္႐ြက္။

သူက လာသမွ် ေဈးသည္ေတြကို အဲဒီပိုက္ဆံ ေလးနဲ႔ လိုက္ ဝယ္ေနတယ္။

ဒါေပမယ့္…ေဈးသည္ ေတာ္ေတာ္မ်ားမ်ားက “ဒီပိုက္ဆံေလးျပန္လဲေပး ပါဦး” ဆိုၿပီး လဲခိုင္း တယ္။

ဒီေတာ့ သူစဥ္းစားေနတယ္..

“အင္း” ဒီအတိုင္းဝယ္ေနလို႔ကေတာ့ အဆင္ေျပမွာမဟုတ္ ဘူး။ ငါ ေနာက္ဘူတာကို ေရာက္ရင္ ရထားထြက္ခါနီးမွပဲ ဝယ္မယ္။ ဒီလိုဆိုရင္သူတို႔ ျပန္လဲခိုင္းလို႔ရမွာမဟုတ္ေတာ့ ဘူး” သူ႔အႀကံနဲ႔သူကေတာ့ ဟုတ္လို႔ေပါ့။

ေနာက္လာမဲ့ဘူတာမွာလည္း ေဈးသည္ တစ္ေယာက္ရွိေနတယ္ . .သူက..ရထား ထြက္ခါနီးမွ ထမင္းထုပ္ေတြ အေျပးအလႊား လိုက္ေရာင္းေနတာ။

ဘူတာကိုလဲေရာက္ ရထားျပန္ထြက္ခါနီး ဥၾသလဲဆြဲေရာ – ရထားဘီးေတြကလဲ တစ္လိမ့္ခ်င္း လိမ့္စျပဳလို႔ ဒီေတာ့မွ

ေဈးသည္က …”ထမင္းေတြရမယ္ ထမင္းေတြရမယ္ ပူပူေႏြးေႏြးေလးေနာ္ !တစ္ထုပ္မွ ၅၀၀ ပဲ၊ယူၾကဦးမလား ? ”

ငါးရာတန္အစုတ္ ကိုင္ထားတဲ့ ခရီးသည္ကလဲ ..

“လာဦးဗ်ိဳ႕ … တစ္ထုပ္ေလာက္ေပးပါ”

“ဟုတ္ကဲ့…ေရာ့ေရာ့… ပိုက္ဆံခ်ေပးလိုက္ေလ”

“ေအး ေအး”

ခရီးသည္ကလဲ ပိုက္ဆံအစုတ္ေလး ထြက္သြားၿပီး ထမင္း ထုပ္ေလး ရလာေတာ့ သူ႔ကိုယ္သူ ဟုတ္လွၿပီေပါ့။

ေဈးသည္ကလဲ သူ႔ထမင္း တစ္ထုပ္က ပိုက္ဆံ(၅)ရာ ရတယ္ဆိုေတာ့ ဝမ္းသာ လို႔ေလ…

ရထားေပၚကပစ္ခ်လိုက္လို႔ ေလထဲဝဲေနတဲ့ ပိုက္ဆံေလးကို အမိအရ ဖမ္းၿပီးေတာ့မွ …

“ဟင္” !ပိုက္ဆံက အစုတ္ႀကီးပါလား”

ခရီးသည္ကလဲ ေဈးသည္ကို လွမ္းၾကည့္. . .သနားပါတယ္ ဆိုတဲ့ သေဘာေပါ့ !ၿပီးေတာ့မွ ထမင္းစားမယ္ဆိုၿပီး ထမင္းထုပ္ဖြင့္ လိုက္ေတာ့မွ…

“ဟာ” !! ထမင္းကအသိုးေတြပါလားဟ. .ေတာက္!”

မိတ္ေဆြတို႔ေရ ..

ဒီ(ဟင္ နဲ႔ ဟာ)ကိုအႏွစ္ခ်ဳပ္ရင္…

* အစုတ္ေပးရင္_အပုပ္ရတယ္။ *

* အပုပ္ေပးရင္_အစုတ္ရတယ္ * ဆိုတဲ့သေဘာပါ။

စိတ္ထားေလးေတြမေကာင္းသေ႐ြ႕အက်ိဳးေပးလဲညံ့တတ္တယ္ဆိုတာ သတိရေစခ်င္လို႔ပါ။

လူအခ်င္းခ်င္းလွည့္ပတ္ျခင္း ကင္းရွင္းၾကပါေစ။

“အသက် (၅၉) နှစ်မှာ အိမ်ထောင်ဆက်(၄၅) ဆက်၊ ( မယား ၄၅ )ဦးယူခဲ့တဲ့ ကျောက်ဖြူက ဦးမောင်ဟန်ထွန်း”

” ကျောက်ဖြူက #အိမ်ထောင်ဆက်(၄၅) ဆက် ( မယား ၄၅ )ဦးဖြင့် #ခေသူမဟုတ် ” ရခိုင်ပြည်က ” #ခေသူမဟုတ် ..”ခေါင်းစဉ်ဖြင့် #ရင်ထဲကကျောက်ဖြူ ကနေဖော် ပြတင်ပေးလိုက်ရပါသည်..

#ဦးမောင်ဟန်ထွန်း၊ အသက် ( ၅၉) နှစ်သည် ရခိုင်ပြည်

ကျောက်ဖြူမြို့နယ် မင်းချောင်း ကျေးရွာ အုပ်စု က မြို့ချောင်းကျေးရွာ နေထိုင်သူ အဖ ဦးမောင်ပုချေ ၏ သားဖြစ်ပါသည်..

#ရခိုင်ပြည်အတွင်းက အထူးဆန်းဆုံးအနေဖြင့်အဆိုပါ #ဦးမောင်ဟန်ထွန်း သည် အိမ်ထောင်ဆက် (၄၅) ဆက် ( မယား ၄၅ )ဦးထိ အိမ်ထောင်ကျခဲ့ကြောင်း အံ့သြစွာနဲ့ သိရပါသည်

လက်ရှိသားသမီး ( ၂၀ )ဦး၊ မြေး ( ၈ )ဦး၊ မြစ် ( ၂ )ဦးရှိပြီး ယခု လက်ရှိ ဇနီး #မသိန်းရွှေ နှင့် အတူ ပေါင်းသင်းနေထိုင်လျှက်ရှိကြောင်း သိရသည်..

ဦးမောင်ဟန်ထွန်းမှာ လက်ရှိဇနီးသာတစ်သက်လုံးပေါင်း သင်း နေထိုင်သွားမည်ဖြစ်ကြောင်းအကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲခဲ့ရင်လည်း ဆက်လက်အိမ်ထောင် မပြုတော့ကြောင်း ပြောပြသိရပါသည်..

ဤသည်မှာ ခွင့်ပြု ပြီးကာယကံရှင်၏ဆန္ဒ အရ တင်ပေးခြင်းဖြစ်ကြောင်း သိရမှုအား #ရင်ထဲကကျောက်ဖြူ ကနေ သင့်တော်ဆီလျော်စွာ ပြန်လည်တည်းဖြတ်ကာ အားလုံးတွက် အတုယူနိုင်ဖို့ မဟုတ်ပေမယ့် သိရှိနိုင်ရအောင်တင်ပြပေးခြင်းသာဖြစ်၍ တင်ပေးလိုက်ရပါသည်.

Zawgyi

” ေက်ာက္ျဖဴက #အိမ္ေထာင္ဆက္(၄၅) ဆက္ ( မယား ၄၅ )ဦးျဖင့္ #ေခသူမဟုတ္ ” ရခိုင္ျပည္က ” #ေခသူမဟုတ္ ..”ေခါင္းစဥ္ျဖင့္ #ရင္ထဲကေက်ာက္ျဖဴ ကေနေဖာ္ ျပတင္ေပးလိုက္ရပါသည္..

#ဦးေမာင္ဟန္ထြန္း၊ အသက္ ( ၅၉) ႏွစ္သည္ ရခိုင္ျပည္

ေက်ာက္ျဖဴၿမိဳ႕နယ္ မင္းေခ်ာင္း ေက်း႐ြာ အုပ္စု က ၿမိဳ႕ေခ်ာင္းေက်း႐ြာ ေနထိုင္သူ အဖ ဦးေမာင္ပုေခ် ၏ သားျဖစ္ပါသည္..

#ရခိုင္ျပည္အတြင္းက အထူးဆန္းဆုံးအေနျဖင့္အဆိုပါ #ဦးေမာင္ဟန္ထြန္း သည္ အိမ္ေထာင္ဆက္ (၄၅) ဆက္ ( မယား ၄၅ )ဦးထိ အိမ္ေထာင္က်ခဲ့ေၾကာင္း အံ့ၾသစြာနဲ႔ သိရပါသည္

လက္ရွိသားသမီး ( ၂၀ )ဦး၊ ေျမး ( ၈ )ဦး၊ ျမစ္ ( ၂ )ဦးရွိၿပီး ယခု လက္ရွိ ဇနီး #မသိန္းေ႐ႊ ႏွင့္ အတူ ေပါင္းသင္းေနထိုင္လွ်က္ရွိေၾကာင္း သိရသည္..

ဦးေမာင္ဟန္ထြန္းမွာ လက္ရွိဇနီးသာတစ္သက္လုံးေပါင္း သင္း ေနထိုင္သြားမည္ျဖစ္ေၾကာင္းအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္အိမ္ေထာင္ကြဲခဲ့ရင္လည္း ဆက္လက္အိမ္ေထာင္ မျပဳေတာ့ေၾကာင္း ေျပာျပသိရပါသည္..

ဤသည္မွာ ခြင့္ျပဳ ၿပီးကာယကံရွင္၏ဆႏၵ အရ တင္ေပးျခင္းျဖစ္ေၾကာင္း သိရမႈအား #ရင္ထဲကေက်ာက္ျဖဴ ကေန သင့္ေတာ္ဆီေလ်ာ္စြာ ျပန္လည္တည္းျဖတ္ကာ အားလုံးတြက္ အတုယူႏိုင္ဖို႔ မဟုတ္ေပမယ့္ သိရွိႏိုင္ရေအာင္တင္ျပေပးျခင္းသာျဖစ္၍ တင္ေပးလိုက္ရပါသည္.

သွားရင်းလာရင်း ဒီနိမိတ်တွေမြင်တွေ့ခဲ့သော် (ဖတ်ကြည့်ပါ)

သွားရင်းလာရင်း ဒီနိမိတ်တွေမြင်ရင် သင် ကံကောင်းပြီ

(1) သွားလမ်းမှာ ရှင်ပြု ရှင်လောင်း၊ မင်္ဂလာဆောင်ပွဲ ၊

(2) သံဃာတွေကို ဆွမ်းလောင်းနေတာ၊ ဘုရား ရုပ်ပွါးတော် ပင့်ဆောင်တာ ၊

(3) ရွှေငွေ ပြည့်စုံ ထည်ဝါသူ က မိမိရှေ့ မင်္ဂလာ ရှိသော စကားများ ပြောဆိုနေသော အခါ ၊

(4) ကားငှါးသွားမယ် ဆိုလည်း တစ်ခါတည်း နဲ့ ရှောရှော ရှုရှု အဆင်ပြေ ငှါးစီး သွားနိုင်ရင် ၊

(5) သွားတဲ့အချိန် မိမိအိမ်မှာ ရန်ဖြစ် စကားများမှု မရှိလျှင် ၊

(6) ကလေးတွေက ပျော်ရွှင်စွာဖြင့် အပြန် မုန့်ဝယ်ခဲ့ပါဟု မှာလျှင် ၊

(7) ကိုယ်သွားမယ့် အချိန်မှာ ရေဒီယို တီဗီ စသည်မှ မင်္ဂလာ ရှိစကား တရား သီချင်း စသည်တို့ လွှင့်နေချိန်ဖြစ်လျှင် ၊

(8) ကိုယ်ရှေ့မှာ လူအုပ်စု တစ်ဝါးဝါး တစ်ဟားဟားဖြင့် ရီမောပျော်ရွှင် နေလျှင် ၊

(9) စသွားချိန်မှာ မြင်ကွင်း ၌ မင်္ဂလာ ရှိသော ကြေငြာ ဆိုင်းဘုတ်များ တွေ့ရလျှင် ၊

(10) နိမိတ်ကောင်းသော လမ်းနာမည် ( စိတ္တသုခလမ်း/ ချမ်းသာကြီးလမ်း စသည် ) တွေ့လျှင် ၊

(11) လမ်းခရီးမှာ နာမည်ကျော်ကြား ထင်ရှားသော ပုဂ္ဂိုလ်ကို တွေ့လျှင် ၊

(12) လမ်းမှာ ရေတစ်ဟောဟော ကျနေတဲ့ ပွင့်နေတဲ့ ရေဘုံဘိုင် ကို တွေ့လျှင် ၊

(13) လမ်းမှာ တစ်စုံ တစ်ဦးက ရေ ကို အားပါး တစ်ရ မော့သောက်နေသည် ကို မြင်သော် ၊

(14) လမ်းမှာ အသုဘ တွေ့သော်လည်း ငိုယိုနေသူကို မတွေ့သောအခါ ၊

(15) သွားခါနီး အိမ်ရှင်မ သို့မဟုတ် တစ်ဦး ဦးက ငါး ဝယ်လာသော် ၊

(16) တိရစ္ဆာန်တွေ ရန်မဖြစ်ပဲ အေးချမ်းစွာ စားသောက်နေတာမြင်သော် ၊

(17) သူတောင်းစား / အခြေမဲ့လူ တို့ ခိုက်ရန်ဖြစ် စကားများတာကို မကြုံရလျှင် ၊

(18) သွားကာနီး ကလေးတွေ ဘုရား ရှိခိုးတာ မြင်လျှင်၊ ဘုရားစာ ရွတ်သံ ကြားသော် ၊

(19) သူတော်စင်တို့ အလှုခံ ထွက်သည်ကို မြင်သော် ၊

(20) လှပတဲ့ မိန်းကလေး တစ်ယောက်က ထီး တံခွန် ကုက္ကား စသည်နှင့် ကန်တော့ပွဲ စသည် ဝယ်လာ သည် မြင်သော်

(21) အိုးစည် ဒိုးပတ် စသော တူရိယာဝိုင်း နှင့် ကြုံသော် ၊

(22) လမ်းခရီးမှာ ပျားရည် ပျားအုံ တွေ့သော် ၊

(23) ဆေးရုံကား အသုဘကား ဖြတ်သွားတာ မြင်သော် ၊

(24) သွားနေတုန်း ယောင်္ကျား က ဗယ်ဘက် မျက်ခုံး၊ မိန်းမဆို ညာဘက် မျက်ခုံး လှုပ်ခဲ့သော်

ထို နိမိတ်များသည် ကောင်းသော အောင်သောနိမိတ်မျ ဖြစ်ပေသည်။

မြစကြာ

Zawgyi

သြားရင္းလာရင္း ဒီနိမိတ္ေတြျမင္ရင္ သင္ ကံေကာင္းၿပီ

(1) သြားလမ္းမွာ ရွင္ျပဳ ရွင္ေလာင္း၊ မဂၤလာေဆာင္ပြဲ ၊

(2) သံဃာေတြကို ဆြမ္းေလာင္းေနတာ၊ ဘုရား ႐ုပ္ပြါးေတာ္ ပင့္ေဆာင္တာ ၊

(3) ေ႐ႊေငြ ျပည့္စုံ ထည္ဝါသူ က မိမိေရွ႕ မဂၤလာ ရွိေသာ စကားမ်ား ေျပာဆိုေနေသာ အခါ ၊

(4) ကားငွါးသြားမယ္ ဆိုလည္း တစ္ခါတည္း နဲ႔ ေရွာေရွာ ရႈရႈ အဆင္ေျပ ငွါးစီး သြားႏိုင္ရင္ ၊

(5) သြားတဲ့အခ်ိန္ မိမိအိမ္မွာ ရန္ျဖစ္ စကားမ်ားမႈ မရွိလွ်င္ ၊

(6) ကေလးေတြက ေပ်ာ္႐ႊင္စြာျဖင့္ အျပန္ မုန႔္ဝယ္ခဲ့ပါဟု မွာလွ်င္ ၊

(7) ကိုယ္သြားမယ့္ အခ်ိန္မွာ ေရဒီယို တီဗီ စသည္မွ မဂၤလာ ရွိစကား တရား သီခ်င္း စသည္တို႔ လႊင့္ေနခ်ိန္ျဖစ္လွ်င္ ၊

(8) ကိုယ္ေရွ႕မွာ လူအုပ္စု တစ္ဝါးဝါး တစ္ဟားဟားျဖင့္ ရီေမာေပ်ာ္႐ႊင္ ေနလွ်င္ ၊

(9) စသြားခ်ိန္မွာ ျမင္ကြင္း ၌ မဂၤလာ ရွိေသာ ေၾကျငာ ဆိုင္းဘုတ္မ်ား ေတြ႕ရလွ်င္ ၊

(10) နိမိတ္ေကာင္းေသာ လမ္းနာမည္ ( စိတၱသုခလမ္း/ ခ်မ္းသာႀကီးလမ္း စသည္ ) ေတြ႕လွ်င္ ၊

(11) လမ္းခရီးမွာ နာမည္ေက်ာ္ၾကား ထင္ရွားေသာ ပုဂၢိဳလ္ကို ေတြ႕လွ်င္ ၊

(12) လမ္းမွာ ေရတစ္ေဟာေဟာ က်ေနတဲ့ ပြင့္ေနတဲ့ ေရဘုံဘိုင္ ကို ေတြ႕လွ်င္ ၊

(13) လမ္းမွာ တစ္စုံ တစ္ဦးက ေရ ကို အားပါး တစ္ရ ေမာ့ေသာက္ေနသည္ ကို ျမင္ေသာ္ ၊

(14) လမ္းမွာ အသုဘ ေတြ႕ေသာ္လည္း ငိုယိုေနသူကို မေတြ႕ေသာအခါ ၊

(15) သြားခါနီး အိမ္ရွင္မ သို႔မဟုတ္ တစ္ဦး ဦးက ငါး ဝယ္လာေသာ္ ၊

(16) တိရစာၦန္ေတြ ရန္မျဖစ္ပဲ ေအးခ်မ္းစြာ စားေသာက္ေနတာျမင္ေသာ္ ၊

(17) သူေတာင္းစား / အေျခမဲ့လူ တို႔ ခိုက္ရန္ျဖစ္ စကားမ်ားတာကို မႀကဳံရလွ်င္ ၊

(18) သြားကာနီး ကေလးေတြ ဘုရား ရွိခိုးတာ ျမင္လွ်င္၊ ဘုရားစာ ႐ြတ္သံ ၾကားေသာ္ ၊

(19) သူေတာ္စင္တို႔ အလႈခံ ထြက္သည္ကို ျမင္ေသာ္ ၊

(20) လွပတဲ့ မိန္းကေလး တစ္ေယာက္က ထီး တံခြန္ ကုကၠား စသည္ႏွင့္ ကန္ေတာ့ပြဲ စသည္ ဝယ္လာ သည္ ျမင္ေသာ္

(21) အိုးစည္ ဒိုးပတ္ စေသာ တူရိယာဝိုင္း ႏွင့္ ႀကဳံေသာ္ ၊

(22) လမ္းခရီးမွာ ပ်ားရည္ ပ်ားအုံ ေတြ႕ေသာ္ ၊

(23) ေဆး႐ုံကား အသုဘကား ျဖတ္သြားတာ ျမင္ေသာ္ ၊

(24) သြားေနတုန္း ေယာက်ၤား က ဗယ္ဘက္ မ်က္ခုံး၊ မိန္းမဆို ညာဘက္ မ်က္ခုံး လႈပ္ခဲ့ေသာ္

ထို နိမိတ္မ်ားသည္ ေကာင္းေသာ ေအာင္ေသာနိမိတ္မ် ျဖစ္ေပသည္။

ျမစၾကာ

“စက်ဘီးကလေးတစ်စီးနဲ့ ဓာတ်ဆီရောင်းနေတဲ့ ဘဘကို ဘာကြောင့် ငိုနေတာလဲမေးကြည့်မိလိုက်သောအခါ…”

မုံရွာမြို့ရဲ့ အထင်ကရဆီဆိုင်ကြီးအနီးရှေ့မှာ စက်ဘီးလေးတစ်စီးနဲ့ ဓာတ်ဆီရောင်းနေတဲ့အဘိုးအိုဟာ အသက် ရဝ ကျော်နေပြီဆိုတဲ့အသိတခုနဲ့တင် ကိုယ့်အဘိုးသာဒီလိုပင်ပန်းစွာ ဘဝရဲ့နောက်ပိုင်းအချိန်တွေမှာကျော်ဖြတ်ခဲ့ရသူဖြစ်ခဲ့မယ်ဆိုရင်

စိတ်မကောင်းဝမ်းနည်းပြီးငိုမိတယ်။ သမီးလေးတစ်ယောက်ရှိပေမဲ့ သမီးလေးဦးနှောက်လေးက စိတ်သိပ်ပုံမှန်မဟုက်တော့ အလုပ်လုပ်စားလို့မရတော့

အဲ့အဘကပဲဓာတ်ဆီလေးရောင်းရင်းနဲ့ ဘဝကိုရပ်တည်နေတယ်။

တခြားလက်မှုလုပ်ငန်းလဲ မတတ်မြောက်လူငယ်လူရွယ်တွေလိုလဲ အလုပ်ကြမ်းလုပ်ကိုင်နိုင်တဲ့

အရွယ်မဟုတ်တဲ့အဘဟာ ကျနော်နဲ့အမြဲကြုံတိုင်းအဲ့အဘဆီမှာ ပဲထည့်ဖြစ်တာ နှစ်အတော်ကြာပြီ ဟိုးနှစ်တွေကတော့ အဲ့အနီးမှာ Donko ဆီဆိုင်ကြီးမရှိတော့

အဲ့အဘရောင်းကောင်းလောက်ပါတယ်။ခုတော့အဲ့နားတစ်ဝိုက် မလှမ်းမကမ်းလေးမှာ ဆီဆိုင်ကြီးရှိတော့

လူတွေကသိပ်မထည့်ကြတော့ဘူး ဆီဆိုင်ကြီးတွေကပိုရတယ်ဆိုပြီး ဆိုင်ကြီးတွေမှာထည့်ကြတာပဲများတယ်

ပြောချင်မိတာကဆိုင်ကြီးတွေ ဆီမှာထည့်လို့ပိုရလှမှ အများဆုံးသုံးရာဖိုးလောက်ပေါ့ ဆီပိုရတာကိုပဲမကြည့်ပဲ..

ဒီအဘဆီမှာပဲထည့်ကြမယ်ဆိုရင် စားဝတ်နေရေးအတွက် တစ်ဖက်တလမ်းကနေ ကူညီရာရောက်ပါတယ်

ငွေဖြင့်သက်သက်မကူညီနိုင်ပေမဲ့ ကျုပ်ကတော့ကြုံတိုင်းအဲ့အဘဆီမှာပဲထည့်တယ် အားပေးတဲ့သဘောမျိုးပါ

ဆီဆိုင်ကြီးတွေထည့်ရင် ဆီပိုရမှန်းသိပေမဲ့ တက်နိုင်တဲ့ဘက်က ကူညီပေးရာရောက်လို့ပါ တစ်နေ့ကိုအနည်းဆုံး လူဆယ်ဦးထည့်အုံးအဘတွက်စားဝတ်နေရေးအဆင်ပြေလောက်မှာပါ

မုံရွာမြို့မှာဒီလောက်ဆိုင်ကယ်တွေပေါးပြီးထွတ်နေကြပေမဲ့ အဲ့အဘဆိုင်လေးကြည့်မိတိုင်း ထည့်သူကိုမတွေ့တော့

စိတ်မကောင်းဘူး ဟိုနေ့ကအပြင်သွားရင်းဝင်ထည့်တာ အဘရောင်းကောင်းလားမေးတော့ ခုမင်းထည့်မှဈေးဦးပေါက်တာတဲ့ ရယ်ရင်းပြောတယ်။

အချိန်ကိုကြည့်မိတော့မနပ်၁၁နာရီကျော်နေပြီ စိတ်ထဲမကောင်းလို့ မုန့်တီသုပ်လေးစားချင်လို့ ဝယ်လာတဲ့ပါဆယ်ထုပ်လေးကို

အဲ့အဘကိုပေးခဲ့တယ် အဘကအစက ငြင်းရှာပါတယ် မင်းစားချင်လို့ဝယ်လာတာမပေးပါနဲ့တဲ့

ရပါတယ်အဘကျုပ်ကစားပြီးပြီ ဒါအပိုဝယ်လာတာဆိုပြီး ညာပြောပြီးပေးတော့မှယူတယ် တကယ်တော့ ကျုပ်မစားရသေးဘူး ထပ်ဝယ်ဖို့ပိုက်ဆံလည်းမရှိတော့ဘူး

ကျုပ်ကအိမ်ရောက်ရင်ထမင်းစားလို့ရတယ်လေ တကယ်တော့အဘအရွယ်နဲ့ အေးအေးဆေးဆေးအိမ်မှာနေရမဲ့အရွယ်ပါ

ဘဝအကြောင်းမလှတော့ တက်နိုင်တဲ့ခွန်အားလေးနဲ့လမ်းဘေးဆီလေးရောင်းနေတာပါ ငွေကြီးသက်သက်မလှူတန်းနိုင်ကြလည်း

တက်နိုင်တဲ့ဘက်ကနေ ဆီထည့်ပေးခြင်းဖြင့် ကူညီရာရောက်ပါတယ်။တခြားပရဟိတအဖွဲ့တွေ လှူဒါန်းကူညီနိုင်သူရှိရင်လဲ ဒီဘဘကိုကူညီနိုင်ပါတယ်ဗျာ။

Zawgyi

မုံ႐ြာၿမိဳ႕ရဲ႕ အထင္ကရဆီဆိုင္ႀကီးအနီးေရွ႕မွာ စက္ဘီးေလးတစ္စီးနဲ႔ ဓာတ္ဆီေရာင္းေနတဲ့အဘိုးအိုဟာ အသက္ ရဝ ေက်ာ္ေနၿပီဆိုတဲ့အသိတခုနဲ႔တင္ ကိုယ့္အဘိုးသာဒီလိုပင္ပန္းစြာ ဘဝရဲ႕ေနာက္ပိုင္းအခ်ိန္ေတြမွာေက်ာ္ျဖတ္ခဲ့ရသူျဖစ္ခဲ့မယ္ဆိုရင္

စိတ္မေကာင္းဝမ္းနည္းၿပီးငိုမိတယ္။ သမီးေလးတစ္ေယာက္ရွိေပမဲ့ သမီးေလးဦးေႏွာက္ေလးက စိတ္သိပ္ပုံမွန္မဟုက္ေတာ့ အလုပ္လုပ္စားလို႔မရေတာ့

အဲ့အဘကပဲဓာတ္ဆီေလးေရာင္းရင္းနဲ႔ ဘဝကိုရပ္တည္ေနတယ္။
တျခားလက္မႈလုပ္ငန္းလဲ မတတ္ေျမာက္လူငယ္လူ႐ြယ္ေတြလိုလဲ အလုပ္ၾကမ္းလုပ္ကိုင္ႏိုင္တဲ့

အ႐ြယ္မဟုတ္တဲ့အဘဟာ က်ေနာ္နဲ႔အၿမဲႀကဳံတိုင္းအဲ့အဘဆီမွာ ပဲထည့္ျဖစ္တာ ႏွစ္အေတာ္ၾကာၿပီ ဟိုးႏွစ္ေတြကေတာ့ အဲ့အနီးမွာ Donko ဆီဆိုင္ႀကီးမရွိေတာ့

အဲ့အဘေရာင္းေကာင္းေလာက္ပါတယ္။ခုေတာ့အဲ့နားတစ္ဝိုက္ မလွမ္းမကမ္းေလးမွာ ဆီဆိုင္ႀကီးရွိေတာ့

လူေတြကသိပ္မထည့္ၾကေတာ့ဘူး ဆီဆိုင္ႀကီးေတြကပိုရတယ္ဆိုၿပီး ဆိုင္ႀကီးေတြမွာထည့္ၾကတာပဲမ်ားတယ္

ေျပာခ်င္မိတာကဆိုင္ႀကီးေတြ ဆီမွာထည့္လို႔ပိုရလွမွ အမ်ားဆုံးသုံးရာဖိုးေလာက္ေပါ့ ဆီပိုရတာကိုပဲမၾကည့္ပဲ..

ဒီအဘဆီမွာပဲထည့္ၾကမယ္ဆိုရင္ စားဝတ္ေနေရးအတြက္ တစ္ဖက္တလမ္းကေန ကူညီရာေရာက္ပါတယ္

ေငြျဖင့္သက္သက္မကူညီႏိုင္ေပမဲ့ က်ဳပ္ကေတာ့ႀကဳံတိုင္းအဲ့အဘဆီမွာပဲထည့္တယ္ အားေပးတဲ့သေဘာမ်ိဳးပါ

ဆီဆိုင္ႀကီးေတြထည့္ရင္ ဆီပိုရမွန္းသိေပမဲ့ တက္ႏိုင္တဲ့ဘက္က ကူညီေပးရာေရာက္လို႔ပါ တစ္ေန႔ကိုအနည္းဆုံး လူဆယ္ဦးထည့္အုံးအဘတြက္စားဝတ္ေနေရးအဆင္ေျပေလာက္မွာပါ

မုံ႐ြာၿမိဳ႕မွာဒီေလာက္ဆိုင္ကယ္ေတြေပါးၿပီးထြတ္ေနၾကေပမဲ့ အဲ့အဘဆိုင္ေလးၾကည့္မိတိုင္း ထည့္သူကိုမေတြ႕ေတာ့

စိတ္မေကာင္းဘူး ဟိုေန႔ကအျပင္သြားရင္းဝင္ထည့္တာ အဘေရာင္းေကာင္းလားေမးေတာ့ ခုမင္းထည့္မွေဈးဦးေပါက္တာတဲ့ ရယ္ရင္းေျပာတယ္။

အခ်ိန္ကိုၾကည့္မိေတာ့မနပ္၁၁နာရီေက်ာ္ေနၿပီ စိတ္ထဲမေကာင္းလို႔ မုန႔္တီသုပ္ေလးစားခ်င္လို႔ ဝယ္လာတဲ့ပါဆယ္ထုပ္ေလးကို

အဲ့အဘကိုေပးခဲ့တယ္ အဘကအစက ျငင္းရွာပါတယ္ မင္းစားခ်င္လို႔ဝယ္လာတာမေပးပါနဲ႔တဲ့

ရပါတယ္အဘက်ဳပ္ကစားၿပီးၿပီ ဒါအပိုဝယ္လာတာဆိုၿပီး ညာေျပာၿပီးေပးေတာ့မွယူတယ္ တကယ္ေတာ့ က်ဳပ္မစားရေသးဘူး ထပ္ဝယ္ဖို႔ပိုက္ဆံလည္းမရွိေတာ့ဘူး

က်ဳပ္ကအိမ္ေရာက္ရင္ထမင္းစားလို႔ရတယ္ေလ တကယ္ေတာ့အဘအ႐ြယ္နဲ႔ ေအးေအးေဆးေဆးအိမ္မွာေနရမဲ့အ႐ြယ္ပါ

ဘဝအေၾကာင္းမလွေတာ့ တက္ႏိုင္တဲ့ခြန္အားေလးနဲ႔လမ္းေဘးဆီေလးေရာင္းေနတာပါ ေငြႀကီးသက္သက္မလႉတန္းႏိုင္ၾကလည္း

တက္ႏိုင္တဲ့ဘက္ကေန ဆီထည့္ေပးျခင္းျဖင့္ ကူညီရာေရာက္ပါတယ္။တျခားပရဟိတအဖြဲ႕ေတြ လႉဒါန္းကူညီႏိုင္သူရွိရင္လဲ ဒီဘဘကိုကူညီႏိုင္ပါတယ္ဗ်ာ။

သွားကြဦးမလား.. ရိုးရိုးခန်း 1500 ရှယ်ခန်း 3000…

တနေ့သောအခါ လူငယ် တစ်ယောက် မြို့ပေါ်သို့ရောက်ကာ လျှောက် လည်ပတ်နေသည် ။

ထိုစဉ် “ချွေးထုတ်ခန်း” ဟုရေးသားထားသော ဆိုင်းဘုတ်ကြီး ကိုတွေ့မိ၍ မော့ကြည့်လိုက်သည် ။

စပ်စုလိုသောကြောင့် ထိုချွေးထုတ်ခန်းထဲဝင်ရန် အရှေ့တွင်ထိုင်နေသော လူကြီးကို မေးလိုက်သည် ။

“ဘယ်လောက်လဲဗျ။ ချွေးတခါ ထုတ်” ” ရိုးရိုးချွေးထုတ်ခန်းက 1500။ ရှယ် ခန်းက 3000 ပါ ညီလေး”

“ဒါဆို ရိုးရိုးခန်းဝင်ကြည့်မယ်ဗျာ။ အချိန်က ဘယ်လောက်ရမလဲ ”

“ရိုးရိုးခန်းက 15 မိနစ်။ ရှယ်ခန်းဆိုရင် မိနစ် 30”

“ဟုတ်ကဲ့ဗျ။ ရော့ 1500” လူကြီးက အခန်းတစ်ခန်းကို ဖွင့်ပေးပြီး ပြန်ပိတ်သွားသည် ။

အခန်းသည် 12ပေ ခန့်ကျယ်ဝန်းပြီး ကုတင်တစ်လုံးက ကန့်လန့်ဖြတ်ချထားသည် ။

အခန်းထဲတွင် အဝတ်အစား မလုံ့တလုံနှင့်ကောင်မလေး တစ်ယောက်က သူ့ကို ပြုံးပြပြီး… “လာ မိအောင်လိုက်ဖမ်း..၊

မိရင် ကြိုက်တာလုပ်။ ကုတင်ပေါ် ဖြတ်မပြေးရဘူး နော်။ ကဲ..စပြီ လိုက်တော့”

စကားဆုံးသည်နှင့် ကောင်မလေး ရှေ့ကပြေး သူကနောက်ကလိုက်နှင့် ချက်ခြင်း ဖမ်းမမိနိုင်ဘဲ ချွေးတွေ ထွက်လာသည် ။

ထိုစဉ်ဖြုန်းခနဲ တံခါးပွင့်သွားပြီး လူကြီး အခန်းထဲ ဝင်လာသည် ။

“အချိန်စေ့သွားပြီ ညီလေး” သူနာရီကြည့်လိုက်တော့ ဟုတ်နေသည် ။

အချိန်က..ဘာမျှမရှိလိုက်သလို။ မိလုမိခင်အနေအထားမှာ အချိန်ပြည့် သွားသည်ကိုး..၊

နောက်ထပ်သုံး လေး မိနစ်လောက်ဆိုရင် မိပြီ။ စိတ်တိုင်းကျ ဖြစ်ပြီလေ။ သူမကျေနပ်ဘူး..။

ဒါနဲ့..နောက် တစ်ခါဆို အဆင်သင့်ဖြစ်အောင် အကျီ င်္ကိုပါ ချွတ်ချလိုက်ပြီး..။

“ရော့…ဦးလေး။ ဒီတခါ ရှယ်ခန်းဝင်မယ်။ ငွေ 3000”

“လာ…ညီလေး လာ” ပြောပြောဆိုဆို အခန်းတခုကို ဖွင့်ပေးလိုက်သည် ။

အခန်းထဲရောက်တော့ မီးမှိန်မှိန်လေး ထွန်းထားသည် ။

မျက်စိကျင့်သားရသွားတဲ့အချိန် ရောက်တော့ နှုတ်ခမ်းမွေးစစနဲ့ ဗလတောင့်တောင့် လူကြီးတစ်ယောက်..၊

ခါးတောင်းကို မြောင်နေအောင် ကျိုက်ထားသည်။ သူ့ကိုပြုံးပြလိုက်ပြီး..။

“ကဲ …ညီလေးရေ။ လွတ်အောင်ပြေး မိရင်တော့ နာပြီသာမှတ် စပြီဟေ့။ မိနစ် ၃၀”

0ိာန်…0ိာန်…0ိာန်…0ိာန်…

Zawgyi

တေန႔ေသာအခါ လူငယ္ တစ္ေယာက္ ၿမိဳ႕ေပၚသို႔ေရာက္ကာ ေလွ်ာက္ လည္ပတ္ေနသည္ ။

ထိုစဥ္ “ေခြၽးထုတ္ခန္း” ဟုေရးသားထားေသာ ဆိုင္းဘုတ္ႀကီး ကိုေတြ႕မိ၍ ေမာ့ၾကည့္လိုက္သည္ ။

စပ္စုလိုေသာေၾကာင့္ ထိုေခြၽးထုတ္ခန္းထဲဝင္ရန္ အေရွ႕တြင္ထိုင္ေနေသာ လူႀကီးကို ေမးလိုက္သည္ ။

“ဘယ္ေလာက္လဲဗ်။ ေခြၽးတခါ ထုတ္” ” ႐ိုး႐ိုးေခြၽးထုတ္ခန္းက 1500။ ရွယ္ ခန္းက 3000 ပါ ညီေလး”

“ဒါဆို ႐ိုး႐ိုးခန္းဝင္ၾကည့္မယ္ဗ်ာ။ အခ်ိန္က ဘယ္ေလာက္ရမလဲ ”

“႐ိုး႐ိုးခန္းက 15 မိနစ္။ ရွယ္ခန္းဆိုရင္ မိနစ္ 30”

“ဟုတ္ကဲ့ဗ်။ ေရာ့ 1500” လူႀကီးက အခန္းတစ္ခန္းကို ဖြင့္ေပးၿပီး ျပန္ပိတ္သြားသည္ ။

အခန္းသည္ 12ေပ ခန႔္က်ယ္ဝန္းၿပီး ကုတင္တစ္လုံးက ကန႔္လန႔္ျဖတ္ခ်ထားသည္ ။

အခန္းထဲတြင္ အဝတ္အစား မလုံ႔တလုံႏွင့္ေကာင္မေလး တစ္ေယာက္က သူ႔ကို ၿပဳံးျပၿပီး… “လာ မိေအာင္လိုက္ဖမ္း..၊

မိရင္ ႀကိဳက္တာလုပ္။ ကုတင္ေပၚ ျဖတ္မေျပးရဘူး ေနာ္။ ကဲ..စၿပီ လိုက္ေတာ့”

စကားဆုံးသည္ႏွင့္ ေကာင္မေလး ေရွ႕ကေျပး သူကေနာက္ကလိုက္ႏွင့္ ခ်က္ျခင္း ဖမ္းမမိႏိုင္ဘဲ ေခြၽးေတြ ထြက္လာသည္ ။

ထိုစဥ္ျဖဳန္းခနဲ တံခါးပြင့္သြားၿပီး လူႀကီး အခန္းထဲ ဝင္လာသည္ ။

“အခ်ိန္ေစ့သြားၿပီ ညီေလး” သူနာရီၾကည့္လိုက္ေတာ့ ဟုတ္ေနသည္ ။

အခ်ိန္က..ဘာမွ်မရွိလိုက္သလို။ မိလုမိခင္အေနအထားမွာ အခ်ိန္ျပည့္ သြားသည္ကိုး..၊

ေနာက္ထပ္သုံး ေလး မိနစ္ေလာက္ဆိုရင္ မိၿပီ။ စိတ္တိုင္းက် ျဖစ္ၿပီေလ။ သူမေက်နပ္ဘူး..။

ဒါနဲ႔..ေနာက္ တစ္ခါဆို အဆင္သင့္ျဖစ္ေအာင္ အက်ီ ကႋုပါ ခြၽတ္ခ်လိုက္ၿပီး..။

“ေရာ့…ဦးေလး။ ဒီတခါ ရွယ္ခန္းဝင္မယ္။ ေငြ 3000”

“လာ…ညီေလး လာ” ေျပာေျပာဆိုဆို အခန္းတခုကို ဖြင့္ေပးလိုက္သည္ ။

အခန္းထဲေရာက္ေတာ့ မီးမွိန္မွိန္ေလး ထြန္းထားသည္ ။

မ်က္စိက်င့္သားရသြားတဲ့အခ်ိန္ ေရာက္ေတာ့ ႏႈတ္ခမ္းေမြးစစနဲ႔ ဗလေတာင့္ေတာင့္ လူႀကီးတစ္ေယာက္..၊

ခါးေတာင္းကို ေျမာင္ေနေအာင္ က်ိဳက္ထားသည္။ သူ႔ကိုၿပဳံးျပလိုက္ၿပီး..။

“ကဲ …ညီေလးေရ။ လြတ္ေအာင္ေျပး မိရင္ေတာ့ နာၿပီသာမွတ္ စၿပီေဟ့။ မိနစ္ ၃၀”

0ိာန္…0ိာန္…0ိာန္…0ိာန္…

နေပြည်တော်လမ်း နေပူထဲ လမ်းလျှောက်နေတဲ့ ကိုရင်လေးကို မေးလျှာက်ကြည့်လိုက်သောအခါ

နေပြည်တော်လမ်း နေပူထဲ လမ်းလျှောက်နေတဲ့ ကိုရင်လေးကို မေးလျှာက်ကြည့်လိုက်သောအခါ

နေပြည်တော် ခရီးသို့အသွား လမ်းခုလတ် တွင် နေပူပူ ထဲမှာ ကိုရင် ငယ်လေးတစ်ပါး

လမ်းကြုံလိုက်ဖို့ ကားတားနေတာ မြင်နေတာ နဲ့ ကားရပ်ခိုင်းပြီးကားပေါ်သို့ ပင့်ဆောင်ခဲ့ပါတယ်။

တခြားကားတွေကလည်း လူအပြည့် ဆိုပြီး မရပ်ဘူး ဒကာကြီးရယ်တဲ့

ကိုရင်လေး ကားတားနေတာ၂နာရီကျော်ကြာပြီတဲ့ ဒါနဲ့ ကိုရင်လေးကို

ဘယ်ကျောင်းကလဲ ဘွဲ့နာမည် ဘယ်လိုမှည့်ခေါ်ပါသလဲ ဆိုပြီး စတင်မိတ်ဆက်ကာ

သွားလိုတဲ့ ခရီး စဉ်မေးကြည့်တာ့ သံဃာ ၄၅ ပါးရှိတဲ့ တောရကျောင်းက ပါတဲ့စာဝါ လိုက်ဖို့

ကျောင်းထိုင်ဆရာတော် က စာအုပ် ခဲတံ များအတွက် မယ်တော်ကြီး ဆီ ပြန်အလှူ ခိုင်းလို့

ရွာ ပြန်အလာ ရွာရောက်တော့ မယ်တော်က တခြားနယ် ဘက် အလုပ် လုပ် ထွက်သွား ပြီ ဆိုပြီး သိရလို့ ကျောင်းပြန်မလို့ ပါ တကာကြီး တဲ့။

ဒါနဲ့ ကိုရင်လေး ဆင်းမဲ့ မှတ်တိုင်ရောက်တော့ကျောင်းပြန်မဲ့ ကိုရင် လေးကို စာဝါ အလိုငှာ

အဆင်ပြေစေဖို့ တတ်နိုင်တဲ့ဘက်က ပညာဒါန အလှူငွေ ၃၀၀၀၀ ကျပ် ထပ်မံပြီး လှူဒါန်းပေးခဲ့ပါတယ်။

မြန်မာပြည်ကြီး သာသနာ့အရောင် နေလို လင်းစေဖို့ အနာဂတ်ရဲ့ သာသနာပြု ဆရာတော်များဖြစ်လာနိုင်ကြမည့်

ကိုရင်ငယ် လေးများကို တတ်နိုင်သည့် ဘက်မှ ခရီးသွားရင်း ကုသိုလ်ယူခဲ့ပါတယ်။

အခုလို လှူဒါန်းလိုက်သော အလှူရှင်အတွက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုပေးလိုက်ပါတယ်။

အများသူငါ သာဓုခေါ်ဆိုနိုင်ရန်လည်း ထပ်ဆင့် မျှဝေပေးလိုက်ပါသည်။

အစဉ်ထာဝရ ရွှင်လန်းချမ်းမြေ့ကြပါစေ..။

Zawgyi

ေနျပည္ေတာ္လမ္း ေနပူထဲ လမ္းေလွ်ာက္ေနတဲ့ ကိုရင္ေလးကို ေမးလွ်ာက္ၾကည့္လိုက္ေသာအခါ

ေနျပည္ေတာ္ ခရီးသို႔အသြား လမ္းခုလတ္ တြင္ ေနပူပူ ထဲမွာ ကိုရင္ ငယ္ေလးတစ္ပါး

လမ္းႀကဳံလိုက္ဖို႔ ကားတားေနတာ ျမင္ေနတာ နဲ႔ ကားရပ္ခိုင္းၿပီးကားေပၚသို႔ ပင့္ေဆာင္ခဲ့ပါတယ္။

တျခားကားေတြကလည္း လူအျပည့္ ဆိုၿပီး မရပ္ဘူး ဒကာႀကီးရယ္တဲ့

ကိုရင္ေလး ကားတားေနတာ၂နာရီေက်ာ္ၾကာၿပီတဲ့ ဒါနဲ႔ ကိုရင္ေလးကို

ဘယ္ေက်ာင္းကလဲ ဘြဲ႕နာမည္ ဘယ္လိုမွည့္ေခၚပါသလဲ ဆိုၿပီး စတင္မိတ္ဆက္ကာ

သြားလိုတဲ့ ခရီး စဥ္ေမးၾကည့္တာ့ သံဃာ ၄၅ ပါးရွိတဲ့ ေတာရေက်ာင္းက ပါတဲ့စာဝါ လိုက္ဖို႔

ေက်ာင္းထိုင္ဆရာေတာ္ က စာအုပ္ ခဲတံ မ်ားအတြက္ မယ္ေတာ္ႀကီး ဆီ ျပန္အလႉ ခိုင္းလို႔

႐ြာ ျပန္အလာ ႐ြာေရာက္ေတာ့ မယ္ေတာ္က တျခားနယ္ ဘက္ အလုပ္ လုပ္ ထြက္သြား ၿပီ ဆိုၿပီး သိရလို႔ ေက်ာင္းျပန္မလို႔ ပါ တကာႀကီး တဲ့။

ဒါနဲ႔ ကိုရင္ေလး ဆင္းမဲ့ မွတ္တိုင္ေရာက္ေတာ့ေက်ာင္းျပန္မဲ့ ကိုရင္ ေလးကို စာဝါ အလိုငွာ

အဆင္ေျပေစဖို႔ တတ္ႏိုင္တဲ့ဘက္က ပညာဒါန အလႉေငြ ၃၀၀၀၀ က်ပ္ ထပ္မံၿပီး လႉဒါန္းေပးခဲ့ပါတယ္။

ျမန္မာျပည္ႀကီး သာသနာ့အေရာင္ ေနလို လင္းေစဖို႔ အနာဂတ္ရဲ႕ သာသနာျပဳ ဆရာေတာ္မ်ားျဖစ္လာႏိုင္ၾကမည့္

ကိုရင္ငယ္ ေလးမ်ားကို တတ္ႏိုင္သည့္ ဘက္မွ ခရီးသြားရင္း ကုသိုလ္ယူခဲ့ပါတယ္။

အခုလို လႉဒါန္းလိုက္ေသာ အလႉရွင္အတြက္ ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚဆိုေပးလိုက္ပါတယ္။

အမ်ားသူငါ သာဓုေခၚဆိုႏိုင္ရန္လည္း ထပ္ဆင့္ မွ်ေဝေပးလိုက္ပါသည္။

အစဥ္ထာဝရ ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ..။

နှစ်ပေါင်း၄၅နှစ်ကြာစုလာခဲ့သော အကြွေစေ့လေးတွေကို ထုတ်ယူရေတွက်ကြည့်ရာ …

နှစ်ပေါင်း၄၅နှစ်ကြာစုလာခဲ့သော အကြွေစေ့လေးတွေကို ထုတ်ယူရေတွက်ကြည့်ရာ ၅နာရီကြာအောင် ရေတွက်ခဲ့ရသော်လည်း ဒေါ်လာ၅၀၀၀ကျော်ရှိနေသည့်အတွက် ပျော်ရွင်နေသည့် အဖိုး

ရှည်လျားလှသော လူမှုဘဝတွင် နေ့စဥ်နှင့်အမျှ ငွေကြေးသည်မရှိမဖြစ်လိုအပ်သော အရယတစ်ခုဖြစ်ပေသည်။ ငွေကြေးကြောင့် လူဘုံအလယ်တွင်ပျော်ရွင်နိုင်သော်လည်း ငွေကြေးသာမရှိလျှင် လူရာဝင်နိုင်ရန် ခက်ခဲလွန်းလှသည်။

ယခုတွင်လည်း အမေရိကန်နိုင်ငံ လူဝီစီးယားဒေသတွင် နေထိုင်သော Otha Andersဆိုသည့် အသက်၇၃နှစ်အရွယ် အဖိုးအိုဟာ ငွေကြေးဟာ အချိန်တိုင်းလိုအပ်နေသည်ကို သိရှိခဲ့သည်။ထို့ကြောင့်လည်း ငယ်စဥ်ကတည်းက အကြွေစေ့လေးတွေကို စုဆောင်းထားခဲ့တာဖြစ်ပါတယ်။

ထို့နောက် အသက်အရွယ်ရလာချိန်တွင် ၄၅နှစ်အကြာထိစုဆောင်းထားခဲ့သော အကြွေစေ့လေးတွေကို ထုတ်ယူခဲ့သည့်အချိန်တွင် ဒေါ်လာ5136.14အထိရရှိခဲ့သောအခါ အလွန်ပျော်ရွင်နေခဲ့ပါတယ်။အဖိုးအိုဟာ အကြွေစေ့လေးတွေကို ၅နာရီကြာအောင် ရေတွက်ကြည့်ခဲ့ရပါတယ်။

Zawgyi

ႏွစ္ေပါင္း၄၅ႏွစ္ၾကာစုလာခဲ့ေသာ အေႂကြေစ့ေလးေတြကို ထုတ္ယူေရတြက္ၾကည့္ရာ ၅နာရီၾကာေအာင္ ေရတြက္ခဲ့ရေသာ္လည္း ေဒၚလာ၅၀၀၀ေက်ာ္ရွိေနသည့္အတြက္ ေပ်ာ္႐ြင္ေနသည့္ အဖိုး

ရွည္လ်ားလွေသာ လူမႈဘဝတြင္ ေန႔စဥ္ႏွင့္အမွ် ေငြေၾကးသည္မရွိမျဖစ္လိုအပ္ေသာ အရယတစ္ခုျဖစ္ေပသည္။ ေငြေၾကးေၾကာင့္ လူဘုံအလယ္တြင္ေပ်ာ္႐ြင္ႏိုင္ေသာ္လည္း ေငြေၾကးသာမရွိလွ်င္ လူရာဝင္ႏိုင္ရန္ ခက္ခဲလြန္းလွသည္။

ယခုတြင္လည္း အေမရိကန္ႏိုင္ငံ လူဝီစီးယားေဒသတြင္ ေနထိုင္ေသာ Otha Andersဆိုသည့္ အသက္၇၃ႏွစ္အ႐ြယ္ အဖိုးအိုဟာ ေငြေၾကးဟာ အခ်ိန္တိုင္းလိုအပ္ေနသည္ကို သိရွိခဲ့သည္။ထို႔ေၾကာင့္လည္း ငယ္စဥ္ကတည္းက အေႂကြေစ့ေလးေတြကို စုေဆာင္းထားခဲ့တာျဖစ္ပါတယ္။

ထို႔ေနာက္ အသက္အ႐ြယ္ရလာခ်ိန္တြင္ ၄၅ႏွစ္အၾကာထိစုေဆာင္းထားခဲ့ေသာ အေႂကြေစ့ေလးေတြကို ထုတ္ယူခဲ့သည့္အခ်ိန္တြင္ ေဒၚလာ5136.14အထိရရွိခဲ့ေသာအခါ အလြန္ေပ်ာ္႐ြင္ေနခဲ့ပါတယ္။အဖိုးအိုဟာ အေႂကြေစ့ေလးေတြကို ၅နာရီၾကာေအာင္ ေရတြက္ၾကည့္ခဲ့ရပါတယ္။

ငွေတိုးချေးစားသူများ …သိထားသင့်သော အကြောင်းအကျိုးနှင့် ကြောက်စရာကောင်းပုံ

ငွေတိုးချေးစားသူများ …သိထားသင့်သော အကြောင်းအကျိုးနှင့် ကြောက်စရာကောင်းပုံ

တစ်ခါက ရေးခဲ့ဖူးပါတယ်။ ငွေကြေး အခက်အခဲတွေနဲ့ပတ်သက်ပြီးတော့ လူတွေမှာ ငွေနောက်လိုက်ရင်း “ငွေတိုး”ချေးစားမိရာကနေ ဘဝမှာ တခဏခြင်း ကြီးပွားချမ်းသာလာတတ်ကြပါတယ်။

အများစု အမြင်မှာကတော့ ကိုယ့်ရှိလို့ ကိုယ်ချေးစားတာရယ်… တစ်ဖက်သောသူက ကျေကျေနပ်နပ်နဲ့ အတိုးပေးတာတွေကြောင့် မိမိကိုယ်ကို အမှန်လို့ ယူဆနေကြသလို ရရှိလာမဲ့ အမြတ်အစွန်းဟာ မက်မောလောက်တာမို့ ပိုက်ဆံချမ်းသာသူ အများစုဟာ ငွေတိုးများ ချေးစားကြပါတော့တယ်။

ဒါဆိုရင် လေ့လာဖို့လာတာက ဗေဒင်ပညာကို လေ့လာသူတွေရော စိတ်ဝင်စားသူတွေ ပညာရှင်တွေမှာ တာဝန်ရှိပါတယ်။

ဘာ့ကြောင့် တာဝန်ရှိပါသလဲလို့ ပြောရရင် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် မိမိတို့ရဲ့ထမင်းရှင်များ မှန်ကန်နေသလား မှားယွင်းနေသလား ဆိုတာ သိရှိဖို့ လိုအပ်သလို အကယ်၍ မှားယွင်းနေပါက ထောက်ပြဖို့ရာ တာဝန်ရှိပါတယ်။

နောက်တစ်ခုက ပြည်သူတွေအနေနဲ့လည်း အကယ်၍ မိမိတို့ မှားယွင်းနေပါက တဖြေးဖြေခြင်း ပြုပြင်ကြဖို့ တိုက်တွန်း ပါတယ်။

ကျွနု်ပ် လေ့လာသိရှိရသလောက်ရော လက်တွေ့ဘဝတွေမှာ ငွေတိုးချေးစားသူတွေဟာ နှစ်အနည်းငယ်အတွင်း သိသိသာသာ ချမ်းသာလာကြပေမဲ့

၈နှစ် ၁၆နှစ်ခန့် ကြာတဲ့အခါမှာ ကုန်းကောက်စရာမရှိအောင် အခွံပဲ ကျန်နေခဲ့ရတဲ့သူတွေ ဟန်ဆောင်နေကြရတဲ့သူတွေ တကယ့်ကို အများကြီးပါ။

တချို့ သိပ်ထူးဆန်းတယ်။ အိမ်ထဲမှာ ရောဂါရနေတဲ့သူတွေ တန်းစီနေတာပဲ။ ဖြစ်လိုက်ရင် ငွေကြေးအများအပြားကုန်တဲ့ ရောဂါကြီးတွေပဲ ဖြစ်လေ့ရှိတယ်။

တချို့သားကွဲမယားကွဲ ကိုယ့်ထူးကိုယ်ချွန် လုပ်စားရတယ်။ ကျန်းမားရေးမကောင်းလို့ ဆေးတိုက်မဲ့သူ မရှိ ဖြစ်ကြရတယ်။တချို့ အမှုအခင်းတွေဖြစ် အများအပြားကုန်ဆုံးကြရတယ်။

တချို့ သားသမီးတွေက ထင်သလို သုံးဖြုန်း ရိုက်မှုတွေဖြစ် လျော်ကြရတယ်။ တချို့ အငယ်အနှောင်းထား ရှိသမျှ အကုန်ပြောင် ဖြစ်ကြရတယ်။

တချို့အရမ်းချမ်းသာတယ်နော်… ဒါပေမဲ့ အမွေခွဲလိုက်တဲ့အခါ ဘယ်ကနေဘယ်လိုကုန်သွားမှန်းမသိ တိုက်တွေ ၄လုံး၅လုံး ဘယ်သူမှ ထိထိမိမိ မရဘူး အဲ့ဒီလို ဖြစ်သွားကြတယ်။

ဒါတွေဟာ ခြောက်လှန့်ပြောနေတာ လုံးဝ မဟုတ်ရပါဘူး။ တကယ့်လက်တွေ့ဘဝတွေကို လိုက်လံမေးမြန်း သုံးသပ်ပြီးမှ ပြောခြင်း ဖြစ်ပါတယ်။

ဘာ့ကြောင့် ဒီလို တွေဖြစ်ရတာလဲ

ငွေတိုးချေးစားပြီး အဆင်ပြေနေတဲ့သူတွေရော မရှိဘူးလားဆိုတာ မေးစရာ ဖြစ်လာတယ်။ ရှိပါတယ်။ တော်တော့်ကို ကံကောင်းလွန်းမှ လွတ်ပါ လိမ့်မယ်။

များသောအားဖြင့် အခုတင်ပြခဲ့သလိုတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ သေချာတွေးကြည့်ပါ ။ ငွေတိုးချေးထားပြီဆိုကတည်းက ဘယ်သူ့ဆီကနေ ဘယ်လောက်အတိုးရမှာ နေ့စဉ် တွက်နေတော့တာပါပဲ။ ဒါဟာ ကြီးမားများပြားတဲ့ အကုသိုလ် စိတ်ပဲ ဖြစ်ပါတယ်။

တစ်ခါက အာယုဗ္ဗေဒဆေးဆရာကြီးတစ်ဦးနဲ့ တွေ့ဖူးတယ်။ သူက ပြောတယ်။ “သာမန်လူတွေ သွေးတိုးရောဖြစ်ရင် ၇ရက်နဲ့ ပျောက်တယ်။ ငွေတိုးချေးစားသူ သွေးတိုးဖြစ်ရင် ၃လတောင် မနဲကုရတယ်”တဲ့။

ပြောချင်တာက လူရဲ့စိတ်မှာ လောစိတ်တွေ စီးဆင်းမှု များလေလေ ရောဂါဖြစ်လွယ်ကူလေလေလို့ ပြောလို့ရသလို မကောင်းသော ကံကြမ္မာဆိုးတွေကို လက်ယက် ခေါ်သလို ဖြစ်နေတတ်တာပါပဲ။

ဇွတ်အတင်းယုံပါလို့ မပြောပါဘူး။ သင့်ပတ်ဝန်းကျင်က ဘယ်သူတွေ ငွေတိုးချေးစားခဲ့ဖူးလဲဆိုတာ လက်တွေ့ကျကျ လေ့လာပါ။ ဟုတ်မှန်မှသာ လက်ခံပါ။

ဟုတ်ပီ။ အကယ်၍ ငွေမဖြစ်မနေ ချေးရတော့မယ် ဆိုပါစို့။ ဘယ်လိုမျိုး လုပ်ရမလဲ သမ္မာအာဇီဝကျကျ ငွေချေးလို့ ရမလဲဆိုတာ သိဖို့ လိုလာပြီ။ အကယ်၍ ဖြစ်နိုင်ရင် အသေးစား ငွေချေးလုပ်ငန်းလိုင်စင် လုပ်ပါ။

နိုင်ငံတော်က သတ်မှတ်ထားတဲ့ အတိုးနှုန်းထားအတိုင်း အတိအကျ ယူပါ ။ တစ်ပြားမှ ပို မယူပါနဲ့။ တကယ်လို့ ငွေချေးလိုင်စင် မရှိဘူးဆိုပါက နိုင်ငံတော်က ချမှတ်ထားတဲ့ အတိုးနှုန်းကို လေ့လာပါ။ အဲ့ဒီနှုန်းအတိုင်း ယူပါ။ ၂ကျပ်တိုးခန့်ပါပဲ။

ဖြစ်နိုင်ရင်တော့ တဖြေးဖြေး တခြားလုပ်ငန်း(သမ္မာအာဇီဝါကျ)ကို ပြောင်းလဲ လုပ်ကိုင်ပါ။ ဘာ့ကြောင့် အခုလို ပြောရတာလဲဆိုရင် တချို့တချို့သော ငွေတိုးချေးစားခဲ့ဖူးသူတွေ ယတြာချေတဲ့အခါ ယတြာအများစု မထိရောက်တာကို တွေ့နေရလို့ ပါပဲ။

ဒီတော့ လက်ရှိ ဘဝရော နှောင်သံသရာ အတွက်ပါ ကောင်းဖို့ဆန္ဒ ရှိတယ်ဆိုရင် မိမိနဲ့ မိမိပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ပြုပြင်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါသည်။ဆရာမိုင်

Zawgyi

ေငြတိုးေခ်းစားသူမ်ား …သိထားသင့္ေသာ အေၾကာင္းအက်ိဳးႏွင့္ ေၾကာက္စရာေကာင္းပုံ

တစ္ခါက ေရးခဲ့ဖူးပါတယ္။ ေငြေၾကး အခက္အခဲေတြနဲ႔ပတ္သက္ၿပီးေတာ့ လူေတြမွာ ေငြေနာက္လိုက္ရင္း “ေငြတိုး”ေခ်းစားမိရာကေန ဘဝမွာ တခဏျခင္း ႀကီးပြားခ်မ္းသာလာတတ္ၾကပါတယ္။

အမ်ားစု အျမင္မွာကေတာ့ ကိုယ့္ရွိလို႔ ကိုယ္ေခ်းစားတာရယ္… တစ္ဖက္ေသာသူက ေက်ေက်နပ္နပ္နဲ႔ အတိုးေပးတာေတြေၾကာင့္ မိမိကိုယ္ကို အမွန္လို႔ ယူဆေနၾကသလို ရရွိလာမဲ့ အျမတ္အစြန္းဟာ မက္ေမာေလာက္တာမို႔ ပိုက္ဆံခ်မ္းသာသူ အမ်ားစုဟာ ေငြတိုးမ်ား ေခ်းစားၾကပါေတာ့တယ္။

ဒါဆိုရင္ ေလ့လာဖို႔လာတာက ေဗဒင္ပညာကို ေလ့လာသူေတြေရာ စိတ္ဝင္စားသူေတြ ပညာရွင္ေတြမွာ တာဝန္ရွိပါတယ္။

ဘာ့ေၾကာင့္ တာဝန္ရွိပါသလဲလို႔ ေျပာရရင္ မိမိတို႔ေနထိုင္ရာ ပတ္ဝန္းက်င္ မိမိတို႔ရဲ႕ထမင္းရွင္မ်ား မွန္ကန္ေနသလား မွားယြင္းေနသလား ဆိုတာ သိရွိဖို႔ လိုအပ္သလို အကယ္၍ မွားယြင္းေနပါက ေထာက္ျပဖို႔ရာ တာဝန္ရွိပါတယ္။

ေနာက္တစ္ခုက ျပည္သူေတြအေနနဲ႔လည္း အကယ္၍ မိမိတို႔ မွားယြင္းေနပါက တေျဖးေျဖျခင္း ျပဳျပင္ၾကဖို႔ တိုက္တြန္း ပါတယ္။

ကြၽႏု္ပ္ ေလ့လာသိရွိရသေလာက္ေရာ လက္ေတြ႕ဘဝေတြမွာ ေငြတိုးေခ်းစားသူေတြဟာ ႏွစ္အနည္းငယ္အတြင္း သိသိသာသာ ခ်မ္းသာလာၾကေပမဲ့

၈ႏွစ္ ၁၆ႏွစ္ခန႔္ ၾကာတဲ့အခါမွာ ကုန္းေကာက္စရာမရွိေအာင္ အခြံပဲ က်န္ေနခဲ့ရတဲ့သူေတြ ဟန္ေဆာင္ေနၾကရတဲ့သူေတြ တကယ့္ကို အမ်ားႀကီးပါ။

တခ်ိဳ႕ သိပ္ထူးဆန္းတယ္။ အိမ္ထဲမွာ ေရာဂါရေနတဲ့သူေတြ တန္းစီေနတာပဲ။ ျဖစ္လိုက္ရင္ ေငြေၾကးအမ်ားအျပားကုန္တဲ့ ေရာဂါႀကီးေတြပဲ ျဖစ္ေလ့ရွိတယ္။

တခ်ိဳ႕သားကြဲမယားကြဲ ကိုယ့္ထူးကိုယ္ခြၽန္ လုပ္စားရတယ္။ က်န္းမားေရးမေကာင္းလို႔ ေဆးတိုက္မဲ့သူ မရွိ ျဖစ္ၾကရတယ္။တခ်ိဳ႕ အမႈအခင္းေတြျဖစ္ အမ်ားအျပားကုန္ဆုံးၾကရတယ္။

တခ်ိဳ႕ သားသမီးေတြက ထင္သလို သုံးျဖဳန္း ႐ိုက္မႈေတြျဖစ္ ေလ်ာ္ၾကရတယ္။ တခ်ိဳ႕ အငယ္အေႏွာင္းထား ရွိသမွ် အကုန္ေျပာင္ ျဖစ္ၾကရတယ္။

တခ်ိဳ႕အရမ္းခ်မ္းသာတယ္ေနာ္… ဒါေပမဲ့ အေမြခြဲလိုက္တဲ့အခါ ဘယ္ကေနဘယ္လိုကုန္သြားမွန္းမသိ တိုက္ေတြ ၄လုံး၅လုံး ဘယ္သူမွ ထိထိမိမိ မရဘူး အဲ့ဒီလို ျဖစ္သြားၾကတယ္။

ဒါေတြဟာ ေျခာက္လွန႔္ေျပာေနတာ လုံးဝ မဟုတ္ရပါဘူး။ တကယ့္လက္ေတြ႕ဘဝေတြကို လိုက္လံေမးျမန္း သုံးသပ္ၿပီးမွ ေျပာျခင္း ျဖစ္ပါတယ္။

ဘာ့ေၾကာင့္ ဒီလို ေတြျဖစ္ရတာလဲ

ေငြတိုးေခ်းစားၿပီး အဆင္ေျပေနတဲ့သူေတြေရာ မရွိဘူးလားဆိုတာ ေမးစရာ ျဖစ္လာတယ္။ ရွိပါတယ္။ ေတာ္ေတာ့္ကို ကံေကာင္းလြန္းမွ လြတ္ပါ လိမ့္မယ္။

မ်ားေသာအားျဖင့္ အခုတင္ျပခဲ့သလိုေတြ ျဖစ္ေလ့ျဖစ္ထ ရွိပါတယ္။ ေသခ်ာေတြးၾကည့္ပါ ။ ေငြတိုးေခ်းထားၿပီဆိုကတည္းက ဘယ္သူ႔ဆီကေန ဘယ္ေလာက္အတိုးရမွာ ေန႔စဥ္ တြက္ေနေတာ့တာပါပဲ။ ဒါဟာ ႀကီးမားမ်ားျပားတဲ့ အကုသိုလ္ စိတ္ပဲ ျဖစ္ပါတယ္။

တစ္ခါက အာယုေဗၺဒေဆးဆရာႀကီးတစ္ဦးနဲ႔ ေတြ႕ဖူးတယ္။ သူက ေျပာတယ္။ “သာမန္လူေတြ ေသြးတိုးေရာျဖစ္ရင္ ၇ရက္နဲ႔ ေပ်ာက္တယ္။ ေငြတိုးေခ်းစားသူ ေသြးတိုးျဖစ္ရင္ ၃လေတာင္ မနဲကုရတယ္”တဲ့။

ေျပာခ်င္တာက လူရဲ႕စိတ္မွာ ေလာစိတ္ေတြ စီးဆင္းမႈ မ်ားေလေလ ေရာဂါျဖစ္လြယ္ကူေလေလလို႔ ေျပာလို႔ရသလို မေကာင္းေသာ ကံၾကမၼာဆိုးေတြကို လက္ယက္ ေခၚသလို ျဖစ္ေနတတ္တာပါပဲ။

ဇြတ္အတင္းယုံပါလို႔ မေျပာပါဘူး။ သင့္ပတ္ဝန္းက်င္က ဘယ္သူေတြ ေငြတိုးေခ်းစားခဲ့ဖူးလဲဆိုတာ လက္ေတြ႕က်က် ေလ့လာပါ။ ဟုတ္မွန္မွသာ လက္ခံပါ။

ဟုတ္ပီ။ အကယ္၍ ေငြမျဖစ္မေန ေခ်းရေတာ့မယ္ ဆိုပါစို႔။ ဘယ္လိုမ်ိဳး လုပ္ရမလဲ သမၼာအာဇီဝက်က် ေငြေခ်းလို႔ ရမလဲဆိုတာ သိဖို႔ လိုလာၿပီ။ အကယ္၍ ျဖစ္ႏိုင္ရင္ အေသးစား ေငြေခ်းလုပ္ငန္းလိုင္စင္ လုပ္ပါ။

ႏိုင္ငံေတာ္က သတ္မွတ္ထားတဲ့ အတိုးႏႈန္းထားအတိုင္း အတိအက် ယူပါ ။ တစ္ျပားမွ ပို မယူပါနဲ႔။ တကယ္လို႔ ေငြေခ်းလိုင္စင္ မရွိဘူးဆိုပါက ႏိုင္ငံေတာ္က ခ်မွတ္ထားတဲ့ အတိုးႏႈန္းကို ေလ့လာပါ။ အဲ့ဒီႏႈန္းအတိုင္း ယူပါ။ ၂က်ပ္တိုးခန႔္ပါပဲ။

ျဖစ္ႏိုင္ရင္ေတာ့ တေျဖးေျဖး တျခားလုပ္ငန္း(သမၼာအာဇီဝါက်)ကို ေျပာင္းလဲ လုပ္ကိုင္ပါ။ ဘာ့ေၾကာင့္ အခုလို ေျပာရတာလဲဆိုရင္ တခ်ိဳ႕တခ်ိဳ႕ေသာ ေငြတိုးေခ်းစားခဲ့ဖူးသူေတြ ယၾတာေခ်တဲ့အခါ ယၾတာအမ်ားစု မထိေရာက္တာကို ေတြ႕ေနရလို႔ ပါပဲ။

ဒီေတာ့ လက္ရွိ ဘဝေရာ ေႏွာင္သံသရာ အတြက္ပါ ေကာင္းဖို႔ဆႏၵ ရွိတယ္ဆိုရင္ မိမိနဲ႔ မိမိပတ္ဝန္းက်င္ကို တတ္ႏိုင္သေလာက္ ျပဳျပင္ေပးၾကပါလို႔ ေမတၱာရပ္ခံအပ္ပါသည္။ဆရာမိုင္

ဘုန်းကြီးတွေကို ဝေဖန်ရင် ငရဲကြီးလား? (ပါချုပ်ဆရာတော် ဘဒ္ဒန္တဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

ဘုန်းကြီးတွေ ဝေဖန်ရင် ငရဲကြီးတယ် ။အပြစ်ဖြစ်တယ်ဆိုတာ ဟုတ်သလား ! လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို လုံးဝေဝဖန်ပိုင်ခွင့် မရှိဘူးလား

မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပြီး အဖြေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆွေးနွေးဖြေကြားပေးမှ ကောင်းမယ်လို့ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုရမှာကို ဗုဒ္ဓဘာသာဝင်အများစုဟာ ကြောက်ရွံ့ထိတ်လန့်တတ်ကြသလို ဝေဖန်သူရှိရင်တောင် မိစ္ဆာဒိဋ္ဌိတစ်ဦးသဖွယ် ရှု့မြင်တတ်ကြလို့ပါ။ ဗုဒ္ဓဘာသာဝင်မှန်ရင် ကလေးဘဝထဲက ငရဲကြီးလိမ့်မယ်ဆိုတဲ့ စကားနဲ့ ကြီးပျင်းလာခဲ့ရတာမို့ ဗုဒ္ဓဘာသာဝင်မှန်ရင် အားလုံးနီးပါးက ငရဲကြီးမှာ ကြောက်ကြတာ ဆန်းတော့လဲ မဆန်းပါဘူး။

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသလို အဝေဖန်ခံလိုက်ရပြီဆိုရင်လည်း ငါ့ကို ကောင်းစေချင်လို့ အပြုသဘောဝေဖန်တာလား ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လို့ အပျက်သဘောကဲ့ရဲ့အတင်းဆို ရှုတ်ချပြီးပြောတာလားဆိုတာကို မဝေခွဲတော့ပဲ `မင်းကတော့ ဘယ်လောက်ကောင်းနေလို့လဲ!ဆိုတဲ့ စကားလုံးကြမ်းကြမ်းတွေနဲ့ ပြန်လည်တုန့်ပြန်တတ်ကြပါတယ်။

မညှာမတာဝေဖန်ရရင် ဒါဟာ ပညာမဲ့ခြင်းရဲ့ အစဖြစ်ပြီး လူမိုက်တွေရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။

ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါဟာ ထေရဝါဒဗုဒ္ဓသာသနာတော်မှာ နေလိုလလို ထင်ရှားကျော်ကြားပါတယ်။ ဝိသာခါကျောင်းအမကြီးဟာ ရဟန်းတော်တွေကို အကိုလိုမောင်လိုသားလို လေးစားကြည်ညို ချစ်ခင်မြတ်နိုးတတ်သူတစ်ဦးဖြစ်ပြီး ရဟန်းတော်တွေ သာသနာ့ဝန်ကို အားသွန်ကြိုးပမ်းထမ်းရွက်နိုင်အောင် အဘက်ဘက်က လိုလေသေးမရှိ ထောက်ပံ့လှုဒါန်းသူတစ်ဦးလည်းဖြစ်ပါတယ်။ ဝိသာခါကျောင်းအမကြီးဟာ လှုဒါန်းစရာရှိရင်လည်း လိုသေးမရှိလှုဒါန်းတတ်ပြီး ရဟန်းတော်တွေကို ဆုံးမစရာရှိရင် ဆုံးမတတ်သလို ဝေဖန်စရာရှိရင်လည်း ဗွင်းဗွင်းကြီး အားမနာတမ်းဝေဖန်တတ်သူဖြစ်ပါတယ်။

ဝိသာခါဟာ သားသမီးမြေးမြစ်ပေါများပြီး အသက်လည်းရှည်တာကြောင့် ‘အလွန်မင်္ဂလာရှိသော သူလို့ မြို့သူမြို့သားများက အသိအမှတ်ပြုပြီး ဘာသာခြားတို့ကအစ လက်ထပ်မင်္ဂလာစသောကိစ္စတို့၌ ပင့်ဖိတ်ပြီး ဦးစွာကျွေးမွေးဧည့်ခံကာ “ဤသတို့သားနဲ့ သတိုးသမီးသည် အရှင်မကဲ့သို့ အသက်ရှည်စွာ အနားကင်း၍ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းကြပါတယ်။

တစ်နေ့မှာတော့ ဖိတ်ကြားထားတဲ့ မင်္ဂလာဆောင်အိမ်အရောက်မှာ ဥဒါယီဆိုတဲ့ရဟန်းတစ်ပါးဟာ သတိုးသမီးနဲ့အတူ အခန်းတစ်ခန်းထဲ မှာ နှစ်ယောက်ထဲ စကားပြောနေတာကို မြင်လိုက်ရပါတယ်။ မြင်လျှင်မြင်ချင်းပဲ အခန်းထဲဝင်သွားကာ “အရှင်ဘုရား မာတုဂါမနဲ့ နှစ်ယောက်ထဲ မဖွယ်ရာပြုနိုင်တဲ့နေရာမှာ စကားပြောနေတာဟာ မသင့်တော်ပါဘူး။ အရှင်ဘုရားက ရိုးရိုးသားသား ပြောဆိုနေတာဆိုရင်တောင် လူအများက အရှင်ဘုရားတို့ ရိုးရိုးသားသား ပြောဆိုနေတယ်ဆိုတာ ယုံကြည်ကြမှာ မဟုတ်ပါဘူးလို့ ပြောဆိုဆုံးမပါတယ်။

ဥဒါယီရဟန်းဟာ ပြောစကားနားမထောင်တာကြောင့် ဝိသာခါဟာ လမ်းထွက်ပြီး “ဥဒါယီကိုယ်တော်ဟာ မိန်းကလေးနဲ့အတူ ဆိတ်ကွယ်ရာအရပ်မှာ နှစ်ယောက်ထဲ ထိုင်စကားပြောနေပါတယ်ဆိုပြီး လမ်းပေါ်သွားနေတဲ့ ရဟန်းမှန်သမျှကို လျှောက်ထားပါတယ်။ ရဟန်းတွေကလည်း ဘုရားကို ပြန်လျှောက်ကြပါတယ်။ ဒီအခါမှာ ဘုရားရှင်က သိက္ခာပုဒ်ပညတ်တော်မူပါတယ်။ ဝိသာခါဟာ ပြောဆိုဆုံးမဝေဖန်စရာရှိရင် ရဟန်းတွေကိုလည်း အကြွေးမထားပဲ ပြောဆိုဆုံးမဝေဖန်တတ်ပါတယ်။

ဘုရားရှင်လက်တော်က မစ္ဆိကာသဏ္ဍမြို့မှာ စိတ္တသူကြွယ်ဆိုတာ ရှိခဲ့ပါတယ်။ သူက ပဉ္စဝဂ္ဂီအပါတွင် ပါဝင်သော မဟာနာမ်ထေရ်ထံမှာ တရားနာပြီး သောတာပန်တည်ခဲ့သူပါ။ မဟာနာမ်မ္မေထရ္က သူလှုတဲ့ကျောင်းမှာ သီတင်းမသုံးတာမို့ သုဓမ္မ အမည်ရှိတဲ့ ရဟန်းတစ်ပါးကို ကျောင်းအပ်ကာ ကိုးကွယ်ပါတယ်။ တစ်နေ့တော့ အဲဒီမြို့လေးကို အရှင်သာရိပုတ္တရာမထေရ်နဲ့ အရှင်မဟာမောဂ္ဂလာန်မထေရ်တို့ဟာ နောက်ပါရဟန်းတစ်ထောင်နဲ့အတူ ရောက်ရှိခဲ့ပါတယ်။

စိတ္တသူကြွယ်ဟာ အရှင်သာရိပုတ္တရာမထေရ်ထံမှာ တရားနာကြားပြီး အနာဂါမ်ဖြစ်သွားပါတယ်။ တစ်ရက်မှာ သူကြွယ်က အဂ္ဂသာဝကနှစ်ပါးကို အိမ်ဆွမ်းစားကြွဖို့ပင့်ဖိတ်ပါတယ်။ ပြီးမှ ကျောင်းထိုင်ဖြစ်တဲ့ သုဓမ္မရဟန်းကို ပင့်ဖိတ်ပါတယ်။ သုဓမ္မရဟန်းဟာ သူ့ကို အရင်မပင့်ဖိတ်လို့ စိတ်ဆိုးကာ ငြင်းလွှတ်လိုက်ပါတယ်။

သုဓမ္မရဟန်းဟာ နောက်နေ့ဆွမ်းစားချိန်ကျတော့ စိတ္တသူကြွယ်အိမ်ကို သွားပါတယ်။ အိမ်ရောက်လာတဲ့ သုဓမ္မရဟန်းကို စိတ္တသူကြွယ်က ကောင်းမွန်ချိုသာစွာနဲ့ “အရှင်ဘုရား ဒီနေရာမှာ သီတင်းသုံးပါလို့ လျှောက်ထားတဲ့အခါမှာ “ငါဆွမ်းစားလာတာမဟုတ်ဘူး။ လှုဖွယ်ဝတ္ထုတွေကို လာကြည့်တာလို့ ပြောပြီး ဟိုဟိုသည်သည် တစ်ခဏမျှကြည့်ကာ “ဒကာ သင့်လှုဖွယ်ဝတ္ထုတို့သည် များပြားပေစွ။ သို့သော်ကား နှမ်းကြွပ်မုန့်ကား မပါချေဆိုပြီး စိတ္တသူကြွယ်စိတ်ဆင်းရဲအောင် ပြောပါတယ်။

စိတ္တသူကြွယ်တို့မျိုးရိုးက နှမ်းကြွပ်မုန့်သည်တွေပါ။ `အရှင်သုဓမ္မ အရှင်ကား တစ်ခဏမျှပင်နား၍ရှု့သော်လည်း အကုန်အစင် မြင်တတ်သော ကျီးကန်းနဲ့တူပါပေတယ်လို့ စိတ္တသူကြွယ်က ပြန်ပြောလိုက်တဲ့အခါမှာ စိတ်ဆိုးပြီး `ဒီသူကြွယ်ရဲ့ ကျောင်းမှာ ငါမနေဘူးလို့ တွေးပြီး ရာဇဂြိုဟ်က ဘုရားရှင်ဆီသွားပါတယ်။

မိမိကိုလာရောက်တဲ့ သုဓမ္မရဟန်းကို ဘုရားရှင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘာကြောင့် ရာဇဂြိုဟ်ကို ပြောင်းရွှေ့ခဲ့တာလည်းဆိုတာကို မေးမြန်းတော်မူပါတယ်။ သုဓမ္မရဟန်းကလည်း ဖြစ်ကြောင်းကုန်စင် လျှောက်ထားပါတယ်။

ဒီအခါမှာ ဘုရားရှင်က “စိတ္တသူကြွယ်ရဲ့ အပြစ်မဟုတ်၊ သင်ရဲ့ အပြစ်သာဖြစ်တယ်။ စိတ္တသူကြွယ်ကို သွားတောင်းပန်ချေဆိုပြီး မိန့်တော်မူခဲ့ပါတယ်။ သုဓမ္မရဟန်း လာတောင်းပန်းတာကို စိတ္တသူကြွယ်က သုဓမ္မရဟန်း မာနကျစေလိုတာကြောင့် ခွင့်မလွှတ်ပါဘူး။ ဒီအခါမှာ သုဓမ္မရဟန်းက ဘုရားရှင်ဆီ ပြန်ပြီး လျှောက်ထားရပါတယ်။ ဘုရားရှင်ကလည်း ပြန်သွားပြီး တောင်းပန်ခိုင်းပါတယ်။ ဒီလိုနဲ့ သုံးကြိမ်သုံးခါ သွားလိုက်ပြန်လိုက် လုပ်ပြီးမှ ခွင့်လွှတ်ပေးပါတယ်။ သုဓမ္မရဟန်းလည်း သိပ်မကြာခင်မှာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။

တစ်ခါမှာလည်းပဲ သောတာပန်အရိယာများဖြစ်တဲ့ ဃောသကသူဌေးကြီးတို့ ဦးဆောင်သော ကောသမ္ဗီမြို့က ဒကာဒကာမတွေဟာ အကျင့်သီလအင်မတန်စင်ကြယ်ကြတဲ့ ရဟန်းတော်များ အတ္တမာနကို အခြေခံပြီးဖြစ်တဲ့ စိတ်ဝမ်းကွဲပြားမှုကို ပြန်လည်ညီညွတ်စေဖို့အတွက် ဝါတွင်းသုံးလပတ်လုံး ဆွမ်းလောင်းလှုခြင်း မရှိပဲ ရဟန်းတော်တွေကို အကြပ်ကိုင်ကာ ညီညွတ်စွာနေထိုင်ကြအောင် ပြုလုပ်ခဲ့ဘူးပါတယ်။

အထက်ပါဝတ္ထုတွေကို ထောက်ဆပြီးတော့ သာသနာတော်ကြီး စင်ကြယ်စေဖို့အတွက် အပြုသဘောဆောင်တဲ့ စိတ်ကောင်းစိတ်မြတ်များနဲ့ဆိုရင် ရဟန်းသံဃာတွေကို ဝေဖန်ရုံမျှမက လိုအပ်ရင် အကြပ်ကိုင်ပြီးတောင် ဆုံးမနိုင်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။ ရဟန်းသံဃာတွေကို ကောင်းစေလို၍ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးပြုလုပ်တာဟာ အပြစ်မရှိသလို ငရဲလဲမကြီးပါဘူး။

ဒကာဒကာမတွေအနေနဲ့ ဤကဲ့သို့ ဝေဖန်မှုမျိုးကို ပြုလဲပြုလုပ်သင့်ကြပါတယ်။ ဒါမှသာလျှင် သာသနာတော်ကြီးဟာ စင်စင်ကြယ်ကြယ်နဲ့ အဓွန့်ရှည်တည်တန့်နိုင်မှာဖြစ်ပါတယ်။

ဒုတိယရွှေကျင်သာသနာပိုင် ဘာသာဋီကာကျမ်းပြုအကျော် အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက “ဤဝိသာခါဝတ္ထုကို မှတ်ချက်ထား၍ ယခုကာလ၌လည်း သာသနာ သန့်ရှင်းစေလိုသော သဘောဖြင့် မတော်မတဲ့ ပြုကျင့်သူများကို ယဉ်ကျေးစွာ ပြောဆိုတားမြစ်နိုင် ကဲ့ရဲ့ရှုံ့ချနိုင်၏။

ထိုသို့ ကဲ့ရဲ့ရှုံ့ချမှုကြောင့် တစ်စုံတစ်ခုမျှ အပြစ်မရှိချေလို့ ဘုရားဥပဒေတော်ကြီးကျမ်းမှာ ရေးသားတော်မူခဲ့ပါတယ်။ ဒါကြောင့် ရဟန်းသံဃာတွေကို ကောင်းစေလိုတာကြောင့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုပြုလုပ်ခြင်းကြောင့် အပြစ်မဖြစ်သလို ငရဲလည်းမကြီးဆိုတာ သိမှတ်နားလည်ထားကြရပါမယ်။ ယုတ်မာသော စိတ်နေသဘောထားနဲ့ အပြစ်မရှိအပြစ်ရှာပြီး ရှုတ်ချဝေဖန်တာမျိုးကတော့ အပြစ်ရှိပါတယ်။ ငရဲကြီးပါတယ်။

ပါချုပ်ဆရာတော် ဘဒ္ဒန္တဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Zawgyi

ဘုန္းႀကီးေတြ ေဝဖန္ရင္ ငရဲႀကီးတယ္ ။အျပစ္ျဖစ္တယ္ဆိုတာ ဟုတ္သလား ! လူပုဂၢိဳလ္ေတြက ဘုန္းႀကီးေတြကို လုံးေဝဝဖန္ပိုင္ခြင့္ မရွိဘူးလား

ေမးသင့္ေမးထိုက္တဲ့ ေမးခြန္းျဖစ္ၿပီး အေျဖကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ျပန္လည္ေဆြးေႏြးေျဖၾကားေပးမွ ေကာင္းမယ္လို႔ထင္ျမင္မိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘာသာေရးနဲ႔ ပတ္သက္ၿပီး ေဝဖန္ေျပာဆိုရမွာကို ဗုဒၶဘာသာဝင္အမ်ားစုဟာ ေၾကာက္ရြံ့ထိတ္လန႔္တတ္ၾကသလို ေဝဖန္သူရွိရင္ေတာင္ မိစၧာဒိ႒ိတစ္ဦးသဖြယ္ ရွု႔ျမင္တတ္ၾကလို႔ပါ။ ဗုဒၶဘာသာဝင္မွန္ရင္ ကေလးဘဝထဲက ငရဲႀကီးလိမ့္မယ္ဆိုတဲ့ စကားနဲ႔ ႀကီးပ်င္းလာခဲ့ရတာမို႔ ဗုဒၶဘာသာဝင္မွန္ရင္ အားလုံးနီးပါးက ငရဲႀကီးမွာ ေၾကာက္ၾကတာ ဆန္းေတာ့လဲ မဆန္းပါဘူး။

ျမတ္စြာဘုရားရွင္က ဝိဘဇၨဝါဒေတာ္ရွိေပမယ့္ ရွင္ရဟန္းေတြပဲျဖစ္ျဖစ္ ဘာသာဝင္ေတြပဲျဖစ္ျဖစ္ ကိုယ္တိုင္ေဝဖန္ေရးလုပ္ရမွာကိုလည္း ေသမေလာက္ေၾကာက္ၾကသလို အေဝဖန္ခံလိုက္ရၿပီဆိုရင္လည္း ငါ့ကို ေကာင္းေစခ်င္လို႔ အျပဳသေဘာေဝဖန္တာလား ဂုဏ္သိကၡာ ညႇိုးႏြမ္းေအာင္လို႔ အပ်က္သေဘာကဲ့ရဲ့အတင္းဆို ရွုတ္ခ်ၿပီးေျပာတာလားဆိုတာကို မေဝခြဲေတာ့ပဲ `မင္းကေတာ့ ဘယ္ေလာက္ေကာင္းေနလို႔လဲ!ဆိုတဲ့ စကားလုံးၾကမ္းၾကမ္းေတြနဲ႔ ျပန္လည္တုန႔္ျပန္တတ္ၾကပါတယ္။

မညႇာမတာေဝဖန္ရရင္ ဒါဟာ ပညာမဲ့ျခင္းရဲ့ အစျဖစ္ၿပီး လူမိုက္ေတြရဲ့ လကၡဏာလည္းျဖစ္ပါတယ္။

ပုဗၺာ႐ုံေက်ာင္းအမႀကီး ဝိသာခါဟာ ေထရဝါဒဗုဒၶသာသနာေတာ္မွာ ေနလိုလလို ထင္ရွားေက်ာ္ၾကားပါတယ္။ ဝိသာခါေက်ာင္းအမႀကီးဟာ ရဟန္းေတာ္ေတြကို အကိုလိုေမာင္လိုသားလို ေလးစားၾကည္ညိဳ ခ်စ္ခင္ျမတ္နိုးတတ္သူတစ္ဦးျဖစ္ၿပီး ရဟန္းေတာ္ေတြ သာသနာ့ဝန္ကို အားသြန္ႀကိဳးပမ္းထမ္းရြက္နိုင္ေအာင္ အဘက္ဘက္က လိုေလေသးမရွိ ေထာက္ပံ့လွုဒါန္းသူတစ္ဦးလည္းျဖစ္ပါတယ္။ ဝိသာခါေက်ာင္းအမႀကီးဟာ လွုဒါန္းစရာရွိရင္လည္း လိုေသးမရွိလွုဒါန္းတတ္ၿပီး ရဟန္းေတာ္ေတြကို ဆုံးမစရာရွိရင္ ဆုံးမတတ္သလို ေဝဖန္စရာရွိရင္လည္း ဗြင္းဗြင္းႀကီး အားမနာတမ္းေဝဖန္တတ္သူျဖစ္ပါတယ္။

ဝိသာခါဟာ သားသမီးေျမးျမစ္ေပါမ်ားၿပီး အသက္လည္းရွည္တာေၾကာင့္ ‘အလြန္မဂၤလာရွိေသာ သူလို႔ ၿမိဳ႕သူၿမိဳ႕သားမ်ားက အသိအမွတ္ျပဳၿပီး ဘာသာျခားတို႔ကအစ လက္ထပ္မဂၤလာစေသာကိစၥတို႔၌ ပင့္ဖိတ္ၿပီး ဦးစြာေကၽြးေမြးဧည့္ခံကာ “ဤသတို႔သားနဲ႔ သတိုးသမီးသည္ အရွင္မကဲ့သို႔ အသက္ရွည္စြာ အနားကင္း၍ ခ်မ္းသာျခင္းႏွင့္ ျပည့္စုံပါေစလို႔ ဆုေတာင္းၾကပါတယ္။

တစ္ေန႔မွာေတာ့ ဖိတ္ၾကားထားတဲ့ မဂၤလာေဆာင္အိမ္အေရာက္မွာ ဥဒါယီဆိုတဲ့ရဟန္းတစ္ပါးဟာ သတိုးသမီးနဲ႔အတူ အခန္းတစ္ခန္းထဲ မွာ ႏွစ္ေယာက္ထဲ စကားေျပာေနတာကို ျမင္လိုက္ရပါတယ္။ ျမင္လၽွင္ျမင္ခ်င္းပဲ အခန္းထဲဝင္သြားကာ “အရွင္ဘုရား မာတုဂါမနဲ႔ ႏွစ္ေယာက္ထဲ မဖြယ္ရာျပဳနိုင္တဲ့ေနရာမွာ စကားေျပာေနတာဟာ မသင့္ေတာ္ပါဘူး။ အရွင္ဘုရားက ရိုးရိုးသားသား ေျပာဆိုေနတာဆိုရင္ေတာင္ လူအမ်ားက အရွင္ဘုရားတို႔ ရိုးရိုးသားသား ေျပာဆိုေနတယ္ဆိုတာ ယုံၾကည္ၾကမွာ မဟုတ္ပါဘူးလို႔ ေျပာဆိုဆုံးမပါတယ္။

ဥဒါယီရဟန္းဟာ ေျပာစကားနားမေထာင္တာေၾကာင့္ ဝိသာခါဟာ လမ္းထြက္ၿပီး “ဥဒါယီကိုယ္ေတာ္ဟာ မိန္းကေလးနဲ႔အတူ ဆိတ္ကြယ္ရာအရပ္မွာ ႏွစ္ေယာက္ထဲ ထိုင္စကားေျပာေနပါတယ္ဆိုၿပီး လမ္းေပၚသြားေနတဲ့ ရဟန္းမွန္သမၽွကို ေလၽွာက္ထားပါတယ္။ ရဟန္းေတြကလည္း ဘုရားကို ျပန္ေလၽွာက္ၾကပါတယ္။ ဒီအခါမွာ ဘုရားရွင္က သိကၡာပုဒ္ပညတ္ေတာ္မူပါတယ္။ ဝိသာခါဟာ ေျပာဆိုဆုံးမေဝဖန္စရာရွိရင္ ရဟန္းေတြကိုလည္း အေႂကြးမထားပဲ ေျပာဆိုဆုံးမေဝဖန္တတ္ပါတယ္။

ဘုရားရွင္လက္ေတာ္က မစၧိကာသ႑ၿမိဳ႕မွာ စိတၱသူႂကြယ္ဆိုတာ ရွိခဲ့ပါတယ္။ သူက ပဥၥဝဂၢီအပါတြင္ ပါဝင္ေသာ မဟာနာမ္ေထရ္ထံမွာ တရားနာၿပီး ေသာတာပန္တည္ခဲ့သူပါ။ မဟာနာမ္ေမၼထရၠ သူလွုတဲ့ေက်ာင္းမွာ သီတင္းမသုံးတာမို႔ သုဓမၼ အမည္ရွိတဲ့ ရဟန္းတစ္ပါးကို ေက်ာင္းအပ္ကာ ကိုးကြယ္ပါတယ္။ တစ္ေန႔ေတာ့ အဲဒီၿမိဳ႕ေလးကို အရွင္သာရိပုတၱရာမေထရ္နဲ႔ အရွင္မဟာေမာဂၢလာန္မေထရ္တို႔ဟာ ေနာက္ပါရဟန္းတစ္ေထာင္နဲ႔အတူ ေရာက္ရွိခဲ့ပါတယ္။

စိတၱသူႂကြယ္ဟာ အရွင္သာရိပုတၱရာမေထရ္ထံမွာ တရားနာၾကားၿပီး အနာဂါမ္ျဖစ္သြားပါတယ္။ တစ္ရက္မွာ သူႂကြယ္က အဂၢသာဝကႏွစ္ပါးကို အိမ္ဆြမ္းစားႂကြဖို႔ပင့္ဖိတ္ပါတယ္။ ၿပီးမွ ေက်ာင္းထိုင္ျဖစ္တဲ့ သုဓမၼရဟန္းကို ပင့္ဖိတ္ပါတယ္။ သုဓမၼရဟန္းဟာ သူ႔ကို အရင္မပင့္ဖိတ္လို႔ စိတ္ဆိုးကာ ျငင္းလႊတ္လိုက္ပါတယ္။

သုဓမၼရဟန္းဟာ ေနာက္ေန႔ဆြမ္းစားခ်ိန္က်ေတာ့ စိတၱသူႂကြယ္အိမ္ကို သြားပါတယ္။ အိမ္ေရာက္လာတဲ့ သုဓမၼရဟန္းကို စိတၱသူႂကြယ္က ေကာင္းမြန္ခ်ိဳသာစြာနဲ႔ “အရွင္ဘုရား ဒီေနရာမွာ သီတင္းသုံးပါလို႔ ေလၽွာက္ထားတဲ့အခါမွာ “ငါဆြမ္းစားလာတာမဟုတ္ဘူး။ လွုဖြယ္ဝတၳဳေတြကို လာၾကည့္တာလို႔ ေျပာၿပီး ဟိုဟိုသည္သည္ တစ္ခဏမၽွၾကည့္ကာ “ဒကာ သင့္လွုဖြယ္ဝတၳဳတို႔သည္ မ်ားျပားေပစြ။ သို႔ေသာ္ကား ႏွမ္းႂကြပ္မုန႔္ကား မပါေခ်ဆိုၿပီး စိတၱသူႂကြယ္စိတ္ဆင္းရဲေအာင္ ေျပာပါတယ္။

စိတၱသူႂကြယ္တို႔မ်ိဳးရိုးက ႏွမ္းႂကြပ္မုန႔္သည္ေတြပါ။ `အရွင္သုဓမၼ အရွင္ကား တစ္ခဏမၽွပင္နား၍ရွု႔ေသာ္လည္း အကုန္အစင္ ျမင္တတ္ေသာ က်ီးကန္းနဲ႔တူပါေပတယ္လို႔ စိတၱသူႂကြယ္က ျပန္ေျပာလိုက္တဲ့အခါမွာ စိတ္ဆိုးၿပီး `ဒီသူႂကြယ္ရဲ့ ေက်ာင္းမွာ ငါမေနဘူးလို႔ ေတြးၿပီး ရာဇၿဂိဳဟ္က ဘုရားရွင္ဆီသြားပါတယ္။

မိမိကိုလာေရာက္တဲ့ သုဓမၼရဟန္းကို ဘုရားရွင္က ႏွုတ္ခြန္းဆက္စကားေျပာၾကားၿပီး ဘာေၾကာင့္ ရာဇၿဂိဳဟ္ကို ေျပာင္းေရႊ႕ခဲ့တာလည္းဆိုတာကို ေမးျမန္းေတာ္မူပါတယ္။ သုဓမၼရဟန္းကလည္း ျဖစ္ေၾကာင္းကုန္စင္ ေလၽွာက္ထားပါတယ္။

ဒီအခါမွာ ဘုရားရွင္က “စိတၱသူႂကြယ္ရဲ့ အျပစ္မဟုတ္၊ သင္ရဲ့ အျပစ္သာျဖစ္တယ္။ စိတၱသူႂကြယ္ကို သြားေတာင္းပန္ေခ်ဆိုၿပီး မိန႔္ေတာ္မူခဲ့ပါတယ္။ သုဓမၼရဟန္း လာေတာင္းပန္းတာကို စိတၱသူႂကြယ္က သုဓမၼရဟန္း မာနက်ေစလိုတာေၾကာင့္ ခြင့္မလႊတ္ပါဘူး။ ဒီအခါမွာ သုဓမၼရဟန္းက ဘုရားရွင္ဆီ ျပန္ၿပီး ေလၽွာက္ထားရပါတယ္။ ဘုရားရွင္ကလည္း ျပန္သြားၿပီး ေတာင္းပန္ခိုင္းပါတယ္။ ဒီလိုနဲ႔ သုံးႀကိမ္သုံးခါ သြားလိုက္ျပန္လိုက္ လုပ္ၿပီးမွ ခြင့္လႊတ္ေပးပါတယ္။ သုဓမၼရဟန္းလည္း သိပ္မၾကာခင္မွာ ရဟႏၲာျဖစ္သြားခဲ့ပါတယ္။

တစ္ခါမွာလည္းပဲ ေသာတာပန္အရိယာမ်ားျဖစ္တဲ့ ေဃာသကသူေဌးႀကီးတို႔ ဦးေဆာင္ေသာ ေကာသမၺီၿမိဳ႕က ဒကာဒကာမေတြဟာ အက်င့္သီလအင္မတန္စင္ၾကယ္ၾကတဲ့ ရဟန္းေတာ္မ်ား အတၱမာနကို အေျခခံၿပီးျဖစ္တဲ့ စိတ္ဝမ္းကြဲျပားမွုကို ျပန္လည္ညီညြတ္ေစဖို႔အတြက္ ဝါတြင္းသုံးလပတ္လုံး ဆြမ္းေလာင္းလွုျခင္း မရွိပဲ ရဟန္းေတာ္ေတြကို အၾကပ္ကိုင္ကာ ညီညြတ္စြာေနထိုင္ၾကေအာင္ ျပဳလုပ္ခဲ့ဘူးပါတယ္။

အထက္ပါ၀တၳဳေတြကို ေထာက္ဆၿပီးေတာ့ သာသနာေတာ္ႀကီး စင္ၾကယ္ေစဖို႔အတြက္ အျပဳသေဘာေဆာင္တဲ့ စိတ္ေကာင္းစိတ္ျမတ္မ်ားနဲ႔ဆိုရင္ ရဟန္းသံဃာေတြကို ေဝဖန္႐ုံမၽွမက လိုအပ္ရင္ အၾကပ္ကိုင္ၿပီးေတာင္ ဆုံးမနိုင္တယ္ဆိုတာ လယ္ျပင္မွာ ဆင္သြားသလို ထင္ရွားလွပါတယ္။ ရဟန္းသံဃာေတြကို ေကာင္းေစလို၍ အျပဳသေဘာေဆာင္တဲ့ ေဝဖန္မွုမ်ိဳးျပဳလုပ္တာဟာ အျပစ္မရွိသလို ငရဲလဲမႀကီးပါဘူး။

ဒကာဒကာမေတြအေနနဲ႔ ဤကဲ့သို႔ ေဝဖန္မွုမ်ိဳးကို ျပဳလဲျပဳလုပ္သင့္ၾကပါတယ္။ ဒါမွသာလၽွင္ သာသနာေတာ္ႀကီးဟာ စင္စင္ၾကယ္ၾကယ္နဲ႔ အဓြန႔္ရွည္တည္တန႔္နိုင္မွာျဖစ္ပါတယ္။

ဒုတိယေရႊက်င္သာသနာပိုင္ ဘာသာဋီကာက်မ္းျပဳအေက်ာ္ အဂၢမဟာပ႑ိတ ေက်းဇူးေတာ္ရွင္ အမရပူရ မဟာဂႏၶာ႐ုံဆရာေတာ္ဘုရားႀကီးက “ဤဝိသာခါ၀တၳဳကို မွတ္ခ်က္ထား၍ ယခုကာလ၌လည္း သာသနာ သန႔္ရွင္းေစလိုေသာ သေဘာျဖင့္ မေတာ္မတဲ့ ျပဳက်င့္သူမ်ားကို ယဥ္ေက်းစြာ ေျပာဆိုတားျမစ္နိုင္ ကဲ့ရဲ့ရွုံ႔ခ်နိုင္၏။

ထိုသို႔ ကဲ့ရဲ့ရွုံ႔ခ်မွုေၾကာင့္ တစ္စုံတစ္ခုမၽွ အျပစ္မရွိေခ်လို႔ ဘုရားဥပေဒေတာ္ႀကီးက်မ္းမွာ ေရးသားေတာ္မူခဲ့ပါတယ္။ ဒါေၾကာင့္ ရဟန္းသံဃာေတြကို ေကာင္းေစလိုတာေၾကာင့္ အျပဳသေဘာေဆာင္တဲ့ ေဝဖန္မွုျပဳလုပ္ျခင္းေၾကာင့္ အျပစ္မျဖစ္သလို ငရဲလည္းမႀကီးဆိုတာ သိမွတ္နားလည္ထားၾကရပါမယ္။ ယုတ္မာေသာ စိတ္ေနသေဘာထားနဲ႔ အျပစ္မရွိအျပစ္ရွာၿပီး ရွုတ္ခ်ေဝဖန္တာမ်ိဳးကေတာ့ အျပစ္ရွိပါတယ္။ ငရဲႀကီးပါတယ္။

ပါခ်ဳပ္ဆရာေတာ္ ဘဒၵႏၲေဒါက္တာအရွင္နႏၵမာလာဘိဝံသ