ထန်းရေ ထန်းသီးနဲ့ ကျန်းမာရေး မသိသူကျော်သွား သိသူဖော်စား

ထန်းသီး/ထန်းရည်/အညာထန်းသီးချဥ်ဟင်းဟာ ကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။ဒါ့ပြင် အညာဒေသက ထန်းသီးဆံဟင်း ဟာလည်း စားလို့ အတော်ကောင်းပါတယ်

ထန်းပင်တစ်ပင်လုံးတွင် ဘဘာဝအလျောက် ပဉ္စဘူတဓာတ်ငါးပါးစုပေါင်းနေတာကြောင့် ထန်းပင်တစ်ပင်မှ ထွက်သော အစိတ်အပိုင်းများအားလုံး မတူညီသောကျန်းမာရေး အကျိုးကျေးဇူးအာနိသင်များစွာ ရှိကြပါတယ်။

၁။ ထန်းဖိုပွင့်က ချောင်းဆိုးသလိပ်ထခြင်းနှင့် အစာမကြေရောဂါတို့ ကိုနိုင်ပါတယ်။

၂။ ထန်းသီးစိမ်းက အေး၍ချိုဖန်သော အရသာရှိပြီး စိမ့်တိမ့်တိမ့်အရသာလေးနဲ့ အသီးနုလျှင် အစာ ကြေလွယ်ပြီး အသီးရင့်ပါက အစာကြေညက်ဖို့ ခက်ပါတယ်။ လေကိုချုပ်စေတယ်။ အနည်းငယ် လေးမူးယစ်စေတယ်။ဆီး၊ ဝမ်း ကိုရွှင်စေပါတယ်။ပန်းနာ၊ သွေးအန်၊ သွေးကျရောဂါများ ပျောက်ကင်းစေနိုင်ပါတယ်။ထန်းသီးမှည့်က လူကိုအား ဖြစ်စေပြီး ဝဖြိုးစေပါတယ်၊ သုတ်ကိုပွားစေတဲ့အတွက် ကလေးရရင်ခက်ခဲနေသောအိမ်ထောင်ရှင် အမျိုးသားများ အတွက်အထူးသင့်လျော်ပါတယ်။

၃။ ထန်းရည်ချိုချိုသောက်သုံးပါကလည်း လေနှင့်သည်းခြေကိုနိုင်ပြီး ဆီးရွှင်စေတယ်၊ ဆီးအိမ်ကို သန့်ရှင်းစေ ပြီး ရေဖျဉ်းရောဂါအတွက်လည်းကောင်းပါတယ်။အိပ်ပျော်စေပြီး မူးဝေဝေခံစားမှုရရှိန်ိုင်ပါတယ်။ ဆီးပူ၊ ဆီး အောင့်၊ ဆီးနည်းရောဂါများအတွက် လတ်လတ်ဆတ်ဆတ်ထန်းရည်ကို သကြားထည့်၍ သောက်ပါက အထူး ကောင်းမွန်ပါတယ်။

၄။ ထန်းရည်ချဉ်/ ထန်းရည်ခါးက ခန္ဓာကိုယ်တခုလုံးပျံ့နှံ့စေသည့်အပြင် သည်းခြေကိုအပူရှိန်များစေတတ်ပြီး သွေးကြွကာ ပို၍မူးဝေစေတတ်ပါတယ်။ ခံတွင်းရှင်းပြီး နှုတ်သွက်စေပါတယ်။လေနိုင်၍ အစာကြေစေပါတယ်။ ဆီးအောင့်၊ ဆီးပူရောဂါရှိသူများ သွေးလေး၊သွေးတတ်၊ အိပ်မပျော်တတ်သောရောဂါများအတွက် အထူးသင့် လျော်ပါတယ်။

ရုက္ခဗေဒအမည် borassusflabellifer Linn ဟုအမည်ရတဲ့ ထန်းပင်ကိုအင်္ဂလိပ်လို Palmyra palm ဟုခေါ်ပြီး မွန်နဲ့ရှမ်းတိုင်းရင်းသားဘာသာစကားအရ Tan လို့ခေါ်ပါတယ်။ထန်းပင်များကိုနေရာဒေသမရွေး မြေအမျိုးအ စားမရွေး စိုက်ပျိုးနိုင်ပြီး အပူပိုင်းဒေသများတွင် ပိုမိုစိုက်ပျိုးကြပါတယ်။

ထန်းပင်ဟာ အဖိုပင်နှင့်အမပင်ဟူ၍ နှစ်မျိုးရှိပြီး ၎င်းအပင်နှစ်မျိုးစလုံးမှ ထန်းရည်ထွက်ရှိပါတယ်။အမပင်များမှ သီးသောထန်းသီးများကိုသာ မျိုးအဖြစ်ရယူစိုက်ပျိုးနိုင်ပါတယ်။ခုနစ်နှစ်သားအရွယ် ထန်းအဖိုပင်များမှ ထန်းနို့ ခိုင်များထွက်ရှိပြီး အဲ့ဒီကနေထန်းရည်ရရှိပါတယ်။ ထန်းအမပင်များဟာ ၁၀ နှစ်သားတွင် ထန်းသီးများထွက်ရှိ လာပြီး ထိုအသီး၏အညှာမှ ထန်းရည်ထွက်ရှိပါတယ်။

Zawgyi

ထန္းသီး/ထန္းရည္/အညာထန္းသီးခ်ဥ္ဟင္းဟာ က်န္းမာေရးကိုအထူးေကာင္းမြန္ေစပါတယ္။ဒါ့ျပင္ အညာေဒသက ထန္းသီးဆံဟင္း ဟာလည္း စားလို႔ အေတာ္ေကာင္းပါတယ္

ထန္းပင္တစ္ပင္လုံးတြင္ ဘဘာဝအေလ်ာက္ ပၪၥဘူတဓာတ္ငါးပါးစုေပါင္းေနတာေၾကာင့္ ထန္းပင္တစ္ပင္မွ ထြက္ေသာ အစိတ္အပိုင္းမ်ားအားလုံး မတူညီေသာက်န္းမာေရး အက်ိဳးေက်းဇူးအာနိသင္မ်ားစြာ ရွိၾကပါတယ္။

၁။ ထန္းဖိုပြင့္က ေခ်ာင္းဆိုးသလိပ္ထျခင္းႏွင့္ အစာမေၾကေရာဂါတို႔ ကိုႏိုင္ပါတယ္။

၂။ ထန္းသီးစိမ္းက ေအး၍ခ်ိဳဖန္ေသာ အရသာရွိၿပီး စိမ့္တိမ့္တိမ့္အရသာေလးနဲ႔ အသီးႏုလွ်င္ အစာ ေၾကလြယ္ၿပီး အသီးရင့္ပါက အစာေၾကညက္ဖို႔ ခက္ပါတယ္။ ေလကိုခ်ဳပ္ေစတယ္။ အနည္းငယ္ ေလးမူးယစ္ေစတယ္။ဆီး၊ ဝမ္း ကို႐ႊင္ေစပါတယ္။ပန္းနာ၊ ေသြးအန္၊ ေသြးက်ေရာဂါမ်ား ေပ်ာက္ကင္းေစႏိုင္ပါတယ္။ထန္းသီးမွည့္က လူကိုအား ျဖစ္ေစၿပီး ဝၿဖိဳးေစပါတယ္၊ သုတ္ကိုပြားေစတဲ့အတြက္ ကေလးရရင္ခက္ခဲေနေသာအိမ္ေထာင္ရွင္ အမ်ိဳးသားမ်ား အတြက္အထူးသင့္ေလ်ာ္ပါတယ္။

၃။ ထန္းရည္ခ်ိဳခ်ိဳေသာက္သုံးပါကလည္း ေလႏွင့္သည္းေျခကိုႏိုင္ၿပီး ဆီး႐ႊင္ေစတယ္၊ ဆီးအိမ္ကို သန႔္ရွင္းေစ ၿပီး ေရဖ်ဥ္းေရာဂါအတြက္လည္းေကာင္းပါတယ္။အိပ္ေပ်ာ္ေစၿပီး မူးေဝေဝခံစားမႈရရွိန္ိုင္ပါတယ္။ ဆီးပူ၊ ဆီး ေအာင့္၊ ဆီးနည္းေရာဂါမ်ားအတြက္ လတ္လတ္ဆတ္ဆတ္ထန္းရည္ကို သၾကားထည့္၍ ေသာက္ပါက အထူး ေကာင္းမြန္ပါတယ္။

၄။ ထန္းရည္ခ်ဥ္/ ထန္းရည္ခါးက ခႏၶာကိုယ္တခုလုံးပ်ံ႕ႏွံ႔ေစသည့္အျပင္ သည္းေျခကိုအပူရွိန္မ်ားေစတတ္ၿပီး ေသြးႂကြကာ ပို၍မူးေဝေစတတ္ပါတယ္။ ခံတြင္းရွင္းၿပီး ႏႈတ္သြက္ေစပါတယ္။ေလႏိုင္၍ အစာေၾကေစပါတယ္။ ဆီးေအာင့္၊ ဆီးပူေရာဂါရွိသူမ်ား ေသြးေလး၊ေသြးတတ္၊ အိပ္မေပ်ာ္တတ္ေသာေရာဂါမ်ားအတြက္ အထူးသင့္ ေလ်ာ္ပါတယ္။

႐ုကၡေဗဒအမည္ borassusflabellifer Linn ဟုအမည္ရတဲ့ ထန္းပင္ကိုအဂၤလိပ္လို Palmyra palm ဟုေခၚၿပီး မြန္နဲ႔ရွမ္းတိုင္းရင္းသားဘာသာစကားအရ Tan လို႔ေခၚပါတယ္။ထန္းပင္မ်ားကိုေနရာေဒသမေ႐ြး ေျမအမ်ိဳးအ စားမေ႐ြး စိုက္ပ်ိဳးႏိုင္ၿပီး အပူပိုင္းေဒသမ်ားတြင္ ပိုမိုစိုက္ပ်ိဳးၾကပါတယ္။

ထန္းပင္ဟာ အဖိုပင္ႏွင့္အမပင္ဟူ၍ ႏွစ္မ်ိဳးရွိၿပီး ၎အပင္ႏွစ္မ်ိဳးစလုံးမွ ထန္းရည္ထြက္ရွိပါတယ္။အမပင္မ်ားမွ သီးေသာထန္းသီးမ်ားကိုသာ မ်ိဳးအျဖစ္ရယူစိုက္ပ်ိဳးႏိုင္ပါတယ္။ခုနစ္ႏွစ္သားအ႐ြယ္ ထန္းအဖိုပင္မ်ားမွ ထန္းႏို႔ ခိုင္မ်ားထြက္ရွိၿပီး အဲ့ဒီကေနထန္းရည္ရရွိပါတယ္။ ထန္းအမပင္မ်ားဟာ ၁၀ ႏွစ္သားတြင္ ထန္းသီးမ်ားထြက္ရွိ လာၿပီး ထိုအသီး၏အညႇာမွ ထန္းရည္ထြက္ရွိပါတယ္။

လူကြိုက်များတဲ့ စိန် တလုံး သရက်

လူကြိုက်များတဲ့ စိန် တလုံး သရက်
စိန်တလုံးကတော့ လူကြိုက် အများဆုံးပါ။သရက်သီးချစ်သူတွေ အတွက် သရက်သီးက ပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေကို ဖော်ပြ ပေးချင်ပါတယ်။

(၁)ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျှော့ ချပေးနိုင်

သရက်သီးမှာဆိုရင် antioxidants တွေ အများကြီး ပါဝင်ပါတယ်။သရက်သီးမှာဆိုရင် ပါတဲ့ antioxidants တွေက ကင်ဆာ ဖြစ်ပွားနိုင်ချေ ကို လျှော့ ချပေးနိုင်ပါတယ်။အထူးသဖြင့်် အူမကြီးကင်ဆာ နဲ့ ရင် သား ကင်ဆာ ဖြစ်ပွား နိုင်ချေ ကို လျှော့ ချ ပေးနိုင်ပါတယ်။သူ့မှာဆိုရင် Beta carotene ဆိုတဲ့ antioxidant ပါဝင် ပါတယ်။အဲ့ဒီ အရာ က ရင်သားကင်ဆာ၊အူမကြီးကင်ဆာနဲ့ သွေးကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ချေ တွေကို လျှော့ ချ ပေးနိုင်ပါတယ်။

(၂)အမြင်အာရုံကောင်းစေ

သရက်သီးမှာဆိုရင်တော့ Vitamin-A ၊ Beta carotene ၊α-carotene, β-cryptoxanthin ဆိုတဲ့ ကျန်းမာ ရေး အတွက် အထောက်အကူဖြစ်စေတဲ့ အရာတွေ အများကြီး ပါဝင်ပါတယ်။vitamin-A မျက်လုံး ကျန်းမာရေးနဲ့ အမြင် အာရုံအတွက် အရမ်းကို ကောင်းတဲ့ အာဟာရဓါတ်ပါ။သရက်သီးမှာဆိုရင်တော့ Vitamin A ပေါ ကြွ ယ် ၀စွာ ပါဝင် တာမို့ အမြင်အာရုံ အတွက် အများကြီး အကျိုးကျေးဇူးဖြစ်စေပါတယ်။အမြင်အာရုံကောင်းချင်ရင် သရက်သီး ကို စားပေးပါ။

(၃)
အရိုးကျန်းမာရေး

Vitamin A နဲ့ C တို့ သရက်သီးမှာ ပေါကြွယ်ဝ စွာ ပါဝင်ပါတယ်။အဲ့ဒီဓါတ် တွေက အရိုး ကျန်းမာ ရေး အတွက် အရမ်းကို ကောင်းပါတယ်။ဒါ့အပြင် သူ့မှာပါတဲ့ ပရိုတင်းက လည်း အရိုးကျန်းမာရေး အတွက် အထောက် အကူ ဖြစ်စေပါတယ်။အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ Vitamin A ပါဝင် နေတာမို့ သရက်သီးကို စား ပေးသင့်ပါတယ်။ သတိပြုရမယ့် အချက်တစ်ခု ရှိပါတယ်။ဘယ်အရာကို မဆို အလွန်အကျွံဖြစ်ရင် မကောင်းပါဘူး။ အရမ်း စားတာများ လွန်းရင် vitamin A သိပ်များရင် လည်း အရိုးကို ထိခိုက်ပျက်စီးစေပါတယ်။အလွန်အကျွံ့ တော့ မစားပါနဲ့။

(၄)ဦးနှောက်ဥာဏ်ရည် ဖွံ့ဖြိုးစေ

သရက်သီးမှာ ဦးနှောက်ဥာဏ်ရည် ဖွံ့ ဖြိုးစေတဲ့ အစွမ်းသတ္တိလည်း ပါရှိပါတယ်။သူ့မှာပါတဲ့ Vitamin B6 က ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးမှုကို အများကြီး အထောက်အကူဖြစ်စေပါတယ်။လူတစ်ယောက်မှာ Vitamin B6 လုံ လုံ လောက် လောက်မရဘူးဆိုရင်တော့ သိမြင်နိုင်တဲ့ စွမ်းရည်လည်း နည်းပါး လျှော့ ကျတတ်ပါတယ်။Vitamin B6 ကတော့ ပန်းနာနဲ့ အမျိုးသမီးတွေ ရာသီမလာခငခံစားရတဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်းစေတဲ့ အစွမ်းလည်း ရှိပါတယ်။

(၅)အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို သက်သာစေ

သရက်သီးကို အလှအပ အတွက်လည်း စားပေးသင့်ပါတယ်။သရက်သီးမှာဆိုရင် ကိုလက်စထရော ပါဝင်မှုက မရှိသလောက် ကို နည်းပါးပါတယ်။သရက်သီးမှာက အမျှင်ဓါတ်၊vitamin C ၊pectin (သရက်သီးမှည့် တွင် ပါတဲ့ သစ်သီးယိုတို့ကို ခဲစေတဲ့ သကြားနဲ့ တူတဲ့ဒြပ်)တို့ ပါဝင်ပါတယ်။၀ိတ်ကျချင်သူတွေလည်း စားပေးသင့်တယ်။နောက် တစ်ခု ကတော့ သူ့မှာပါတဲ့ Collagen က မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပေါ်တာ ကိုလည်း သက်သာ လျော့ ပါးစေပါတယ်။အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။သရက်သီးကို သခွားသီးတို့ လိုပဲ ပေါင်းတင်တဲ့ ပစ္စည်းအဖြစ်လည်း သုံးလို့ရပါတယ်။

crd original uploader

Zawgyi

လူႀကိဳက္မ်ားတဲ့ စိန္ တလုံး သရက္
စိန္တလုံးကေတာ့ လူႀကိဳက္ အမ်ားဆုံးပါ။သရက္သီးခ်စ္သူေတြ အတြက္ သရက္သီးက ေပးတဲ့ က်န္းမာေရးအက်ိဳးေက်းဇူး ေတြကို ေဖာ္ျပ ေပးခ်င္ပါတယ္။

(၁)ကင္ဆာေရာဂါျဖစ္ပြားႏိုင္ေခ်ကို ေလွ်ာ့ ခ်ေပးႏိုင္

သရက္သီးမွာဆိုရင္ antioxidants ေတြ အမ်ားႀကီး ပါဝင္ပါတယ္။သရက္သီးမွာဆိုရင္ ပါတဲ့ antioxidants ေတြက ကင္ဆာ ျဖစ္ပြားႏိုင္ေခ် ကို ေလွ်ာ့ ခ်ေပးႏိုင္ပါတယ္။အထူးသျဖင့္္ အူမႀကီးကင္ဆာ နဲ႔ ရင္ သား ကင္ဆာ ျဖစ္ပြား ႏိုင္ေခ် ကို ေလွ်ာ့ ခ် ေပးႏိုင္ပါတယ္။သူ႔မွာဆိုရင္ Beta carotene ဆိုတဲ့ antioxidant ပါဝင္ ပါတယ္။အဲ့ဒီ အရာ က ရင္သားကင္ဆာ၊အူမႀကီးကင္ဆာနဲ႔ ေသြးကင္ဆာ ေရာဂါ ျဖစ္ပြားႏိုင္ေခ် ေတြကို ေလွ်ာ့ ခ် ေပးႏိုင္ပါတယ္။

(၂)အျမင္အာ႐ုံေကာင္းေစ

သရက္သီးမွာဆိုရင္ေတာ့ Vitamin-A ၊ Beta carotene ၊α-carotene, β-cryptoxanthin ဆိုတဲ့ က်န္းမာ ေရး အတြက္ အေထာက္အကူျဖစ္ေစတဲ့ အရာေတြ အမ်ားႀကီး ပါဝင္ပါတယ္။vitamin-A မ်က္လုံး က်န္းမာေရးနဲ႔ အျမင္ အာ႐ုံအတြက္ အရမ္းကို ေကာင္းတဲ့ အာဟာရဓါတ္ပါ။သရက္သီးမွာဆိုရင္ေတာ့ Vitamin A ေပါ ႂကြ ယ္ ၀စြာ ပါဝင္ တာမို႔ အျမင္အာ႐ုံ အတြက္ အမ်ားႀကီး အက်ိဳးေက်းဇူးျဖစ္ေစပါတယ္။အျမင္အာ႐ုံေကာင္းခ်င္ရင္ သရက္သီး ကို စားေပးပါ။

(၃)
အ႐ိုးက်န္းမာေရး

Vitamin A နဲ႔ C တို႔ သရက္သီးမွာ ေပါႂကြယ္ဝ စြာ ပါဝင္ပါတယ္။အဲ့ဒီဓါတ္ ေတြက အ႐ိုး က်န္းမာ ေရး အတြက္ အရမ္းကို ေကာင္းပါတယ္။ဒါ့အျပင္ သူ႔မွာပါတဲ့ ပ႐ိုတင္းက လည္း အ႐ိုးက်န္းမာေရး အတြက္ အေထာက္ အကူ ျဖစ္ေစပါတယ္။အ႐ိုးက်န္းမာေရးအတြက္ အေရးပါတဲ့ Vitamin A ပါဝင္ ေနတာမို႔ သရက္သီးကို စား ေပးသင့္ပါတယ္။ သတိျပဳရမယ့္ အခ်က္တစ္ခု ရွိပါတယ္။ဘယ္အရာကို မဆို အလြန္အကြၽံျဖစ္ရင္ မေကာင္းပါဘူး။ အရမ္း စားတာမ်ား လြန္းရင္ vitamin A သိပ္မ်ားရင္ လည္း အ႐ိုးကို ထိခိုက္ပ်က္စီးေစပါတယ္။အလြန္အကြၽံ႕ ေတာ့ မစားပါနဲ႔။

(၄)ဦးေႏွာက္ဥာဏ္ရည္ ဖြံ႕ၿဖိဳးေစ

သရက္သီးမွာ ဦးေႏွာက္ဥာဏ္ရည္ ဖြံ႕ ၿဖိဳးေစတဲ့ အစြမ္းသတၱိလည္း ပါရွိပါတယ္။သူ႔မွာပါတဲ့ Vitamin B6 က ဦးေႏွာက္ဥာဏ္ရည္ဖြံ႕ၿဖိဳးမႈကို အမ်ားႀကီး အေထာက္အကူျဖစ္ေစပါတယ္။လူတစ္ေယာက္မွာ Vitamin B6 လုံ လုံ ေလာက္ ေလာက္မရဘူးဆိုရင္ေတာ့ သိျမင္ႏိုင္တဲ့ စြမ္းရည္လည္း နည္းပါး ေလွ်ာ့ က်တတ္ပါတယ္။Vitamin B6 ကေတာ့ ပန္းနာနဲ႔ အမ်ိဳးသမီးေတြ ရာသီမလာခငခံစားရတဲ့ ေဝဒနာေတြကို သက္သာေပ်ာက္ကင္းေစတဲ့ အစြမ္းလည္း ရွိပါတယ္။

(၅)အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို သက္သာေစ

သရက္သီးကို အလွအပ အတြက္လည္း စားေပးသင့္ပါတယ္။သရက္သီးမွာဆိုရင္ ကိုလက္စထေရာ ပါဝင္မႈက မရွိသေလာက္ ကို နည္းပါးပါတယ္။သရက္သီးမွာက အမွ်င္ဓါတ္၊vitamin C ၊pectin (သရက္သီးမွည့္ တြင္ ပါတဲ့ သစ္သီးယိုတို႔ကို ခဲေစတဲ့ သၾကားနဲ႔ တူတဲ့ျဒပ္)တို႔ ပါဝင္ပါတယ္။၀ိတ္က်ခ်င္သူေတြလည္း စားေပးသင့္တယ္။ေနာက္ တစ္ခု ကေတာ့ သူ႔မွာပါတဲ့ Collagen က မ်က္ႏွာေပၚမွာ အေရးအေၾကာင္းေတြ ေပၚတာ ကိုလည္း သက္သာ ေလ်ာ့ ပါးေစပါတယ္။အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကိုလည္း တားဆီးေပးႏိုင္ပါတယ္။သရက္သီးကို သခြားသီးတို႔ လိုပဲ ေပါင္းတင္တဲ့ ပစၥည္းအျဖစ္လည္း သုံးလို႔ရပါတယ္။

crd original uploader

ခြေစွယ်ငုတ်တတ်လျှင်

ခုလို မိုးတွင်းကာလ ရောက်ပီဆိုရင် တော့…

ခြေမခြေသည်းတွေကြားထဲ သဲဝင် ရွံရေဝင် နဲ့ပိုးဝင်ပါပီ။

နီရဲ ရောင်ကိုင်းညို ပုပ်ပီး အထိမခံနိုင်လောက်အောင်နာကျင်ပါတော့မယ်။

တစ်ချိူ့ခြေတောက်တွေဆို အနံ့ဆိုးတွေတောင်ထွက်ပါတယ်။

မိုးအေးလေးနဲ့နေလို့ကောင်းပေမဲ့ခြေဝဲရေဝဲစားခြင်းဒဏ်ကို ခံရတာ အတော့်ကို နေရခက်ပါတယ်။ဒီလို ဝေဒနာတွေ ဒဏ်က ကင်းဝေးဖို့ ဗဟုသုတ အနေနဲ့တင်ပြပေးလိုက်ပါတယ် ။

ဒီလိမ်းဆေးတောင့်လေး ထည့်ပေးလိုက်တာနဲ့လုံးဝကိုသက်သာပျောက်ကင်းသွားမှာပါ ။ ခြေစွယ် လက်စွယ်ငုတ်တဲ့အခါ ထည့်ပေးကြည့် ပါ …တကယ့်ကို ကောင်းပါတယ်။

ဝယ်ပီး သာဆောင်ထားလိုက်ပါ ။ကျန်းမာသောခြေတောက်များကိုပိုင်ဆိုင်စေလိုသော စိတ်စေတနာများစွာနဲ့…!

Zawgyi

ခုလို မိုးတြင္းကာလ ေရာက္ပီဆိုိရင္ ေတာ ့…

ေျခမေျခသည္းေတြၾကားထဲ သဲဝင္ ရြံေရဝင္ နဲ ့ပိုးဝင္ပါပီ။

နီရဲ ေရာင္ကိုင္းညိဳ ပုပ္ပီး အထိမခံနိုင္ေလာက္ေအာင္နာက်င္ပါေတာ့မယ္။

တစ္ခ်ိဴ ့ေျခေတာက္ေတြဆို အနံ ့ဆိုးေတြေတာင္ထြက္ပါတယ္။

မိုးေအးေလးနဲ ့ေနလို ့ေကာင္းေပမဲ ့ေျခဝဲေရဝဲစားျခင္းဒဏ္ကို ခံရတာ အေတာ့္ကို ေနရခက္ပါတယ္။ဒီလို ေဝဒနာေတြ ဒဏ္က ကင္းေဝးဖို ့ ဗဟုသုတ အေနနဲ ့တင္ျပေပးလိုက္ပါတယ္ ။

ဒီလိိမ္းေဆးေတာင့္ေလး ထည့္ေပးလိုိက္တာနဲ ့လုံးဝကိုသက္သာေပ်ာက္ကင္းသြားမွာပါ ။ ေျခစြယ္ လက္စြယ္ငုတ္တဲ ့အခါ ထည့္ေပးၾကည့္ ပါ …တကယ့္ကို ေကာင္းပါတယ္။

ဝယ္ပီး သာေဆာင္ထားလိုိက္ပါ ။က်န္းမာေသာေျခေတာက္မ်ားကိုပိုင္ဆိုင္ေစလိုေသာ စိတ္ေစတနာမ်ားစြာနဲ ့…!

သင့်ရဲ့ကံကြမ္မာ အဆိုးအကောင်းဟောကိန်း

ပုံတွေအားလုံးကိုသေချာကြည့်ပြီးမှ မျက်လုံးထဲမှာ အကြိုက်တွေ့ဆုံး တံခါးပေါက်၊ သင်လျှောက်သွားလိုတဲ့တံခါးတစ်ခုကိုရွေးချယ်ကြည့်လိုက်ပါ ပြီးလျင်

သင်အကြိုက်ဆုံးတံခါးတစ်ခုကို ရွေးချယ်ပါနံပါတ်လေးမှတ်ထားပါ ပြီးလျင်ဆိုင်ရာအဟောကိုရှာဖတ်ကြည့်ပါ

1 လွတ်လပ်မှုသို့ထွက်ပေါက်

သင်ဟာ ကိုယ်ပိုင်လွတ်လပ်မှုကို မြတ်နိုးသူတစ်ယောက်ဖြစ်ပါတယ် တစ်စုံတစ်ယောက်ရဲ့ လွှမ်းမို့မှု၊ အမိန့်ပေးစေခိုင်းမှုတွေကို မနှစ်မြို့ဘဲ မိမိစိတ်တိုင်းကျ ကိုယ်ယုံကြည်ရာလမ်းကို လျှောက်လှမ်းလိုသူတစ်ယောက်ဖြစ်တယ်။

ကိစ္စတစ်ခုကို ကမန်းကတမ်းလုပ်ကိုင်ရခြင်းကို မနှစ်ခြိုက်ဘဲ အချိန်ယူလုပ်ဆောင်တတ်သူဖြစ်တယ် စိတ်စွမ်းအားပိုင်ရှင်တစ်ယောက်ဖြစ်ပြိီး အောင်မြင်မှုများ ရရှိနေမည်။

မိမိကိုယ်ကို ယုံကြည်မှုရှိပြီး၊ သူတစ်ပါး အပေါ် လွှမ်းမိုးနိုင်စွမ်းရှိသူလည်းဖြစ်သည် လူအများ ၏ ချစ်ခင်လေးစားမှုကို ခံရတတ်ပြိီး တစ်ခါတရံ ခေါင်းမာခြင်း၊ အတ္တကြိင်္းခြင်းတွေက သင့်ကိုအဟန့်အတား ဖြစ်စေတတ်သည်

အမျိုးသမီး၊ အကြီးအကဲများရဲ့ ကူညီဖေးမခြင်း ခံရတတ်သည် ငွေကံကောင်းနေသည် ကံကောင်းခြင်း ရာခိုင်နှုန်း ၉၅ % ထိရှိသည် ။

2 အထီးကျန်လမ်းသွယ်

တစ်ကိုယ်တော်သမားတို့ ရွေးချယ်ရာထွက်ပေါက်တစ်ခုဖြစ်ပါတယ် ပြဿနာတစ်ခုခု ၊ လုပ်ငန်းတစ်ခုခုရှိရင် အများနဲ့ပူးပေါင်းဖို့ထက် တစ်ယောက်ထဲသီးသန့်လုပ်ကိုင်ဆောင်ရွက်ချင်သူတစ်ယောက် ဖြစ်တယ်။

အများနဲ့မတူတဲ့ အမြင်၊အတွေးအခေါ်တွေရှိတယ် များသောအားဖြင့်တော့ အထီးကျန် တစ်ကိုယ်ရည်သမားတွေဖြစ်ကြတယ်။

စိတ်ခံစားမှုများ များပြိီး အရာရာကို စိတ်ခံစားချက်အတိုင်း လုပ်ကိုင်ဆောင် ရွက်နေတတ်သည်။

ရင်ဆိုင်နေရသော ကိစ္စရပ်များသည် ရှေ့ဆက်မရ၊ နောက်ပြန်လှည့်မရတဲ့ ဖြစ်တည်မှုတွေကြားမှာ လှုပ်လေမြုပ်လေမဖြစ်ရလေအောင် အချိန်တစ်ခုထိ စောင့်သင့်သည် ။

မကောင်းကြံသူများ အနားရှိနေတတ်ပြိီး၊ အမှားစောင့်နေသူများလည်း အသင့်ရှိနေတတ်သည် အာမခံခြင်း မပြုသင့်ဘဲ၊သွားသတိ လာသတိ ရှိသင့်သည် ငွေကံကောင်းခြင်း ရာခိုင်နှုန်း ၄၀ % ထိရှိသည် ။

3 ရောင်စုံခြယ်လမ်း

အရောင်အသွေးလှပတဲ့ လမ်းတစ်ခုကိုရွေးချယ်လိုက်တာဖြစ်လို့ တက်ကြွမှု၊လန်းဆန်းမှု၊ လှပဝေဆာမှုတို့သရုပ်ကို ဆောင်ပါတယ်။

ဒီပုံကိုရွေးချယ်တဲ့သင်ဟာ သင်ယူလေ့လာလိုစိတ်ကြီးသူဖြစ်ပြီး စူးစမ်းလေ့လာလိုစိတ်ရှိတာကြောင့် အမေးထူသူ၊ စကားများတတ်သူတစ်ယောက်ဖြစ်ပါတယ်။

အကောင်းဆုံးတွေကိုသာ ရရှိပိုင်ဆိုင်နေပြိီး ရဲရင့်ခြင်း၊ ထက်မြတ်ခြင်း၊ နာမည်ဂုဏ် သတင်း ကျော်ကြားခြင်းများရှိနေမည် မေတ္တာကရုဏာစိတ်ကြိင်္းလွန်းပြိီး အားလုံးကို ကူညီ တတ်သူ၊ ချစ်ခင် တတ်သူဖြစ်သည်။

အရောင်းဝယ်လုပ်ငန်းများ အကျိုးပေးနေသည့် အချိန် ကာလ ဖြစ်ပြီး အလှအပနှင့်ဆိုင်သော ကုန်ပစ္စည်းများ ပိုပြိီး အရောင်းသွက်နေမည်။

သတင်းကောင်းများရှိနေတတ်ပြိီး ကောင်းမွန်တဲ့ သားသမီးရတနာရတတ်သည်။ ငွေ ကံကောင်းနေပြိင်္း ငွေဝင်မည် ကံကောင်းခြင်း ရာခိုင်နှုန်း ၉၅ % ထိရှိသည် ။

4 တက်ကြွခြင်းတံခါးပေါက်

ဘဝဆိုတဲ့ခရီးမှာ အမြဲရပ်တန့်မနေတတ်ဘဲ ရှေ့ကိုပဲဆက်နေမယ်ဆိုတဲ့ လူစားမျိုးတွေဖြစ်ပါတယ် သို့ပေမဲ့ တခါတရံမှာ ဘယ်လမ်းလျှောက်လို့ ဘယ်လိုရှေ့ဆက်ရမယ်မသိ လမ်းပျောက်နေတတ်ပါတယ်။

တခါတလေမှာလည်း အမှားခဏခဏလုပ်မိတတ်လို့ စည်းစံနစ်မရှိဘူး၊ တွေးခေါ်တတ်မှုမရှိဘူးလို့ထင်ရပေမယ့် ဒါဟာသင့်ရဲ့ပင်ကိုယ်စတိုင်ကို ဖြစ်နေလို့ပါပဲ။

ရင်ဆိုင်ယှဉ်ပြိုင်မည့်သူမျိုးဖြစ်နေမည် ကြိင်္းလေးသော တာဝန်များကို ဥိီးဆောင်နေရတတ်ပြီး ကိုယ်ရောစိတ်ပါ ပင်ပန်းနေမည်။

ယုံကြည်ချက်ဖြင့် ရှေ့ဆက်သူဖြစ်ပြိင်္း တိုက်ပွဲတိုင်းကို ခက် ခက်ခဲခဲနှင့် အောင်မြင်မည့်သူဖြစ်သည် ရွေးချယ်ရခက်အောင် အခွင့်အရေးများ ပြိုင်တူရလာ တတ်ပြိိီး ရလာသည်များကို လက်မလွှတ်ချင်သူဖြစ်သည်။

ရန်ရှိနေတတ်ပြိင်္း အရာရာကို သတိ ဖြင့်သာ လုပ်ကိုင်ဆောင်ရွက်သင့်သည် စိတ်အနှောက်အယှက်ဖြစ်ပြိီးမှသာ ငွေဝင်တတ် သည် ကံကောင်းခြင်း ရာခိုင်နှုန်း ၆အ % ထိရှိသည် ။

5 ဖော်ရွေမှုတံခါးပေါက်

သိမ်မွေ့မှု၊ ငြိမ်းအေးမှု စတဲ့ပုံရိပ်တွေကို ဆောင်ထားတဲ့လမ်းတစ်ခုဖြစ်တယ်။ အေးအေးဆေးဆေးနေတတ်ပြီး ဘဝကို လွယ်ကူတဲ့လမ်းမျိုးနဲ့ပဲ ဖြတ်သန်းလိုသူဖြစ်တယ်။

မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို ကူညီထောက်ပံ့တတ်သူတစ်ယောက်ဖြစ်တယ်။

အရာရာကို အကောင်းမြင်တတ်သူဖြစ်ပြိီးစိတ်သဘော ထား ပြည့်ဝသူမျိုးဖြစ်သည် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြင့်သာ ဘဝကို လျှောက်လှမ်းလိုသူဖြစ်ပြိင်္း ကူညီတတ်သူမျိုးဖြစ်သည်။

ချစ်တတ်သူ၊ တွယ်တာစိတ်များတတ်သူဖြစ်ပြိင်္း အထီးကျန် ဆန်ဆန်နေတတ်သူလည်းဖြစ်သည်။အလွယ် တကူ ယုံကြည်တတ်ပြိင်္း၊ အလွယ်တကူလည်း နားလည်ပေးတတ်သည်။

ပညာရေးကံကောင်းနေပြိီး လုပ်ငန်းသစ်အတွက် ခရီးသွားရတတ် သည် ကောင်းမွန်တဲဲ့ အခွင့်လမ်းများ ရလာတတ်ပြိီး ငွေဝင်မည် ။
ကံကောင်းခြင်း ရာခိုင်နှုန်း ၈၀ % ထိရှိသည်

6 ငြိမ်းအေးခြင်း တံခါးပေါက်

တစ်ယောက်နေရခြင်းကိုမှ နှစ်သက်ပါတယ်ဆိုတဲ့ လူတစ်ယောက်ဖြစ်တယ် အချိန်တော်တော်များများမှာလည်း တစ်ယောက်ထဲပဲနေလေ့ရှိတယ်။

လာကကြီးရဲ့ အကြောင်းအရာတွေကိုလည်း စဉ်းစားတွေးခေါ်နေတတ်သေးတယ် လူများ၊ လူရှုပ်တဲ့အရပ်ဒေသတွေကို သဘောကျလေ့မရှိဘူး။

ဒါပေမဲ့လည်း တကယ့်ကို ခင်မင်ရတဲ့လူတချို့ကိုတော့ သာမန်လူတွေထက်ကို ပိုခင်တွယ်နေတတ်ပါတယ် အကောင်းဆုံးသော အရာ များကို လက်ဝယ်ပိုင်ပိုင် ရလာစေနိုင်သည်။

အိုးသစ်၊ အိမ်သစ်၊နေရာ ဌာနသစ်များသို့ ပြောင်းရွှေ့ရတတ်ပြိီး ရာထူးတိုး တတ်သည် လူမျိုး ခြား မိတ်ဆွေများနှင့်တွေ့ဆုံရတတ်ပြိီး အခွင့်ရေးကောင်းများ ရလာ မည်။

လက်ထပ်မင်္ဂလာပွဲ ၊ အလှူမင်္ဂလာပွဲများသို့ တက်ရောက်ရ တတ်သည် ပြည်တွင်း၊ ပြည်ပ ခရီးများ အဆင်ပြေပြေသွားရတတ်သည်။

အကြိင်္းအကဲ၊ ဆွေမျိူးများ၏ ကူညီဖေးမခြင်း ခံရ တတ်ပြိီး အဝေးမှ လက်ဆောင်များရတတ်သည် အချစ်ရေးကံ ကောင်းနေမည် ငွေကံကောင်းနေပြိီး ရာခိုင်နှုန်း ၉၅ % ထိရှိသည် ။

Zawgyi

ပုံေတြအားလုံးကိုေသခ်ာၾကည့္ၿပီးမွ မ်က္လုံးထဲမွာ အႀကိဳက္ေတြ႕ဆုံး တံခါးေပါက္၊ သင္ေလွ်ာက္သြားလိုတဲ့တံခါးတစ္ခုကိုေ႐ြးခ်ယ္ၾကည့္လိုက္ပါ ၿပီးလ်င္

သင္အႀကိဳက္ဆုံးတံခါးတစ္ခုကို ေ႐ြးခ်ယ္ပါနံပါတ္ေလးမွတ္ထားပါ ၿပီးလ်င္ဆိုင္ရာအေဟာကိုရွာဖတ္ၾကည့္ပါ

1 လြတ္လပ္မႈသို႔ထြက္ေပါက္

သင္ဟာ ကိုယ္ပိုင္လြတ္လပ္မႈကို ျမတ္ႏိုးသူတစ္ေယာက္ျဖစ္ပါတယ္ တစ္စုံတစ္ေယာက္ရဲ႕ လႊမ္းမို႔မႈ၊ အမိန႔္ေပးေစခိုင္းမႈေတြကို မႏွစ္ၿမိဳ႕ဘဲ မိမိစိတ္တိုင္းက် ကိုယ္ယုံၾကည္ရာလမ္းကို ေလွ်ာက္လွမ္းလိုသူတစ္ေယာက္ျဖစ္တယ္။

ကိစၥတစ္ခုကို ကမန္းကတမ္းလုပ္ကိုင္ရျခင္းကို မႏွစ္ၿခိဳက္ဘဲ အခ်ိန္ယူလုပ္ေဆာင္တတ္သူျဖစ္တယ္ စိတ္စြမ္းအားပိုင္ရွင္တစ္ေယာက္ျဖစ္ၿပိီး ေအာင္ျမင္မႈမ်ား ရရွိေနမည္။

မိမိကိုယ္ကို ယုံၾကည္မႈရွိၿပီး၊ သူတစ္ပါး အေပၚ လႊမ္းမိုးႏိုင္စြမ္းရွိသူလည္းျဖစ္သည္ လူအမ်ား ၏ ခ်စ္ခင္ေလးစားမႈကို ခံရတတ္ၿပိီး တစ္ခါတရံ ေခါင္းမာျခင္း၊ အတၱႀကိၤးျခင္းေတြက သင့္ကိုအဟန႔္အတား ျဖစ္ေစတတ္သည္

အမ်ိဳးသမီး၊ အႀကီးအကဲမ်ားရဲ႕ ကူညီေဖးမျခင္း ခံရတတ္သည္ ေငြကံေကာင္းေနသည္ ကံေကာင္းျခင္း ရာခိုင္ႏႈန္း ၉၅ % ထိရွိသည္ ။

2 အထီးက်န္လမ္းသြယ္

တစ္ကိုယ္ေတာ္သမားတို႔ ေ႐ြးခ်ယ္ရာထြက္ေပါက္တစ္ခုျဖစ္ပါတယ္ ျပႆနာတစ္ခုခု ၊ လုပ္ငန္းတစ္ခုခုရွိရင္ အမ်ားနဲ႔ပူးေပါင္းဖို႔ထက္ တစ္ေယာက္ထဲသီးသန႔္လုပ္ကိုင္ေဆာင္႐ြက္ခ်င္သူတစ္ေယာက္ ျဖစ္တယ္။

အမ်ားနဲ႔မတူတဲ့ အျမင္၊အေတြးအေခၚေတြရွိတယ္ မ်ားေသာအားျဖင့္ေတာ့ အထီးက်န္ တစ္ကိုယ္ရည္သမားေတြျဖစ္ၾကတယ္။

စိတ္ခံစားမႈမ်ား မ်ားၿပိီး အရာရာကို စိတ္ခံစားခ်က္အတိုင္း လုပ္ကိုင္ေဆာင္ ႐ြက္ေနတတ္သည္။

ရင္ဆိုင္ေနရေသာ ကိစၥရပ္မ်ားသည္ ေရွ႕ဆက္မရ၊ ေနာက္ျပန္လွည့္မရတဲ့ ျဖစ္တည္မႈေတြၾကားမွာ လႈပ္ေလျမဳပ္ေလမျဖစ္ရေလေအာင္ အခ်ိန္တစ္ခုထိ ေစာင့္သင့္သည္ ။

မေကာင္းႀကံသူမ်ား အနားရွိေနတတ္ၿပိီး၊ အမွားေစာင့္ေနသူမ်ားလည္း အသင့္ရွိေနတတ္သည္ အာမခံျခင္း မျပဳသင့္ဘဲ၊သြားသတိ လာသတိ ရွိသင့္သည္ ေငြကံေကာင္းျခင္း ရာခိုင္ႏႈန္း ၄၀ % ထိရွိသည္ ။

3 ေရာင္စုံျခယ္လမ္း

အေရာင္အေသြးလွပတဲ့ လမ္းတစ္ခုကိုေ႐ြးခ်ယ္လိုက္တာျဖစ္လို႔ တက္ႂကြမႈ၊လန္းဆန္းမႈ၊ လွပေဝဆာမႈတို႔သ႐ုပ္ကို ေဆာင္ပါတယ္။

ဒီပုံကိုေ႐ြးခ်ယ္တဲ့သင္ဟာ သင္ယူေလ့လာလိုစိတ္ႀကီးသူျဖစ္ၿပီး စူးစမ္းေလ့လာလိုစိတ္ရွိတာေၾကာင့္ အေမးထူသူ၊ စကားမ်ားတတ္သူတစ္ေယာက္ျဖစ္ပါတယ္။

အေကာင္းဆုံးေတြကိုသာ ရရွိပိုင္ဆိုင္ေနၿပိီး ရဲရင့္ျခင္း၊ ထက္ျမတ္ျခင္း၊ နာမည္ဂုဏ္ သတင္း ေက်ာ္ၾကားျခင္းမ်ားရွိေနမည္ ေမတၱာက႐ုဏာစိတ္ႀကိၤးလြန္းၿပိီး အားလုံးကို ကူညီ တတ္သူ၊ ခ်စ္ခင္ တတ္သူျဖစ္သည္။

အေရာင္းဝယ္လုပ္ငန္းမ်ား အက်ိဳးေပးေနသည့္ အခ်ိန္ ကာလ ျဖစ္ၿပီး အလွအပႏွင့္ဆိုင္ေသာ ကုန္ပစၥည္းမ်ား ပိုၿပိီး အေရာင္းသြက္ေနမည္။

သတင္းေကာင္းမ်ားရွိေနတတ္ၿပိီး ေကာင္းမြန္တဲ့ သားသမီးရတနာရတတ္သည္။ ေငြ ကံေကာင္းေနၿပိၤး ေငြဝင္မည္ ကံေကာင္းျခင္း ရာခိုင္ႏႈန္း ၉၅ % ထိရွိသည္ ။

4 တက္ႂကြျခင္းတံခါးေပါက္

ဘဝဆိုတဲ့ခရီးမွာ အၿမဲရပ္တန႔္မေနတတ္ဘဲ ေရွ႕ကိုပဲဆက္ေနမယ္ဆိုတဲ့ လူစားမ်ိဳးေတြျဖစ္ပါတယ္ သို႔ေပမဲ့ တခါတရံမွာ ဘယ္လမ္းေလွ်ာက္လို႔ ဘယ္လိုေရွ႕ဆက္ရမယ္မသိ လမ္းေပ်ာက္ေနတတ္ပါတယ္။

တခါတေလမွာလည္း အမွားခဏခဏလုပ္မိတတ္လို႔ စည္းစံနစ္မရွိဘူး၊ ေတြးေခၚတတ္မႈမရွိဘူးလို႔ထင္ရေပမယ့္ ဒါဟာသင့္ရဲ႕ပင္ကိုယ္စတိုင္ကို ျဖစ္ေနလို႔ပါပဲ။

ရင္ဆိုင္ယွဥ္ၿပိဳင္မည့္သူမ်ိဳးျဖစ္ေနမည္ ႀကိၤးေလးေသာ တာဝန္မ်ားကို ဥိီးေဆာင္ေနရတတ္ၿပီး ကိုယ္ေရာစိတ္ပါ ပင္ပန္းေနမည္။

ယုံၾကည္ခ်က္ျဖင့္ ေရွ႕ဆက္သူျဖစ္ၿပိၤး တိုက္ပြဲတိုင္းကို ခက္ ခက္ခဲခဲႏွင့္ ေအာင္ျမင္မည့္သူျဖစ္သည္ ေ႐ြးခ်ယ္ရခက္ေအာင္ အခြင့္အေရးမ်ား ၿပိဳင္တူရလာ တတ္ၿပိိီး ရလာသည္မ်ားကို လက္မလႊတ္ခ်င္သူျဖစ္သည္။

ရန္ရွိေနတတ္ၿပိၤး အရာရာကို သတိ ျဖင့္သာ လုပ္ကိုင္ေဆာင္႐ြက္သင့္သည္ စိတ္အေႏွာက္အယွက္ျဖစ္ၿပိီးမွသာ ေငြဝင္တတ္ သည္ ကံေကာင္းျခင္း ရာခိုင္ႏႈန္း ၆အ % ထိရွိသည္ ။

5 ေဖာ္ေ႐ြမႈတံခါးေပါက္

သိမ္ေမြ႕မႈ၊ ၿငိမ္းေအးမႈ စတဲ့ပုံရိပ္ေတြကို ေဆာင္ထားတဲ့လမ္းတစ္ခုျဖစ္တယ္။ ေအးေအးေဆးေဆးေနတတ္ၿပီး ဘဝကို လြယ္ကူတဲ့လမ္းမ်ိဳးနဲ႔ပဲ ျဖတ္သန္းလိုသူျဖစ္တယ္။

မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းေတြကို ကူညီေထာက္ပံ့တတ္သူတစ္ေယာက္ျဖစ္တယ္။

အရာရာကို အေကာင္းျမင္တတ္သူျဖစ္ၿပိီးစိတ္သေဘာ ထား ျပည့္ဝသူမ်ိဳးျဖစ္သည္ တည္တည္ၿငိမ္ၿငိမ္ ေအးေအးခ်မ္းခ်မ္း ျဖင့္သာ ဘဝကို ေလွ်ာက္လွမ္းလိုသူျဖစ္ၿပိၤး ကူညီတတ္သူမ်ိဳးျဖစ္သည္။

ခ်စ္တတ္သူ၊ တြယ္တာစိတ္မ်ားတတ္သူျဖစ္ၿပိၤး အထီးက်န္ ဆန္ဆန္ေနတတ္သူလည္းျဖစ္သည္။အလြယ္ တကူ ယုံၾကည္တတ္ၿပိၤး၊ အလြယ္တကူလည္း နားလည္ေပးတတ္သည္။

ပညာေရးကံေကာင္းေနၿပိီး လုပ္ငန္းသစ္အတြက္ ခရီးသြားရတတ္ သည္ ေကာင္းမြန္တဲဲ့ အခြင့္လမ္းမ်ား ရလာတတ္ၿပိီး ေငြဝင္မည္ ။
ကံေကာင္းျခင္း ရာခိုင္ႏႈန္း ၈၀ % ထိရွိသည္

6 ၿငိမ္းေအးျခင္း တံခါးေပါက္

တစ္ေယာက္ေနရျခင္းကိုမွ ႏွစ္သက္ပါတယ္ဆိုတဲ့ လူတစ္ေယာက္ျဖစ္တယ္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာလည္း တစ္ေယာက္ထဲပဲေနေလ့ရွိတယ္။

လာကႀကီးရဲ႕ အေၾကာင္းအရာေတြကိုလည္း စဥ္းစားေတြးေခၚေနတတ္ေသးတယ္ လူမ်ား၊ လူရႈပ္တဲ့အရပ္ေဒသေတြကို သေဘာက်ေလ့မရွိဘူး။

ဒါေပမဲ့လည္း တကယ့္ကို ခင္မင္ရတဲ့လူတခ်ိဳ႕ကိုေတာ့ သာမန္လူေတြထက္ကို ပိုခင္တြယ္ေနတတ္ပါတယ္ အေကာင္းဆုံးေသာ အရာ မ်ားကို လက္ဝယ္ပိုင္ပိုင္ ရလာေစႏိုင္သည္။

အိုးသစ္၊ အိမ္သစ္၊ေနရာ ဌာနသစ္မ်ားသို႔ ေျပာင္းေ႐ႊ႕ရတတ္ၿပိီး ရာထူးတိုး တတ္သည္ လူမ်ိဳး ျခား မိတ္ေဆြမ်ားႏွင့္ေတြ႕ဆုံရတတ္ၿပိီး အခြင့္ေရးေကာင္းမ်ား ရလာ မည္။

လက္ထပ္မဂၤလာပြဲ ၊ အလႉမဂၤလာပြဲမ်ားသို႔ တက္ေရာက္ရ တတ္သည္ ျပည္တြင္း၊ ျပည္ပ ခရီးမ်ား အဆင္ေျပေျပသြားရတတ္သည္။

အႀကိၤးအကဲ၊ ေဆြမ်ိဴးမ်ား၏ ကူညီေဖးမျခင္း ခံရ တတ္ၿပိီး အေဝးမွ လက္ေဆာင္မ်ားရတတ္သည္ အခ်စ္ေရးကံ ေကာင္းေနမည္ ေငြကံေကာင္းေနၿပိီး ရာခိုင္ႏႈန္း ၉၅ % ထိရွိသည္ ။

ဆံံပင်ထဲက အဆိပ်တွေကို ဖယ်ရှားနိုင်တဲ့ မီးသွေးခဲမှုန့့်

မီးသွေးမှုန့်ရဲ့ မထင်ထားလောက်အောင် အံ့မခန်းအသုံးဝင်ပုံ (၅) ခု

မီးသွေးမှုန့်ဟာ ခန္ဓာကိုယ်အတွက်အရမ်းကို အသုံးဝင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ မီးသွေးမှုန့်ကို ဘယ်လိုနေရာတွေမှာ ထိရောက်စွာ အသုံးပြုနိုင်လဲဆိုတာ ကြည့်လိုက်ပါနော်။

(၁) မီးသွေးမှုန့်နဲ့သွားတိုက်ခြင်းဖြင့် ချိုးတွေ၊ ညစ်နေတာတွေ၊ သွားဝါတာတွေကို ပျောက်ကင်းစေပြီး ဖြူဖွေးနေတဲ့သွားလေးတွေကို ပိုင်ဆိုင်စေပါတယ်။

(၂) မီးသွေးမှုန့်ကို ရေအနည်းငယ်ရောပြီး မျက်နှာကိုလိမ်းလိုက်ပါ။ ခြောက်သွားတဲ့အထိထားပြီး ရေဆေးပေးခြင်းဖြင့် အဆိပ်အတောက်ကင်းပြီး ဝင်းပဖြူစင်တဲ့မျက်နှာလေးကို ရရှိမှာပါ။

(၃) အကောင်တစ်ခုခုကိုက်ခံရတဲ့အခါ မီးသွေးမှုန့်ကို အုန်းဆီရောပြီး အကိုက်ခံရတဲ့နေရာကို လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၄) မီးသွေးမှုန့်ဟာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ တစ်ရက်ကို မီးသွေးမှုန့်အနည်းငယ် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို သန့်စင်ပေးပြီး အသည်းနဲ့ကျောက်ကပ်ကို သန့်ရှင်းစေပါတယ်။

(၅) မီးသွေးမှုန့်ကို သုံးနေကျခေါင်းလျှော်ရည်ထဲ ထည့်လျှော်ပေးခြင်းဖြင့် ဆံပင်ထဲက အဆိပ်တွေအားလုံးကို ထုတ်ပေးပြီး သန့်စင်စေပါတယ်။ ဆံပင်ကိုနက်မှောင်သန်စွမ်းစေနိုင်ပါတယ်။

Zawgyi

မီးေသြးမႈန႔္ရဲ႕ မထင္ထားေလာက္ေအာင္ အံ့မခန္းအသုံးဝင္ပုံ (၅) ခု

မီးေသြးမႈန႔္ဟာ ခႏၶာကိုယ္အတြက္အရမ္းကို အသုံးဝင္တဲ့ သဘာဝေဆးစြမ္းေကာင္းတစ္လက္ျဖစ္ပါတယ္။ မီးေသြးမႈန႔္ကို ဘယ္လိုေနရာေတြမွာ ထိေရာက္စြာ အသုံးျပဳႏိုင္လဲဆိုတာ ၾကည့္လိုက္ပါေနာ္။

(၁) မီးေသြးမႈန႔္နဲ႔သြားတိုက္ျခင္းျဖင့္ ခ်ိဳးေတြ၊ ညစ္ေနတာေတြ၊ သြားဝါတာေတြကို ေပ်ာက္ကင္းေစၿပီး ျဖဴေဖြးေနတဲ့သြားေလးေတြကို ပိုင္ဆိုင္ေစပါတယ္။

(၂) မီးေသြးမႈန႔္ကို ေရအနည္းငယ္ေရာၿပီး မ်က္ႏွာကိုလိမ္းလိုက္ပါ။ ေျခာက္သြားတဲ့အထိထားၿပီး ေရေဆးေပးျခင္းျဖင့္ အဆိပ္အေတာက္ကင္းၿပီး ဝင္းပျဖဴစင္တဲ့မ်က္ႏွာေလးကို ရရွိမွာပါ။

(၃) အေကာင္တစ္ခုခုကိုက္ခံရတဲ့အခါ မီးေသြးမႈန႔္ကို အုန္းဆီေရာၿပီး အကိုက္ခံရတဲ့ေနရာကို လိမ္းေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

(၄) မီးေသြးမႈန႔္ဟာ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္စြမ္းရွိပါတယ္။ တစ္ရက္ကို မီးေသြးမႈန႔္အနည္းငယ္ စားသုံးေပးျခင္းျဖင့္ ခႏၶာကိုယ္ထဲကအဆိပ္အေတာက္ေတြကို သန႔္စင္ေပးၿပီး အသည္းနဲ႔ေက်ာက္ကပ္ကို သန႔္ရွင္းေစပါတယ္။

(၅) မီးေသြးမႈန႔္ကို သုံးေနက်ေခါင္းေလွ်ာ္ရည္ထဲ ထည့္ေလွ်ာ္ေပးျခင္းျဖင့္ ဆံပင္ထဲက အဆိပ္ေတြအားလုံးကို ထုတ္ေပးၿပီး သန႔္စင္ေစပါတယ္။ ဆံပင္ကိုနက္ေမွာင္သန္စြမ္းေစႏိုင္ပါတယ္။

သွေးတိုးသေချာလျှင် မမေ့သင့်သည့် သပြေရွက်

ဆေးမတိုး သည့် သွေးတိုး အတွက် စိတ်အေး ရသည့် အောင်သပြေရွက်

မြန်မာပြည်သားတိုင်းသိကြသောပန်းအမည်ခံအရွက် ကအောင်သပြေပင်ဖြစ်သည်။ ကောင်းသောနိမိတ်ကို ယူကြသည့်။အောင်သပြေသည် မြန်မာတို့၏ ကိုးကွယ်ယုံကြည်မှု ပူဇော်ပွဲလမ်းသဘင်များတွင် မပါမရှိသော ဇာတ်လိုက်ပန်းပင်လည်းဖြစ်သည်။

ဝိဇ္ဇာဓရပညာရပ်တွင် သပြေ(၆+၅)=၁၁ (၁၁)မီးငြိမ်းရာက သပြေ၏ရှေ့တွင် တနင်္ဂနွေ အောင်(၁)ကို ထည့်ပေါင်းခြင်း ဖြင့် (အောင်သပြေ)သည်ဂဏန်း ပေါင်းခြင်း(၁၂)ကိုရပြန် သည်။ထိုနိမိတ်မှာ (၁၂)ရာသီ အောင်မြင်သောပန်း၊ အောင် နိမိတ်အောင်ဟိတ်ကို ရစေသောပန်းဟု မှတ်သားဖူးသည်။

တင်ပြလိုသည်မှာ သွေးတိုးရောဂါသည် ဆေးသောက်နေစဉ် သက်သာသလိုရှိသော်လည်းမကြာခဏသွေးပြန်တိုးတတ် ပါသည်။ ထိုကြောင့်ဆရာဝန်များက သွေးတိုးသည် လုံးလုံးလျားလျားမပျောက်နိုင်ကြောင်း၊ဆေးက ိုပုံမှန်သောက်ဖို့လိုကြောင်း ညွှန်ကြားကြသည်ချည်းသာ။

သို့သော် အင်္ဂလိပ်သွေးတိုးကျဆေးများသောက်ပြီး သွေးပေါင် ကျသွားပြီးတိုင်း လူခန္ဓာနုံးချိပြီး ခံစား ကျန်ရစ် ရတတ်ပြန် သည်။ကြာလျှင်မလွယ်လောက်ဟုလည်းထင်မိသည်။

လွယ်ကူပြီးထိရောက်သောဆေးနည်းမှာ

သွေးပေါင်းတက်၍ ခေါင်းမူးခြင်း၊ခေါင်းအုံ၍လေး လံထိုင်းမှိုင်းဖြစ်နေပါက အောင်သပြေအညွန့်မှ အောင်သပြေရွက်နုလေး(၅)ရွက် လောက် အားဝါးစားပြီး မြိုချလိုက်ခြင်းဖြစ်ပါသည်။

မကြာခင်သွေးပေါင်းကျ၍ ခေါင်းမူး၊ခေါင်းကိုက်၊ ခေါင်းအု့၊လေးလံထိုင်းမှိုငးခြင်းများ ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မည်။ သွေးပေါင်ချိန်စက်က အဖြေတစ်ခုပေးပါလိမ့်မည်။

လွယ်ကူစွာ သွေးတိုးဝေဒနာရှင်များ စမ်းသပ်လုပ်ကိုင်ကြည့် ပါ ။အပန်းမကြီးလှသောကြောင့်် အောင်သပြေရွက်သွေးတိုး အတွက် ဟုသာဆိုရပါတော့မည်။

စာကိုး

နက္ခတ္တရောင်ခြည်မဂ္ဂဇင်း အမှတ်(၃၅၈)သွေးတိုးအတွက်ဆေးမခက်မှ

ရဲမျိုးသူ(ဗောဓိမြိုင်)

Zawgyi

ေဆးမတိုး သည့္ ေသြးတိုး အတြက္ စိတ္ေအး ရသည့္ ေအာင္သေျပရြက္္

ျမန္မာျပည္သားတိုိင္းသိၾကေသာပန္းအမည္ခံအရြက္ ကေအာင္သေျပပင္ျဖစ္သည္။ ေကာင္းေသာနိမိတ္ကို ယူၾကသည့္။ေအာင္သေျပသည္ ျမန္မာတို႔၏ ကိုးကြယ္ယုံၾကည္မွု ပူေဇာ္ပြဲလမ္းသဘင္မ်ားတြင္ မပါမရွိေသာ ဇာတ္လိုက္ပန္းပင္လည္းျဖစ္သည္။

ဝိဇၨာဓရပညာရပ္တြင္္ သေျပ(၆+၅)=၁၁ (၁၁)မီးၿငိမ္းရာက သေျပ၏ေရွ႕တြင္ တနဂၤေႏြ ေအာင္(၁)ကို ထည့္ေပါင္းျခင္း ျဖင့္ (ေအာင္သေျပ)သည္ဂဏန္း ေပါင္းျခင္း(၁၂)ကိုရျပန္ သည္။ထိုနိမိတ္မွာ (၁၂)ရာသီ ေအာင္ျမင္ေသာပန္း၊ ေအာင္ နိမိတ္ေအာင္ဟိတ္ကို ရေစေသာပန္းဟု မွတ္သားဖူးသည္။

တင္ျပလိုိသည္မွာ ေသြးတိုးေရာဂါသည္ ေဆးေသာက္ေနစဥ္ သက္သာသလိုရွိေသာ္လည္းမၾကာခဏေသြးျပန္တိုးတတ္ ပါသည္။ ထိုေၾကာင့္ဆရာဝန္မ်ားက ေသြးတိုးသည္ လုံးလုံးလ်ားလ်ားမေပ်ာက္နိုင္ေၾကာင္း၊ေဆးက ိုပုံမွန္ေသာက္ဖို႔လိုေၾကာင္း ညႊန္ၾကားၾကသည္ခ်ည္းသာ။

သိုိ႔ေသာ္ အဂၤလိပ္ေသြးတိုးက်ေဆးမ်ားေသာက္ၿပီး ေသြးေပါင္ က်သြားၿပီးတိုင္း လူခႏၶာႏုံးခ်ိၿပီး ခံစား က်န္ရစ္ ရတတ္ျပန္ သည္။ၾကာလၽွင္မလြယ္ေလာက္ဟုလည္းထင္မိသည္။

လြယ္ကူၿပီးထိေရာက္ေသာေဆးနည္းမွာ

ေသြးေပါင္းတက္၍ ေခါင္းမူးျခင္း၊ေခါင္းအုံ၍ေလး လံထိုင္းမွိုင္းျဖစ္ေနပါက ေအာင္သေျပအညြန္႔မွွ ေအာင္သေျပရြက္ႏုေလး(၅)ရြက္္ ေလာက္ အားဝါးစားၿပီး ၿမိဳခ်လိုက္ျခင္းျဖစ္ပါသည္။

မၾကာခင္ေသြးေပါင္းက်၍ ေခါင္းမူး၊ေခါင္းကိုက္၊ ေခါင္းအု႔၊ေလးလံထိုင္းမွိုငးျခင္းမ်ား ယူပစ္သလိုိ ေပ်ာက္ကင္းသြားပါလိမ့္မည္။ ေသြးေပါင္ခ်ိန္စက္က အေျဖတစ္ခုေပးပါလိမ့္မည္။

လြယ္ကူစြာ ေသြးတိုးေဝဒနာရွင္မ်ား စမ္းသပ္လုပ္ကိုင္ၾကည့္ ပါ ။အပန္းမႀကီးလွေသာေၾကာင့္္ ေအာင္သေျပရြက္ေသြးတိုး အတြက္ ဟုသာဆိုရပါေတာ့မည္။

စာကိုး

နကၡတၱေရာင္ျခည္မဂၢဇင္း အမွတ္(၃၅၈)ေသြးတိုးအတြက္ေဆးမခက္မွ

ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

ညနေ ၃နာရီခန့်က ဘဏ်ကို ငွေလာထုတ်ယူသူတစ်ဦးက KBZ ဘဏ်တွင် ငွေရေတွက် စစ်ဆေးလိုက်သောအခါ သိန်း ၅၀၀၀ နီးပါး အလွဲသုံးစားလုပ်ထားခြင်းခံရ

တစ်သောင်းအုပ်တွင် တစ်ထောင်တန်များ အစားထိုးထည့်ထားပြီး သိန်း ၅၀၀၀ နီးပါး အလွဲသုံးစားလုပ်သည့် ဘဏ်ဝန်ထမ်းကိုဖမ်းဆီး

ကျပ်တစ်သောင်းတန်အုပ်တွေမှာ တစ်ထောင်တန်တွေ အစားထိုးထည့်ပြီး သိန်း ၅၀၀၀ နီးပါး အလွဲသုံးစားလုပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်းကို ဖမ်းဆီးအရေးယူထားတယ်လို့ ရွှေဘိုမြို့မရဲစခန်းထံမှ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ KBZ ဘဏ်ခွဲ ၁ မှဝန်ထမ်းတစ်ဦးဟာ ငွေကျပ်သိန်းပေါင်း (၄၈၅၁) သိန်းကို အခုလို အလွဲသုံးစားလုပ်လို့ သက်ဆိုင်ရာပုဒ်မ အသီးသီးနဲ့ ဖမ်းဆီးခဲ့ရတယ် လို့ ရွှေဘိုမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖြစ်စဉ်ကတော့ မေ ၁၉ ရက် ညနေ ၃နာရီခန့်က ဘဏ်ကို ငွေလာထုတ်ယူသူတစ်ဦးက ငွေရေတွက်စစ်ဆေးတဲ့အချိန် ကျပ်တစ်သောင်းအုပ်တစ်အုပ်မှာ တစ်သောင်းကျပ်တန်နှစ်ရွက်ကို အပေါ်နဲ့ အောက် တစ်ရွက်စီ ညှပ်ထားပြီး ကျန်တဲ့(၉၈)ရွက်ကို တစ်ထောင်ကျပ်တန်တွေနဲ့ အစားထိုးထည့်ထားတာတွေ့ရှိရလို့ ဘဏ်တာဝန်ရှိသူအား အကြောင်းကြားခဲ့လို့ သိရှိခဲ့ရတာပါ။

ဘဏ်တာဝန်ရှိသူတွေက ငွေထုတ်ကောင်တာနဲ့ ငွေသိုလှောင်ခန်းအတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ ငွေထုတ်ကောင်တာမှာ အစားထိုးလဲလှယ်ထားတဲ့ တစ်သောင်းတန်အုပ် သိန်း (၁၀၀) စည်း (၁၅) ထုပ် နဲ့ ငွေသိုလှောင်ခန်းမှာ အစားထိုးလဲလှယ်ထားတဲ့ တစ်သောင်းတန်အုပ် သိန်း (၁၀၀) စည်း (၄၀)ထုပ်ကို တွေ့ရှိခဲ့ရပါတယ်။

အဲဒီ တစ်သောင်းတန်အုပ်တွေဟာ စုစုပေါင်း ငွေသိန်း (၅၅၀၀)ကျပ်ရှိရမှာ ဖြစ်ပေမယ့် ငွေ (၆၄၉) သိန်းကျပ်သာရှိပြီး စုစုပေါင်းငွေသိန်းပေါင်း (၄၈၅၁) ကွာဟနေတာကို တွေ့ရှိရလို့ ဘဏ်တာဝန်ရှိသူက ရွှေဘိုမြို့မရဲစခန်းမှာ မေ ၂၀ ရက် ညပိုင်းက အမှုဖွင့်တိုင်ကြားခဲ့တာပါ။

ပြစ်မူကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိတဲ့ အခါမှာ လောင်းကစားလုပ်မိခဲ့တာလို့ ဖြောင့်ချက်ပေးကြောင်း ရွှေဘိုမြို့မရဲစခန်းထံမှ သိရပါတယ်။

ရွှေဘိုမြို့မရဲစခန်းက အဲဒီဘဏ်ဝန်ထမ်းကို (ပ)၃၁၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၄၀၈ နဲ့ (ပ)၃၁၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၉ တို့နဲ့ အမှုဖွင့်ထားပြီး တရားရုံးချုပ်ရီမန်ရယူကာ ရွှေဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပါတယ်။

Zawgyi

တစ္ေသာင္းအုပ္တြင္ တစ္ေထာင္တန္မ်ား အစားထိုးထည့္ထားၿပီး သိန္း ၅၀၀၀ နီးပါး အလြဲသုံးစားလုပ္သည့္ ဘဏ္ဝန္ထမ္းကိုဖမ္းဆီး

က်ပ္တစ္ေသာင္းတန္အုပ္ေတြမွာ တစ္ေထာင္တန္ေတြ အစားထိုးထည့္ၿပီး သိန္း ၅၀၀၀ နီးပါး အလြဲသုံးစားလုပ္ခဲ့တဲ့ ဘဏ္ဝန္ထမ္းကို ဖမ္းဆီးအေရးယူထားတယ္လို့ ေရႊဘိုၿမိဳ့မရဲစခန္းထံမွ သိရပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုၿမိဳ့ရွိ KBZ ဘဏ္ခြဲ ၁ မွဝန္ထမ္းတစ္ဦးဟာ ေငြက်ပ္သိန္းေပါင္း (၄၈၅၁) သိန္းကို အခုလို အလြဲသုံးစားလုပ္လို့ သက္ဆိုင္ရာပုဒ္မ အသီးသီးနဲ႔ ဖမ္းဆီးခဲ့ရတယ္ လို့ ေရႊဘိုၿမိဳ့မရဲစခန္းတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ျဖစ္စဥ္ကေတာ့ ေမ ၁၉ ရက္ ညေန ၃နာရီခန္႔က ဘဏ္ကို ေငြလာထုတ္ယူသူတစ္ဦးက ေငြေရတြက္စစ္ေဆးတဲ့အခ်ိန္ က်ပ္တစ္ေသာင္းအုပ္တစ္အုပ္မွာ တစ္ေသာင္းက်ပ္တန္ႏွစ္ရြက္ကို အေပၚနဲ႔ ေအာက္ တစ္ရြက္စီ ညႇပ္ထားၿပီး က်န္တဲ့(၉၈)ရြက္ကို တစ္ေထာင္က်ပ္တန္ေတြနဲ႔ အစားထိုးထည့္ထားတာေတြ႕ရွိရလို့ ဘဏ္တာဝန္ရွိသူအား အေၾကာင္းၾကားခဲ့လို့ သိရွိခဲ့ရတာပါ။

ဘဏ္တာဝန္ရွိသူေတြက ေငြထုတ္ေကာင္တာနဲ႔ ေငြသိုေလွာင္ခန္းအတြင္း ဝင္ေရာက္စစ္ေဆးခဲ့ရာ ေငြထုတ္ေကာင္တာမွာ အစားထိုးလဲလွယ္ထားတဲ့ တစ္ေသာင္းတန္အုပ္ သိန္း (၁၀၀) စည္း (၁၅) ထုပ္ နဲ႔ ေငြသိုေလွာင္ခန္းမွာ အစားထိုးလဲလွယ္ထားတဲ့ တစ္ေသာင္းတန္အုပ္ သိန္း (၁၀၀) စည္း (၄၀)ထုပ္ကို ေတြ႕ရွိခဲ့ရပါတယ္။

အဲဒီ တစ္ေသာင္းတန္အုပ္ေတြဟာ စုစုေပါင္း ေငြသိန္း (၅၅၀၀)က်ပ္ရွိရမွာ ျဖစ္ေပမယ့္ ေငြ (၆၄၉) သိန္းက်ပ္သာရွိၿပီး စုစုေပါင္းေငြသိန္းေပါင္း (၄၈၅၁) ကြာဟေနတာကို ေတြ႕ရွိရလို့ ဘဏ္တာဝန္ရွိသူက ေရႊဘိုၿမိဳ့မရဲစခန္းမွာ ေမ ၂၀ ရက္ ညပိုင္းက အမွုဖြင့္တိုင္ၾကားခဲ့တာပါ။

ျပစ္မူက်ဴးလြန္သူကို ေဖာ္ထုတ္ဖမ္းဆီးရမိတဲ့ အခါမွာ ေလာင္းကစားလုပ္မိခဲ့တာလို့ ေျဖာင့္ခ်က္ေပးေၾကာင္း ေရႊဘိုၿမိဳ့မရဲစခန္းထံမွ သိရပါတယ္။

ေရႊဘိုၿမိဳ့မရဲစခန္းက အဲဒီဘဏ္ဝန္ထမ္းကို (ပ)၃၁၈/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၄၀၈ နဲ႔ (ပ)၃၁၉/၂၀၂၀၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ- ၃၀၉ တို့နဲ႔ အမွုဖြင့္ထားၿပီး တရား႐ုံးခ်ဳပ္ရီမန္ရယူကာ ေရႊဘိုအက်ဥ္းေထာင္သို့ ပို့ေဆာင္ခဲ့ပါတယ္။

ဒညင်းသီးကို မနေနိုင်လို့ စားတော့မယ်ဆိုရင်….(အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)

နာနတ်သီးနဲ့ ပြုတ်တဲ့ ဒညင်းသီးပြုတ်ကိုစားပါ ။နာနတ်သီးအချို အချဉ် တွေက ဒညင်းသီးအရသာကို ပိုမိုကောင်းစေပြီး

ဘေးထွက်ဆိုးကျိုးကိုလည်း သက်သာစေပါတယ် ။ထန်းညှက်နဲနဲ ထဲ့ပြုတ် ပိုကောင်းပါတယ် ။

ဘေးထွက်ဆိုးကျိုးကိုလည်း သက်သာစေပါတယ် ။ထန်းညှက်နဲနဲ ထဲ့ပြုတ် ပိုကောင်းပါတယ် ။

ထပ်ဆင့် အကြံပြုချက်

တညင်းသီးစားပြီး ရှောက်ရွက် စားပါ ။ ရှောက်ရွက်က ကျောက်ကပ်အတွက်ပါ ။ဆားနဲ့ပြုတ် တာတော့ အကောင်းဆုံးပါ

ဒညင်းသီး အဆိပ်က ဆားရည် ထဲမှာ ပျော်ဝင် တာ သိပ္ပံနည်းကျ စမ်းသပ် ထား တာ ပါ ဆားနဲ့ အရင်ပြုတ် ပြီး ရေသွန် ပြီးမှ နာနတ်သီးနဲ့ ပြန်ပြုတ်ပါ ။

ဒညင်းသီးစားပြီးရင် မာလကာရွက်ကို ဝါးစားပြီး ပလုတ်ကျင်းလိုက် ပါးစပ်မနံတော့ဘူး
ကျောက်ကပ်မထိအောင် ရေများများသောက်ရမယ် ။ထန်းညက်တစ်လုံးလောက် စားရင် ပါးစပ်မနံဘူး လက်တွေပါ
credit မူရင်းမျှဝေသူ
မေတ္တာဖြင့်ပြန်လည်မျှဝေပါတယ်

Zawgyi

နာနတ္သီးနဲ႔ ျပဳတ္တဲ့ ဒညင္းသီးျပဳတ္ကိုစားပါ ။နာနတ္သီးအခ်ိဳ အခ်ဥ္ ေတြက ဒညင္းသီးအရသာကို ပိုမိုေကာင္းေစၿပီး

ေဘးထြက္ဆိုးက်ိဳးကိုလည္း သက္သာေစပါတယ္ ။ထန္းညႇက္နဲနဲ ထဲ့ျပဳတ္ ပိုေကာင္းပါတယ္ ။

ေဘးထြက္ဆိုးက်ိဳးကိုလည္း သက္သာေစပါတယ္ ။ထန္းညႇက္နဲနဲ ထဲ့ျပဳတ္ ပိုေကာင္းပါတယ္ ။

ထပ္ဆင့္ အႀကံျပဳခ်က္

တညင္းသီးစားၿပီး ေရွာက္႐ြက္ စားပါ ။ ေရွာက္႐ြက္က ေက်ာက္ကပ္အတြက္ပါ ။ဆားနဲ႔ျပဳတ္ တာေတာ့ အေကာင္းဆုံးပါ

ဒညင္းသီး အဆိပ္က ဆားရည္ ထဲမွာ ေပ်ာ္ဝင္ တာ သိပၸံနည္းက် စမ္းသပ္ ထား တာ ပါ ဆားနဲ႔ အရင္ျပဳတ္ ၿပီး ေရသြန္ ၿပီးမွ နာနတ္သီးနဲ႔ ျပန္ျပဳတ္ပါ ။

ဒညင္းသီးစားၿပီးရင္ မာလကာ႐ြက္ကို ဝါးစားၿပီး ပလုတ္က်င္းလိုက္ ပါးစပ္မနံေတာ့ဘူး
ေက်ာက္ကပ္မထိေအာင္ ေရမ်ားမ်ားေသာက္ရမယ္ ။ထန္းညက္တစ္လုံးေလာက္ စားရင္ ပါးစပ္မနံဘူး လက္ေတြပါ
credit မူရင္းမွ်ေဝသူ
ေမတၱာျဖင့္ျပန္လည္မွ်ေဝပါတယ္

နေ့နံအ လိုက် ကံဇာ တာ နိမ့်ပါးမှေးမှိန်တ တ်သော အသက်အရွ ယ်များ

နေ့နံအ လိုက် ကံဇာ တာ နိမ့်ပါးမှေးမှိန်တ တ်သော အသက်အရွ ယ်များ

မွေး နံအလိုက် အသက်အရွယ်အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ (ကလေးသူငယ်များမှာတော့ ကျန်းမာရေး နှင့် ပညာရေး) အားနည်းတတ်ချိန်များကို အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပြီး ဆိုင်ရာ ယတြာပိုင်းလေးတွေကိုလည်း ပြုလုပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။

မြန်မာ့ရိုးရာ သေသဝိဇ္ဇာပညာရပ်အရ သုံးသပ် တင်ပြပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျား။

တနင်္ဂနွေနေ့ဖွားများသည်

အသက်အားဖြင့် ၆နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊ ၇၆နှစ်၊ ၈၃နှစ်၊ ၉၀နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်တတ်ပါသည်။

ယတြာအားဖြင့် သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့် အစာအာဟာရ လှုဒါန်းခြင်း၊ အဝေးရှိ အမျိုးသား အကြီးအကဲ တစ်ဦးကို ကျေးဇူးပြုခြင်း၊ ကန်တော့ခြင်း ပြုပေးရပါသည်။

တနင်္လာနေ့ဖွားများသည်

အသက်အားဖြင့် ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ် ၊ ၅၆နှစ်၊ ၆၃နှစ်၊ ၇၀နှစ် ၊ ၇၇နှစ်၊ ၈၄ နှစ်၊ ၉၁နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးနွမ်းလွယ်၏။

ယတြာအားဖြင့် ရေအရှင် (စီးနေသော မြစ်ရေ..ချောင်းရေ) တွင် ငါးလွှတ်ပေးရ၏။ သန့်ရှင်းရေး ကုသိုလ်များ ပြုပေးရ၏။ ကျန်းမာသူဖြစ်လျှင် သွေးလှူပေးခြင်းသည် အထိရောက်ဆုံး ယတြာဖြစ်၏။

အင်္ဂါနေ့ဖွားများသည်

အသက်အားဖြင့် ၁နှစ် ၊ ၈နှစ်၊ ၁၅နှစ်၊ ၂၂နှစ်၊ ၂၉နှစ်၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်၊ ၆၄နှစ်၊ ၇၁နှစ်၊ ၇၈နှစ်၊ ၈၅နှစ်၊ ၉၂နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်၏။

ယတြာအားဖြင့် ဘုန်းတော်ကြီးကျောင်းသို့ လောင်စာလှူရ၏။ ထင်း/မီးသွေး/မီးခတ်/မီးဖို စသည်ဖြင့် လှူနိုင်၏။ နာရီ ပြက္ခဒိန် စသည်တို့ကို လှူပေးရ၏။

ဗုဒ္ဓဟူး/ရာဟုနေ့ဖွားများသည်

အသက်အားဖြင့် ၂နှစ်၊ ၉နှစ်၊ ၁၆နှစ်၊ ၂၃နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊ ၅၁နှစ်၊ ၅၈နှစ်၊ ၆၅နှစ်၊ ၇၂နှစ်၊ ၇၉နှစ်၊ ၈၆ နှစ် ၊ ၉၃ နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ မှေးမှိန်လွယ်၏။

ယတြာအားဖြင့် ယပ်လှူရ၏။ လေပန်ကာ၊ လေအေးပေးစက် စသည်လည်း လှူနိုင်၏။ စိတ်မနှံ့သူတို့ကို ကုသိုလ်ပြုရ၏။ ဇာတာရှင်ကိုယ်တိုင်လည်း အိပ်ယာ ပြောင်းအိပ်ရ၏။

ကြာသာပတေးနေ့ဖွားတို့သည်

အသက်အားဖြင့် ၃နှစ်၊ ၁၀နှစ်၊ ၁၇နှစ်၊ ၂၄နှစ်၊ ၃၁နှစ်၊ ၃၈နှစ်၊ ၄၅နှစ်၊ ၅၂နှစ်၊ ၅၉နှစ်၊ ၆၆နှစ်၊ ၇၃နှစ်၊ ၈၀နှစ်၊ ၈၇နှစ်၊ ၉၄နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။

ယတြာအားဖြင့် အင်္ဂါနေ့တွင် ဆီဦးထောပတ်ကို လှူရ၏။ ငွေငါးရာ၊ ငါးထောင်၊ ငါးသောင်း ၊ ငါးသိန်း စသည်ဖြင့် မိမိတို့ တတ်နိုင်သမျှကို ပံ့သကူ ပစ်ပေးရ၏။ တစ်နေရာတည်းတွင် မပစ်ဘဲ ငါးနေရာခန့် ခွဲဖြန့်ပြီး ပံ့သကူ ပစ်ရ၏။ သန့်ရှင်းရေးကုသိုလ်လည်း ပြုပေးရ၏။

သောကြာနေ့ဖွားတို့သည်

အသက်အားဖြင့် ၄နှစ်၊ ၁၁နှစ်၊ ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၇နှစ်၊ ၇၄နှစ်၊ ၈၁နှစ်၊ ၈၈နှစ်၊ ၉၅နှစ် စသော အသက်ပိုင်းတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။

ယတြာအားဖြင့် အမှိုက်ပုံး၊ ထွေးခံ စသည်တို့တွင် မိမိနာမည်ရေးထိုးပြီး သံဃာတော် တို့ကို လှူပေးရ၏။ တတ်နိုင်သူများအဖို့ (မိမိနာမည်ထိုးပြီး) ကုဋီဆောက်လုပ်လှူဒါန်းနိုင်၏။ ဝေယျာဝစ္စ ကုသိုလ်အဖြစ် ပတ်ဝန်းကျင် သန့်ရှင်းရေးကို လည်း ပြုပေးရ၏။ သော့ လှူရ၏။

စနေနေ့ဖွားတို့သည်

အသက်အားဖြင့် ၅နှစ်၊ ၁၂နှစ်၊ ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁နှစ်၊ ၆၈နှစ်၊ ၇၅နှစ်၊ ၈၂နှစ်၊ ၈၉နှစ် တို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။

ယတြာအားဖြင့် သံဃာစီးဖိနပ်တို့ကို လှုဒါန်းပေးရ၏။ ကလေးသူငယ်များကို ဒါနပြုပေးရ၏။ သွေးလှူရ၏။ သူတစ်ပါး၏ ဝန်စည်စလွယ် တို့ကို မိမိမှ စေတနာဖြင့် ကူညီထမ်းပိုးပေးရ၏။

ဖော်ပြပါအသက်ပိုင်းတွေကို လေ့လာကြည့်ရင် ၇ နှစ် စက်ဝိုင်းလို လည်ပတ်နေတဲ့ ကံအားနည်းတတ်ချိန်များကို သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။

မှန်ပါတယ်။ ၇နှစ်တစ်ခါ ကျွန်တော်တို့တွေ ဖြတ်သန်းနေကြ ကံအတက်အကျ လှိုင်းအပေါ်မှာ တွက်ချက် ယူထားခြင်း ဖြစ်ပါတယ်။ ၇ခုစား ၈ခုစားဗေဒင် ဆိုပြီးတော့ အထင်တော့ မသေးလိုက်ကြပါနဲ့ ခင်ဗျား။

ရှေးစဉ်က ရှင်ဘုရင်တွေ စစ်ချီစစ်တိုက် ထွက်ရာမှာသော်မှ ဒီစနစ်ကလေးတွေကို မုချ အသုံးပြုခဲ့ရပါတယ်။

အရေးကြီးလို့လည်း ကျွန်တော် ဒီမျှအထိ အသေးစိတ် သေချာရေးပေးထားခြင်း ဖြစ်ပါတယ်။

တစ်ခုရှိတာက ဆိုင်ရာနေ့နံအလိုက် ဆိုင်ရာအသက်ပိုင်းများ ရောက်တိုင်း မညံ့ပါ။ ဒါကို အထူးသတိပြုပါ။ သို့သော် ၁၀ယောက်မှာ ၅ယောက်လောက်က သိသိသာသာကို ညံ့တတ်ပါတယ်။

၃ယောက်လောက် မသိမသာလောက်သာ ဖြစ်နိုင်ပြီး ၂ယောက်လောက်ကတော့ လုံး၀ လွတ်လွတ်ကင်းကင်း ဖြစ်တတ်ပါတယ်။ (မူလဇာတာ၊ ဖြတ်သန်းဆဲဒသာနဲ့ အမည်များအရ ကွာခြားသွားတာ ဖြစ်ပါတယ်။)

လေးစားစွာဖြင့်

ကိုဖုန်း

သုတေသီဝေသာလီမောင်ဖုန်း

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

credit-bamakhit

Zawgyi

ေန႔နံအ လိုက္ ကံဇာ တာ နိမ့္ပါးေမွးမွိန္တ တ္ေသာ အသက္အ႐ြ ယ္မ်ား

ေမြး နံအလိုက္ အသက္အ႐ြယ္အလိုက္ ကံဇာတာနိမ့္ပါးတတ္ခ်ိန္မ်ား (ကေလးသူငယ္မ်ားမွာေတာ့ က်န္းမာေရး ႏွင့္ ပညာေရး) အားနည္းတတ္ခ်ိန္မ်ားကို အလြယ္တကူ ၾကည့္ရႈသိရွိႏိုင္ၿပီး ဆိုင္ရာ ယၾတာပိုင္းေလးေတြကိုလည္း ျပဳလုပ္ႏိုင္ေအာင္ တင္ျပေပးလိုက္ပါတယ္။

ျမန္မာ့႐ိုးရာ ေသသဝိဇၨာပညာရပ္အရ သုံးသပ္ တင္ျပေပးထားျခင္း ျဖစ္ပါတယ္ခင္ဗ်ား။

တနဂၤေႏြေန႔ဖြားမ်ားသည္

အသက္အားျဖင့္ ၆ႏွစ္၊ ၁၃ႏွစ္၊ ၂၀ႏွစ္၊ ၂၇ႏွစ္၊ ၃၄ႏွစ္၊ ၄၁ႏွစ္၊ ၄၈ႏွစ္၊၅၅ႏွစ္၊ ၆၂ႏွစ္၊ ၆၉ႏွစ္၊ ၇၆ႏွစ္၊ ၈၃ႏွစ္၊ ၉၀ႏွစ္ စေသာ အသက္ပိုင္းမ်ားတြင္ ကံဇာတာ ညႇိးႏြမ္းလြယ္တတ္ပါသည္။

ယၾတာအားျဖင့္ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးႏွင့္ အစာအာဟာရ လႈဒါန္းျခင္း၊ အေဝးရွိ အမ်ိဳးသား အႀကီးအကဲ တစ္ဦးကို ေက်းဇူးျပဳျခင္း၊ ကန္ေတာ့ျခင္း ျပဳေပးရပါသည္။

တနလၤာေန႔ဖြားမ်ားသည္

အသက္အားျဖင့္ ၇ႏွစ္၊ ၁၄ႏွစ္၊ ၂၁ႏွစ္၊ ၂၈ႏွစ္၊ ၃၅ႏွစ္၊ ၄၂ႏွစ္၊ ၄၉ႏွစ္ ၊ ၅၆ႏွစ္၊ ၆၃ႏွစ္၊ ၇၀ႏွစ္ ၊ ၇၇ႏွစ္၊ ၈၄ ႏွစ္၊ ၉၁ႏွစ္ စေသာ အသက္ပိုင္းျခားတို႔တြင္ ကံဇာတာ ညႇိးႏြမ္းလြယ္၏။

ယၾတာအားျဖင့္ ေရအရွင္ (စီးေနေသာ ျမစ္ေရ..ေခ်ာင္းေရ) တြင္ ငါးလႊတ္ေပးရ၏။ သန႔္ရွင္းေရး ကုသိုလ္မ်ား ျပဳေပးရ၏။ က်န္းမာသူျဖစ္လွ်င္ ေသြးလႉေပးျခင္းသည္ အထိေရာက္ဆုံး ယၾတာျဖစ္၏။

အဂၤါေန႔ဖြားမ်ားသည္

အသက္အားျဖင့္ ၁ႏွစ္ ၊ ၈ႏွစ္၊ ၁၅ႏွစ္၊ ၂၂ႏွစ္၊ ၂၉ႏွစ္၊ ၃၆ႏွစ္၊ ၄၃ႏွစ္၊ ၅၀ႏွစ္၊ ၅၇ႏွစ္၊ ၆၄ႏွစ္၊ ၇၁ႏွစ္၊ ၇၈ႏွစ္၊ ၈၅ႏွစ္၊ ၉၂ႏွစ္ စေသာ အသက္ပိုင္းမ်ားတြင္ ကံဇာတာ ညႇိးႏြမ္းလြယ္၏။

ယၾတာအားျဖင့္ ဘုန္းေတာ္ႀကီးေက်ာင္းသို႔ ေလာင္စာလႉရ၏။ ထင္း/မီးေသြး/မီးခတ္/မီးဖို စသည္ျဖင့္ လႉႏိုင္၏။ နာရီ ျပကၡဒိန္ စသည္တို႔ကို လႉေပးရ၏။

ဗုဒၶဟူး/ရာဟုေန႔ဖြားမ်ားသည္

အသက္အားျဖင့္ ၂ႏွစ္၊ ၉ႏွစ္၊ ၁၆ႏွစ္၊ ၂၃ႏွစ္၊ ၃၀ႏွစ္၊ ၃၇ႏွစ္၊ ၄၄ႏွစ္၊ ၅၁ႏွစ္၊ ၅၈ႏွစ္၊ ၆၅ႏွစ္၊ ၇၂ႏွစ္၊ ၇၉ႏွစ္၊ ၈၆ ႏွစ္ ၊ ၉၃ ႏွစ္ စေသာ အသက္ပိုင္းျခားတို႔တြင္ ကံဇာတာ ေမွးမွိန္လြယ္၏။

ယၾတာအားျဖင့္ ယပ္လႉရ၏။ ေလပန္ကာ၊ ေလေအးေပးစက္ စသည္လည္း လႉႏိုင္၏။ စိတ္မႏွံ႔သူတို႔ကို ကုသိုလ္ျပဳရ၏။ ဇာတာရွင္ကိုယ္တိုင္လည္း အိပ္ယာ ေျပာင္းအိပ္ရ၏။

ၾကာသာပေတးေန႔ဖြားတို႔သည္

အသက္အားျဖင့္ ၃ႏွစ္၊ ၁၀ႏွစ္၊ ၁၇ႏွစ္၊ ၂၄ႏွစ္၊ ၃၁ႏွစ္၊ ၃၈ႏွစ္၊ ၄၅ႏွစ္၊ ၅၂ႏွစ္၊ ၅၉ႏွစ္၊ ၆၆ႏွစ္၊ ၇၃ႏွစ္၊ ၈၀ႏွစ္၊ ၈၇ႏွစ္၊ ၉၄ႏွစ္ စေသာ အသက္ပိုင္းျခားတို႔တြင္ ကံဇာတာ ညႇိးမွိန္လြယ္၏။

ယၾတာအားျဖင့္ အဂၤါေန႔တြင္ ဆီဦးေထာပတ္ကို လႉရ၏။ ေငြငါးရာ၊ ငါးေထာင္၊ ငါးေသာင္း ၊ ငါးသိန္း စသည္ျဖင့္ မိမိတို႔ တတ္ႏိုင္သမွ်ကို ပံ့သကူ ပစ္ေပးရ၏။ တစ္ေနရာတည္းတြင္ မပစ္ဘဲ ငါးေနရာခန႔္ ခြဲျဖန႔္ၿပီး ပံ့သကူ ပစ္ရ၏။ သန႔္ရွင္းေရးကုသိုလ္လည္း ျပဳေပးရ၏။

ေသာၾကာေန႔ဖြားတို႔သည္

အသက္အားျဖင့္ ၄ႏွစ္၊ ၁၁ႏွစ္၊ ၁၈ႏွစ္၊ ၂၅ႏွစ္၊ ၃၂ႏွစ္၊ ၃၉ႏွစ္၊ ၄၆ႏွစ္၊ ၅၃ႏွစ္၊ ၆၀ႏွစ္၊ ၆၇ႏွစ္၊ ၇၄ႏွစ္၊ ၈၁ႏွစ္၊ ၈၈ႏွစ္၊ ၉၅ႏွစ္ စေသာ အသက္ပိုင္းတို႔တြင္ ကံဇာတာ ညႇိးမွိန္လြယ္၏။

ယၾတာအားျဖင့္ အမႈိက္ပုံး၊ ေထြးခံ စသည္တို႔တြင္ မိမိနာမည္ေရးထိုးၿပီး သံဃာေတာ္ တို႔ကို လႉေပးရ၏။ တတ္ႏိုင္သူမ်ားအဖို႔ (မိမိနာမည္ထိုးၿပီး) ကုဋီေဆာက္လုပ္လႉဒါန္းႏိုင္၏။ ေဝယ်ာဝစၥ ကုသိုလ္အျဖစ္ ပတ္ဝန္းက်င္ သန႔္ရွင္းေရးကို လည္း ျပဳေပးရ၏။ ေသာ့ လႉရ၏။

စေနေန႔ဖြားတို႔သည္

အသက္အားျဖင့္ ၅ႏွစ္၊ ၁၂ႏွစ္၊ ၁၉ႏွစ္၊ ၂၆ႏွစ္၊ ၃၃ႏွစ္၊ ၄၀ႏွစ္၊ ၄၇ႏွစ္၊ ၅၄ႏွစ္၊ ၆၁ႏွစ္၊ ၆၈ႏွစ္၊ ၇၅ႏွစ္၊ ၈၂ႏွစ္၊ ၈၉ႏွစ္ တို႔တြင္ ကံဇာတာ ညႇိးမွိန္လြယ္၏။

ယၾတာအားျဖင့္ သံဃာစီးဖိနပ္တို႔ကို လႈဒါန္းေပးရ၏။ ကေလးသူငယ္မ်ားကို ဒါနျပဳေပးရ၏။ ေသြးလႉရ၏။ သူတစ္ပါး၏ ဝန္စည္စလြယ္ တို႔ကို မိမိမွ ေစတနာျဖင့္ ကူညီထမ္းပိုးေပးရ၏။

ေဖာ္ျပပါအသက္ပိုင္းေတြကို ေလ့လာၾကည့္ရင္ ၇ ႏွစ္ စက္ဝိုင္းလို လည္ပတ္ေနတဲ့ ကံအားနည္းတတ္ခ်ိန္မ်ားကို သတိျပဳမိၾကလိမ့္မယ္ ထင္ပါတယ္။

မွန္ပါတယ္။ ၇ႏွစ္တစ္ခါ ကြၽန္ေတာ္တို႔ေတြ ျဖတ္သန္းေနၾက ကံအတက္အက် လႈိင္းအေပၚမွာ တြက္ခ်က္ ယူထားျခင္း ျဖစ္ပါတယ္။ ၇ခုစား ၈ခုစားေဗဒင္ ဆိုၿပီးေတာ့ အထင္ေတာ့ မေသးလိုက္ၾကပါနဲ႔ ခင္ဗ်ား။

ေရွးစဥ္က ရွင္ဘုရင္ေတြ စစ္ခ်ီစစ္တိုက္ ထြက္ရာမွာေသာ္မွ ဒီစနစ္ကေလးေတြကို မုခ် အသုံးျပဳခဲ့ရပါတယ္။

အေရးႀကီးလို႔လည္း ကြၽန္ေတာ္ ဒီမွ်အထိ အေသးစိတ္ ေသခ်ာေရးေပးထားျခင္း ျဖစ္ပါတယ္။

တစ္ခုရွိတာက ဆိုင္ရာေန႔နံအလိုက္ ဆိုင္ရာအသက္ပိုင္းမ်ား ေရာက္တိုင္း မညံ့ပါ။ ဒါကို အထူးသတိျပဳပါ။ သို႔ေသာ္ ၁၀ေယာက္မွာ ၅ေယာက္ေလာက္က သိသိသာသာကို ညံ့တတ္ပါတယ္။

၃ေယာက္ေလာက္ မသိမသာေလာက္သာ ျဖစ္ႏိုင္ၿပီး ၂ေယာက္ေလာက္ကေတာ့ လုံး၀ လြတ္လြတ္ကင္းကင္း ျဖစ္တတ္ပါတယ္။ (မူလဇာတာ၊ ျဖတ္သန္းဆဲဒသာနဲ႔ အမည္မ်ားအရ ကြာျခားသြားတာ ျဖစ္ပါတယ္။)

ေလးစားစြာျဖင့္

ကိုဖုန္း

သုေတသီေဝသာလီေမာင္ဖုန္း

ကိုစိုးမိုးထြန္း (ေဗဒင္ပညာသုေတသီ)

credit-bamakhit

သင့််ကားကို လမ်းဘေးထိုးရပ်လိုက်သင့်ပြီဟု ပြောပြနေသော Heat Indicatorအကြောင်း

အခုတင်ပြမှာကတော့မိတ်ဆွေတို့ ကားဒက်ဘုတ်ထဲမှာ ပြတဲ့HeatIndicatorအကြောင်းပါ ။

ကားကိုစတင်အသုံးပြုဖို့ အင်ဂျင်ကိုနိုးလိုက်ပြီဆိုတာနဲ့ဒက်ဘုတ်ထဲကSignတွေအကုန်နီးပါးကအင်ဂျင်နိုးပြီဆိုတာနဲ့ပြန်ပျောက်သွားပါတယ်။မပျောက်ပဲကျန်တာကတော့Gear Positionပြတဲ့indicatorနှင့်အပြာရောင်လဲ့လဲ့Heat indicatorလေးပါပဲ။

စနိုးနိုးချင်းအပြာရောင်heat indicator လေးပြနေတာပုံမှန်ပါပဲ ဒါပေမဲ့အရေးမကြီးရင်မောင်းမထွက်သင့်သေးပါဘူး။

အင်ဂျင်ရဲ့လိုအပ်တဲ့အပူချိန်ရောက်အောင်နိုးထားပြီးမှကားကိုစထွက်သင့်ပါတယ်။

လိုအပ်တဲ့အပူချိန်ရပြီဆိုတာနဲ့ပျောက်သွားပါလိမ့်မည် ဒါဆိုကားကိုစတင်အသုံးပြုဖို့အဆင်သင့်ဖြစ်သွားပြီးထွက်သွားလို့ရပါသည်။

နောက်တစ်ခုကမောင်းနေရင်းရုတ်တရက်Heat Indacatorအနီရောင်ပေါ်လာပြီဆိုရင်တော့ ကားအင်ဂျင်အပူချိန်ကလိုအပ်တာထက်ပိုနေပြီဆိုတာသတိပေးနေပါပြီဒါဆိုကားကိုချက်ချင်းဘေးကပ်ရပ်ဖို့လိုအပ်လာပါပြီ၊

ကား Heat တက်ရတဲ့ ပြဿနာတော်တော်များများကလည်း အခြေခံအားဖြင့်တော့ Coolant leakage ကနေဖြစ်တယ် ။ ရေပိုက်တွေကွဲတာ ၊ ရေလည်အုံတွေ ၊ ရေဇလုပ်ခေါ်တာတွေ ပေါက်တာ ကွဲတာ အက်တာ ၊ ပန်ကာဘွတ်ချောင်ပြီး လိုအပ်တဲ့ လည်နှူန်းမရတာ တွေကနေ ရေတိုင်ကီထဲက အင်ဂျင်အအေးပေးတဲ့ စနစ်ပျက်ယိုယွင်းပြီး Heat တက် စက်ရပ်အဖြစ်များပါတယ် ။

ကားမောင်းတဲ့သူတွေ သိထားရမှာက Heat Gauge indicator ကို ကားမောင်းတိုင်း သတိပြုဖို့ပါ ၊ Heat Gauge indicatod ဟာ ပုံမှန်အားဖြင့် ဒိုင်ခွက် Cနဲ့Hအလည်မှာရှိပါတယ်။

ဒါဟာပုံမှန်အခြေအနေပါ ။ ပုံမှာပြထားပါတယ် ။ တချို့ကလည်း နားလည်မှုလွဲပြီး C မှာ ပြမှ ပုံမှန်ထင်နေတတ်လို့ပါ ။ အဲ့ဒါမှားပါတယ် ။ ပုံမှန်က C နဲ့ H အလည်မှာရှိရပါမယ် ။

ကားမောင်းနေရင်း Indicator က ပုံမှန် အလည်မှတ်ကနေ H အမှတ်ဆီ အတင်းထောင်တက်လာတယ်ဆို (သို့ )heat indicator ပေါ်လာပြီး နီနေတယ်ဆိုရင် သင့်ကား Cooling System မှာ တခုခု ချို့ယွင်းနေပြီး သင့်ကားHeat တက်နေပါပြီ ။

ဒါဆို ကားရှင်းတဲ့နေရာ မြန်မြန်ရှာ လမ်းဘေး (သို့) လမ်းကြားထဲ ဝင်ပြီး ကားအမြန်ရပ်တန့်သင့်ပါပြီ ။

သတိထားပါ

ကားရပ်ရပ်ခြင်းတချို့ကားမောင်းသူတွေလုပ်တတ်တဲ့အမှားတခုကရေရှိမရှိရေတိုင်ကီအဖုံးပြေးဖွင့်ကြည့်တတ်ပါတယ်။A little knowledge is dangerousပါ။ရေတိုင်ကီအဖုံးRadiatorCapမှာရေးထားပါတယ်။

Never open when hotပါတဲ့ ။ပူနေတဲ့အချိန်လုံးဝမဖွင့်ပါနဲ့တဲ့။ပူနေတဲ့အချိန်ဖွင့်ပါကPressureတခုနဲ့ ဖိသိပ်ထားတဲ့ရေတိုင်ကီထဲကရေနွေးပူပူတွေနဲ့မိတ်ဆွေရေချိုးရပါမယ်။

ရေတိုင်ကီအေးအောင်အချိန်တခုထိစောင့်ပြီးမှရေတိုင်ကီအဖုံးကိုဖွင့်ပါ။ရေခမ်းနေရင်ရေဖြည့်ပါ။ကားအင်ဂျင်ခန်းအောက်ရေယိုစိမ့်မှုရှိမရှိစစ်ကြည့်ပါ။

ဘာမှမလုပ်တတ်ရင်ဝပ်ရှော့ဖုန်းဆက်ပါ။

အထူးသတိပြုရမှာကကားမမောင်းခင်ရေတိုင်ကီရေရှိမရှိစစ်သင့်ပါတယ် ။

မစစ်ဘဲမောင်းမိရင်Heat Gaugeကိုသတိပြုကြည့်ပါ။Heatတက်မှန်းမသိလို့ကားစက်ထိုးရပ်တာအခါခါဆိုရင်Gasketတွေပြတ်ပြီးအပေါ်ခြမ်းဖွင့်Car Headလိမ်တာ၊ကစလို့အင်ဂျင်ပြဿနာတွေဖြစ်လာရင်

သင့်ပိုက်ဆံအိတ်လေးလည်းကျန်းမာရေးခြူချာသွားနိုင်ကြောင်းပါခမျာ ။

အားလုံး သတိထားနိုင်ကြပါစေ ။ စေတနာဖြင့်

Taxibook

Zawgyi

အခုတင္ျပမွာကေတာ့မိတ္ေဆြတို႔ ကားဒက္ဘုတ္ထဲမွာ ျပတဲ့HeatIndicatorအေၾကာင္းပါ ။

ကားကိုစတင္အသုံးျပဳဖို႔ အင္ဂ်င္ကိုႏိုးလိုက္ၿပီဆိုတာနဲ႔ဒက္ဘုတ္ထဲကSignေတြအကုန္နီးပါးကအင္ဂ်င္ႏိုးၿပီဆိုတာနဲ႔ျပန္ေပ်ာက္သြားပါတယ္္။မေပ်ာက္ပဲက်န္တာကေတာ့Gear Positionျပတဲ့indicatorႏွင္​့အျပာေရာင္လဲ့လဲ့Heat indicatorေလးပါပဲ။

စႏိုးႏိုးခ်င္းအျပာေရာင္heat indicator ေလးျပေနတာပုံမွန္ပါပဲ ဒါေပမဲ့အေရးမႀကီးရင္ေမာင္းမထြက္သင္႔ေသးပါဘူး။

အင္ဂ်င္ရဲ႕လိုအပ္တဲ့အပူခ်ိန္ေရာက္ေအာင္ႏိုးထားၿပီးမွကားကိုစထြက္သင္႔ပါတယ္။

လိုအပ္တဲ့အပူခ်ိန္ရၿပီဆိုတာနဲ႔ေပ်ာက္သြားပါလိမ္႔မည္ ဒါဆိုကားကိုစတင္အသုံးျပဳဖို႔အဆင္သင္႔ျဖစ္သြားၿပီးထြက္သြားလို့ရပါသည္။

ေနာက္တစ္ခုကေမာင္းေနရင္း႐ုတ္တရက္Heat Indacatorအနီေရာင္ေပၚလာၿပီဆိုရင္ေတာ့ ကားအင္ဂ်င္အပူခ်ိန္ကလိုအပ္တာထက္ပိုေနၿပီဆိုတာသတိေပးေနပါၿပီဒါဆိုကားကိုခ်က္ခ်င္းေဘးကပ္ရပ္ဖို႔လိုအပ္လာပါၿပီ၊

ကား Heat တက္ရတဲ့ ျပႆနာေတာ္ေတာ္မ်ားမ်ားကလည္း အေျခခံအားျဖင့္ေတာ့ Coolant leakage ကေနျဖစ္တယ္ ။ ေရပိုက္ေတြကြဲတာ ၊ ေရလည္အံုေတြ ၊ ေရဇလုပ္ေခၚတာေတြ ေပါက္တာ ကြဲတာ အက္တာ ၊ ပန္​ကာဘြတ္​​ေခ်ာင္​ၿပီး လိုအပ္​တဲ့ လည္​ႏႉန္​းမရတာ ေတြကေန ေရတိုင္ကီထဲက အင္ဂ်င္အေအးေပးတဲ့ စနစ္ပ်က္ယိုယြင္းၿပီး Heat တက္ စက္ရပ္အျဖစ္မ်ားပါတယ္ ။

ကားေမာင္းတဲ့သူေတြ သိထားရမွာက Heat Gauge indicator ကို ကားေမာင္းတိုင္း သတိျပဳဖို႔ပါ ၊ Heat Gauge indicatod ဟာ ပံုမွန္အားျဖင့္ ဒိုင္ခြက္ Cနဲ႔Hအလည္မွာရွိပါတယ္။

ဒါဟာပံုမွန္အေျခအေနပါ ။ ပံုမွာျပထားပါတယ္ ။ တခ်ဳိ႕ကလည္း နားလည္မႈလြဲၿပီး C မွာ ျပမွ ပံုမွန္ထင္ေနတတ္လို႔ပါ ။ အဲ့ဒါမွားပါတယ္ ။ ပံုမွန္က C နဲ႔ H အလည္မွာရွိရပါမယ္ ။

ကားေမာင္းေနရင္း Indicator က ပုံမွန္ အလည္မွတ္ကေန H အမွတ္ဆီ အတင္းေထာင္တက္လာတယ္ဆို (သို႔ )heat indicator ​ေပၚလာၿပီး နီ​ေနတယ္​ဆိုရင္​ သင့္ကား Cooling System မွာ တခုခု ခ်ဳိ႕ယြင္းေနၿပီး သင့္ကားHeat တက္ေနပါၿပီ ။

ဒါဆို ကားရွင္းတဲ့ေနရာ ျမန္ျမန္ရွာ လမ္းေဘး (သို႔) လမ္းၾကားထဲ ဝင္ၿပီး ကားအျမန္ရပ္တန္႔သင့္ပါၿပီ ။

သတိထားပါ

ကားရပ္ရပ္ျခင္းတခ်ဳိ႕ကားေမာင္းသူေတြလုပ္တတ္တဲ့အမွားတခုကေရရွိမရွိေရတိုင္ကီအဖံုးေျပးဖြင့္ၾကည့္တတ္ပါတယ္။A little knowledge is dangerousပါ။ေရတိုင္ကီအဖံုးRadiatorCapမွာေရးထားပါတယ္။

Never open when hotပါတဲ့ ။ပူေနတဲ့အခ်ိန္လံုးဝမဖြင့္ပါနဲ႔တဲ့။ပူေနတဲ့အခ်ိန္ဖြင့္ပါကPressureတခုနဲ႔ ဖိသိပ္ထားတဲ့ေရတိုင္ကီထဲကေရေႏြးပူပူေတြနဲ႔မိတ္ေဆြေရခ်ဳိးရပါမယ္။

ေရတိုင္ကီေအးေအာင္အခ်ိန္တခုထိေစာင့္ၿပီးမွေရတိုင္ကီအဖံုးကိုဖြင့္ပါ။ေရခမ္းေနရင္ေရျဖည့္ပါ။ကားအင္ဂ်င္ခန္းေအာက္ေရယိုစိမ့္မႈရွိမရွိစစ္ၾကည့္ပါ။

ဘာမွမလုပ္တတ္ရင္ဝပ္ေရွာ့ဖုန္းဆက္ပါ။

အထူးသတိျပဳရမွာကကားမေမာင္းခင္ေရတိုင္ကီေရရွိမရွိစစ္သင့္ပါတယ္ ။

မစစ္ဘဲေမာင္းမိရင္Heat Gaugeကိုသတိျပဳၾကည့္ပါ။Heatတက္မွန္းမသိလို႔ကားစက္ထိုးရပ္တာအခါခါဆိုရင္Gasketေတြျပတ္ၿပီးအေပၚျခမ္းဖြင့္Car Headလိမ္တာ၊ကစလို႔အင္ဂ်င္ျပႆနာေတြျဖစ္လာရင္

သင့္ပိုိက္ဆံအိတ္ေလးလည္းက်န္းမာေရးျခဴခ်ာသြားႏိုင္ေၾကာင္းပါခမ်ာ ။

အားလံုး သတိထားႏိုင္ၾကပါေစ ။ ေစတနာျဖင့္

Taxibook