ဈေးက အသီးအနှံတွေ ကိုဝယ်စားရ မှာထက် ကိုယ်တို င်စိုက်ပျိုးလို့ရတဲ့ အသီးအနှံတွေကိုပဲ စားချင်လာတော့တယ်ဆိုတဲ့ ပိုပို
ဈေးက အသီးအနှံတွေ ကိုဝယ်စားရ မှာထက် ကိုယ်တို င်စိုက်ပျိုးလို့ရတဲ့ အသီးအနှံတွေကိုပဲ စားချင်လာတော့တယ်ဆိုတဲ့ ပိုပို
ခံစားချက်လေးတွေကို ကိုယ်တိုင်ရေးစပ်ပြီးကိုယ်တိုင်သီဆိုလေ့ရှိတဲ့ အဆိုတော်မလေးပိုပိုနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ပိုပိုရဲ့ထွက်သမျှသီချင်းလေးတွေဟာဆိုရင် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ကျော်ကြားစေတဲ့ သီချင်းလေးတွေဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ အချစ်ရေးဟာဆိုရင် ပရိသတ်တွေနဲ့ပဲပျော်ရွှင်စွာဖြတ်သန်းနေတဲ့ Single မလေးပဲဖြစ်ပါတယ်။
ပိုပိုဟာအိမ်မှာနေရင်း ကိုယ်တိုင်အပင်စိုက်ပျိုးရတာကို နှစ်သက်တာမို့ အပင်လေးတွေကိုစိုက်ပျိုးထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ပိုပိုက “အကြွား ပိုစ့်ပါ ဆေးမဖြန်းတဲ့ Organic လတ်လတ် ဆတ်ဆတ် ရဲ့ အရသာကတော့ ပြောမပြတတ်အောင်ပါပဲရှင် ဈေးက အသီးအရွက်တွေ လျှာမတိုးတော့ပါသဖြင့်ဆက်လက် စိုက်ပျိူးပါတော့မယ်”လို့ဆိုကာ သူမကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအနှံတွေကိုပဲ စားသုံးချင်တော့တယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်တွေအတွက် ပိုပိုကတော့ ဈေးကအသီးအနှံထက် ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအနှံကိုပဲ စားချင်လာတဲ့ အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပိုပိုရဲ့ ခြံထွက်အသီးအနှံလေးတွေကို ကြည့်ကာ ပရိသတ်တွေလည်း ကိုယ်တိုင်စိုက်ပျိုးချင်စိတ်ရှိလာကြမယ်ထင်ပါတယ်။
Zawgyi
“ရှက်တတ် ရင် ထွက်” ဆိုပြီး ရန်ကုန် က အရာရှိတွေ ကို အ ဆိုတော် ဆောင်း ဦးလှိုင် ဒဲ့ပြောပြီ
“ရှက်တတ် ရင် ထွက်” ဆိုပြီး ရန်ကုန် က အရာရှိတွေ ကို အ ဆိုတော် ဆောင်း ဦးလှိုင် ဒဲ့ပြောပြီ
ရှက် တတ်ရင်ထွက်…”
အရည်အချင်းလည်းမည်မည်ရရမရှိ၊ အစိုးရအဖွဲ့ထဲလည်းပါမလာသင့်၊ ကိုယ့်ပါတီပုံရိပ်အကြိမ်ကြိမ်ထိခိုက်စေပြီး အရပ်သားအစိုးရ သိက္ခာကျစရာတွေ များစွာဖြစ်ခဲ့၊ ရန်ကုန်ကအရာရှိတွေ အညံ့ဆုံးဘဲ ရှက်တတ်ရင်ထွက်
အခုမထွက်လည်း ၂၀၂၀ ပြီးရင် ပြန်ပါမလာဖို့တောင်းဆိုသွားမယ်။ စစ်အာဏာရှင်လက်ကျန်တွေရှိနေသေးလို့ ဒီလောက်ဘဲရေးလိုက်ပါတယ်။
တိုင်းပြည်မှာနောင်ဘယ်တော့မှစစ်အာဏာရှင်တွေ၊ ခရိုနီတွေအတွက် နေရာမရှိစေချင်သလို၊ သာကူးတွေဘေးဖယ်၊ အင်မတန်ညံ့တဲ့ ဒီမို ငဖားတွေလည်း နေရာမရစေနဲ့
လူတော်လူကောင်း လူမှန်တွေရအောင်ရှာကြပါဗျာ။
ဆောင်းဦးလှိုင်
၂၅.၅.၂၀၂၀
Zawgyi
ရှက် တတ်ရင်ထွက်…”
ဆောင်းဦးလှိုင်
၂၅.၅.၂၀၂၀
မျက်စိ မှိတ် မကြောက်သင့် တဲ့ ကိုဗစ်ရောဂါ နဲ့ ပိုးတွေ့သူ အပေါ် ထားသင့် တဲ့ ပတ်ဝန်းကျင်အမြင်
မျက်စိ မှိတ် မကြောက်သင့် တဲ့ ကိုဗစ်ရောဂါ နဲ့ ပိုးတွေ့သူ အပေါ် ထားသင့် တဲ့ ပတ်ဝန်းကျင်အမြင်
F M ကနေပြီးတော့ COVID ပိုးကင်းစင် ပပျောက်သွားလို့ ဆေးရုံကဆင်းလာတဲ့ လူတစ်ယောက် (အဆိုတော်) ကို အင်တာဗျူးတာကို နားထောင်လိုက်ရတယ်။ အစပိုင်းတော့လွတ်သွားပေမယ့် နောက်ပိုင်း နားထောင်မိသလောက် မေးတဲ့သူက ဒီရောဂါက ရောဂါဆိုး ပုံသဏ္ဏန်လုပ်ပြီး မေးလာတာကို သတိထားမိသလိုပဲ။
မေးပုံက ဒီရောဂါကြီးဖြစ်လိုက်တဲ့အခါမှာ ဘာတွေခံစားရလဲ။ ဘယ်လိုဖြစ်သွားလဲ။ ဒီရောဂါကြီးဖြစ်လိုက်ပြီးတဲ့နောက်မှာ အကို့ရဲ့ ပြောင်းလဲသွားမယ့် Life style၊ ခံယူချက်… ဘာတွေလုပ်ဖို့ ပြင်ဆင်ထားလဲ။ အဲ့လိုမေးခွန်းတွေမေးတာ။ တချို့အတွက်တော့ ပုံမှန်မေးခွန်းတွေလို ဆိုပေမယ့် ကိုယ့်အတွက်ကတော့ တမျိုးပဲ။ ဒီရောဂါကြီးဖြစ်လိုက်တယ်ဆိုတာနဲ့ လူကဘာလို့ ခံယူချက်တွေ life style တွေ၊ အတွေးအမြင်တွေ ပြောင်းလဲသွားရမှာလဲ?
HIV လူနာတွေကို ဆေးကုတုန်းက အဖြေပေးရင်းနဲ့ နှစ်သိမ့်ဆွေးနွေးတဲ့အချိန်ဆို ပြောဖြစ်တဲ့ စကားတစ်ခုရှိတယ်။ အဲ့ဒါက HIV ရောဂါက တခြားရောဂါတွေကလို နာတာရှည် ရောဂါတစ်မျိုးပဲ။ သူက တခြားနာတာရှည် ရောဂါတွေလို ဆေးကုလို့ရတယ်။ တစ်ခုရှိတာက ဆေးကိုတော့ အချိန်မှန်မှန်သောက်ရတယ်။ အဲ့ဒါလေးတစ်ခုတော့ လုပ်ပေးနိုင်မလား? အဲ့လိုမျိုးပြောဖြစ်တယ်။
လူတွေက ဒီလို ရောဂါဖြစ်လာကြရင် သူများတွေက နှိမ်ကြမှာ၊ အဖက်မတန်သလို ဆက်ဆံခံရမှာမျိုး သိပ်ကြောက်ကြတာ။ အဲ့ဒီတော့ သူတို့ဆီမှာ အဲ့လိုရောဂါမျိုး ဖြစ်နေတယ်လို့ ထင်ရင်တောင် ဆေးခန်းကို စိတ်လုံလုံနဲ့ သွားပြီး သွေးစစ်တာတို့ ကုသမှုခံယူတာတို့ မလုပ်ရဲဘူး။ တကယ်လို့များ ပိုးတွေ့တယ်ဆိုရင်တော့ အဲ့လိုအကြောက်တရားလေး အခံရှိတဲ့သူဆိုလို့ကတော့ သွားပြီ။ ကြောက်တာရဲ့ နောက်ဆက်တွဲမှာ သေချင်တာတို့ စိတ်ကျတာတို့ ဖြစ်လာရော။
ဆေးဝန်ထမ်းတွေရဲ့ အဓိက အလုပ်က ရောဂါတစ်ခုခုများဖြစ်လာတရင် အဲ့လူတစ်ယောက်ကို မသေအောင် ကယ်ဖို့ပဲ။ အဲ့ဒီတော့သူတို့ကို အထူးသဖြင့် ကြောက်နေတဲ့ လူနာကို မသေပါဘူးဆိုတဲ့ အကြောင်းနဲ့ reassure လုပ်ရတယ်။ ဒါမှ သူတို့ မကြောက်တော့မှာ၊ ဆေးကိုဆက်သောက်ချင်တော့မှာ။ ဆေးဆက်ကုချင်တော့မှာပေ့ါ။
COVID ဆိုလဲ အဲ့လိုပဲ။ HIV တို့ ကင်ဆာတို့လို ရောဂါမျိုးထက် အများကြီး အားပျော့တယ်။ ဒီလိုပြောဖို့ လုပ်ချင်တာလုပ်ကြလို့ ပြောတာမဟုတ်ဘူး။ အခု ကမ္ဘာပေါ်မှာ ကပ်ရောဂါအသွင်ဖြစ်တယ်။ အဲ့ဒီတော့ ကပ်အသွင်ထဲမှာ ဖြစ်တဲ့သူကဖြစ်သွားရင် အဲ့ဒါသူတို့အပြစ်မှမဟုတ်တာ။ ဘယ်သူကရောဖြစ်ချင်မလဲ။ အဲ့ဒါကို အထူးအဆန်းနဲ့ ဟယ် နင့်မှာတော့ ဒါဖြစ်နေပြီ။ ဒီရောဂါဖြစ်နေဦးမယ်နဲ့ ဒီရောဂါကြီးဖြစ်လိုက်တော့ ဘယ်လိုခံစားရလဲနဲ့ မေးတာ တမျိုးဖြစ်တယ်လို့ ထင်တယ်။
တကယ့်လူနာတွေက ပတ်ဝန်းကျင်ကနှိမ်မှာ ကြောက်လို့ သင့်တော်တဲ့ ကုသမှုမရရှိဘူးဆိုရင် လူနာအပြစ်မဟုတ်ဘူး။ သူ့ပတ်ဝန်းကျင်ကရော ဘယ်လို ခံယူချက်မျိုးရှိနေလဲဆိုတာမျိုး စဉ်းစားရမယ်လေ။
Zwe Thiha Kyaw
Zawgyi
Zwe Thiha Kyaw
ဖခင် မရှိတော့တဲ့နောက် ပန်းရောင်း ရင်းရပ်တည်နေ တဲ့ မိခင် ကို အသက် ၄နှစ်အ ရွယ်ထဲ က လုပ်ကျွေးရင်း အသက် ၇ နှစ်မှာအောင်မြင်မှုတွေ ရရှိခဲ့တဲ့ “သားတို့အမွာ မိုးဖြိုး”
ဖခင် မရှိတော့တဲ့နောက် ပန်းရောင်း ရင်းရပ်တည်နေ တဲ့ မိခင် ကို အသက် ၄နှစ်အ ရွယ်ထဲ က လုပ်ကျွေးရင်း အသက် ၇ နှစ်မှာအောင်မြင်မှုတွေ ရရှိခဲ့တဲ့ “သားတို့အမွာ မိုးဖြိုး”
Myanmar Got Talent ပြိုင်ပွဲကနေ ပရိသတ် တွေ သတိထားမိခဲ့တဲ့ ဟန်သာမိုး ဟန်သာဖြိုး အမွာညီအစ်ကို လေးကိုတော့ ပရိသတ် တွေ သိပြီးဖြစ်မှာပါ။အသက် ၄နှစ်မှာ သူတို့ ဝါသနာပါတဲ့ သဘင်အက နဲ့ စတင် ကခဲ့ပြီး အသက် ၇နှစ်မှာ ပြိုင်ပွဲတွေ ဝင်ပြိုင်ရင်း အောင်မြင်လာခဲ့ပါတယ်…။သားတို့အမွာ မိုးဖြိုးရဲ့ မိခင်ဟာ ဒီနေ့မှာတော့ သူမဘဝရဲ့ စာမျက်နှာ တချို့ကို အခုလိုပြောပြလာပါတယ်။သမိုင်းဆိုတာလူတိုင်းမှာရှိတယ်…မဟာမြတ်မုနိဘုရားအရှေ့စောင်းတန်းမှာပန်းစပီးရောင်းခဲ့ရပါတယ်စောင်းတန်းထဲမှကူညီစောင့်ရှောက်ပေးပါသောကျေးဇူးရှင်များသူငယ်ချင်းအပေါင်းများလဲကိုလဲသတိတရရှိနေပါတယ်။
နုတ်၏ဆောင်မခြင်းလက်၏ဆောင်မခြင်းများကိုလဲအမှတ်တရရှိနေပါတယ်။မင်းသားဖြစ်ခြင်တဲ့သားကိုမင်းသားဝတ်စုံလက်ခမယူပဲတတ်နိုင်သလောက်ပံပိုးပေးတဲ့အတွက်ကျေးဇူးရှိပါတယ်။
မင်းသားဖြစ်ချင်လို့တိးဝိုင်းတွေမှာကပါရစေဆိုပီးခေါ်ခဲ့သောအဆိုတော်မမငယ်ငယ်မမေ့ပါဘူးနော်ဆရာဇော်နိုင်နဲ့မတွေ့ခင်မင်းသမီးမယမင်းလှိုင်ရဲ့သင်ပြပေးတဲ့ကျေးဇူးကိုလဲမမေ့ပါဘူးလိုအပ်ယင်ကူညီကြသောဆိုင်ကယ်တက်စီသမားများကျေးဇူးရှိသောကျေးဇူးရှင်အပေါင်းတစ်ဦးတစ်ယောက်ခြင်းကိုကျေးဇူးတင်ပါတယ်။
အကြာင်းမတိုက်ဆိုင်လို့မတွေ့မဆုံဖြစ်ကြပေမဲ့ခင်ပွန်းကြီးဆယ်ပါးဝန်ချတောင်းပန်ပြီးကျေးဇူးရှိသူအားလုံးကန်တော့ပါတယ် အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပီးဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ”…သားတို့မေမေ ဆိုပြီးသားတို့အမွာ မိုးဖြိုး pageမှာ ရေးသားထားပါတယ်။
Zawgyi
မျက် ရိုး ကိုက်တတ်သူ များနဲ့ မျက် မှန် သမားများအတွက် မျက်ကြည်စား ဆေးနည်း
မျက် ရိုး ကိုက်တတ်သူ များနဲ့ မျက် မှန် သမားများအတွက် မျက်ကြည်စား ဆေးနည်း
မှုန်ဝါးဝါးမို့ ဆရာဝန်ပြကြည့်တော့ အနီးကြည့်ပါဝါ (+၁၅၀) ဒီဂရီ မျက်မှန် တပ်ခဲ့ရသည်။ အခု အသက် (၄၀) ကျော်မှ မျက်မှန်လွတ်လေတော့ ထူးဆန်းနေသလို အများက ထင်ကြတော့သည်။ ဆေးနည်း အချိုးအစားအတိုင်း လွယ်ကူစွာ ဖေါ်စပ်ရန် ဖြစ်လေသည်။
ဆေးနည်း
(၁) ဆီးဖြူးသီးကို ထုထောင်းပြီး အစေ့ဖယ် နေလှန်း အမှုန့် ပြုလုပ်ရန်။
(၂) ကြိတ်မှန်ရွက်ကိုခူး အရိပ်မှာ အလိုအလျောက် သဘာဝအတိုင်း အခြောက်ခံ အမှုန့်ပြုရန်။
(၃) ကွမ်းရွက်ကို အခြောက်လှန်း အမှုန့်ပြုရန်။
(၄) ပျားရည်စစ်စစ်
ထို (၄) မျိုးသာ လိုပါသည်။ ယခုခေတ်ကာလ မျက်မှန်ကောင်း တစ်လက်လုပ်ပါမူ ကာလတန်ဖိုးလေးသောင်းငါးသောင်း မက ကုန်သည်သာ။
ေနရာတကာ မျက်မှန်မပါတော့ စိတ်ပျက်ဖွယ် အကန်းကြီးလို ဖြစ်ပြန်သည်။ မျက်မှန် မေ့ကျန်ပါလျှင် ဘာမှမမြင်ရချင်တော့၊ စာဖတ်ဖို့၊ ဖုံးပွတ်ဖို့ အကုန်ခက်ချေသည်။
မျက်မှန် ပါဝါက အကျမရှိအတက်သာ ။ ထိုမျှမက ပါဝါမကိုက်ပါလျှင် ဇက် ကြောကတက် စိတ်ကပျက် ဖြစ်ရပြန်သည်။
သုံးဆောင်ရန်
ညအိပ်ပြီဆိုပါလျှင် ဆီးဖြူသီးမှုန့် လက်ဖက်စားဇွန်း (၁) ဇွန်း၊ ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း၊ ကွမ်းရွက်ခြောက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း၊ ထိုဆေးသုံးပါးအား ပျားရည် လက်ဖက်စားဇွန်း (၃) ဇွန်းနှင့် ရောမွေ၍ စားပေးရန်သာ ဖြစ်သည်။
သုံးလသာ ပုံမှန်မပျက် ယုံကြည်ချက်ဖြင့် စားပေးပါမျက်စိ ကြည်လင်လာပြီး မျက်မှန်လွတ်မှာ သေချာနေပါလိမ့်မည်။ ထိုမျှမက အကျိုးရလဒ်က အညောင်းအညာပါ ပြေလာပါလိမ့်မည်။
ပေးသူက ပေးလေပြီ။ မြန်မာတိုင်းရင်းဆေး အစွမ်းအား လက်တွေ့ လုပ်ဆောင်ခြင်းဖြင့် ဂုဏ်ကို မြင့်တင်ကြပါစို့။
Credit : ရဲမျိုးသူ(ဗောဓိမြိုင်)
Zawgyi
ဆေးနည်း
(၄) ပျားရည်စစ်စစ်
သုံးဆောင်ရန်
ဗိုလ်တထောင် ဘာသာရေးပွဲ ကိစ္စ ပြည်သူတွေ ကို ဝန်ကြီးကိုယ် တိုင် တောင်းပန်ပြီ
ဗိုလ်တထောင် ဘာသာရေးပွဲ ကိစ္စ ပြည်သူတွေ ကို ဝန်ကြီးကိုယ် တိုင် တောင်းပန်ပြီ
ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့တဲ့ ဘာသာရေးပွဲတစ်ခုမှာ လူစုလူဝေးဖြစ်ပွားခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေရှိနေတာ ဖြစ်ပါတယ်။
ဒီကိစ္စအတွက် ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြည်သူတွေပူးပေါင်းပါဝင်မှုကြောင့် မရည်ရွယ်ဘဲ ဖြစ်ခဲ့တာလို့ဆိုခဲ့ပြီး ပြည်သူတွေကို တောင်းပန်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဗိုလ်တထောင်ဘုရားမှာ အမတော် မြနန်းနွယ် နန်းဆောင်ယာယီပြောင်းရွေ့ပွဲကို တိုင်းအစိုးရက ဦးဆောင်ပြီး မေလ(၂၄)ရက်နေ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီပွဲကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် အယောက် (၃၀)ကျော်လောက် တက်ရောက်ခဲ့ပြီး အလှူရှင်တွေနဲ့ ပြည်သူတွေလည်း အပါအဝင် လူ (၁၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ယင်းဘာသာရေးပွဲ ကျင်းပစဉ် လူစုလူဝေးဖြစ်ခဲ့တဲ့ ပုံတွေဟာ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေ များပြားနေတာပဲ ဖြစ်ပါတယ်။
လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ကျွန်တော်တို့က အခမ်းအနားကိုလည်းကျန်းမာရေးနဲ့ အညီလုပ်ခဲ့တာပါ။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ညွှန်ကြားချက်တွေထုတ်ထားသလို ကျွန်တော်တို့ ကိုယ်တိုင် လိုက်နာဖို့လိုတယ် ဆိုတာလည်း ကျွန်တော်တို့သိပါတယ်။
လူများသွားတာကလည်း မထင်မှတ်ဘဲအခုလိုဖြစ်သွားတာပါ။ အလှူရှင်တွေလည်းပါသလို ပြည်သူတွေလည်းပါဝင်လာတော့ လူကများသွားတာပါ။ ပွဲကိုတော့ ကျန်းမာရေးနဲ့အညီဖြစ်အောင် ကြိုးစားပြီးလုပ်ဆောင်ခဲ့ပေမယ့် လူစုလူဝေးဖြစ်သွားတဲ့အပေါ် စိုးရိမ်နေကြတဲ့ ပြည်သူတွေကိုလည်း တောင်းပန်ပါတယ်” လို့ ပြောပါတယ်။
ကိုဗစ် ဖြစ်ပွားစဉ်ကာလအတွင်းမှာ လူစူလုဝေးမလုပ်ကြဖို့အတွက် အစိုးရက ဥပဒေထုတ်ပြန်ထားပြီး ဖောက်ဖျက်သူအချို့ကိုလည်း အပြစ်ပေးအရေးယူမှုတွေရှိနေပါတယ်။ အင်းစိန်က ဘာသာရေးပွဲပြုလုပ်ရာမှာ ဦးဆောင်ခဲ့သူအချို့ကို တရားစွဲဆိုထားချိန်မှာ အခုလို တိုင်းအစိုးရဦးဆောင်တဲ့ ဘာသာရေးအခမ်းအနားလုပ်ဆောင်တာက မျှတမှုမရှိဘူးဆိုတဲ့ အမြင်တွေလည်း ပြည်သူတွေအကြားမှာရှိနေပါတယ်
Zawgyi
အမေက သာ ပြည်သူတွေ ကို ရှေ့က အော င်အောင်မြင်မြင်စည်းရုံးနိုင်နေတာ ၊ နောက်က အမေ့သားတွေက ယောင်းမမြင်းစီး ထွက်လာ လိုက်တာ ဘာသာရေးပွဲကြီးတောင် လုပ်ပြလိုက်သေး
အမေက သာ ပြည်သူတွေ ကို ရှေ့က အော င်အောင်မြင်မြင်စည်းရုံးနိုင်နေတာ ၊ နောက်က အမေ့သားတွေက ယောင်းမမြင်းစီး ထွက်လာ လိုက်တာ ဘာသာရေးပွဲကြီးတောင် လုပ်ပြလိုက်သေး
Social Distancing ဆိုတော့ လည်း လိုက်နာ ပါ တယ် ။ Mask တပ်ဆိုလည်း တပ်တယ် ။ ပွဲလမ်းသဘင်တွေ မလုပ်ရဘူး ဆိုလည်း မလုပ်ဘူး ။
အင်းစိန်က ခရစ်ယာန် ဘာသာရေးပွဲကနေ ကူးစက်မှု ရာချီသွားတဲ့ကိစ္စကြောင့် ကျင်းပသူကို အရေးယူထားတယ်။ အခုအစိုးရပိုင်းက အချို့တက်ရောက်တဲ့ပွဲ။ အဲ့ဒီကနေ ကူးစက်မှုရှိရင် ဘယ်သူတာဝန်ယူ မှာ လဲ ။
တရားမျှ တလွတ်လပ်ခြင်း နဲ့မသွေ ဆိုရင် ဘာဘာသာမို့ဆိုတာ ရှိလို့မရဘူး။ အခုလို မဆင်ခြင်တဲ့လုပ်ရပ်တွေဟာ ဘာသာဝင်တွေကြား စိတ်ဝမ်းကွဲမှုတွေ၊ နာကျည်းမှုတွေ အများကြီး ဖြစ်သွားနိုင် တယ် ။
ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေ နဲ့ ဒီလို ဘာသာရေးပွဲမျိုး ကို ပုံမှန်အချိန် မှာဆို ဝမ်းမြောက်မိမှာပါ ။ ဒါပေမယ့် အခုလို COVID-19ကြောင့် လူစုလူဝေး မဖြစ်အောင် ပြည်သူ ကို ထိန်းသိမ်းနေရချိန်မှာ အစိုးရအဖွဲ့ဝင်အချို့ ရဲ့ အခုလို လုပ်ရပ်မျိုးတွေကို ပြည်သူတစ်ယောက်အနေနဲ့ သဘောမတူပါဘူး ။ မထောက်ခံပါဘူး။
ငါးဦး အထက် မစုဝေးရ အမိန့်က ပြီးသွားပြီဆိုရင်လည်း ပြောဦး။ ဘော်ဒါတွေ နဲ့ မစုရတာ ကြာပြီဟ။ ယူတို့ချည်း ရုံးစုံရုံးစု လုပ်မနေကြနဲ့။
လိုက်နာနေတဲ့သူတွေကို စောင်ပေါမှတ်နေလား မသိ
Zawgyi
မကွေး တိုင်း ကန်တော ရစာသင်တိုက် မှာ ထူးထူးဆန်းဆ န်းတွေ့ရတဲ့ မြွေအဖြူ နဲ့ မြွေအနက်
မကွေး တိုင်း ကန်တော ရစာသင်တိုက် မှာ ထူးထူးဆန်းဆ န်းတွေ့ရတဲ့ မြွေအဖြူ နဲ့ မြွေအနက်
ဒီ ရက်ပိုင်းမှာ လူပြောများနေတဲ့ သတင်းလေးတပုဒ်နဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ် ဒီသတင်းလေးကတော့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ရှားပါးလှတဲ့ မြွေဖြူ မြွေနက်တစုံကို တွေ့ရှိရတဲ့သတင်းပါ
မွေးကတည်းကစ ယနေ့မှ ကိုယ်တိုင်မြင်တွေ့ဖူးတဲ့မြွေဖြူလေးပါ မွေးအနက်ကောင်နှင့် အတူရှိနေပါတယ်။
မြွေဖြူမြင်ရင် ငွေဝင်တတ်တာ်ဆိုတဲ့ မြန်မာအယူအဆ လည်း ရှိတာမို့ ဒီမြွေဖြူပုံလေးတွေကို လုမှုကွန်ယက်မှာ မျှဝေသူများပြားနေတာပါ ဒီမြွေဖြူမြွေနက်တစ်စုံဟာ
အခုအချိန်မှာတော့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကန်တောရစာသင်တိုက်မှာ ရောက်ရှိနေတာပါ ထူးထူးဆန်းဆန်းတွေ့ရတဲ့ မြွေဖြူ မြွေနက် တစ်စုံရဲ့ ပုံရိပ်တွေကိုပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ်။
ဘယ်လိုကံကောင်းမှာလဲ…
လူတိုင်းရဲ့ ဘဝမှာ အပြည့်ချင်ဆုံးဆုတစ်ဆုကဘာများဖြစ်မလဲ ထီသာပေါက်ကြည့်လိုက် ဘာလုပ်မှာ၊ညာလုပ်မှာနဲ့စိတ်ကူးတွေယဉ်ထားကြတာပါ။ဒီတော့ ထီပေါက်ချင်တာဟာ ဘဝမှာအပြည့်ချင်ဆုံးဆုပါပဲ။
ဒါပေမဲ့ ထီသာလတိုင်းထိုးတယ်။မပေါက်ဘူး။ကြာလာတော့ စိတ်ဓာတ်ကျလာတယ်။ စိတ်ဓာတ်မကျပါနဲ့၊အတိတ်နမိတ်တို့၊ အိပ်မက်တို့ကိုသတိထားတတ်မယ်ဆိုရင် ထီပေါက်ဖို့ အခွင့်အရေးပိုပြီးများလာနိုင်ပါတယ်။
ဘယ်လိုအတိတ်နိမိတ်လဲ။ အိပ်မက်လဲ မြွေဖြူအိပ်မက်ပါ။ အိပ်မက်ထဲမှာ မြွေဖြူတွေ့တယ်၊ မြွေဖြူတွေအများကြီးအုပ်စုလိုက်တွေ့တယ်ဆိုတာသင့်ရဲ့ကံကောင်းစေတဲ့နိမိတ်ပါပဲ။ အဲ့အိပ်မက်သာမက်လို့ကတော့ ထီသာပြေးထိုးလိုက်ပါတော့။
ထီမပေါက်ဘူးဆိုရင်တောင် တစ်ခြားကံကောင်းမှုတွေ ရလာတတ်ပါတယ်။ အဖြူရောင်မြွေ
နဲ့ကံကောင်းတာကဘယ်လိုဆက်စပ်နေတာလဲဆိုရင် မြွေဖြူဆိုတာ ဘုရားသခင်ရဲ့ကိုယ်စားပြု၊ဘုရားသခင်ရဲ့အမှာတော်ပါး စသဖြင့် အယူရှိပါတယ်။
ဒါကြောင့်မြွေဖြူဆိုမသတ်ရဘူး။ဒါကကံကောင်းစေတဲ့အနာဂတ်ကိုယူဆောင်လာပေးတဲ့သင်္ကေတလို့ လူကြီးတွေပြောတာကြားဖူးကြမှာပါ။ မြွေဖြူအိပ်မက်မက်တာဟာ တစ်ခြားကံကောင်းမှုတွေထက် သာပါတယ်။
အထူးသဖြင့် မြွေဖြူဟာ ငွေကြေးတွေအများကြီးရလာတာ၊ထီပေါက်တာစတဲ့ငွေကြေးပိုင်းဆိုင်ရာ ကံကောင်းစေပါတယ်။မြွေဖြူကိုဖမ်းမိတယ်လို့အိပ်မက်မက်ရင် ထီထိုးဖို့အကောင်းဆုံးပါ။
မြွေဖြူတွေကိုသတ်လိုက်တယ်လို့အိပ်မက်မက်ရင် ကံမကောင်းဘူးလို့ထင်စရာရှိပေမဲ့ တကယ်တော့ကံကောင်းတဲ့သင်္ကေတပါ။ ဒါကသင့်ရဲ့စီး
ပွားရေးလုပ်ငန်းတစ်ခုခုမှာအောင်မြင်မယ်လို့နိမိတ်ပြနေတာဖြစ်ပါတယ်။
အခွင့်အရေးကိုလက်မလွှတ်ပါနဲ့။ မြွေဖြူတွေကသင့်အနားကိုရောက်လာတယ်လို့မက်ရင် မကြာခင် သင့်မှာငွေကြေးကံကောင်းလာတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ မတော်တဆမှုတွေကြုံရရင်တောင်သင်က ဘာအန္တရာယ်မှမကျရောက်နိုင်ပါဘူး။
အိပ်မက်ထဲက မြွေဖြူအကြီးကြီးကကောင်းကင်ပေါ်တက်သွားတယ်လို့မက်ရင် ဒါက တကယ့်ကိုအကောင်းဆုံးအိပ်မက်တစ်ခုပါပဲ။ ဒီအိပ်မက်ကသင့်အတွက်ငွေကြေးကံကောင်းမှုတင်မက
တစ်ခြားကံကောင်းမှုတွေပါ ဆောင်ယူပေးပါလိမ့်မယ်။အလုပ်ကိစ္စ၊မိသားစုကိစ္စ၊ငွေကြေးကိစ္စအားလုံးအဆင်ပြေသွားတော့မှာပါ။
မြွေဖြူနှင့်မြွေနက် အတူတကွရှိနေခြင်းအား ရှဲလ်ခြင်းဖြင့် ယနေ့မှစ သင်ကံကောင်းပါတော့မည်။မေတ္တာဖြင့်ပြန်လည် မျှဝေပါသည်။
Zawgyi
မြွေဖြူမြင်ရင် ငွေဝင်တတ်တ်ာဆိုတဲ့ မြန်မာအယူအဆ လည်း ရှိတာမို့ ဒီမြွေဖြူပုံလေးတွေကို လုမှုကွန်ယက်မှာ မျှဝေသူများပြားနေတာပါ ဒီမြွေဖြူမြွေနက်တစ်စုံဟာ
ဘယ်လိုကံကောင်းမှာလဲ…
ထိုင်မသိမ်း ဆိုတဲ့ ရှေးအခေါ်ကို မတိမ်းပါးစေလိုပါ
ထိုင်မသိမ်း ! အခေါ်အဝေါ် မတိမ်းပါးစေလိုပါ
တစ်ခါက. TV Channel တစ်ခု မှာ နံမည်ကျော် ဒီဇိုင်နာ တစ်ယောက်ရဲ့ Interview တစ်ခုကြည့် လိုက်ရတယ် ~~ သူက. သူဖန်တီး တဲ့ မဂ်လာဝတ်စုံ တွေ အကြောင်း အားတက်သရော ရှင်းပြနေတာပါ… အဲ့မှာ ဘာတွေ့လိုက်ရလဲ ဆိုတော့
သတို့သမီး ဗြန့်ထဘီကြီးကိုကိုင်၊ကိုင်ပြီး ဒီ ထိုင်မသိမ်းကို စီးကွင့်တွေ နဲ့ ဘယ်လို ထိုးထားတာ ၊ တန်ဖိုးကြီး စိန်ပွင့်တွေ အလုံးရေ ဘယ်လောက်စီ ထားတာဆိုပြီး ရှင်းပြနေလေရဲ့!
ကိုယ့်မှာ စိတ်စနိုးစနောင့်ဖြစ်မိတယ် မြန်မာ့ရိုးရာ ဝတ်စုံ တစ်ထည်ရဲ့ အခေါ်အဝေါ် တစ်ခု ကို အထက်နဲ့ အောက် အကြိမ်ကြိမ်မှားပြီး ပြောနေ၊ခေါ်နေတာကိုပါ။
သူ့ ကို အပြစ်တင်လို့လဲ မရပါဘူး ၊ အခု အတော်များများ ကကို သတို့သမီး ဝတ်စုံ ၊ မဂ်လာဝတ်စုံကိုထိုင်မသိမ်းဝတ်မှာလေ၊ထိုင်မသိမ်း ဝတ်ပြီး ဆောင်မှာ! စသည့်ဖြင့် တွင်တွင်ကျယ်ကျယ်အမှားကြီး က တစ်ပြည်လုံး လိုလိုပါ ~~~
ဒါ ဆို ဘာအရေးကြီးလို့လဲ ၊ ဒီ အခေါ်အဝေါ် လေး အတွက်နဲ့ ဘာဖြစ်သွားမှာ မို့လို့လဲ တွေးကြ ၊ ပြောကြရင်တော့ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု နဲ့ ထုံးဓလေ့ အခေါ်အဝေါ် ပျောက်ပြီး နောက်ဆုံး အမှားကြီး ကို အမှန်ထင်သွားတယ်မှာ ၊ မပျောက်ကွယ် သင့်တဲ့ အမျိုးသားရေး လက္ခဏာ ရပ်တွေ မသိလိုက်ဖာသာ ပျောက်ကွယ်သွားရတော့မှာပါ~~ နံမည်ကျော် ဒီဇိုင်နာ တွေ အနေနဲ့လဲ ရိုးရာဝတ်စားဆင်ယင်မှု ဝေါဟာရ မှန်ကန်စေရေး အထူးဂရုပြုပေးကြပါလို့ မေတ္တာ ရပ်ခံပါရစေ
ကဲ … ထိုင်မသိမ်း အကြောင်းလေး ပြန်ဆက်ကြရအောင်
ထိုင်မသိမ်း ဆိုတာ မင်းသမီး ၊ ယခုခေတ် သတို့သမီး တွေ အပေါ်ဝတ်ရတဲ့ အကျီ်ကို ခေါ်ဆိုတာပါ ၊ ရတနာပုံခေတ် မတိုင်မီ ကုန်းဘောင်ခေတ်ဦး နောက် အမရပူရ ခေတ် အထိ အမျိုးသမီး တွေ ရဲ့ အပေါ် ဝတ်အကျီ တွေဟာ သိုရင်း ၊ သင်တိုင်း သဏ္ဍန် တင်ပါးထိ ဖုံးလို့ ရှည်လျားကြပါတယ် ၊
ဒီ အခါ အဲ့အမျိုးသမီးဟာ ထိုင် လိုက်တော့မယ် ဆိုရင် ရှည်ကျနေတဲ့ အကျီ် အောက်နားစ. ကို အဝိုင်းအဝိုင်းညီအောင် သိမ်းပြီး ၊ ပြုပြင်ပြီးမှ ထိုင်ရပါတယ်
ရတနာပုံခေတ်လောက် ရောက်တဲ့ အခါမှာ အပေါ်ဝတ် သိုရင်းရှည် လို အကျီ် ကို ခါးအနီးနားတစ်ဝိုက်ထိ တိုအောင် ၊ တင်ပါး အထက်ထိ တိုအောင် ပြုပြင်ချုပ်လုပ်ဝတ်ဆင်ခဲ့ကြပါတယ် ၊
အဲ့ အပေါ်ဝတ်အကျီ်ဟာ ထိုင်လိုက်တဲ့ အခါ မှာ အနားစ သိမ်းစရာ မလိုပဲ ၊ ကိုယ်နဲ့ ချပ်ချပ်ရပ်ရပ် ရှိနေလို့ ထိုင်မသိမ်း အကျီၤလို့ ခေါ်ပါတယ်တဲ့
ရတနာပုံခေတ် က အမျိုးသမီးတွေ ဟာ ရင်စည်း ၊ ရင်ခံ အရင်ပတ်ပြီး အပေါ်က ထိုင်မသိမ်း အကျီ် ကို ထပ်မံဝတ်ဆင်ရလေ့ ရှိပါတယ် ။
ရွှေနန်းတော် အတွင်းက. မိဘုရား ၊ မင်းသမီး များ ကတာ့ ခါးသေး ၊ ရင်ချီအောင် ဂရုစိုက်ပြီး ကိုယ်ကျပ် အကျီ် ကို အနောက်တွင် ကြိုးနှစ်ဆယ့်လေးချောင်းယှက်သိုင်းထိုး ကာ ဝတ်ဆင်ပြီး ထိုင်မသိမ်း အကျီ်ကို အပေါ်က. ထပ်ဝတ်ပါတယ်။
အဲ့ ထိုင်မသိမ်းအကျီ် မှာ ရှေ့ နှစ်ခု စိတဲ့ နေရာ ၊ ဗိုက်ပြင်အနီးနား မှာ ယနေ့ခေတ် အလွယ်ခေါ်နေတဲ့ ကြေးစည် ( အမှန်က. ကရနို့ ၊ အနို့ ) နှစ်ဖက်ချ ချုပ်လုပ် တပ်ဆင်ရပါတယ်….။
အောက်က ဝတ်တာ တော့ ဗြန့်ထဘီ ပေါ့ ၊အနက်ရောင် အထက်ဆင်အပြားကြီး နှစ်ထွာခန့် ၊” အကိုယ် “ဆိုတဲ့ ချိတ်သား က တစ်တောင်လောက်သာ ရှိပါတယ် ၊ ထို ကိုယ်ထည်သား အောက်က မှ ကန်လန့်စင်း အကြောင်းလေးများကို “သာလိကာမျက်လုံး ” ခေါ်ပြီး အောက်ဆုံးကမှ ရေသီနား ဆက်ရပါတယ် ။
ဒါဟာ ရှေးမြန်မာအမျိုးသမီးတို့ရဲ့ ဝတ်စားဆင်ယင် မှု ထိုင်မသိမ်း ၊ ဗြန့််ထဘီ တို့ပါ
ဒါဆို အဲ့ခေတ်က. အမျိုးသမီး တွေ ဘယ် ပေါ့ပေါ့ပါးပါးရှိပါလဲ ၊ အိမ်နေရင်း ဘယ်လိုများ နေကြပါလိမ့် ဆိုရင်… ပွဲလမ်းသဘင်မရှိလို့ အိမ်နေရင်း အခါ ၊ ညဘက် အိပ်ရာဝင်တဲ့ အခါတွေ မှာတော့ ယနေ့ ခေတ်အခေါ် ကွင်းထမီ ၊ အဲ့ခေတ် အခေါ် ဒုံးထဘီ တွေ ဝတ်ပြီးအိပ်ကြနေကြပါတယ်၊
အပေါ်အကျီ် ကတော့ ရင်ဖုံးလက်ရှည်၊ တရုတ်ပွ ရင်ဖုံးအကျီ်များ နဲ့ နေကြ ၊ အိပ်ကြရပါတယ်။
ဒီအကြောင်းအရာ များဟာ မြတ် သိမှီလိုက်တဲ့ သက်တော်ကြီး ဆွေတော်မျိုးတော် များ ၊ ပညာရှင်များ ကို လက်လှမ်းမှီသလောက် မေးမြန်းထားတာလေးတွေပါ၊
ဒီထက် ပိုမို ပြည့်စုံအောင် အသိပညာရှင် ၊ အတတ်ပညာ ရှင် တို့ိက ဖြည့်စွက်ရေးသားဆွေးနွေးပေးကြပါ
မြန်မာ့ယဉ်ကျေးမှု ထုံးဓလေ့ ဝေါဟာရ အမှန်များ ရှင်သန် မှန်ကန်စေလိုမှု ဆန္ဒ အမှန်ဖြင့်
မြတ်သခ်ငယ်( ခတ္တိယရိပ်ငြိမ် )
ဆရာတင့် Tint HtooAung
Zawgyi
အဲ့ အပေါ်ဝတ်အကျီ်ဟာ ထိုင်လိုက်တဲ့ အခါ မှာ အနားစ သိမ်းစရာ မလိုပဲ ၊ ကိုယ်နဲ့ ချပ်ချပ်ရပ်ရပ် ရှိနေလို့ ထိုင်မသိမ်း အကျီင်္လို့ ခေါ်ပါတယ်တဲ့
ဒါဟာ ရှေးမြန်မာအမျိုးသမီးတို့ရဲ့ ဝတ်စားဆင်ယင် မှု ထိုင်မသိမ်း ၊ ဗြန့််ထဘီ တို့ပါ
ဒီထက် ပိုမို ပြည့်စုံအောင် အသိပညာရှင် ၊ အတတ်ပညာ ရှင် တို့က ဖြည့်စွက်ရေးသားဆွေးနွေးပေးကြပါ
ဆရာတင့် Tint HtooAung
အဲကွန်း မသုံး ပဲ အပူဒဏ် ကို အံတုချ င် ပါသလား ဒီနည်းလမ်းများ အသုံးပြုလိုက်ပါ
အဲကွန်း မသုံး ပဲ အပူဒဏ် ကို အံတုချ င် ပါသလား ဒီနည်းလမ်းများ အသုံးပြုလိုက်ပါ
၁) အုပ်ကြွပ်မိုး ပါ
အုပ်ကြွပ်ဟာ အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ် ။
အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပြီး နေပူဒဏ်ကိုလည်း သွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါတယ် ။
၂) Radiant Barrier သုံးပါ
အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရပါတယ် ။ မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ insulation material ဖြစ်ပြီး အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက်သာသွားမှာ ဖြစ်ပါတယ် ။
Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီး Radiant Barrier သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ် ။
ဒီနှစ်ချက်ဟာ initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့် running cost တော်တော်သက်သာစေမှာ ဖြစ်ပါတယ် ။
အဲကွန်းသုံးမယ်ဆို ကနဦး ကုန်ကျငွေရော ၊ လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါ ထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ် ။
ဒါအပြင် အဲကွန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ် ။
၃) Aloe vera စိုက်ပါ
မိမိအိမ်ခန်းထဲမှာ Aloe Vera ပင်တွေစိုက်ထားခြင်းဖြင့် အိမ်တွင်းအပူချိန်ကို သိသိသာသာ လျော့ချနိုင်ပါတယ် ။
ဒါ့အပြင် aloe vera ဟာ formaldehyde compounds တွေကိုလည်း စုပ်ယူပေးတဲ့အတွက်ကြောင့် indoor air quality ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ် ။
ဒီအပင်စိုက်ထားခြင်းအားဖြင့် အဆိပ်အတောက်တွေကို ရှုမိခြင်း အန္တရာယ်မှလည်း ကာကွယ်နိုင်ပါတယ် ။
၄) အထက်ပါ သုံးချက်ကတော့ ခြံမကျယ်လည်း လုပ်လို့ရနိုင်ပါတယ် ။
နံပါတ်လေး အချက်ကတော့ ခြံကျယ်ကျယ်သမားတွေအတွက်ပါ ။
မိမိအိမ်မှာ မြေကွက်လပ်အပို ရှိမယ်ဆိုရင် ကွန်ကရစ်အပြည့်ခင်းခြင်းကို ရှောင်ကြည်ပါ ။
မြက်ခင်းများ စိုက်ခြင်းအားဖြင့် အပူဒဏ်လျော့ချနိုင်သလို မြေအောက်ရေကိုလည်း ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ် ။
၅) အရိပ်ရအပင်စိုက်ပါ ။
အာဆီယံနိုင်ငံနဲ့ အကိုက်ညီဆုံး Fast Growing Shade Trees တွေထဲမှာ ပိတောက်ပင်ကို ညွှန်းဆိုကြပါတယ် ။ ဒုတိယကတော့ ကုက္ကိုလ်ပင်ပါ ။
ဒီငါးချက်ကို တတ်နိုင်တဲ့သူတွေ ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုစိတ်ရှိတဲ့သူတွေ အခုကစ လုပ်ဆောင်ကြမယ်ဆိုရင် နောက်လာမည့်နှစ်တွေမှာ အပူဒဏ် လျော့ကျသွားနိုင်ပါတယ် ။
လေးစားစွာဖြင့် ခရစ်ဒက် – SI THU ( IC )
Zawgyi
၁) အုပ်ကြွပ်မိုး ပါ
၃) Aloe vera စိုက်ပါ
၎) အထက်ပါ သုံးချက်ကတော့ ခြံမကျယ်လည်း လုပ်လို့ရနိုင်ပါတယ် ။
၅) အရိပ်ရအပင်စိုက်ပါ ။