လောကဓံကိုဖြစ်သလိုဖြတ်သန်းနေရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း
လောကဓံကိုဖြစ်သလိုဖြတ်သန်းနေရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း
အသက်မပြည့်သေးဘဲ ပြည့်တန်ဆာလောကထဲရောက်သွားရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း – ကျွန်တော်မျက်မှန်းတန်းမိနေတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်ကို HIV ပိုး ရှိသူများအားထားရာ ရန်ကုန်မြို့ကအခမဲ့ဆေးပေးခန်းတစ်ခုမှာ မကြာသေးခင်ကတွေ့လိုက်ရပါတယ်။ သူနဲ့အတူပါလာတဲ့ အသက် ၄ဝ ဝန်းကျင်အရွယ်အမျိုးသမီးဟာသူ့မိခင်ဖြစ်ပြီး သူ့လိုပဲပြည့်တန်ဆာအလုပ်လုပ်ကိုင်သူပါ။
မိခင်အတွက်လိုအပ်တဲ့ဆေးဝါးထုတ်ယူဖို့ ဆေးခန်းရောက်နေကြတာလို့ဆိုပါတယ်။ ခန္ဓာကိုယ်နဲ့ရင်းအသက်မွေးဝမ်းကျောင်းပြုတဲ့ အရပ် ၄ ပေ ကျော်ကျော်၊ အသားညိုညို၊ပိန်ပိန်ပါးပါး မဝတ်ရည်(အမည်လွှဲ) က ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်မြို့လယ်မှာ အရွယ်စုံပြည့်တန်ဆာတချို့နဲ့အတူ ဖောက်သည်စောင့်နေတတ်သူပါ။ မြို့ထဲလမ်းမပေါ်ရှိနေတတ်တဲ့ဒီမိန်းကလေးကိုတွေ့တာနဲ့ အသက် ၁၈ နှစ် မပြည့်သေးဘူးဆိုတာကို အလွယ်တကူသတိထားမိကြပါလိမ့်မယ်။
ရန်ကုန်ရဲ့စော်ဘွားကြီးကုန်း၊ ဘုရင့်နောင်၊ ပြည်လမ်းမတလျှောက် ဖောက်သည်တစ်ယောက်ယောက်နဲ့ချိတ်မိရင် ရောက်သွားတတ်တဲ့နေရာကတော့ တည်းခိုခန်းတစ်ခုခုပါပဲ။
“တည်းခိုခန်းထဲဝင်လိုက်တာနဲ့ သမီးအသက်ဘယ်လောက်လဲမေးကြတယ်။ သမီးက ၁၈ နှစ် ပြည့်ပြီးသားလို့ပြောရင်လည်းမယုံကြတာကြောင့် သမီးဖောက်သည်ပျက်ရတဲ့အကြိမ်လည်း မနည်းတော့ဘူး” လို့သူကဆိုတယ်။ လမ်းပေါ်မရောက်ခင်သူလုပ်ကိုင်ခဲ့တဲ့နေရာက အနှိပ်ခန်းတစ်ခုမှာပါ။ တကယ်တမ်းကအဲဒီနေရာဟာ လိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်တဲ့နေရာပါ။အဲဒီကိုရောက်ရောက်ချင်း သူပထမဦးဆုံးဖျော်ဖြေပေးရတာကတော့ အဲဒီအနှိပ်ခန်းပိုင်ရှင်ကိုပါပဲ။ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကို နိုင်ငံအများအပြားမှာ ဥပဒေနဲ့တားမြစ်ထားတဲ့အတွက် တခြားလုပ်ငန်းတစ်ခုဗန်းပြပြီးလုပ်ကိုင်ကြပါတယ်။
ဥပဒေနဲ့မလွတ်ကင်းတဲ့အတွက် ပေးကမ်းရမယ့်သူတွေကို ပုံမှန်ပေးကမ်းပြီးလုပ်ငန်းလည်ပတ်နေကြတယ်ဆိုတာ သူတို့ရဲ့ဖောက်သည်တွေရော၊ ဖောက်သည်မဟုတ်သူတွေပါ နားလည်ထားပြီးသားပါ။ မြန်မာနိုင်ငံမှာလည်းဒီလိုပါပဲ။
အနှိပ်ခန်း၊ ကာရာအိုကေ၊ KTV စတာတွေရဲ့နောက်မှာ တားမြစ်ထားတဲ့လုပ်ငန်းရှိနေတတ်ပါတယ်။ တချို့ဆိုရင် အလှပြင်ဆိုင်ဗန်းပြဖွင့်တာတောင်ရှိနေပါပြီ။ဖောက်သည်တွေပုံမှန်ရှိ၊ လုပ်ကိုင်သူတွေလည်းရှိ၊ တားမြစ်ပိတ်ပင်ဖို့လည်းအခက်အခဲရှိတဲ့ဒီလုပ်ငန်းကို တရားဝင်ခွင့်ပြုပြီးစည်းကမ်းတကျ လုပ်ကိုင်ခွင့်မပေးသင့်ဘူးလားဆိုပြီး ဆွေးနွေးသူတချို့ရှိပါတယ်။
တားမြစ်ထားတဲ့ဒီလုပ်ငန်းထဲကအမျိုးသမီးတွေထဲမှာ တချို့ကအသက် ၁၈ နှစ် မပြည့်သေးပါဘူး။ အမျိုးသမီးတွေ ပြည်တန်ဆာလောကထဲ ဝင်ရောက်လုပ်ကိုင်ကြခြင်းဟာ ဆင်းရဲနွမ်းပါးမှုနဲ့ပတ်သက်နေတယ်လို့ Marie Stopes International Myanmar မှ မြန်မာပြည်ဆိုင်ရာညွန်ကြားရေးမှူး ဒေါက်တာစစ်နိုင်ကပြောပါတယ်။ ပြည့်တန်ဆာလုပ်ငန်းထဲ အသက် ၁၈ နှစ်အောက်အမျိုးသမီးတွေရှိနေတယ်ဆိုတဲ့အကြောင်း ဆောင်းပါးရေးဖို့ကျွန်တော်မဝတ်ရည်ကို အင်တာဗျူးဖြစ်တဲ့အချိန်မှာတော့ သူဟာသူ့မိခင်လို HIV ပိုးကူးစက်ခံရမှာကိုကြောက်ရွံ့ပြီး ဒီပြည့်တန်ဆာလောကကိုစွန့်ခွာဖို့ ပြင်ဆင်နေချိန်ဖြစ်နေပါတယ်။
ခန္ဓာကိုယ်ရင်းပြီး နေ့စဉ်ပုံမှန်ဝင်ငွေ သုံးသောင်းကနေငါးသောင်းလောက်အထိဝင်နေတဲ့ဘဝကနေ တစ်လမှကျပ် ၈ သောင်းသာရမယ့်ဖုန်းပစ္စည်းရောင်းတဲ့ဆိုင်မှာ ဝင်လုပ်ဖို့စီစဉ်နေတာပါ။ ကျွန်တော်တို့နိုင်ငံမှာ သူ့လိုအသက် ၁၈ နှစ်မပြည့်ခင်အရွယ်ထဲက ကိုယ့်ရဲ့အပျိုစင်ကိုရောင်းခံရ၊ အသုံးချခံရ၊ တချို့ဆိုရင်အကြမ်းဖက်ခံလိုက်ရပြီး ပြည့်တန်ဆာလောကထဲကိုရောက်သွားတဲ့သူ ဘယ်လောက်များရှိနေမလဲ၊ HIV ပိုး ကူးစက်ခံရသူဘယ်လောက် ရှိမလဲ။
မဝတ်ရည်နဲ့စကားပြောနေရင်း ရှိုက်သံတွေကြားရပါတယ်။ ကိုယ့်သမီးလေးများဖြစ်ရင်တော့ဆိုတဲ့ခံစားချက် ပေါ်လာတဲ့အတွက်စိတ်မကောင်းဖြစ်၊ ဆို့နင့်ခဲ့ရပါတယ်။ ကလေးအရွယ်မှာကတည်းက ကြမ်းတမ်းခတ်ထန်တဲ့ဘဝကို ရောက်သွားရတဲ့သူကိုမြင်ရတော့ ဘာကိုသွားအပြစ်တင်ရမှန်းမသိတော့ပါဘူး။ ပြည့်တန်ဆာအလုပ်ကို မကောင်းမှုလို့မြင်ကြပြီး ပြည့်တန်ဆာအမျိုးသမီးကို မကောင်းတဲ့မိန်းမလို့ဆိုတတ်ကြပါတယ်။
တချို့အမျိုးသားတွေက ကိုယ့်ဘာသာအပျော်အပါး တိတ်တဆိတ်လိုက်စားချင်လိုက်စားမယ်၊ တိတ်တိတ်ပုန်းအငယ်အနှောင်းထားချင်ထားမယ်၊ အများရှေ့မှာတော့ အာဘောင်အာရင်းသန်သန်နဲ့ “ဟာ ဒါ ယဉ်ကျေးမှုနဲ့မကိုက်ညီဘူး” လို့ ပြောကောင်းပြောပါလိမ့်မယ်။ လိင်ပညာပေးအစီအစဉ်တွေရှိရမယ်၊ မဖြစ်သင့်တာကိုမဖြစ်အောင်အသိပေးထားမှ နည်းမှန်လမ်းမှန်ဖြစ်မယ်လို့ပြောသူတွေလည်း ကဲ့ရဲ့ရှုတ်ချတာတွေနဲ့ကြုံရနိုင်ပါတယ်။ ပညာပေးသင့်တာပေး၊ ဆွေးနွေးသင့်တာဆွေးနွေးကြမယ်ဆိုရင်တော့ ရောဂါကူးစက်မှု၊မတရားလုပ်မှုတွေ ပမာဏအများအပြားကို လျှော့ချနိုင်ပါလိမ့်မယ်။
ပြည့်တန်ဆာနဲ့ပတ်သက်ပြီး ဥပဒေတွေကိုလည်းပြင်ဆင်ရပါမယ်။ ပြင်ဆင်တဲ့အခါလည်း အသက် ၁၈ နှစ်အောက်တွေ ပြည့်တန်ဆာလောကထဲရောက်မသွားအောင် လုံလောက်တဲ့အဟန့်အတားတွေ ထည့်သွင်းရေးဆွဲသင့်ပါတယ်။ ဥပဒေတွေခေတ်နဲ့လျော်ညီမယ်၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းအရှိန်ရလာမယ်ဆိုရင် မဝတ်ရည်ကြုံတွေ့ခဲ့ရသလိုဖြစ်ရပ်မျိုးတွေ မြန်မာပြည်မှာ လျော့နည်းသွားမှာဖြစ်ပါတယ်။
Zawgyi
အသက်ရှုနိုင်အောင် အောက်စီဂျင်ဘူးသယ်ပြီး Taxi မောင်းကာ ဘဝကိုရုန်းကန်လှုပ်ရှားနေရတဲ့ အမျိုးသား
အသက်ရှုနိုင်အောင် အောက်စီဂျင်ဘူး သယ်ပြီး Taxi မောင်းကာ ဘဝကိုရုန်းကန် လှုပ်ရှားနေရတဲ့ အမျိုးသားမကြာသေးခင်ကထိုင်းနိုင်ငံမှာရှိတဲ့ taxi ယာဉ်မောင်းအမျိုးသားကြီးရဲသနားစရာအဖြစ်အပျက်ဟာရေပန်းစားလို့ရှိနေပါတယ်အဆိုပါအမျိုးသားရဲ့အဖြစ်ကို Nongying Chuaibamrung အမည်ရှိတဲ့အမျိုးသမီးက August 26 ရက်နေ့ကTaxiငှါးစီးရင်းနဲ့သိရှိခဲ့တာပါ Nongying ဟာဖုန်းအသုံးပြုနေရင်းနဲ့ Taxiတစ်စီးငှါးစီးခဲ့တာပါ။
ကားကအတော်လေးကိုနှေးနေတဲ့အတွက်သူမကစိတ်မရှည်နိုင်တော့ပဲဖုန်းကိုချလိုက်ချိန်မှာမှကားဆရာကသူ့ရဲ့ကားခုံအနောက်ကအောက်စီဂျင်ဘူးမှပိုက်လေးထဲမှာပူဖောင်းလေးတွေပိတ်နေလားဆိုပြီးမေးမြန်းခဲ့ပါတယ်ထိုအချိန်မှသူမသတိထားမိလိုက်ပြီးအောက်စီဂျင်ဘူးကို စစ်ဆေးပေးခဲ့ပါတယ်။ထို့နောက်အဆိုပါဦးလေးကြီးကို
အကြောင်းအရင်းမေးမြန်ခဲ့ချိန်မှာတော့ငါ့မှာရောဂါအတော်များတယ်မျက်လုံးတွေလည်းသိပ်မကောင်းတော့ဘူးပြီးတော့ငါ့ရဲ့ကျောက်ကပ်တွေကလည်းကောင်းကောင်းအလုပ်မလုပ်တော့ဘူးငါကားမောင်းနေတဲ့အချိန်မှာတောင်
ကျောက်ကပ် အတွင်းအညစ်အကြေးဖယ်ထုတ်သန့်စင်ပေးရတဲ့လုပ်ငန်းစဉ်မျိုးလုပ်နေရတာအဆုတ်ရေဝင်နေလို့အခုလိုအောက်စီဂျင်ဘူးကြီးကိုငါနဲ့အတူဆောင်ထားရတာပါဆိုပြီးပြန်လည်ပြောပြခဲ့ပါတယ်။ဦးလေးကသားတစ်ယောက်ရှိပေမဲ့သားဖြစ်သူမှာလည်းလစာငွေအနည်းငယ်သာရရှိသူဖြစ်သောကြောင့်ဖခင်ဖြစ်သူကိုငွေအနည်းငယ်သာပို့ပေးနိုင်သူပါ
သို့ပေမဲ့အဆိုပါအဖြစ်အပျက်ဟာsocial mediaမှာအတော်လေးရေပန်းစားခဲ့ပြီးနောက်သနားစာနာကြတဲ့လူအတော်အများကငွေကြေး 1189487 ဘတ်ခန့်လှူတန်းပေးခဲ့ကြလို့ယခုဆိုရင် Taxi မောင်းတဲ့အလုပ်အစားကျန်မားရေးကိုမထိခိုက်တဲ့အခြားအလုပ်မျိုးကိုသာ ပြုလုပ်တော့မည်ဖြစ်ကြောင်းTaxi ဦးလေးကြီးကပြောဆိုသွားခဲ့ပါတယ်။
Zawgyi
ပြည်သူတွေ သိထားသင့် တဲ့ ယခု တခေါက် အခြေခံ လူတန်းစား ထောက်ပံ့ ကြေး (၄) သောင်း ကိစ္စ
လှိုင်မြို့နယ် အမတ်ပြောတဲ့ အခြေခံ လူတန်းစား ထောက်ပံ့ကြေး (၄) သောင်း ကိစ္စ
အခြားမြို့နယ်က ပြည်သူတွေလဲ သိထားသင့်ပါတယ်လှိုင်မြို့နယ်တွင် အခြေခံလူတန်းစား ထောက်ပံကြေးများ ပေးအပ် တော့မည် ဖြစ်ပါသည်။ အိမ်ထောင်စုပေါင်း(၁၀၂၀၀) ရရှိပါသည်။ ရရှိသည့် အိမ်ထောင်စုများ ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် စာရင်း ကပ်ထားပါသည်။
အမှားအယွင်းတော့ မကင်းနိုင်ပါ။ အတတ်နိုင်ဆုံး ရသင့် ရထိုက်သူများ ရရှိစေရန် ကြိုးစား ဆောင်ရွက်ထားပါသည်။စာရင်းမပေးမိသူများ၊ ကျန်ရစ်ခဲ့သူများ၊ ယခင်အကြိမ်များက တောက်လျှောက် ရနေသူများ မပါဝင်ခြင်း ရှိနိုင်ပါသည်။
တချို့လူလည်ကျသူများလည်း ရှိပါသည်။ ယခင်က ယောက်ကျား နာမည်နှင့် ရရှိထားပြီး ယခုတစ်ခေါက်မိန်းမ နာမည်နှင့် လျှောက်၍ စိစစ်သူများ မျက်စိလည်သွားခြင်းများလည်း ရှိပါသည်။
အိမ်ထောင်စု အားလုံးကို မပေးနိုင်၍ ထောက်ပံ့ကြေး ရသူ၊ မရသူ နှင့် သူရ ထိုက်တယ် ငါရသင့်တယ်အငြင်းပွားမှုများ ရှိနိုင်ပါသည်။ တအိမ်တွင် မိသားစု သုံးလေးစု ရှိနေခြင်းများတွင် ကျန်ရစ်ခဲ့သူများ ရှိနိုင်ပါသည်။ကျန်ရစ်ခဲ့သူများ စာရင်း ပေးထားကြပါ နောက်တစ်ကြိမ်ပေးလျှင် ရပါမည်။
လူတိုင်းကို ပေးနေခြင်း မဟုတ်ပါ။ ရပိုင်ခွင့်ဟု မမှတ်ယူပါနှင့်။ အတတ်နိုင်ဆုံး ညှိနိူင်းဆောင်ရွက်ကြပါ။မယူသင့်သူများ မရသင့်သူများ မယူပါနှင့်။ အခြားသူများကို ဦးစားပေးကြပါ။
ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ခေါင်းရှုပ်ပါမည်။ စိတ်ရှည် သည်းခံ ညှိနိူင်းပေးကြပါ။ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် လမ်းမှုးများ အဂတိကင်းပါစေ။ အထူးသဖြင့် ဆန္ဒာဂတိ ကင်းကြပါစေ။လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကျော်ကျော်ဦး
Zawgyi
နိုင်ငံ့ဝန်ထမ်းများအတွက် ရည်ရွယ်တည်ဆောက်သည့် ပထမဆုံး နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖွင့်လှစ်ပြီ
ရန်ကုန်၊ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၇၃) ရပ်ကွက်တွင် တည်ဆောက်ထားသည့် မြနန္ဒာနိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာကို ဇန်နဝါရီလ ၂၈ရက်နေ့တွင်ဖွင့်လှစ်သွားမည် ဟုသိရသည်။အဆိုပါအငှားအိမ်ရာကို
၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေတောင်းခံ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဦးစီးဌာန တာဝန်ယူဆောက်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်းများဈေးနှုန်းသက်သာစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းအငှားအိမ်ရာတွင် (၈)ခန်းတွဲ (၄) ထပ်တိုက် အပါအဝင် (၃၄) ခန်းပါသောတိုက်များပါဝင်ပြီး မိသားစု လေးဦးမှ ငါးဦးအထိ နေနိုင်မည့် စတုရန်းပေ ၄၈၀ ရှိသော အခန်း ၄၇၆ ခန်းတွင် ဝန်ထမ်း များ အငှားနေထိုင်နိုင်မည်ဖြစ်သည်။ယခုကဲ့သို့ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများ တည်ဆောက်ပေးခြင်းသည် ဝန်ထမ်းများ သွားလာနေထိုင်ရေးအတွက် အဆင်ပြေသွားမည်ဖြစ်သည်။
Zawgyi
ရန်ကုန်၊ ဇန်နဝါရီ
မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ်တည် ဆောက်သွားမည့် ရန်ကုန်-ဒလ တံတားစီမံကိန်း ၂၁ ရာခိုင်နှုန်းပြီးစီး
မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ်တည် ဆောက်သွားမည့် ရန်ကုန်-ဒလ တံတားစီမံကိန်း ၂၁ ရာခိုင်နှုန်းပြီးစီး
၂၀၂၂ခုနှစ်တွင်တည်ဆောက်ရေးလုပ်ငန်းပြီးစီးမည့်မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) စီမံကိန်း ၂၁ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။အဆိုပါတံတားပြီးစီးသွားပါက ယခင်ရန်ကုန်နှင့်ဒလခရီးသွားကြာမြင့်ချိန် အချိန်နှစ်နာရီခန့်ကြာရာမှ တံတား ပြီးစီးပါက ငါးမိနစ်ခန့်သာ ကြာမည်ဖြစ်ကြောင်းလည်းသိရသည်။
တံတားကြီးပြီးစီး သွားပါက ဒလဘက်ကမ်းမှ ပြည်သူ များ လူနေမှုအဆင့်မြင့်လာပြီး ဖွံ့ဖြိုး လာမည်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီး၏ ဝင်ပေါက်တစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဒေါက်တာကျော်လင်းကလည်း ပြောကြားထား သည်။
ဒလတံတားစီမံကိန်းကို ကိုရီးယား နိုင်ငံ EDCF ချေးငွေဖြင့် တည်ဆောက် နေခြင်းဖြစ်ပြီး တံတားစုစုပေါင်း အရှည်မှာ ၆၁၂၈ ပေရှိပြီး လေးလမ်း သွား Cable Stayed Bridge အမျိုး အစားဖြစ်ကာချဉ်းကပ်တံတား မှာ
ဒလဘက်ကမ်း၌ လေးလမ်းသွား ဖြင့် နာရီစင်ဘက်သို့ တည့်တည့် သွားမည်ဖြစ်ပြီး ရန်ကုန်ဘက်ကမ်း တွင် ဘုန်းကြီးလမ်းဘက်သို့ နှစ်လမ်း သွားဖြင့်လည်းကောင်း၊ ကမ်းနားလမ်း အတိုင်းဝါးတန်းဘက်နှင့်ပန်းဆိုးတန်း ဘက်သို့ တစ်လမ်းသွားစီ မီတာ ၅၀၀ အရှည် (Ramp) တံတားများဖြင့် လည်းကောင်း ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းတည်ဆောက်ချိန် ၄၁ လ ကြာမြင့်မည်ဖြစ်သည်။
Zawgyi
“လယ်ယာမဲ့ဖြစ်သွားတဲ့ ဖခင်တစ်ယောက်ရဲ့ ရင်နဲ့ရေးတဲစာ” အဖေသွားနှင့်ပြီကွယ်…..
“လယ်ယာမဲ့ဖြစ်သွားတဲ့ ဖခင်တစ်ယောက်ရဲ့ ရင်နဲ့ရေးတဲစာ” အဖေသွားနှင့်ပြီကွယ်…..
တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ သားအဖ နှစ်ယောက်ရှိတယ် ။ ဖခင်ဖြစ်သူက သမီးလေကို မွေးမွေးပြီး ကတည်းက အလွန်အမင်းကို ချစ်မြတ်နိုးခဲ့ရတယ် ။
သမီးလေး မွေးပြီးလို့ လသားအရွယ်မှာပဲ မိခင်က ဆုံးပါးရှာတဲ့အတွက် မိတဆိုး သမီးလေးဆိုပြီး လိုလေသေးမရှိ ထားခဲ့တယ် ။ဒါပေမယ့်လည်း ဘဝကံနုံချာလွန်းတဲ့ အတွက် ဆင်းဆင်းရဲရဲ့ ချို့ချို့တဲ့တဲ့နေခဲ့ရရှာတယ် ။ဒီလိုနဲ့ သမီးလေး အပျိုပေါက်အရွယ် ရောက်လာခဲ့တယ် ။ “ အဖေ . . သမီး မြို့မှာသွားပြီးကျောင်းတက်ချင်တယ် ” အားတက်သရော ပြောလာတဲ့ သမီးငယ်စကားကြောင့် ဖခင်ဖြစ်သူရဲ့ ရင်ထဲ ဆို့နင့်သွားခဲ့ရတယ် ။
“ အေးပါသမီးရယ် အဖေပိုင်တဲ့ လယ်ကလေးရောင်းပြီး သမီးကို မြို့ကျောင်းထားပေးမှာပေါ့ ” ဆိုပြီးအားပေးစကား ပြောဆိုခဲ့တယ် ။ ဒီလိုနဲ့ သမီးလေးတစ်ယောက်မြို့ကျောင်းကို တက်ခဲ့ပါပြီ ။လယ်ယာ မဲ့ဖြစ်သွားတဲ့ ဖခင်ကတော့ တောရွာမှာပဲ သူများလယ်ကို အငှားသွားလုပ်လိုက် ၊ သူများခိုင်းတာလေး လုပ်လိုက်နဲ့ ချို့တဲ့စွာ နေခဲ့ရတယ် ။
လစဉ်လတိုင်း ရသမျှ ပိုက်ဆံလေးကို ခြစ်ခြုတ်စုလို့ သမီးလေးအတွက် ပေးပိုရရှာတယ် ။ တစ်နေ့တော့ သမီးလေးကို တွေ့ချင်လွန်းအားကြီးတဲ့ဖခင်က မြို့ကို တက်သွားပြီး သမီးလေးကျောင်းကို လိုက်သွားခဲ့တယ် ။
သမီးဖြစ်သူက ဖခင်ကိုတွေ့တဲ့အခါ မျက်နှာတစ်ချက်ပျက်သွားပြီး မသိချင်ယောင်ဆောင်လို့ မခေါ်မပြောပဲ ထွက်သွားခဲ့တယ် ။ ဖခင်က ဝမ်းနည်းစွာနဲ့ပဲ ရွာကိုပြန်လာခဲ့တယ် ။
နောက်တစ်နေ့မှာ ရွာကိုသမီးဖြစ်သူ လိုက်လာပြီး ဖခင်ကိုပြောတယ် ။ “ အဖေရယ် ရှက်စရာကြီး သမီးကျောင်းကို ဘာလို့လိုက်လာရတာလဲ … သမီးကို တွေ့ချင်တယ်ဆို စာရေးလိုက်ပေါ့ လာတွေ့မှာပေါ့ အခုတော့ အဖေ့ကို သမီးအဖေမှန်းသာ သိသွားရင် သမီးရှက်လွန်းလို့ မျက်နှာဖော်ရဲမှာမဟုတ်ဘူး ” လို့ပြောခဲ့တယ် ။ဖခင်ဖြစ်သူက မျက်နှာညှိုးနွမ်းစွာနဲ့ မျက်ရည်တွေစီးကျလို့ သမီးဖြစ်သူကို ဘာမှပြန်မပြောပဲ တွေတွေကြီးပဲ စိုက်ကြည့်နေခဲ့တယ် ။
အဲဒီလိုနဲ့ . . .
သမီးလေးဖြစ်သူ ဘွဲ့ယူတဲ့နေ့ ရောက်လာပါပြီ ။ သမီးဖြစ်သူက ရွာက အဖေလည်း ဘွဲ့ယူတာ ကြည့်ချင်မှာပဲလေ ငါ့အဝေးကနေ ကြည့်ခိုင်းရင်ရတာပဲဆိုပြီး သူ့အဖေကို မြို့ကိုလိုက်လာဖို့ ရွာကိုစာပို့လိုက်တယ် ။ သိပ်မကြာခင်မှာပဲ ရွာက စာပြန်လာတယ် ။
“ သမီးလေး…
သမီးလေး စာပိုတဲ့အချိန် အဖေလူ့လောကမှာ မရှိတော့ဘူးကွယ် သမီး လေးမြို့ကိုခေါ်မယ့်ရက် ဆို.. အဖေ ဟာ တမလွန်မှာ ရောက်နေရောပေါ့ ဒါကြောင့် ဒီစာလေးကို ကြိုရေးထားခဲ့တာပါ ..
သမီးရေ သမီးငယ်ငယ်တုန်းကပေါ့ သမီး နဲ့အဖေ တခြားရွာကို သွားစဉ်က နေကလည်းပူ လယ်ကွင်းပြင်ပြင်ထဲ မှာ စကားလေး မပီကလာပီကလာနဲ့ သမီး ရေဆာတယ်လို့ ပူဆာခဲ့တယ်နော် ။
အဖေတို့ဆီမှာ သောက်ရေကလည်း ပါမလာတော့ သမီးကို နေရိပ်ထဲခဏထားပြီး ကွင်းပြင်ကြီးထဲ အဖေပြေးလွှားလို့ တခြားရွာမှာ သောက်ရေ သွားယူခဲ့ဖူးတယ် ။သမီး နောက်ထပ် ဆယ်နှစ်အရွယ်လောက်မှာပေါ့ ။ သမီးလေး ကျောင်းမှာ မျက်နှာ မငယ်ရဖို့ .. အဖေ ဟာ နေ့တိုင်း ထမင်းတစ်နပ်ပဲ စားပြီးခြိုးခြံချွေတာခဲ့ဖူးတယ် ။
သမီးရေ .. သမီးကို ဒါတွေပြန်ပြောနေရတာ သမီးဆီက အဖေ့မေတ္တာကို နားလည်ပေးနိုင်ဖို့ တစ်ခုပါပဲ ။
သမီးလေး . . သမီးလေး သတိမထားမိလို့ပါကွယ် သမီးလေး မြို့ကျောင်းကို အဖေ အပတ်စဉ်တိုင်းရောက်ပါတယ် သမီးလေးရှက်မှာစိုးလို့ အဖေ အဝေးကနေပဲ သမီးလေးကို ငေးမောကြည်နူးနေခဲ့ရတယ် ။
သမီးရယ် …သမီးဆီက အဖေ ဘာမှ မမျှော်လင့်ပါဘူး လူ့ဘဝဆိုတာက တိုတိုလေးပါ အဲဒီတိုတိုလေးအတွင်းမှာ သမီးကို ပြည့်ပြည့်စုံစုံ မထားနိုင်ခဲ့တဲ့ အဖေ့ကိုယ်သာ အဖေယူကြုံးမရဖြစ်ခဲ့တာပါ။သမီးရယ်. . . အဖေတို့ မိဘတွေဆိုတာ သားသမီးကို ရွေးချယ်ခွင့် မရှိသလို သားသမီးတွေကလည်း အဖေတို့ကို ရွေးချယ်ခွင့် မရှိခဲ့ပါဘူး ။
ဘဝအဆက်ဆက်က ဖြည့်ဆည်းလာတဲ့ ပါရမီတွေကြောင့်သာ ဒီဘဝမှာ မိဘနဲ့သားသမီးဆိုပြီး တော်စပ်လာခဲ့ကြရတာပါ ။
သမီးလေးရေ ..သမီးကို အဖေခွင့်လွှတ်ပါတယ် ။ ကံတရားက မိဘကိုစော်ကားလို့ အပြစ်ပေးမှာကို အဖေက စိုးရိမ်ပူပန်နေခဲ့ရတာပါ ။ သမီးလေး သွားလေရာ ခလုတ်မထိ ဆူးမညိပါစေနဲ့ ။ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ …သမီးရေ …ဖေဖေ သွားနှင့်ပြီ ..ကွယ် လူ့လောကမှာ အကောင်းအဆိုးကို အမှားအမှန်ကို ခွဲခြားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါလို့ ..မှာရင်း အဖေသွားနှင့်ပြီကွယ် ……။
အရှင်နန္ဒောဘာသာ လင်္ကာရ
Zawgyi
အဲဒီလိုနဲ့ . . .
“ သမီးလေး…
ဓမ္မရံကြီးဘုရားရဲ့ အနောက်ဘက်တောလမ်းမှာ အတွဲတစ်တွဲ ဟိုကြည့်ဒီကြည့်နဲ့ ချွေးတွေလဲပြန်နေတာ သတိထားမိလို့ မေးကြည့်လိုက်တယ်
ဓမ္မရံကြီးဘုရားရဲ့ အနောက်ဘက်တောလမ်းမှာ အတွဲတစ်တွဲ ဟိုကြည့်ဒီကြည့်နဲ့ ချွေးတွေလဲပြန်နေလို့ မေးကြည့်လိုက်သောအခါ။
အခုညနေ မြင်းလှည်းနဲ့ဧည်သယ်ကို sunsetကုန်ပို့ပြီးအပြန် ဓမ္မရံကြီးဘုရားရဲ့ အနောက်ဘက်တောလမ်းမှာ ပိုက်ဆံအိတ်တစ်လုံးတွေ့တယ်။ ကျွန်တော်လဲ ပိုက်ဆံအိပ်ကို ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံတွေ အများကြီးပဲ
ဒါနဲ့ ကျွန်တော်လဲ ဓာတ်ပုံရိုက်ထားတယ်။ အိမ်ရောက်ရင် ဖေ့စ်ဘွတ်တင်ပြီး ပိုင်ရှင်ကိုတွေ့ရင်ပြန်ပေးမယ်လို့ စဉ်းစားပြီး မောင်းလာခဲ့တာပေါ့။ ဇီးရိပ် အကြော်ဆိုင်နားရောက် တော့ E- Bikeနဲ့ အတွဲတစ်တွဲ
ဘာရောင်လဲ လို့မေးလိုက်တော့ ကောင်မလေးက ပြောတယ်။ အစိမ်းရောင်တဲ့ ကျွန်တော်လဲ လှည်းပေါ်ကနေ ပြလိုက်တယ် ဒါလားဆိုတော့ ဟုတ်တယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော်ပြန်ပေးလိုက်တယ်။
သူတို့ တော်တော်ပျော်သွားကြတယ်။ ကျွန်တော်ကို ကျေးဇူးတင်လို့ဆိုပီး မုန့်ဖိုးတစ်သောင်း ထုတ်ပေးသွားတယ်ဗျာ။ ဒီနေ့မြင်းလှည်းမောင်းလို့ရတာ ၈၀၀၀ ထောင်နဲ့ သူတို့ပေးတဲ့မုန့်ဖိုးတစ်သောင်းနဲ့ဆို
၁၈၀၀၀ရခဲ့တယ်။ ဒီနေ့အတွက်တော့ သူတို့လဲ အဆင်ပြေသွားတယ် ကျွန်တော်လဲ အဆင်ပြေတယ်။ အချိန်ပေးဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်အပေါင်းအား ကျေးဇူးအထူးတင်ရှိပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi
အလုပ်အကိုင်(၄၀၀၀)ကျော် ဖန်တီးပေးနိုင်မယ့် လုပ်ငန်း အသစ် ၁၄ ခု ရင်းနှီးမြှုပ်နှံခွင့်ပြု
ဇန်နဝါရီ(၂၈)ရက်၊ ၂၀၂၁။
အလုပ်အကိုင်အခွင့်လမ်း (၄၅၀၀) နီးပါး ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် (၁၄) ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇန်နဝါရီလ (၂၇) ရက်နေ့က ခွင့်ပြုပေးခဲ့ပါတယ်။နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍနဲ့ တခြားဝန်ဆောင်မှု ကဏ္ဍအလိုက် လုပ်ငန်းသစ်တွေကို ခွင့်ပြုလိုက်တာပါ။
ဆောင်ရွက်နေတဲ့လုပ်ငန်းတွေရဲ့ မတည်ငွေရင်း တိုးမြှင့်တာအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၉၅.၂၇၉) သန်းနဲ့ ကျပ် (၁၅၃.၆၈၆) ဘီလီယံ ရှိတဲ့ လုပ်ငန်းတွေကိုကိုခွင့်ပြုပေးခဲ့တာဖြစ်ပြီးတော့ အလုပ်အကိုင်အခွင့်လမ်း (၄၃၇၁) နေရာကို ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။
ခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ဆောင်ရွက်မယ့် ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်း(၄) ခု ပါဝင်ပါတယ်။ဒါ့အပြင် ရန်ကုန်မှာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ Scoular Myanmar Co., Ltd. က ဆောင်ရွက်မယ့် တန်ဖိုးမြင့် ငါးစာထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတစ်ခုနဲ့ ဝက်မွေးမြူရေးလုပ်ငန်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
၂၀၂၀ အထိတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ/ ဒေသ ပေါင်း (၅၁) ခုမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးကတော့ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်။
Zawgyi
ဇန်နဝါရီ(၂၈)ရက်၊ ၂၀၂၁။
အင်္ဂါဂြိုဟ်အတွက် မောင်းသူမဲ့ လေယာဉ်ကို ဦးဆောင်တီထွင်ခဲ့တဲ့ မြန်မာ အမျိုးသမီး
အင်္ဂါဂြိုဟ်အတွက် မောင်းသူမဲ့ လေယာဉ်ကို ဦးဆောင်တီထွင်ခဲ့တဲ့ မြန်မာ အမျိုးသမီးအင်္ဂါဂြိုဟ်ပေါ်မှာ နာဆာအဖွဲ့ဟာ လှည့်ပတ်ပျံဝဲမယ့် မောင်းသူမဲ့ရဟတ်ယာဉ်ကို ဦး ဆောင်တီထွင်ခဲ့သူဟာ မြန်မာလူမျိုး မိဘနှစ်ပါးကနေ မွေးဖွားလာခဲ့ပြီးတော့ မြန်မာနိုင်ငံမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့ဖူးတဲ့ ဒေါက်တာမိမိအောင်(Dr Mi Mi Aung)ပါ။
ဒေါက်တာမိမိအောင်ကို ၁၉၆၈ ခုနှစ်က အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ပြီးတော့အသက် ၂ နှစ်ခွဲအရွယ်မှာ မိဘတွေရဲ့ ဇာတိမြေဖြစ်တဲ့ မြန်မာနိုင်ငံကို ပြောင်းရွှေ့လာခဲတာပါ။ဒေါက်တာမိမိအောင်ရဲ့မိခင်ဟာလည်း မြန် မာနိုင်ငံသူတွေထဲမှာ သင်္ချာပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ ပထမဆုံး ရရှိခဲ့သူပါ။မြန်မာနိုင်ငံမှာ ရုပ်ဝတ္တုပစ္စည်း မပြည့်မစုံနဲ့ လူလားမြောက်ခဲ့ရတဲ့ ဒေါက်တာမိမိအောင်ဟာ ကြယ်စုံတဲ့ကောင်းကင်ကြီးကို မကြာမကြာ ငေးကြည့်တတ်ပြီး အာကာသထဲမှာ ငါတို့လူသားတွေပဲ ရှိတာလားလို့ စဉ်းစားခန်း ထုတ်နေတတ်တာပါ။
သူဟာ အီလီနွိုက်တက္က သိုလ်မှာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် သင်ယူခဲ့ပြီးတော့ ၁၉၉၀ ပြည့်နှစ်မှာတော့ မာစတာဘွဲ့ရခဲ့ပါတယ်တဲ့။ မာစတာဘွဲ့အတွက် သူ ရေးခဲ့တဲ့ ပါရဂူကျမ်းက ဆက်သွယ်မှုနဲ့ အချက်ပြမှုလုပ်ဆောင်ချက်အကြောင်း ဖြစ်ပါတယ်။
မာစတာဘွဲ့ယူပြီးချိန်မှာ ပါမောက္ခတစ်ယောက်က သူ့ကို Jet Propulsion Laboratory (JPL)ရဲ့ အာကာသရဲ့ နက်ရှိုင်းတဲ့နေရာက ရှာဖွေမှုလုပ်ငန်းအကြောင်း ပြောခဲ့တာပါ။
JPL ဟာ အာ ကာသရဲ့နက်ရှိုင်းတဲ့နေရာက မသဲမကွဲအချက်ပြမှုတွေကို ရှာဖွေဖမ်းယူနေတာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုး ရအဖွဲ့က ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ JPL ဟာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစင်တာဖြစ်ပြီးတော့ နာဆာအဖွဲ့ရဲ့ လက်တွေ့ဆောင်ရွက်မှုစင်တာပါ။
JPL မှာ အလုပ်လုပ်ခွင့်ရရင် သူနှစ်သက်တဲ့ သင်္ချာပညာရပ်ကို သူစွဲလမ်းနေတဲ့ အာ ကာသအကြောင်း၊ သူ့ရဲ့အင်ဂျင်နီယာပိုင်းဆိုင် ရာ ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ်ဖို့ အခွင့် အရေးပဲလို့ ဒေါက်တာမိမိအောင်က တွက်ဆမိခဲ့ပါတယ်။
စစချင်းမှာတော့ အာကာ သယာဉ်တွေနဲ့ ဆက်သွယ်နိုင်ဖို့ နာဆာအဖွဲ့ အသုံးပြုတဲ့ Deep Space Network မှာ အလုပ်လုပ်ခဲ့ပြီးတော့ နောက်ပိုင်းမှာ အာ ကာသယာဉ်သွားလာမှုကို ထိန်းချုပ်တဲ့ GNC(guidance, navigation, and control) စနစ်တွေကို အဆင့်မြှင့်တင်ခဲ့ပါတယ်တဲ့။
၂၀၁၃ ခုနှစ်မှာ JPL က သူ့ကို မောင်းသူမဲ့စနစ်ကဏ္ဍမှာ လက်ထောက်မန်နေဂျာ ခန့်အပ်ခဲ့ပြီး နောက် ၂ နှစ်အကြာမှာပဲ အင်္ဂါဂြိုဟ်ပေါ် ပျံဝဲမယ့် ရဟတ်ယာဉ်တီထွင်ရေးအဖွဲ့ကို ဦးဆောင်ဖို့ တာဝန်ပေးအပ်ခဲ့တာပါ။
လူသားသမိုင်းတစ်လျှောက် တခြားဂြိုဟ်တစ်ခုမှာ ပထမဆုံးပျံဝဲမယ့် ရဟတ်ယာဉ်တီထွင်ဖို့ဆိုတာ အင်ဂျင်နီယာပညာရပ်ရဲ့ အံ့အားသင့်ဖွယ်စွမ်းဆောင်မှုတစ်ခုပါပဲ။ အင်္ဂါဂြိုဟ်ရဲ့ လေထုသိပ်သည်းဆက ကမ္ဘာမြေပေါ်က လေထုသိပ်သည်းဆနဲ့နှိုင်းယှဉ်ရင် ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။
ဒီတော့ အင်္ဂါဂြိုဟ်ပေါ် ပျံဝဲမယ့်ရဟတ်ယာဉ်က ပေါ့ပါးပြီးတော့ ရဟတ်ယာဉ်ဒလက်ကလည်း ပုံမှန်ရဟတ်ယာဉ်ဒလက်တွေထက် မြန်မြန်ပိုလည်မှပဲ ပျံဝဲနိုင်မှာပါ။
ဒေါက် တာမိမိအောင် ဦးဆောင်တဲ့အဖွဲ့ တီထွင်ထားတဲ့ Ingenuity Mars Helicopter ရဟတ် ယာဉ်ဟာ အလေးချိန် ၄ ပေါင်ပဲရှိပြီးတော့ ကာဗွန်ဖိုက်ဘာနဲ့လုပ်ထားတဲ့ ဒလက်တွေ တပ်ဆင်ထားပါတယ်။
အဲဒီဒလက်တွေက တစ်မိနစ်ကို အပတ်ရေ ၂၄၀၀ (2400 rpm) အထိ လည်ပတ်နိုင်ပါတယ်နော်။ အဲဒီနှုန်းဟာ ကမ္ဘာပေါ်မှာပျံသန်းနေတဲ့ ရဟတ် ယာဉ်တွေရဲ့ ဒလက်လည်နှုန်းထက် ၅ ဆ ပိုမြန်ပါတယ်တဲ့။
၂၀၁၉ ခုနှစ် ဇန်နဝါရီလက စမ်းသပ်ပျံသန်းမှု အောင်မြင်ခဲ့လို့ လာမယ့် ဇူလိုင်လ ၃၀ ရက်မှာ ဖလော်ရီဒါပြည်နယ်၊ ကာနာဗာရယ်လေတပ်စခန်းကနေ နာဆာအဖွဲ့က ဒုံးပျံလွှတ်တင်တဲ့အခါ Mars 2020 Perseverance ဂြိုဟ်ပေါ်ဆင်း သက်ရေးယာဉ် နဲ့အတူ တင်ဆောင်သွားမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဂြိုဟ်နီကြီးလို့ လူသိများတဲ့ အင်္ဂါဂြိုဟ်ဆီကို ရောက်ရှိဖို့အတွက် ခန့်မှန်းထားပြီး ကမ္ဘာမြေစခန်းကနေ ညွှန်ကြားချက်အတိုင်း ပျံသန်းမှုလုပ်သွားမှာပါတဲ့။
ဒါဟာ မြန်မာလူမျိုးမိဘနှစ်ပါးကနေ မွေးဖွားလာပြီးတော့ မြန်မာနိုင်ငံမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့ဖူးတဲ့ ဒေါက်တာမိမိအောင်အတွက် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ရပ် ဖြစ်လာမှာပါ။
သူ့မိခင်က လက်တွေ့ကျပြီး ယုတ္တိ ရှိ၊ မရှိဆိုတာကို အမြဲမပြတ် ချင့်ချိန်စဉ်းစားသူဖြစ်လို့ ငယ်ငယ်ကတည်းက ယု တ္တိကျမှုရဲ့ အရေးပါပုံကို နားလည်ခဲ့တယ်လို့ ဒေါက်တာမိမိအောင်က ပြောပါတယ်။
သင်္ချာတစ်ပုဒ် တွက်မရလို့ သင်္ချာပါရဂူဘွဲ့ရထားတဲ့ မိခင်ကို အကူအညီတောင်းခဲ့တဲ့ ဒေါက်တာမိမိအောင်ဟာ သူ့အမေရဲ့ ခ ရေစေ့တွင်းကျ ရှင်းပြမှုကို စိတ်မရှည်တော့လို့ အဖြေကို မြန်မြန်ပြောပါ အမေရယ်လို့ ပြောမိခဲ့ပါတယ်။
အရင်တုန်းက စကားပြောရင် ချိုသာနူးညံ့တဲ့ မိခင်ဟာ ဒီစကားကြားချိန်မှာတော့ အသံခပ်မာမာဖြစ်သွားပြီး နောက် ထပ် ဘယ်တော့မှ အမေ့ကို ဖြတ်လမ်းနည်း လာမမေးနဲ့ သမီး လို့ ပြောခဲ့ပါတယ်တဲ့။
မိခင်ရဲ့စကားဟာ ဒေါက်တာမိမိအောင်ကို အောင်မြင်မှုအတွက် ဖြတ်လမ်းမရှိဘူးဆိုတဲ့အသိ ရိုက်သွင်းပေးနိုင်ခဲ့ပါတယ်တဲ့။
ဒေါက် တာမိမိအောင်ဟာ ၂၀၁၉ ခုနှစ်က ဘီဘီစီသတင်းဌာနရဲ့ ကမ္ဘာ့လွှမ်းမိုးနိုင်စွမ်းအရှိဆုံး အမျိုးသမီးအယောက် ၁၀၀ စာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ်ထွက် Space Queens ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်မှာလည်း ပါဝင်ခွင့်ရခဲ့သူပါ။
သူ့ရဲ့ရည်မှန်း ချက်ကတော့ အာကာသအတွင်း စူးစမ်းရှာ ဖွေမှုလုပ်ငန်းစဉ်တွေမှာ ကျား၊ မ တန်းတူ ရင်ပေါင်တန်း ပါဝင်နိုင်ရေးပါပဲတဲ့။ လက်ရှိအချိန်အထိတော့ နာဆာအဖွဲ့ရဲ့ သိပ္ပံနဲ့ အင် ဂျင်နီယာအဖွဲ့ဝင်တွေထဲမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပဲ ပါဝင်ခွင့်ရပါသေးတယ်။
တစ်နေ့ကျရင်တော့ အင်္ဂါဂြိုဟ်ပေါ်ကို လူသားတွေ ခြေချနိုင်မှာဖြစ်သလို ဒေါက် တာမိမိအောင်ရဲ့ ရည်မှန်းချက်လည်း ပြည့်ဝလာမှာ ဖြစ်ပါတယ်။
Credit
Zawgyi
အင်္ဂလိပ်ေၾကာင်း အထက်တန်းေၾကာင်းသူဘဝကတည်းကေန အာကာသသိပ္ပံဘာ သာရပ်ကို စိတ်ဝင်စားခဲ့တဲ့ ဒေါကျတာမိမိအောငျဟာ အသကျ ၁၆ နှဈအရှယျမှာတော့ သူ ဝါသနာပါတဲ့ ပညာရပျကို ဆကျလေ့လာဖို့အတှကျကို မိသားစုနဲ့ခှဲခှာပွီး အမရေိကနျနိုငျငံကို တဈယောကျတညျး ထှကျလာခဲ့ပါတော့တယ်။
Credit
နောက်ကွယ်မှာ ကိုယ်ဝန်ရခဲ့တဲ့အထိ ဖော်ပြန်တဲ့ ဇနီးသည်ကို ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ဖော်လိုက်တဲ့ ခင်ပွန်း (ရုပ်သံ)
နောက်ကွယ်မှာ ကိုယ်ဝန်ရခဲ့တဲ့အထိ ဖော်ပြန်တဲ့ ဇနီးသည်ကို ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ဖော်လိုက်တဲ့ ခင်ပွန်း (ရုပ်သံ)
Boliviaနိုင်ငံရှိ အကွက်သေချာချထားပြီးဖြစ်တဲ့ခင်ပွန်းက သူ့အားတချိန်လုံးလိမ်လည်လှည့်စားနေခဲ့တဲ့ဇနီးသည်ကို လက်စားချေခဲ့တဲ့ဗီဒီယိုဟာ အိုးလေတကျော်ဖြစ်သွားခဲ့ပါတယ်။အဆိုပါခင်ပွန်းဟာ သူတို့ရဲ့ မမွေးဖွားသေးတဲ့ကလေးငယ်ရဲ့ Baby Shower ဆိုတဲ့ အခမ်းအနားကိုပြုလုပ်နေတုန်း သူ့အပေါ်သစ္စာမဲ့တဲ့ဇနီးသည်ဖြစ်သူရဲ့ဖောက်ပြန်မှုကို ဖော်ထုတ်ပြောပြဖို့ အထောက်အထားအပြည့်အစုံနဲ့သူ့ရှေ့နေကိုပါတပါးတည်း ခေါ်ထားခဲ့ပါတယ်။
အဆိုပါခင်ပွန်းဟာ ဧည့်သည်တွေကို မိန့်ခွန်းပြောရင်း သူ့ရှေ့နေကိုလည်း မိတ်ဆက်ပေးကာ ဇနီးသည်လွယ်ထားတဲ့ကလေးက သူ့ကလေးမဟုတ်ကြောင်းကို ပြောပြဖို့လုပ်နေချိန် ဇနီးသည်ကထိုင်ရာကနေထလာပြီး သူ့အား စိတ်အေးအေးထားဖို့တားခဲ့ပေမဲ့ သူဟာ ဇနီးသည်သူ့နောက်ကွယ်မှာ ဖောက်ပြန်နေခဲ့တဲ့ဗီဒီယိုတစ်ခုကိုပါ သူမအမျိုးတွေအား ပြခဲ့ပါတယ်။
“ဒါ ကကျွန်တော်ရှေ့နေပါ၊ဒီမှာတော့ စာရွက်စာတမ်းတွေရှိတယ်၊ ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော်လည်း ယောကျ်ားတစ်ယောက်ပါ၊ဒီမှာကြည့် ဒါက ကိုယ်ဝန်စစ်ဆေးထားတဲ့test ခင်ဗျားတို့ ကျွန်တော့်ကို အဖေဖြစ်တော့မယ်ထင်နေကြတယ်၊
ဒါမဲ့ အရေးကြီးတဲ့အချက်တစ်ချက်ကို ခင်ဗျားတို့လျစ်လျူရှုခဲ့တယ်၊ ဒီမှာ သူ့ကိုယ်ဝန်လေးလ မဟုတ်ဘဲ ခြောက်လဖြစ်နေတဲ့အထောက် အထားတွေ ဒီအိမ်ကကျွန်တော့်နာမည်အောက်မှာရှိနေပေမဲ့ ဒီနေရာက ကျွန်တော်နဲ့မသက်ဆိုင်နေဘူး”လို့ဆိုခဲ့ပြီး ဇနီးသည်နဲ့ဖောက် ပြန်ခဲ့တဲ့အမျိုးသားက ဧည့်သည်တွေထဲကတစ်ယောက်ဖြစ်နေသလို သူ့သူငယ်ချင်းလည်းဖြစ်နေခဲ့ပါတယ်။
အဲဒါနဲ့ “ဒီပါတီပွဲက ငါ့အတွက်မဟုတ်ဘူး၊သူတို့အတွက် အဲ့တော့ ငါထွက်သွားမယ်”လို့ပြောပြီး အဆိုပါခင်ပွန်းက ထွက်သွားတော့ ဇနီးသည်ကလည်း လိုက်ဆွဲရင်း နောက်က သူမအမျိုးတွေနဲ့ဟိုလူကြီးကလည်း ပွလောရိုက်ရင်း အိမ်ရှေ့မှာ ဆူညံနေခဲ့ပါတော့တယ်။
Zawgyi
“ဒါ ကကျွန်တော်ရှေ့နေပါ၊ဒီမှာတော့ စာရွက်စာတမ်းတွေရှိတယ်၊ ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော်လည်း ယောက်ျားတစ်ယောက်ပါ၊ဒီမှာကြည့် ဒါက ကိုယ်ဝန်စစ်ဆေးထားတဲ့test ခင်ဗျားတို့ ကျွန်တော့်ကို အဖေဖြစ်တော့မယ်ထင်နေကြတယ်၊