မွေးနေ့အကြိုလေးကို ချစ်ရတဲ့သူငယ်ချင်းတွေနဲ့အတူ အမိုက်စားကျင်းပခဲ့တဲ့ သင်ဇာဝင့်ကျော်
ဟာခနဲဟင်ခနဲ ဖြစ်သွားရလောက်အောင် ညို့အားပြင်းတဲ့ အမိုက်စားပုံရိပ်တွေ ဗီဒီယိုလေးတွေနဲ့ ပုရိသတွေကို ကြွေစေနိုင်သူလေးကတော့ သင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ် ။
ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပတဲ့ သင်ဇာဝင့်ကျော်က ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှပိုင်ရှင်လေးဖြစ်တာကြောင့် ဘာဝတ်ဝတ်လှပနေတာ ဖြစ်ပါတယ်။
သင်ဇာက ခေါင်းအစခြေအဆုံး အပြစ်ဆိုဖွယ်မရှိအောင်လှရက်နေတာလည်း ဖြစ်ပါတယ်.။ဖြူဝင်းပြီး ကျစ်လစ်သွယ်လျတဲ့ သူမရဲ့ အလှတရားတွေပေါ်လွင်ပြီး ဆွဲဆောင်မှုအပြည့်နဲ့
ညို့အားပြင်းတဲ့ ပုံရိပ်တွေကို လှုမှုကွန်ယက်ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိကာရေပန်းစား လူကြိုက်များတာလည်းတွေ့ရပါတယ်။
ဒါ့အပြင် အမြဲသူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလေ့ရှိတာလည်းဖြစ်ပါတယ် ။အခုလည်း သူရဲ့မွေးနေ့လေးကို အိမ်ထိ suprise လာလုပ်ခဲ့တဲ့သူငယ်ချင်းတွေကြောင့် အတိုင်းမသိ ပျော်ရွှင်ခဲ့ရတာဖြစ်ပြီး အိမ်မှာပဲပျော်ပျော်ရွှင်ရွှင်
ကျင်းပခဲ့တဲ့ အမှတ်တရပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ် ။ပုံလေးတွေကြည့်ရင်း အပျော်တွေကူးစက်မိတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။
Zawgyi
သက်ကြီးပိုင်းတွေ ဖြစ်ပေမယ့် ကိုဗစ်ကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ပြီး ကုသမှု ခံယူနေတဲ့ ဦးမိုးဒီ နဲ့ ဦးဧရာ
ပရိသတ်ကြီးရေ (၂၀၂၀)ခုနှစ် တစ်နှစ်လုံးကတော့ ကိုဗစ်ကြောင့် အနုပညာရှင်တွေလည်း အလုပ်တွေ ရပ်နားထားရတာဖြစ်ပါတယ်။ အနုပညာလောကက အနုပညာရှင်တစ်ချို့လည်း ကိုဗစ်ရောဂါကြောင့် ကြွေလွင့်သွားခဲ့ရတာဖြစ်ပါတယ်နော်။အခုလတ်တလောမှာဆိုရင်လည်း ဦးမိုးဒီနဲ့ဦးဧရာတို့ လူရွှင်တော်ကြီးနှစ်ဦးကတော့ ကိုဗစ် ကူးစက်ခံလိုက်ရလို့ ဆေးရုံတက်နေရတာဖြစ်ပါတယ်။
ဦးမိုးဒီနဲ့ဦးဧရာတို့နှစ်ယောက်က အသက်ကြီးပိုင်းတွေ ဖြစ်ပေမယ့် ကိုဗစ်ကို ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်နေကြပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာတာကိုတွေ့ရပါတယ်နော်။ကောင်းစံကလည်း ဖခင်ဖြစ်သူဦးမိုးဒီကို သေချာဂရုစိုက်စောင့်ရှောက်ပေးနေပြီး အခြေအနေကိုလည်း ပရိသတ်တွေထံ အမြဲအသိပေးနေတာဖြစ်ပါတယ် ။ပရိသတ်တွေကလည်း ဦးမိုးဒီနဲ့ဦးဧရာ တို့နှစ်ယောက် အမြန်ဆုံးဆေးရုံဆင်းနိုင်ဖို့အတွက် ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်နော်။
အခုဆိုရင်တော့ လူရွှင်တော် အောင်သော်က” ဆရာကိုဧရာရယ် အဖေဦးမိုဒီရယ်နှစ်ယောက်လုံးကျန်းမာရေးကောင်းပါတယ်ခင်ဗျာ စိုးရိမ်ရတဲ့အနေထားမှာ မရှိသေးပါဘူးခင်ဗျာအားလုံးမေးနေကြလို့တင်ပေးတာပါနော်”ဆိုပြီး Video Callခေါ်ပြီး သတင်းမေးထားတာဖြစ်ပါတယ်။ပရိသတ်တွေကို အမြဲအပျော်တွေပဲပေးတဲ့ ဦးမိုးဒီနဲ့ဦးဧရာ တို့နှစ်ယောက် အမြန်ဆုံးသက်သာကြပါစေနော်။
Source and Photo Credit:Aung Thaw
Zawgyi
ဘောလုံးနေ နဲ့ အပီအပြင် ဆက်ဆီပိုစ့်တွေပေး နေတဲ့ မမသင်ဇာ
အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေ နဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားနေသူလေးကတော့ မင်းသမီးချော ဝါဆိုးမိုးဦးရဲ့ ညီမလေး သင်ဇာကို သိကြမယ်လို့ မျော်လင့်ပါတယ် ။ သင်ဇာဟာ အရမ်းကို လှလွန်းနေပြီးအမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ့ ပရ ိသတ်တွေကြားမှာ ရေပန်းစားနေသူလေးကတော့ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမလေးကတော့ အခုနောက်ပိုင်း အနုပညာ လုပ်ငန်းတွေကို ဇတ်တိုက်လုပ်ကိုင်လာတာတွေရပါတယ်
သင်ဇာက သီချင်း ဗီဒီယိုတွေ မှာ ပါ သရုပ်ဆောင် နေပြီး ပရိသတ်အားပေးမှုကိုအပြည့်ရထားတာဖြစ်ပါတယ်။့်အနုပညာအလုပ်တွေကိုတော့ မပြတ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။
အခုမှာလည်း သူမရဲ့ Facebook မှာ အရမ်းကိုလှလွန်းတဲ့ ပုံတွေတင်ပေးလာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သင်ဇာရဲ့ အရမ်းလှတဲ့ ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။
photo-Thin zar wint kyaw
Zawgyi
အမိုက်စား ‌လေ့ကျင့်ခန်းတွေကို ကြိုးစားပမ်း စားလုပ်နေ တဲ့ ချီချီ ရဲ့ VIDEO
Beauty Blogger လောက မှတစ်ဆင့် အနုပညာလောက ထဲကို ဝင်ရောက်လာပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် ဝန်းရံအားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ ချီချီဟာ ယောကျာ်းလေးပရိသတ်များသာမကဘဲ မိန်းကလေးပရိသတ်တွေကပါ အရိပ်တကြည့်ကြည့်နဲ့ ချစ်ခင်မှုတွေကို ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာ အလုပ်တွေကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ကြိုးစားလုပ်ကိုင်နေတာကြောင့်လည်း အချိန်တိုအတွင်း အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။
ချီချီဟာ လတ်တလောမှာတော့ အနုပညာ လှုပ်ရှားမှုတွေ သိပ်မရှိသေးဘဲ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေကို နေ့ရက်တိုင်းလိုလို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင်လို့လည်း သူမရဲ့ လူမှုကွန်ယက်များမှ တစ်ဆင့် လှုပ်ရှားမှုလေးတွေကို အမြဲ ဝေမျှတင်ဆက် ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း ချီချီရဲ့ Facebook Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ အားလပ်ချိန်တွေမှာတောင် ခန္ဓာကိုယ် ကျန်းမာ သန်စွမ်းစေရန်အတွက် လေ့ကျင့်ခန်းတွေကို ကြိုးစားပမ်းစား လုပ်နေတဲ့ ချီချီရဲ့ ဗီဒီယိုလေးတွေပဲ ဖြစ်ပါတယ်။ ချီချီကတော့ ဝေဖန်မှုတွေ ဘယ်လောက်ပဲ ကြုံတွေ့နေပါစေ မမှုဘဲ ရှေ့ဆက်လျှောက်ရမယ့် အနုပညာပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည်ရှုခံစားနိုင်အောင် ချီချီရဲ့ ဗီဒီယိုလေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Credit
Zawgyi
Credit
လိုက်ဖက်တဲ့ ဖက်ရှင်လေး ကို အထာကျကျ ဝတ်ဆင်ပြီး ဆွဲဆောင်မှု ရှိရှိ အသည်းယားစရာ ကောင်းအောင် ပို့စ်ပေးနေ တဲ့ သွန်းဆက်
မင်းသမီးချောလေးသွန်းဆက် က အောင်မြင်နေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ဖြူဖွေး နုဖက်နေတဲ့ အသားရေလေးတွေကို ပိုင်ဆိုင်ထားသလို ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာဖြစ်ပါတယ်။ဒါ့အပြင် မကြာခဏဆိုသလို အသည်းယားစရာကောင်းတဲ့ tiktok လေးတွေကိုလည်း ဆော့ကစားတာ တွေ့ရပါတယ်။ သူမရဲ့ tik tok လေးကလည်း ကြည့်ရှု့သူများပြီး ရေပန်းစားနေတဲ့ tik tok လေးတွေပဲ ဖြစ်ပါတယ်။
သွန်းဆက်ကတော့ ဝတ်စားဆင်ယဉ်မှုမှာလည်း ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေ ကြောင့် ဘယ်လို့ ဖက်ရှင်တွေပဲ ဖြစ်ဖြစ် စမတ်ကျကျ ဝတ်ဆင်တတ်သူပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမဟာ ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေကို ခဏတာရပ်နားထားတာ ဖြစ်ပါတယ်။ ယခုမှာတော့ သွန်းဆက်က မြင်သူတိုင်း ချစ်အားပိုလောက်မယ့် အလန်းစား ပုံလေးတွေကို တင်ပေး လာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ သွန်းဆက်က အေးချမ်းတဲ့ ဒီဇင်ဘာလလေးနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်လေး ဝတ်ဆင်ပြီး အထာကျကျပို့စ်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဝတ်ဆင်ထားတဲ့ ဖက်ရှင်လေးကလည်း ပင်ကိုယ်အလှတရားတွေနဲ့ လိုက်ဖက်နေတာ တွေ့ရပါတယ်။ ကဲ..ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ဖမ်းစားထားတဲ့ သွန်းဆက်ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source – Thun Sett fb account
Zawgyi
လူတချို့ရဲ့ဝေဖန် စော်ကားမှုကိုခံရလို့ ကြိုးစားခဲ့ပြီး အကယ်ဒမီရခဲ့တဲ့ သူဘဝအကြောင်းပြောပြလာတဲ့ ထွန်းထွန်း
ပရိသတ်ကြီးရေ ထွန်းထွန်းကတော့ အဆိုတော်တစ်ယောက်အနေနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ ကြိုးစားအားထုတ်မှုတွေကြောင့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ယခုမှာတော့ ထွန်းထွန်းက အနုပညာလောကမှာ အခက်အခဲတွေကြားထဲကနေ လျှောက်လှမ်းလာခဲ့တဲ့ သူ့ရဲ့ အကြောင်းလေးတွေကို ရေးသားဖော်ပြလာခဲ့ပါတယ်။”မိတ်ဆွေတို့ရေ….ကျွန်တော် ထွန်းထွန်း အသက် ၁၆-၁၇ ကတည်းက EXAMPLEZ မှာ သီချင်းတွေဆိုခဲ့ သီချင်းရေးခဲ့တယ်……၂၀၀၀-၂၀၀၁ ပေါ့. အခုဆို ဘာလိုလိုနဲ့ ဒီ အနုပညာလောကထဲမှာ အနိမ့်အမြင့်အတက်အကျ ပုံစံမျိုးစုံ ဘဝမျိူးစုံနဲ့ အနှစ်၂၀ ကျင်လည်ခဲ့တယ်…..
အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကြောင့်သာကျွန်တော်ရပ်တည်နေနိုင်တာဖြစ်သလို… ကျွန်တော့်ကို ယုံကြည်မှုရှိပေးကြတဲ့ Production တွေ Producer တွေနဲ့ အမြဲတမ်းကူညီစောင့်ရှောက်ပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့်လည်းဖြစ်ပါတယ်…..ရုပ်ရှင်လောကထဲစဝင် ဦးကျော်ဟိန်းဆီရောက် တော့လည်း တချို့တွေက “သီချင်းပဲဆိုစမ်းပါ လိုင်းကြောင်ပြန်ပီ” ဆိုတာ မကြားတကြား ပြောတာတွေ, နာမည် တပ် ဒဲ့ စော်ကားခံရတာတွေကြားထဲကနေ စိတ်ပိုင်းဖြတ်ပြီး ကြိုးစားလေ့လာခဲ့ရတယ်. (ခုထိသင်ယူကြိုးစားနေဆဲပါပဲ) ခင်ဗျားတို့အထင်မကြီးတဲ့ Rap ဆိုတဲ့ ချာတိတ်တကောင် အနေနဲ့ ပထမဆုံး အကယ်ဒမီ ရတဲ့သူဖြစ်လာဖို့ ရည်မှန်းချက်ထားခဲ့တယ် ကြိုးစားခဲ့တယ်…ရခဲ့တယ်……ဒါကလည်း ကျွန်တော်တယောက်တည်းတော်နေ တတ်နေလို့ လုံးဝ(လုံးဝ) မဟုတ်ပါဘူး ဆရာကောင်း လုပ်ဖော်ကိုင်ဖက်ကောင်း Team Work ကောင်းလွန်းလို့ ကျွန်တော်က မြှောက်စားခြင်းခံခဲ့ရတာပါ……..
မိတ်ဆွေတို့ရေ ….ဘဝရဲ့မှတ်တိုင်တွေမှာ အမြဲတမ်းအနားမှာရှိနေပေးနိုင်တာ မိသားစုပါ အခုဆိုရင် ကျွန်တော့်ကို နှင်းဆီ(အငြိမ့်) မိသားစုရဲ့သား,တစ်ယောက်လို့ မြင်နေပေးကြပါပြီ. နှင်းဆီအဖွဲ့က ကျွန်တော့်အတွက်မိသားစုကြီးဆိုရင် EXAMPLEZ ကကျွန်တော့်ရဲ့ပထမဆုံး မိသားစုလေးပါပဲ ဒီကောင်တွေ နဲ့ အတူတူလူလားမြှောက်လာကြတယ် ဝါသနာကို အရင်းတည်ပြီး ဖြစ်ချင်တာတွေကို လုပ်ခဲ့ကြတယ်၊ ရန်ဖြစ်တယ်၊စကားများတယ်၊ ပြန်ခေါ်တယ်၊ ထပ်ကောက်တယ်၊ ပြသနာတွေ တူတူဖြေရှုင်းကြတယ်၊ ခရီးတွေ အများကြီးတူတူထွက်ခဲ့ကြတယ်၊ ဖေးမခဲ့ကြတယ်၊ မိတ်ဆွေတို့ရေ ….EXAMPLEZ ကို ချစ်တဲ့ ပရိတ်သတ်တွေအတွက် အခုဆိုအနှစ်၂၀Examplez 20YearsOfExamplez_Music_live ပွဲကြီးကို ရည်မှန်းထားတဲ့အတိုင်းစီစဉ်ခဲ့နိုင်ပါပြီ
လာမယ့် December ၄ ရက်နေ့ ည ၇နာရီမှာ ကျွန်တော်တို့တွေ သီချင်းတွေ ဆိုပြပါမယ်.. ကျွန်တော်တို့ရဲ့ ပရိသတ်တွေ မသိသေးတဲ့ အကြောင်းလေးတွေကို ရင်းရင်းနှီးနှိးပြောပြချင်ပါတယ်…..ဒါကြောင့် EXAMPLEZ ပရိသတ်တွေ အချိန်လေးပေးပြီး ကြည့်ဖို့ လေးနက်စွာဖိတ်ခေါ်ပါတယ်. ….လာရောက်စိတ်အမောတချို့ ဖြေဖျောက်ကြပါဗျာ.”ဆိုပြီး ရေးသားထားပါတယ်။
Zawgyi
မှော်ဘီမှာရှိတဲ့ခင်လှိုင်ရဲ့ခြံကြီးဆီကို တစ်ညအိပ်သွားရောက်ပြီး ချစ်ညီအစ်ကိုတွေနဲ့ တပျော်တပါးစားသောက်ခဲ့တဲ့ မြင့်မြတ်ရဲ့ဗီဒီယို
မြင့်မြတ်ကတော့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးမှုကို အများဆုံးရရှိထားသူတစ်ဦး ဖြစ်ပါတယ် ။ မသိသူမရှိလောက်အောင် အောင်မြင်နေတဲ့ မြင့်မြတ်က မာန်မာနကင်းစင်ပြီး ဖော်ရွေလွန်းလို့ ပရိသတ်တွေကပိုချစ်ရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မြင့်မြတ်က အားလုံးအပေါ်မှာ ရင်းရင်းနှီးနှီးဆက်ဆံလေ့ရှိသလို ပျော်ပျော်လည်းနေတတ်တာကြောင့် လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ် ။
မြင့်မြတ်က ချစ်ဇနီးနဲ့သားလေးကို အလေးထားပြီး ဂရုတစိုက်ချစ်ပေးတတ်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော် ။ မြင့်မြတ်ကအနုပညာလောကသားတွေနဲ့ဆိုရင်လည်း ညီအစ်ကိုမောင်နှမတွေပမာ ခင်မင်ရင်းနှီးနေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ပြီးခဲ့တဲ့တန်ဆောင်မုန်းလပြည့်ညမှာ မြင့်မြတ်က သူနဲ့အရမ်းခင်တဲ့ ခင်လှိုင့်ဆီကို အလည်တစ်ခေါက်သွားရောက်ပြီး ပျော်ခဲ့တာ ဖြစ်ပါတယ်။
မြင့်မြတ်က K ညီ၊ ထူးခြားတို့နဲ့အတူ မှော်ဘီမှာရှိတဲ့ ဦးခင်လှိုင်ရဲ့ခြံကြီးမှာ တစ်ညအိပ်ခဲ့တာဖြစ်ပြီး ပျော်ပျော်ပါးပါး စားသောက်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ မြင့်မြတ်က “ကျွန်တော်တို့ညီအစ်ကိုတွေ ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးကို ချစ်ပရိသတ်များလည်း ကျွန်တော်နဲ့ထပ်တူပျော်ရွှင်ရအောင် တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ… ” ဆိုပြီး ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ကဲ ဦးခင်လှိုင်ရဲ့ခြံကြီးထဲမှာ တန်ဆောင်မုန်းလပြည့်ညကိုဖြတ်သန်းခဲ့တဲ့ မြင့်မြတ်တို့သူငယ်ချင်းတစ်စုရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Video ကြည့်ရန်
Zawgyi
Video ကြည့်ရန်
လမ်းမပေါ်မှာ ကလေးလေးတစ်ယောက်လိုခုန်ပေါက်နေပြီး လွတ်လပ်ပေါ့ပါးစွာနဲ့ပျော်ရွှင်နေတဲ့ ဆောင်းယွန်းစံရဲ့ဗီဒီယိုလေး
ပရိသတ်ကြီးရေ…….မင်းသမီးချောလေးဆောင်းယွန်းစံကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အချိန်တိုအတွင်းရရှိခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ သူမကတော့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာဖြစ်သလို ကြော်ငြာတွေလည်း ရိုက်ကူးနေတာဖြစ်ပါတယ်နော်……။
ဆောင်းယွန်းစံဟာ ရွှေကြိုတစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ်စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ကျစ်လျစ်သွယ်လှတဲ့ဘော်ဒီအချိုးအစားလေးဟာလည်း ပုရိသတွေရဲ့ အသည်းစွဲပါပဲနော်။ သူမဟာ အားလပ်ချိန်လေးတွေမှာဆိုရင်လည်း Tik Tokဗီဒီယိုတွေကိုရိုက်ကူးလေ့ရှိပြီး ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်အားပေးမှုရရှိနေတာပါ။
အခုဆိုရင်လည်း ဆောင်းယွန်းစံဟာ သူမရဲ့ Tik Tok accလေးမှာ ချစ်စရာဗီဒီယိုတင်ပေးလာခဲ့ပါတယ်။ ဆောင်းယွန်းစံဟာ ကလေးလေးလိုလမ်းမထက်မှာ ခုန်ပေါက်နေပြီး သီချင်းလေးအတိုင်း ချစ်ဖို့ကောင်းအောင်ကပြထားတာဖြစ်ပါတယ်နော်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Zawgyi
ကိုဗစ်ရောဂါကြောင့်ဆေးကုသမှုခံယူနေရပြီး အောက်စီဂျင်ပိုက်တန်းလန်းနဲ့ သူ့ရဲ့အခြေအနေလေးကို ကြိုးစားပမ်းစားပြောပြနေတဲ့ ဦးမိုးဒီ
ပရိသတ်တွေချစ်ရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီကတော့ အားလုံးကိုရယ်မောပျော်ရွှင်ရအောင် မျိုးစုံတင်ဆက်ပေးလေ့ရှိသူ ဖြစ်ပါတယ် ။ ပြောင်မြောက်တဲ့အနုပညာအရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဦးမိုးဒီက လူရွှင်တော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဦးမိုးဒီက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းအများအပြားရိုက်ကူးခဲ့ပြီး ဖျော်ဖြေပွဲတွေမှာလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။
မကြာခင်ရက်ပိုင်းကတော့ ဦးမိုးဒီတစ်ယောက် Covid 19 ရောဂါပိုးကူးစက်ခံရကြောင်း သရုပ်ဆောင်ဝေဠုကျော်ကတစ်ဆင့် အားလုံးသိအောင် ပြောပြခဲ့တာ ဖြစ်ပါတယ် ။ ဦးမိုးဒီက နေမကောင်းဖြစ်လို့ ဆေးစစ်ရာကနေ Covid 19 ရောဂါ Positive ဖြစ်ကြောင်း သိခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဦးမိုးဒီက ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး အခုလည်း လူရွှင်တော်ကောင်းစံက ဦးမိုးဒီရဲ့ကျန်းမာရေးအခြေအနေအကြောင်း တင်ထားတာ ဖြစ်ပါတယ် ။
လူရွှင်တော်ကောင်းစံက “ပရိသတ်များရဲ့ဆုတောင်းမေတ္တာနဲ့အတူ ဧရာဝတီစင်တာမှဗော်လန်တီယာများ၊ဆရာဝန်များရဲ့ကုသအားပေးမှုကြောင့် ဖေဖေ့ရဲ့ကျန်းမာရေးတိုးတက်ကောင်းမွန်လာပါပြီခင်ဗျာ အားလုံးကို ကျေးဇူးတင်ပါသည်။” ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ အောက်စီဂျင်ရှူနေရတဲ့ ဦးမိုးဒီက လက်မလေးထောင်ပြီး သူအဆင်ပြေကြောင်း ပြောနေတာ ဖြစ်ပါတယ် ။ ကဲ Covid 19 ရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Video ကြည့်ရန်
Source & Video Credit-ကောင်းစံ လူရွှင်တော်’s FB Acc
Zawgyi
Video ကြည့်ရန်
ဟိုတယ် အခန်းထဲက သူမရဲ့ပင်ကိုယ်သဘာဝအလှတရားတွေ နဲ့ ညို့အားပြင်းတဲ့ ဗီဒီယိုဖိုင်လေး ကို ပြသ လိုက် တဲ့ ဝါဆိုမိုးဦး
ပရိသတ်ကြီးရေ.. ဆွဲဆောင်မှုရှိပြီး ညို့အားပြင်းတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို အမြဲဖမ်းစားတတ်သူလေး ကတော့ မင်းသမီးချောလေး ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်နော်..။အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် အခိုင်အမာရပ်တည်နေသလို အဆိုတော်ဖြိုးလေးနဲ့လည်း ကြည်နူးစရာအချစ်ရေးလေးကို ပိုင်ဆိုင် ဖြတ်သန်းနေတာမို့ ပရိသတ်တွေကလည်း အားကျ ချစ်ခင်နေကြတာပါ..။
ဝါဆိုလေးကတော့ သူမတို့စုံတွဲရဲ့အမှတ်တရလေးတွေအပြင် သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိပြီး အခုတစ်ခါမှာလည်း ညို့အားပြင်းတဲ့ အမိုက်စားဗီဒီယိုဖိုင်လေးနဲ့ ဖမ်းစားလိုက်ပြန်ပါတယ်နော်..။ဟိုတယ်ခန်းထဲမှာ အေးဆေးအနားယူအပန်းဖြေနေရင်း သူမရဲ့ပင်ကိုယ်သဘာဝ အလှတရားလေးတွေအပြည့်နဲ့ ညို့အားပြင်း Tik Tok ဗီဒီယိုတစ်ခုတင်ပေးလာတာပဲ ဖြပါတယ်နော်..။
“ကော်ဖီကြိုက်တဲ့အချစ်ရေအခုတော့ မင်းဘယ်မှာလဲ..” ဆိုပြီး ညို့အားပြင်းတဲ့ သူမရဲ့ အလန်းစားပုံရိပ်လေးတွေကို ဝါဆိုက ဝေမျှထားတာ ဖြစ်ပါတယ်နော်..။ညို့အားပြင်းတဲ့ အလှတရားတွေနဲ့ မြင်သူတိုင်းကို ရင်ခုန်မြန်စေမယ့် ဝါဆိုလေးရဲ့ အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေး လိုက်ပါတယ်နော်..။
Source & Photo Credit – Warso Moe Oo’s Fb Acc & Tik Tok Acc
Zawgyi