ဘုရားရိပ်တရားရိပ်မှာတောင် လုယက်မှူတွေဖြစ်နေပြီဆိုတော့….

ညီမအဖေလို အဖြစ်မျိုး တခြားသူတွေ မကြုံရစေဖို့😭 ညီမအဖေ အသက်က(၇၀)၊ အဖေက အသက်ကြီးပေမယ့်အလုပ်မလုပ်ပဲ မနေနိုင်တဲ့သူမို့ ဆူးလေဘုရားအဝိုင်းမှာ ဆိုင်သွားဖွင့်တာ။

အဖေရောင်းတာကလည်း တရားနဲ့ပတ်သက်တဲ့ တရားစက်တွေပါ🙏 နေ့ခင်းဘက်ကြီး ဈေးလာဝယ်တဲ့ လူငယ်တစ်ယောက်က (အဖေ့မြေးအရွယ်လောက်လေး)

အဖေဆိုင်ထဲဝင်ပြီး ပစ္စည်းယူနေတုန်း အနောက်ကိုအလှည့် ဒီကောင်က အပြင်ထွက်သွားပြီး ဘုရားရဲ့လမ်းခင်းနေတဲ့အင်္ဂတေပြားကြီးသွားယူလာပြီး ခေါင်းကိုရိုက်ထည့်လိုက်တာ😖

အဖေသတိမေ့သွားတယ်တဲ့😭 ခဏအကြာမှ သတိပြန်ရလာတော့ အဖေက အော်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းတော့ အဖေ့ကိုထပ်ပြီးရိုက်နှက်နေတုန်း😣 ဆိုင်မှာအသီးနွှာဖို့ထားထားတဲ့ ဓားကိုယူပြီး အဖေ့ကို လှမ်းအထိုး တံတောင်နဲ့ ကာလိုက်တော့ လက်ကိုထိုးမိသွားတယ်😪

ဟိုဘက်ကားလမ်းမှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ရောင်းတဲ့ဦးလေးက အဖေက နေ့လည်ဆို လက်ဖက်ရည်သောက်နေကျ လက်ဖက်ရည်လာမသောက်သေးပါလားဆိုပြီး ဆိုင်ရှေ့ကိုလာကြည့်တာ

တံခါးကလည်းစိထား အော်ဟစ်နေသံကြားလို့ ဆွဲဖွင့်လိုက်တော့ အဲ့ကောင်အဖေ့ကိုထိုးကြိတ်နေတာမြင်တော့ ဆွဲချုပ်ပြီး ဖမ်းလိုက်တယ်😮

အဖေ့ဆိုင်နားက လူတွေဝိုင်းလာကြပြီး ဘုရားမှာရှိတဲ့ တာဝန်ရှိသူတွေလက်ထဲ ဝိုင်းအပ်လိုက်ကြတယ် 😯

🙏 ဘုရားရိပ် တရားရိပ်အောက်မှာဖွင့်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားအဝိုင်းမှာတောင် ဒီလောက် ရဲတင်းပြီး လုယက်ရဲနေပြီဆိုတော့ အားလုံးပဲ သတိထားကြပါရှင်😓😢

ညီမအဖေ့ဆီကိုရောက်သွားတဲ့အချိန်မှာ မမှီတော့လို့ ပုံတောင်မရိုက်လိုက်ရဘူး 😕ဆေးရုံကြီးရောက်မှ ပုံရိုက်ဖို့ သတိရသွားတယ် 😔ဖုန်းပြောနေတဲ့ပုံစံက လုယက်သူရဲ့ပုံပါ အဖေကမသင်္ကာလို့ ပုံရိုက်ထားတာပါ။

Zawgyi

ညီမအေဖလို အျဖစ္မ်ိဳး တျခားသူေတြ မႀကဳံရေစဖို႔😭 ညီမအေဖ အသက္က(၇၀)၊ အေဖက အသက္ႀကီးေပမယ့္အလုပ္မလုပ္ပဲ မေနႏိုင္တဲ့သူမို႔ ဆူးေလဘုရားအဝိုင္းမွာ ဆိုင္သြားဖြင့္တာ။

အေဖေရာင္းတာကလည္း တရားနဲ႔ပတ္သက္တဲ့ တရားစက္ေတြပါ🙏 ေန႔ခင္းဘက္ႀကီး ေဈးလာဝယ္တဲ့ လူငယ္တစ္ေယာက္က (အေဖ့ေျမးအ႐ြယ္ေလာက္ေလး)

အေဖဆိုင္ထဲဝင္ၿပီး ပစၥည္းယူေနတုန္း အေနာက္ကိုအလွည့္ ဒီေကာင္က အျပင္ထြက္သြားၿပီး ဘုရားရဲ႕လမ္းခင္းေနတဲ့အဂၤေတျပားႀကီးသြားယူလာၿပီး ေခါင္းကို႐ိုက္ထည့္လိုက္တာ😖

အေဖသတိေမ့သြားတယ္တဲ့😭 ခဏအၾကာမွ သတိျပန္ရလာေတာ့ အေဖက ေအာ္ၿပီး ပတ္ဝန္းက်င္ကို အကူအညီေတာင္းေတာ့ အေဖ့ကိုထပ္ၿပီး႐ိုက္ႏွက္ေနတုန္း😣 ဆိုင္မွာအသီးႏႊာဖို႔ထားထားတဲ့ ဓားကိုယူၿပီး အေဖ့ကို လွမ္းအထိုး တံေတာင္နဲ႔ ကာလိုက္ေတာ့ လက္ကိုထိုးမိသြားတယ္😪

ဟိုဘက္ကားလမ္းမွာ ဖြင့္ထားတဲ့ လက္ဖက္ရည္ေရာင္းတဲ့ဦးေလးက အေဖက ေန႔လည္ဆို လက္ဖက္ရည္ေသာက္ေနက် လက္ဖက္ရည္လာမေသာက္ေသးပါလားဆိုၿပီး ဆိုင္ေရွ႕ကိုလာၾကည့္တာ

တံခါးကလည္းစိထား ေအာ္ဟစ္ေနသံၾကားလို႔ ဆြဲဖြင့္လိုက္ေတာ့ အဲ့ေကာင္အေဖ့ကိုထိုးႀကိတ္ေနတာျမင္ေတာ့ ဆြဲခ်ဳပ္ၿပီး ဖမ္းလိုက္တယ္😮

အေဖ့ဆိုင္နားက လူေတြဝိုင္းလာၾကၿပီး ဘုရားမွာရွိတဲ့ တာဝန္ရွိသူေတြလက္ထဲ ဝိုင္းအပ္လိုက္ၾကတယ္ 😯

🙏 ဘုရားရိပ္ တရားရိပ္ေအာက္မွာဖြင့္ထားတဲ့ ရန္ကုန္ၿမိဳ႕လယ္ေခါင္ ဆူးေလဘုရားအဝိုင္းမွာေတာင္ ဒီေလာက္ ရဲတင္းၿပီး လုယက္ရဲေနၿပီဆိုေတာ့ အားလုံးပဲ သတိထားၾကပါရွင္😓😢

ညီမအေဖ့ဆီကိုေရာက္သြားတဲ့အခ်ိန္မွာ မမွီေတာ့လို႔ ပုံေတာင္မ႐ိုက္လိုက္ရဘူး 😕ေဆး႐ုံႀကီးေရာက္မွ ပုံ႐ိုက္ဖို႔ သတိရသြားတယ္ 😔ဖုန္းေျပာေနတဲ့ပုံစံက လုယက္သူရဲ႕ပုံပါ အေဖကမသကၤာလို႔ ပုံ႐ိုက္ထားတာပါ။