သရုပ်ဆောင်တဲ့ နေရာမှာကျွမ်းကျင်ရုံတင်းမက သစ်ပင်တတ်တဲ့ နေရာမှာလဲ ကျွမ်းကျင်တဲ့ မင်းသမီးချောလေး မယ်လိုဒီ ရဲ့ ဗီဒီယိုလေး…..
သရုပ်ဆောင် မယ်လိုဒီကတော့ ရုပ်ရည်ချောမောရုံသာမက အသားအရည်လည်း ကြည်လင်လှပတာကြောင့် အဘက်ဘက်က ပြီးပြည့်စုံသူလေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မယ်လိုဒီက ပြီးခဲ့တဲ့ နှစ်အတွင်းမှာတော့ သူမရဲ့ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းပြတ်ဆဲပြီးပြီဖြစ်ပြီး သားလေး သဒ္ဓိစစ်ကို ခင်ပွန်းဟောင်းနဲ့ တစ်ယောက်တစ်လှည့်စီ စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ မယ်လိုဒီက အားတဲ့အချိန်လေးတွေမှာ ဘာသာရေးနဲ့ အိမ်အလုပ်တွေကိုသာ ဦးစီးလုပ်ကိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။
အိမ်ထောင်နဲ့ကွာရှင်းပြီးတဲ့နောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့တဲ့ မယ်လိုဒီကတော့ အားကိုးမလိုတဲ့ တစ်ကိုယ်တည်းမိန်းမသားတွေပီပီ အလုပ်ကြမ်းတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျလုပ်နေတာကို တွေ့ရပါတယ်။ မယ်လိုဒီက “ပုံမှန် စနေနေ့တိုင်း နေ့ဆွမ်းကပ်လှူဖြစ်ပါတယ်။ ဆရာတော်ကျောင်းကပြန်တော့ ခြံရှင်း အပင်တွေပုံဖော်၊ အပင်ခုတ်၊ အပင်ရေလောင်း။ မ ကို ရဲရဲကြီး အားကိုးလို့ရပါတယ်။ Videoclip လေးက မင်း အတွက် မ ရဲ့အမှတ်တရ” ဆိုပြီး သူမရဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးလာပါတယ်။
မယ်လိုဒီကတော့ မင်းသမီးဆိုပေမယ့် နုနုရွရွလေးနေတတ်သလို ယောကျာ်းသားအလုပ်တွေကိုလည်း လုပ်ကိုင်နိုင်တာ တကယ်ကို လေးစားစရာပါပဲ။ ပရိသတ်ကြီးလည်း မယ်လိုဒီကိုကြည့်ပြီး အံ့သြနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Melody Myo’s fb
Zawgyi
Source: Melody Myo’s fb
ကိုယ်ပိုင်ကားစီးနိုင်ပါလျက်နဲ့ ရေဆေးဆီလိုက်လုပ်ပေးတဲ့ အလုပ်သမားရဲ့ ဖုန်းကို အလစ်သုတ်သူ(ရုပ်သံ)
စီးလာတဲ့ကားမှအားမနာ ကားစီးနိုင်တဲ့လူတန်းစားထဲက ဖြစ်ပေမယ့် စိတ်ဓာတ်ကတော့ ဟိုး အောက်ဆုံးကို ရောက်နေတဲ့ လူတစ်ယောက်ရဲ့
လုပ်ရပ်ပါ။ သူ့ကိုယုံကြည်ပြီး ဖုန်းကို ဒီအတိုင်းထားလိုက်မိတာ ခုတော့ ထင်မှတ်မထားတာတွေ လုပ်သွားတယ်ဗျာ ၁၀.၁.၂၀၂၁ တွင် Ocean
Thaketa ဆိုင်သို့ ရေလာဆေးသော ကားနံပါတ် 5D-3606 (Honda fit Gd1) မောင်းနှင်လာသော အကိုခင်ဗျာ မည်သည့်ရည်ရွယ်ချက်ဖြင့်
ကျွန်တော်တို့ ဆိုင်မှ ဝန်ထမ်းတယောက်၏ လက်ကိုင်ဖုန်း (Redmi Note8) အား မေ့လျော့ကာဖြစ်စေ အမှတ်ယူမှား၍ဖြစ်စေ ယူဆောင်
သွားခြင်းအား တွေ့ရှိရ၍ မေတ္တာရှေ့ထားပြီး ပြန်လည်လာရောက်အပ်နှင်းပေးပါရင် ကရုဏာပြုကာ ပို့စ်တင်အသိပေးလိုက်ပါတယ်ခင်ဗျာ။
Zawgyi
“မော်ဒယ်လောကမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သတ်ပြီး Miss လောကကြီးပျက်စီးသွားလိမ့်မယ်လို့ အကြံပေးလိုက်တဲ့ သင်းသင်း”
မော်ဒယ်လောကမှာဖြစ် ပျက်နေတာန့ပတ်သတ်ပြီး အလှမယ် သင်းသင်းကတော့ ဒီလိုသာဆိုရင် Miss လောကကြီးပျက်စီးသွားလိမ့်မယ်လို့ဆိုတာ Pannpwint နဲ့အင်တာဗျူးမှာ အခုလိုပဲဖြေဆိုခဲ့ပါတယ်။“ဘယ်သူ့မှတော့အစ်မ မဝေဖန်ပါဘူး ဘယ်လိုဗီဒီယိုတက်လာတက်လာ အစ်မမကြည့်ဖူးပေါ့ အချိန်မရတာလည်းပါတယ် အခုနောက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာပေါက်ကရလုပ်ရင်ပိုပေါက်တယ်လို့ထင်လာကြတယ် အဲဒီ့တော့ အသက်ကြီးတဲ့လူကလည်း အသက်အရွယ်တွေမသိတော့ဘူး လူငယ်တွေလည်းဒီလိုပဲ ကောက်အောင် လုပ်ရင်းကြည့်မကောင်းမြင်မကောင်းတာတွေရှိလာတယ် ”
“အစ်မတို့အကြံပေးရရင်တော့ miss လောကကနောက်ဆိုရင် ပိုပြီးပျက်စီးသွားမယ်လို့ထင်တယ် အခုကအရပ်ပု တဲ့သူလည်း မော်ဒယ်ဖြစ်တယ် အရပ်ရှည်လည်းမော်ဒယ်ဖြစ်တယ် ဗိုက်ပူလည်းမော်ဒယ်ဖြစ်တယ် အစ်မတို့ဆီမှာစီနီယာတွေရှိတယ် တကယ့် miss တစ်ယောက်မှာရှိသင့်တဲ့ Talent တွေရှိတဲ့သူ တွေဘယ်လိုလုပ်မလဲ”“အဈမတို့လညျးမောျဒယျလောကကတကျလာတာ ကိုယျ့အိမျမှာနကျေိုယျ့ထမငျးကိုယျစားပွီး မောျဒယျလုပျခဲ့တာ ဘယျသူမှ ကိုယျ့ကိုစငျပေါျဆှဲမတငျပေးဘူး ဒီက organizer က ကိုယျ့ကိုဘာပံ့ပိုးပေးနိုငျမလဲ ကိုယျ့ကိုသူ့စီးပှားရေး အတှကျ အသုံးခနြတောလားဆိုတာ သငျးက ကိုယျတှေ့ကွုံတာလေး လူငယျတှကေို ပွေ ာပွတာပါ”
“အလှမယ်မော်ဒယ်ဖြစ်ဖို့အတွက်က ရုပ်ကိုကြည့်မှာလား အပြုံးကိုကြည့်မှာလား ဒီလိုရှိတယ်လေ ပြီးတော့ organizerတွေက မော်ဒယ်ဖြစ်ရင်ပရဟိတလုပ်ရမယ်လို့ psyco ထည့်ပေးထားတယ် အစ်မအဲ့ဒါကိုလုံးဝမကြိုက်ဘူး ပရဟိတစိတ်ကလုပ်ယူလို့မရဘူး မော်ဒယ်ဖြစ်မှ miss ဖြစ်မှ ပရဟိတလုပ်ရမှာမဟုတ်ဘူး သင်းဒါကိုလုံဝမကြိုက်ဘူး”“ဒီလောကမှာ organizer အမည်ခံထားတဲ့သူတော်တော်များများကို ဘာလိုင်စင်ရှိလဲ သေချာလိုက် အစ်မမှာငွေကြေးမရှိလို့ ရှိရင် ဝါသနာပါတဲ့ကလေးတွေကိုပံ့ပိုးပေးချင်တယ် အစ်မဒီလောကထဲရောက်ခဲ့လို့ဘဝပျက်ခဲ့ရတာ ကိုယ့်ချွေးနဲစာပြုတ်ထွက်သွားခဲ့တာ ပြီးတော့ လာလာစင်ပေါ်တက်ဆိုတဲ့ organizer တွေဘယ်သူ့မှရှာမရ တော့ဘူး”
“အခုပြောခဲ့တာက သင်းဘယ်သူ့ကိုမှပုတ် ခတ်တာမဟုတ်ဘူး မော်ဒယ်တစ်ယောက် ကိုမေးခွန်းမေးပြီဆိုရင် ဘာပရဟိတတွေ လုပ်ပေးမလဲဆိုတာ ပါတယ် သင်းဆိုလည်းကြုံတွေ့ခဲ့ရတယ် ဒါ့ကြောင့်ပရဟိတကိုခေါင်းစဉ်ထည့်ပြီး မလုပ်စေချင်တာလေးကို သင်းပြောချင်တာ”“သင်းကဒီအသက်အရွယ်မှာ အချိန်ရှိတဲ့အခိုက်မှာ သရုပ်ဆောင်အလုပ်တွေရော အနုပညာအလု ပ်လေးတွေကိုရော ဆက်လုပ်သွားချင်ပါသေးတယ် သင်းကိုယ့်ကိုကိုယ်လည်း ဆရာကြီးလိုလည်းမပြောပါဘူး အနုပညာအနေနဲ့ကိုယ့်ကိုကိုယ်သရုပ်ဆောင်လို့ခံယူထားတယ် လိုအပ်ချက်တွေကိုလည်း ကိုယ်တိုင်မြင်အောင်ကြိုးစားသွားပါမယ်” လို့ဆိုထားပါတယ်။သင်းသင်းကတော့ နှစ်သစ်ဆုတောင်းအနေနဲ့”ကိုဗစ်ကာလကြီးပြီးဆုံးပြီးတော့ ချစ်ရတဲ့ပရိသတ်တွေရေ သင်းကိုနားမလည်ပေးတဲ့ပရိသတ်တွေကိုရောစီးပွားရေးတွေအများကြီး တိုးတက်ပါစေ”လို့ဆုတောင်းပေးထားပါ တယ်။
Zawgyi
သူမဘဝရဲ့ ရည်မှန်းချက် အကြီးမားဆုံးတစ်ခုကိုပြောပြလာတဲ့ မမဆောင်း
ပရိသတ်ကြီးရေ.. မမဆောင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး ချစ်စရာကောင်းသလို ပွင့်လင်းမှုတွေနဲ့ အချစ်ပိုစေတဲ့ အဆိုတော်သရုပ်ဆောင် ဆောင်းအိန္ဒြေကိုတော့ ပရိသတ်တွေတော်တော်များများ တစ်ခဲနက်အားပေးချစ်ခင်နေကြမှာပါနော်..။မမဆောင်းကတော့ သီချင်းကောင်းလေးတွေ များစွာထွက်ရှိထားပြီး ပရိသတ်တွေကိုလည်းအကြိုက်တွေ့စေသလို သရုပ်ဆောင်ပိုင်းမှာလည်း ကြော်ငြာလေးတွေလည်း ရိုက်ကူးနေပြီး Live Sale တွေမှာလည်း မကြာခဏတွေ့မြင်ရပါတယ်နော်။
မမဆောင်းကတော့ သူမရဲ့လှုပ်ရှားမှုတွေကို အမြဲမျှဝေလေ့ရှိသလို ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးတွေနဲ့လည်း အချစ်ပိုစေကာ အခုတစ်ခါမှာလည်း ညို့အားပြင်းတဲ့ သူမရဲ့အမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားသူလေးလည်း ဖြစ်ပါတယ်။ မမဆောင်းကတော့ သူမဘဝရဲ့ အကြီးမားဆုံးရည်မှန်းချက်ကို ပြောပြလာခဲ့ပါတယ်။ မမဆောင်းက “ယောကျာ်းယူဖို့က မမဆောင်းရဲ့ အကြီးမားဆုံး ရည်မှန်းချက် ပါပဲ” ဆိုပြီး media တွေနဲ့ interview မှာပြောခဲ့တာပဲဖြစ်ပါတယ်။
ယောကျာ်းယူဖို့က အကြီးမားဆုံးရည်မှန်ချက်ဖြစ်တဲ့ မမဆောင်းရဲ့ interview ဗီဒီယိုဖိုင်လေးကိုပရိသတ်ကြီးအတွက် ဖော်ပြပေးလိူက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးကို ကျေးဇူးတင်ပါတယ်နော်။
Zawgyi
ယောက်ျား မယူရတဲ့ အကြောင်းရင်းပြောပြလာခဲ့တဲ့ ရွှေကစ်လေးရဲ့ ဗီဒီယိုလေး…..
အသားဖြူဖြူဖွေးဖွေးလေးနဲ့ ကိုရီးယားမလေးလို့ ထင်မှတ်ရလောက်အောင် ချစ်စရာကောင်းသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမဟာ အလှကုန်ပစ္စည်းတစ်ခုရဲ့ ကြော်ငြာအတွက် ရိုက်ကူးပေးရင်းနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ ရွှေကစ်ဟာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကိုရရှိထားပြီး သရုပ်ဆောင်တဲ့နေရာမှာလည်း ပီပြင်ကောင်းမွန်မှုတို့ကြောင့် အကယ်ဒမီထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
ရွှေကစ်လေးဟာ လတ်တလောမှာတော့ ကြော်ငြာများစွာ ရိုက်ကူးနေရပြီး ပွဲအခမ်းအနားပေါင်းများစွာကိုလည်း လက်မလည်အောင် တက်ရောက်နောတာလည်း ဖြစ်ပါတယ်။ အသားအရည်လေးက ဝင်းလက်နေတာကြောင့်လည်း ဘယ်လိုဖက်ရှင်မျိုးနဲ့ပဲ ဝတ်ဝတ် ချစ်စရာကောင်းလွန်းနေတာလည်း ဖြစ်ပါတယ်။ သူမချစ်တဲ့ ပရိသတ်တွေအတွက် Tik Tok လေးတွေကိုလည်း မအားလပ်တဲ့ကြားကနေ ရိုက်ကူးကာ တင်ပေးနေတာလည်း ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း ရွှေကစ်ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အနားမှာကောင်ချောလေးတွေဝိုင်းဝိုင်းလည်နေလို့ခါချနေရတဲ့အကြောင်းကိုဗီဒီယိုဖိုင်လေးနဲ့ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ရွှေကစ်ဟာ အဆိုတော် ချယ်ရီသင်းရဲ့ ” အပျိုကြီး ” သီချင်းလေးနဲ့ Tik Tok ကစားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Zawgyi
ရင်ဖို သွားအောင် မိမိုက် လွန်းနေ တဲ့ မမသင်ဇာ ရဲ့ ဗီဒီယို လေးများ
အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်း အလှတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားနေသူလေးကတော့ မင်းသမီးချော ဝါဆိုးမိုးဦးရဲ့ ညီမလေး သင်ဇာကို သိကြမယ်လို့ မျော်လင့်ပါတယ် ။ သင်ဇာဟာ အရမ်းကို လှလွန်းနေပြီးအမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ့ ပရ ိသတ်တွေကြားမှာရေပန်းစားနေသူလေး ကတော့
တစ်ယောက် လည်း ဖြစ်ပါတယ်။ သူမလေးကတော့ အခုနောက်ပိုင်း အနုပညာ လုပ်ငန်းတွေကို ဇတ်တိုက် လုပ်ကိုင်လာတာတွေရပါတယ်သင်ဇာက သီချင်း ဗီဒီယိုတွေမှာ ပါ သရုပ်ဆောင် နေပြီး ပရိသတ် အားပေးမှုကိုအပြည့်ရထားတာဖြစ်ပါတယ်။့်အနုပညာအလုပ်တွေကိုတော့မပြတ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။
အခုမှာလည်း သူမရဲ့ Facebook မှာ အရမ်း ကိုလှလွန်းတဲ့ ပုံတွေတင် ပေးလာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သင်ဇာရဲ့ အရမ်းလှတဲ့ ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။
vidoe-Thin zar Wint kyaw
Zawgyi
ချစ်ပရိတ်သတ်တွေ ရယ်မောပျော်ရွှင်စရာ ဖြစ်စေတဲ့ စားမလား ဖြေမလား အစီစဉ်မှာပါဝင် ခဲ့ကြတဲ့ နေခြည်ဦးနဲ့ ပိုင်တံခွန်တို့ရဲ့ ဗီဒီယိုလေး
ပရိသတ်ကြီးရေ Marry က စီစဉ်တင်ဆက်တဲ့ ဖြေမလား စားမလားအစီစဉ်လေးကတော့ လတ်တလောပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားနေတဲ့ အစီစဉ်တစ်ခုဖြစ်ခဲ့ပါတယ် ။ ဖြေမလား စားမလား အစီစဉ်ကတော့ မေးခွန်းလေးတွေ အပြန်လှန်မေးရင်း မဖြေနိုင်ရင် အရသာဆိုးရွားလွန်းတဲ့အစားအသောက်တွေကို စားရမှာဖြစ်ပါတယ် ။
ဒီအစီစဉ်လေးရဲ့ ပထမဆုံး အဖွင့်အနေနဲ့ Beauty Blogger နေခြည်ဦးနဲ့ မော်ဒယ်လ်သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်တို့က ပါဝင်ခဲ့ကြပါတယ် ။ ပထမဆုံးအဖွင့်မှာတင် နေခြည် နဲ့ ပိုင်တံခွန်တို့ရဲ့ အပေးယူမျှမျှ ချစ်စဖွယ် ပုံစံလေးတွေကြောင့် ကြည့်ရှုသူ သန်းချီတဲ့အထိ အောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ ။
ပရိသတ်တွေကတော့ ဒီအစီစဉ်လေးရဲ့ အစမှာတင် အားပေးကြမ်းခဲ့ကြပြီး ချီချီနဲ့ ပိုင်တံခွန်တို့ရဲ့ ပရိသတ်တွေက အတော်လေး အကြိုက်တွေ့ခဲ့ကြတာပါ ။ နောက်ထပ်လာမယ့် အစီစဉ်အတွက် ဘယ်သူတွေက ပါဝင်သွားဦးမှာလဲ ဆိုတာကတော့ ရင်ခုန်စရာပါပဲ ပရိသတ်ကြီးရေ ..။ ပရိသတ်ကြီးလည်း အတူတူ ရယ်မောပျေ်ာရွှင်နိုင်စေဖို့အတွက် ဖြေမလား စားမလား အစီစဉ်လေးကို ပြန်လည်မျှ ဝေပေးလိုက်ပါရ စေ နော် ။
Source : Beautybynaychi
Zawgyi
ကိုဗစ်ဆေးစစ်ချက် အတွက် Swab Test စစ်ခံရလို့ မျက်ရည်ဝဲခဲ့ရကြောင်းပြောပြလာတဲ့ မြင့်မြတ်
မင်းသားချောလေးမြင့်မြတ်ကတော့ စိတ်ထားကောင်းမွန်သလို လူတိုင်းကိုအပြုံးလေးတွေနဲ့ဖော်ရွေစွာပြောဆိုဆက်ဆံတတ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုသာမက အနုပညာရှင်အချင်းချင်းကပင် ခင်မင်ရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အောင်မြင်လျက်ရှိနေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး စိတ်သဘောထားပြည့်ဝတဲ့ မြင့်မြတ်ကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ ပြည်သူချစ်မင်းသားချောတစ်ယောက်ပဲဖြစ်ပါတယ်။
အကယ်ဒမီဆုကိုလည်း သိမ်းပိုက်ထားနိုင်တဲ့အထိအောင်မြင်လျက်ရှိနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ မြင့်မြတ်ကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေတာပဲဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်ကတော့ အားလပ်တဲ့အချိန်လေးတွေမှာ မိသားစုလေးကိုကြင်နာဂရုစိုက်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
မြင့်မြတ်ကတော့ ယခုမှာ ညီအစ်ကိုလိုခင်မင်ရတဲ့သူငယ်ချင်းတွေနဲ့အတူ Covidပိုးသွားစစ်ရင်း ထွက်ရှိလာတဲ့ရလဒ်လေးတွေကို ပရိသတ်တွေထံပြောပြလိုက်ပါတယ်။ မြင့်မြတ်တို့တစ်ဖွဲ့လုံးကတော့ ကံကောင်းစွာနဲ့ NEGATIVEထွက်ရှိခဲ့တာပဲဖြစ်ပြီး မြင့်မြတ်ကတော့ Swab ယူနေတဲ့ဗီဒီယိုဖိုင်လေးကို ချပြလာခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ရဲ့ ကိုဗစ်ပိုးစစ်ဆေးနေတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Zawgyi
ဦးစိန်ရိုး ဆေးကုသမှုခံယူနေရတဲ့ လက်ရှိအခြေအနေကို ပြောပြလာတဲ့ လူရွှင်တော်ဒိန်းဒေါင်…
လူရွှင်တော်ဦးစိန်ရိုး ဆေးကုသမှုခံယူနေရတဲ့ လက်ရှိအခြေအနေကို ပြောပြလာတဲ့ လူရွှင်တော်ဒိန်းဒေါင်…
ပရိသတ်ကြီးရေ.. ရယ်စရာဟာသဇာတ်ရုပ်တွေအပြင် မရိုးနိုင်တဲ့ပြက်လုံးတွေကြောင့် အချိန်တိုအတွင်း ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးဝန်ရံမှုတွေနဲ့ ချစ်ခင်မှုတွေကို အများဆုံးရရှိထားသူတွေကတော့ လူရွှင်တော်ကြီးဦးစိန်ရိုးနဲ့ ဒိန်းဒေါင်တို့ပဲ ဖြစ်ပါတယ်နော်..။ မျိုးဆက်သစ်သဘင်အနုပညာရှင်တွေရဲ့ အတုယူစရာဝါရင့်လူရွှင်တော်ကြီး ဦးစိန်ရိုးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက လေဖြန်းသွားခဲ့ပြီး ဆေးကုသမှုခံယူနေရတာကိုလည်း ပရိသတ်တွေအားလုံးသိရှိကြပြီး ဖြစ်မှာပါနော်..။
ဆရာသမားတစ်ယောက်ဖြစ်ပြီး ဆေးကုသနေရတဲ့လူရွှင်တော်ကြီးဦးစိန်ရိုးအတွက် ဒိန်းဒေါင်ကလည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့ပြီး လက်ရှိကျန်းမာရေးအခြေအနေလေးတွေကိုလည်း အသိပေးဝေမျှလာပါတယ်နော်..။ အသက်အရွယ်ကြီးရင့်နေတာမို့ ပရိသတ်တွေစိတ်ပူစိုးရိမ်နေကြပြီး ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်ကြီးဦးစိန်ရိုးအတွက် လူရွှင်တော်အသင်းမှ လှူဒါန်းငွေတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းပြီး လက်ရှိအခြေအနေလေးကို ဓာတ်ပုံဗီဒီယိုလေးတွေနဲ့အတူ ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။
“လူရွှင်တော်အသင်းမှ အဖေကြီးဦးစိန်ရိုးအား တစ်သိန်းကျပ် ထပ်မံလှူဒါန်းပါသည်ခင်ဗျာ..” ဆိုပြီး ဦးစိန်ရိုးရဲ့လက်ရှိကျန်းမာရေးအခြေအနေလေးတွေကို ဒိန်းဒေါင်က ပရိသတ်တွေကို အသိပေးကာပြန်လည်ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။ အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း လူရွှင်တော်ကြီးဦးစိန်ရိုးအတွက် ဆုတောင်းစကားလေးတွေဆိုကာ မှတ်ချက်လေးတွေပေးထားကြတာလည်း တွေ့ရပါတယ်နော်..။
Zawgyi
လူရွှင်တော်ဦးစိန်ရိုး ဆေးကုသမှုခံယူနေရတဲ့ လက်ရွိအျေခအေနကိုျေပျာပလာတဲ့ လူရွှင်တ္ဒောိန်းဒေါင်…
(၄)နှစ်နီးပါး အလုပ်လုပ်ပြီး ရှာထားတဲ့ ပိုက်ဆံနဲ့ သိန်း (၂၈၉၀) တန် ကားသစ်ကြီး ဝယ်ယူခဲ့တဲ့ နေခြည်ဦး ရဲ့ ဗီဒီယို
ပရိသတ်တွေချစ်ကြတဲ့ နေခြည်ဦးကတော့ လူလေးလှရုံသာမက ပညာလည်းတတ်၊ အရည်အချင်းလည်းရှိတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ နေခြည်ဦးကတော့ ချမ်းသာတဲ့ မိဘအသိုင်းအဝိုင်းက ဆင်းသက်လာသူတစ်ယောက် ဆိုပေမယ့် နောက်ပိုင်းမှာတော့ သူမခြေထော်ပေါ်သူမရပ်တည်လာပြီး အောင်မြင်မှုတွေ တဖွဲဖွဲသိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေခြည်ဦးက သူမကိုယ်တိုင်ရှာဖွေထားတဲ့ ငွေကြေးတွေနဲ့ ကားအသစ်ကြီးကို ဝယ်ယူခဲ့တဲ့ အကြောင်း Vlog အသစ်လေးကို အခုလိုပဲ ချပြလာပါတယ်။
“New Year, New Car, New Adventure !!! ဒီ Vlog လေးက နေခြည့်ရဲ့ ပထမဦးဆုံး Car Shopping Vlog လေးပေါ့နော် … 🚘 အခုဝယ်မယ့်ကားက နေခြည့်ကိုယ်ပိုင်ဝင်ငွေနဲ့ ပထမဦးဆုံးဝယ်မယ့် ကားလေးလည်းဖြစ်လို့ နေခြည် မှန်းထားတဲ့ Budget နဲ့ ဘယ်လိုကားမျိုးရမလဲဆိုတာလည်း အရမ်းရင်ခုန်နေတယ်။ 🥰🥰နေခြည် ငယ်ငယ်လေးထဲက ကားတွေဆို အရမ်း Crazy ဖြစ်တယ်။နေခြည် ကျောင်းသွားတက်ပြီးပြန်လာတဲ့အချိန်မှာ နေခြည်စီးဖို့ဆိုပြီး ဖေဖေက ကားလေးတစ်စီး ဝယ်ပေးတယ်။ အဲ့တုန်းကဆို နေခြည် အရမ်းပျော်တာ။ ဘဝမှာ ပထမဆုံးရတဲ့ကားလည်း ဖြစ်တယ်၊ ကိုယ့်စိတ်ကြိုက် တစ်ယောက်ထဲလည်း စီးရမှာဆိုတော့။”
“အခု နေခြည် အသက်အရွယ် တစ်ခု ရောက်လာတဲ့အခါကျတော့ မိဘကို ပူဆာတာထပ် ကိုယ့်ဘာသာရှာတဲ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ကားတစ်စီးလောက် လိုချင်လာပြီ။ဖေဖေနဲ့ မေမေကိုလည်း ဒါ သမီးပိုက်ဆံနဲ့ ဝယ်ထားတာဆိုပြီး ကြွားချင်တာလည်းပါတာ ပေါ့လေ 😛 အဲ့တာကြောင့် နေခြည် 3 နှစ်ကျော် 4 နှစ်နီးပါး အလုပ် အလုပ် အလုပ် ဆိုပြီး တောက်လျှောက်လုပ်ပြီး ရှာထားတဲ့ပိုက်ဆံနဲ့ ကားတစ်စီးလောက်တော့ ဝယ်တော့မယ်ကွာလို့ နေခြည် ဆုံးဖြတ်လိုက်တယ်။” ဆိုပြီး သူမရဲ့ Vlog လေးကို အခုလိုပဲ ချပြလာပါတယ်။
နေခြည်ဦးကတော့ သူမအလုပ်စလုပ်ခဲ့တဲ့ အချိန်ကတည်းက ဒီနေ့ဒီအချိန်ထိ (၄) နှစ်နီးပါးရှာဖွေလာတဲ့ ငွေကြေးတွေနဲ့ သိန်း (၂၈၉၀) တန် Range Rover ကားအသစ်ကြီးကို ဝယ်ယူခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ငယ်ငယ်လေးနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ဒီလိုမျိုး အဖိုးတန်ကားသစ်ကြီးကို ဝယ်နိုင်ခဲ့တာ အားကျစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi