တစ်လုံးကို တစ်သိန်းကျော်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီး
ဒီတသက်စားရဖို့နော့မမြင် တလုံးကို တစ်သိန်းကျော်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံးMiyazakiသရက်သီး
အသီးမှာသရက်ဆိုသည့်အတိုင်း သစ်သီးများတွင်သရက်သီးသည် အရသာနှင့်အရောင်အနံ့ကစွဲမက်ဖွယ်ကောင်းပါသည်။
ကမ္ဘာ့သရက်သီးဇျေးကွက်တွင်ဇျေးအကြီးဆုံးသရက်သီးမျိုးမှာဂျပန်နိုင်ငံထွက်မီယာဇာကီသရက်သီးဖြစ်ပြီးသတ်မှတ်အလေးချိန်ရှိအသီးတလူံးလျင်($50-$70(မြန်မာငွေတသိန်းကျော်)တန်ဖိုးရှိပါသည်။
အသီးအလေးချိန်သည်350gmအထက်ရှိရပါမည်။Miyazakiသရက်သီးသည်သာမန်သရက်သီးထက်၁၅%မျှပိုချိုပါသည်။
Miyazaki သရက်ကို ဂျပန်နိုင်ငံတောင်ပိုင်း ကျူရူးကျွန်းမှာ စိုက်ပျိုးပြီး ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီးဖြစ်ပါတယ်။
သူ၏အရောင်နှင့် အချိုဓာတ်မြင့်မားမှုကြောင့် နာမည်ကြီးသရက်အဖြစ်ရပ်တည်နေပါတယ်။
စိုက်ပျိုးသောနေရာသည်နေ့အလင်းရောင်ရရှိမှုမြင့်မားပြီး မိုးရေချိန်များ သောကြောင့်သရက်သီးက အရောင်လှစေတယ်လို့ ယူဆကြပါတယ်။
အသီး ရင့်မှည့်ပါက သူ့အလိုလိုကြွေသောအသီးက အချိုဓာတ်မြင့်မားတာကို သတိပြုမိတဲ့ စိုက်ပျိုးသူတွေဟာ နောက်ပိုင်းမှာ အသီးကိုဇကာပိုက်အိပ် စွပ်ပေးပြီး အလိုအလျောက်ကြွေကျမှ အသီးကိုယူကြပါတယ်။
ရင့်မှည့်ပါကအနီရင့်ရောင်ရှိသည်။ ထို့ကြောင့် Miyazaki သရက်ကို “Egg of Sun” ဟုတင်စားခြင်း ဖြစ်မည်။ အသီးကို အရောင်ညီမျှစေရန် အသီး၏အောက်ခြေတွင်အရောင်ပြန်စေသောခွက်ကလေးတွေ ထားပေးပြီးအသီးအရောင်ကို ညီညာလှပသော အသီးကိုရရှိစေသည်။
Zawgyi
မိန်းခလေးတိုင်း အတုယူဖို့ကောင်းတဲ့ single mother ယဉ်ခိုင်(သဲသဲ)
2.2.2010မှာလက်ထပ်ခဲ့တယ်24.1.2019မှာကွာရှင်းခဲ့ပီ(သူမနဲ့ပျော်ရွှင်ပါစေ)
9နှစ်ပြည့်ဖို့၈ရက်ပဲလိုတော့တယ်. Anni Dateလဲမှတ်ထားမယ်မထင်……..
နှစ်ယောက်လုံးချစ်လို့လက်ထပ်ခဲ့တယ်. အစပိုင်းမှာအရမ်းတွေသာယာပီးအဆင်ပြေခဲ့တယ်. တပ်ထဲမှာနေရတာ ဘယ်လောက်ပင်ပန်းလဲ တပ်ထဲကသူတွေပဲသိတယ်. ခေတ်ရှေ့ပြေးပီးဖလန်းဖလန်းနေခဲ့တဲ့ကျမ တပ်ထဲမှာ အဘွားအိုလေးလိုနေခဲ့ရတယ်.အဆင်ပြေပါတယ် သူငွေသုံးကြမ်းတာလေးကလွှဲရင်ပေါ့.
တဖြေးဖြေးသူ့အချိုးတွေပြောင်းလာခဲ့တယ်. ကျမကိုအရင်လိုဂရုမစိုက်တော့ဘူး. အိမ်လဲမကပ်တော့ဘူး ကျမအိပ်မှပြန်လာတတ်တယ်. တာဝန်ကျတဲ့နေရာက သူပုန်တပ်တွေပတ်လည်ဝိုင်းနေတဲ့ဖာပွန်မှာပါ ခေါင်ပါတယ် အစားအစာလဲရှားတယ် မီးလဲအချိန်နဲ့ပါ့ ဖုန်းလဲမမိပါဘူး လိုင်းသုံးလို့မရဘူးအဲ့တုန်းကပေါ့. ကျမနေရတဲ့အိမ်က တောင်ကုန်းပေါ်မှာအိမ်လုံးချင်းလေးတွေ တစ်အိမ်နဲ့တစ်အိမ်ကပ်မနေဘူး. တစ်နေ့နေ့သူပြန်အလာကို အိမ်အကျယ်ကြီးထဲမှာ သရဲအရမ်းကြောက်တတ်တဲ့ကျမ ကလေးလေးကိုဖက်ပီး စာင့်နေခဲ့တယ်. သူပြန်မလာတဲ့ညတွေဆို ဘယ်လောက်ခြောက်ခြားခဲ့ရလဲကို့ဘာသာကိုအသိဆုံး. ဘတ်ထရီမီးကလဲတဖြေးဖြေးမှိန်မှိန်လာတယ် အပျင်းပြေစရာ သမီးလေးမျက်နှာပဲထိုင်ကြည့်ပီးမိုးလင်းခဲ့ရတယ်.
အိမ်မှာအမေက ဘာမှမခိုင်းဘဲ ဘောကြော့နေလာတဲ့ကျမ ခုတော့ဟင်းချက်လဲကျမ အိမ်သန့်ရှင်းရေးလဲကျမ အဝတ်လျှော်လဲကျမ ကလေးထိန်းလဲကျမ ကို့ကိုယ်ကိုတောင် အဲ့လောက်လုပ်နိုင်ခဲ့မယ်မထင်ထားဘူး အိမ်အကူလဲခေါ်လို့မရ ရဲမေဆိုတာလဲ အမြလာမပေးနိူင်ဘူးလေ အရေးထဲက တပ်ကိစ္စကပေါ်လာလို့ပြေးရပီဆို သမီးလေးကို အိမ်မှာဘယ်လိုမှစိတ်မချဘူးသူများနဲ့ထားခဲ့ရတာ အဖေနဲ့ထားခဲ့ရင်ပိုဆိုး တပ်အလုပ်တွေဆိုလဲမလစ်ဟင်းအောင်လုပ်ခဲ့တယ် တပ်မှာလဲနာမည်ဆိုးမရှိအောင်သူ့အတွက်နခဲ့တယ်. အိမ်အလုပ်ရောတပ်အလုပ်ရော ကလေးတစ်ဖက်နဲ့ လူရုပ်တောင်မပေါက်ဘူး ပိန်ပီးမဲလာတယ်ဒါပေမဲ့ပျော်ပါတယ် သူကြောင့်တော့မဟုတ်ဘူး တပ်ထဲမှာ သမီးအရင်းလိုသဘောထားပေးတဲ့အမကြီးနဲ့ ညီအမအရင်းလိုတိုင်ပင်ဖော်တိင်ပင်ဘက် လုပ်ဖော်ကိုင်ဘက် အန်တီကြီးတွေကြောင့် ပျော်ခဲ့ပါတယ်
နဂိုကသူအသုံးကြမ်းတာပဲရှိတာပါ. နောက်တော့ ပေးရမယ်တဲ့ ဆပ်ရမယ်တဲ့ သိန်းဘယ်နှစ်ဆယ်ဆိုပီး. ကို့ယောကျ်ားရာထူးမထိခိုက်အောင် ရှိသမျှအကုန်ထုတ်ပေးခဲ့တယ်.နောက်ပိုင်းမော်လမြိုင်ကိုရုံးကတစ်ရက်လွှတ်ရင်သူကသုံးလေးရက်ကြာပီးသုံးသိန်းလောက်ဖြုန်းလာခဲ့တယ်.သူဠေးသုံးခွေးသုံးသုံးတာ ကိုင်သမျှBrandedတွေကြီးပဲ.
သူ့အချိုးတွေပိုပိုဆိုးလာတယ်မိန်းမနဲ့ကလေးကိုလုံးဝဂရုမစိုက်ဘူးကျမမှာညနေရုံးဆင်းချိန်ရောက်လို့ ပျော်ရွှင်နေတဲ့မိသားစုကိုကြည့်ပီး ကြိတ်ပီးမျက်ရည်ကျရတယ် အားကျခဲ့ရတယ်အလုပ်ရှုပ်နေလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုထဲနဲ့ သူထင်ရာစိုင်းနေခဲ့တယ်မှောင်မဲနေတဲ့အိမ်အိုကြီးထဲမှာ ကလေးနှစ်ယောက်နဲ့ကျမကို တစ်ယောက်ယောက်ကတစ်ခုခုလုပ်သွားမှာသူမစိုးရိမ်ဘူး
အချိုးပြင်လဲခဏပဲကလေးနှစ်ယောက်မွေးပီးထဲက ပိုဆိုးလာတာပါဲအိမ်ကိုလုံးဝမကပ်တော့ဘူး ကားတွေဆိုင်ကယ်တွေဝယ်တယ်လဲတယ် လုပ်ချင်းတိုင်းလုပ်တယ်ပိုက်ဆံပေးစရာအကြွေးတွေရှိတယ်လဲဆိုတော့
ရှိသမျှအကုန်ထုတ်ပေးတယ် မိဘဆင်သမျှအကုန်ပေါင်နှံပီးပေးခဲ့တယ် ကျမကိုယ်ပေါ်ကအနည်းကျဉ်းလောက်ပဲရှိတော့တယ် ကျမသူ့လစာတစ်ခုထဲစုတာမဟုတ်ပါဘူး အိမ်ကအထည်တွေယူတယ် လဆိုင်းနဲ့ပေးတယ် ကျမစုထားသမျှအကုန်သူဖြုနးပစ်တယ် ဘာတွေဒီလောက်ဆယ်နဲ့ချီကုန်လဲမသိပါဘူး တစ်ခါတစ်လေMlmကိုရောက်သွားတယ် အဆက်အသွယ်လဲမလုပ်ဘူး
မိန်းမကိစ္စလားပထမကိုယ်ဝန်ဆောင်နေတုန်းကတော့မိတယ်သူတောင်းပန်တယ် ထပ်မလုပ်ဘူးတဲ့ပြောတာပါပဲ လိုင်းမိတော့ သူလိုင်းပေါ်မှာပလူပျံနေတာပဲထားတာတွေ ကျမနဲ့ကျတော့ မေးတခွန်းပြောတခွန်း
တဖြေးဖြေးကျမလုံးပါးပါးလာတယ်ရှိသမျှလဲအကုန်ကုန်ပီတစ်နေကုန်အိမ်မကပ်ဘူး ကျမအိပ်တဲ့အချိန်ရောက်လာပီး အိမ်ရှေ့ ကဆိုဖာမှာလိုင်းသုံးရင်းသူအိပ်တယ် ကျမအပေါ်လုံးဝဥပက္ခေပြုခဲ့တယ်
တစ်နေ့ကျမသည်းမခံနိုင်တဲ့အဆုံး ကလေးလက်ဆွဲပီး မိဘအိမ်ကိုအလည်သွားခဲ့တယ် သူလိုက်လာချော့မယ်မျှော်လင့်ထားခဲ့တယ် တတ်တတ်စင်အောင်လွှဲတာပဲရောက်ခါစက ကျမဘက်က ကွာမယ်ပြောတော့သူက ငါသေမှကွာမယ်ဆို ခုတော့ အဲ့မိန်းကလေးကညို့အားအရမ်းကောင်းနေလို့လားအတင်းလာပီးအမြန်ကွာရအောင်.
ဖောက်ပြန်နေတာသိတယ်ဟိုးအရင်ထဲက အပျော်ပဲဆိုပီးထားထားတာ ခုတစ်ယောက်ကိုကျအတည်လား. မဆိုးပါဘူးရွေးတတ်တယ် ချစ်စရာလေး.သူကထားရင် အလန်းတွေပဲထားတတ်တာလေ.အဲ့မိန်းကလေးအတွက်တော့စိတ်မကောင်းပါဘူး
သူမများကျမAccကိုခိုးကြည့်ခဲ့ရင် ဒီစာကိုတွေ့မှာပါအစ်မ အပင်ပန်းခံဒုက္ခခံပီးပါရမီဖြည့်ပေးခဲ့တဲ့ ဗိုလ်မှူးဖြစ်တော့မဲ့ယောကျ်ားတစ်ယောက်ကို မင်းပိုင်ဆိုင်ရတော့မယ်အတွက် Congratulationsပါညီမလေး. ပခုံးပေါ်ကအပွင့်ပဲမင်းပိုင်ဆိုင်ရမှာမဟုတ်ဘူး အစ်မရဲ့ဝဋ်ကြွေးကိုပါ မင်းပိုင်ဆိုင်ရမှာ.
အစ်မတိုင်ရင် ထောင်ကျပီးပြုတ်တယ်သိလား.အော် သူအစ်မအပေါ်ကောင်းခဲ့တာတွေလဲရှိတာပဲဆိုပြီး ထားလိုက်တာ. အစ်မရဲ့ဝဋ်ကြွေးကိုလွှဲပြောင်းပေးခဲ့တယ်နော်. ဗိုလ်မှူးဆိုတဲ့ဂုဏ်ကိုလဲအစ်မမက်ဘူး. သမီးလေးမွေးထားကိုမှမထောက်လုပ်ရက်တာပဲအံ့သြယ်. မင်းတို့ပျော်ရွှင်နေတာမြင်ရလဲအထင်ကြီးမိမှာမဟုတ်ဘူး. အတွင်းမှာဘယ်တွေဖြစ်နေမလဲသိနေတာမို့. မကြာပါဘူး…ဝဋ်မလိုက်ပါစေနဲ့လို့ဆုတောင်းပေးတယ်ညီမလေး.
ဒါတောင်ကွာရှင်းတော့ ကလေးစရိတ်ကိုလုံးဝမပေးချင်ဘူး နှမသားချင်းမစာမနာ.ကျမအိမ်ပြန်သွားလို့ စိတ်လေပီးဖောက်ပြန်တာလို့ပြောတဲ့ယောက္ခမကိုလဲအံ့သြတယ်.အရင်ထဲကဖောက်ပြန်နေတာသိရဲ့သားနဲ့ သားသမီးချင်းကိုယ်ချင်းမစာဘူး ခုထိသူ့သားဘက်ကမှားပါတယ်တစ်ခွန်းမပြောဘူးသူက ပထမကလေးမမွေးခင်ထဲက ဖောက်ပြန်တာ
ဘာပဲဖြစ်ဖြစ် ကွာရှင်းလိုက်ပြီးတဲ့နောက် ကျမပျော်နေတယ် လွတ်လပ်သွားပီလေ
ကျမရဲ့ငယ်ရွယ်ပျိုမြစ်ခြင်းတွေကို ဒုက္ခတောမှာစတေးလိုက်ရတာ ကျမရဲ့ဝဋ်ကြွေးလို့သတ်မှတ်ပါတယ် ကျေလောက်ပီထင်ပါတယ်.
ကလေးနှစ်ယောက်ရဲ့မုန့်ဖိုးလောက်ပဲတောင်းထားတယ်. ကျန်တာကျမရှာကြွေးမယ်. ကျမကြိုးစားမယ်. ကျမကလေးတွေကို ကျမလိုမဖြစ်အောင် သေချာပြုစုပျိုးထောင်ပီး လင်ကောင်းသားကောင်းနဲ့ပေးစားမယ်. ကျမကို အားပေးကြတဲ့ စိတ်ပူပေးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုအကုန် ကျေးဇူးတင်ပါတယ် ခုလိုအရေးကြုံတော့ မိတ်ဆွေအစစ်တွေပေါလာတာ အဆိုးထဲကအကောင်းပဲ
ဝမ်းနည်းနေမယ်လဲမထင်ပါနဲ့ ကျမပျော်နေပါတယ်
ကျမအတွက်အမေမျက်ရည်ကျတာတစ်ခုပဲ ကျမဝမ်းနည်းတယ်
နောက်ဆိုမျက်ရည်မကျအောင်ထားပါ့မယ်အမေ
ကျမအခုအရမ်းအဆင်ပြေနေပါတယ်
Single Motherအနေနဲ့ ကလေးနှစ်ယောက်ကိုတာဝန်ယူပီး ရှာကြွေးမှာပါ. ဘာမှမသိရှာတဲ့ ကလေးနှစ်ယောက် အဖမဲ့ဖြစ်သွားရှာပြီအဖေ့မေတ္တာမရတော့တဲ့အတွက် ကျမနှစ်ဆပိုချစ်ပြရမယ် ဂရုစိုက်ရမယ် ပိုက်ဆံပိုရှာရမယ် သူတို့အနာဂတ်လေးတွေအတွက်ကျမလိုအဖြစ်ဆိုးမျိုး ဘယ်သူမှမကြုံတွေ့ပါစေနဲ့နော် အားလုံးကိုကျေးဇူးတင်ပါတယ်
အဆင်ပြေလျက်
ယဉ်ခိုင်(သဲသဲ)
မိန်းခလေးတိုင်း အားကျအတုယူဖို့ တင်ပြခြင်းဖြစ်ပါသည်…
Zawgyi
အိမ်မှာအမေက ဘာမှမခိုင်းဘဲ ဘောကြော့နေလာတဲ့ကျမ ခုတော့ဟင်းချက်လဲကျမ အိမ်သန့်ရှင်းရေးလဲကျမ အဝတ်လျှော်လဲကျမ ကလေးထိန်းလဲကျမ ကို့ကိုယ်ကိုတောင် အဲ့လောက်လုပ်နိုင်ခဲ့မယ်မထင်ထားဘူး အိမ်အကူလဲခေါ်လို့မရ ရဲမေဆိုတာလဲ အမြလာမပေးနိုင်ဘူးလေ အရေးထဲက တပ်ကိစ္စကပေါ်လာလို့ပြေးရပီဆို သမီးလေးကို အိမ်မှာဘယ်လိုမှစိတ်မချဘူးသူများနဲ့ထားခဲ့ရတာ အဖေနဲ့ထားခဲ့ရင်ပိုဆိုး တပ်အလုပ်တွေဆိုလဲမလစ်ဟင်းအောင်လုပ်ခဲ့တယ် တပ်မှာလဲနာမည်ဆိုးမရှိအောင်သူ့အတွက်နခဲ့တယ်. အိမ်အလုပ်ရောတပ်အလုပ်ရော ကလေးတစ်ဖက်နဲ့ လူရုပ်တောင်မပေါက်ဘူး ပိန်ပီးမဲလာတယ်ဒါပေမဲ့ပျော်ပါတယ် သူကြောင့်တော့မဟုတ်ဘူး တပ်ထဲမှာ သမီးအရင်းလိုသဘောထားပေးတဲ့အမကြီးနဲ့ ညီအမအရင်းလိုတိုင်ပင်ဖော်တိင်ပင်ဘက် လုပ်ဖော်ကိုင်ဘက် အန်တီကြီးတွေကြောင့် ပျော်ခဲ့ပါတယ်
နဂိုကသူအသုံးကြမ်းတာပဲရှိတာပါ. နောက်တော့ ပေးရမယ်တဲ့ ဆပ်ရမယ်တဲ့ သိန်းဘယ်နှစ်ဆယ်ဆိုပီး. ကို့ယောက်ျားရာထူးမထိခိုက်အောင် ရှိသမျှအကုန်ထုတ်ပေးခဲ့တယ်.နောက်ပိုင်းမော်လမြိုင်ကိုရုံးကတစ်ရက်လွှတ်ရင်သူကသုံးလေးရက်ကြာပီးသုံးသိန်းလောက်ဖြုန်းလာခဲ့တယ်.သူဠေးသုံးခွေးသုံးသုံးတာ ကိုင်သမျှBrandedတွေကြီးပဲ.
အချိုးပြင်လဲခဏပဲကလေးနှစ်ယောက်မွေးပီးထဲက ပိုဆိုးလာတာပဲါအိမ်ကိုလုံးဝမကပ်တော့ဘူး ကားတွေဆိုင်ကယ်တွေဝယ်တယ်လဲတယ် လုပ်ချင်းတိုင်းလုပ်တယ်ပိုက်ဆံပေးစရာအကြွေးတွေရှိတယ်လဲဆိုတော့
သူမများကျမAccကိုခိုးကြည့်ခဲ့ရင် ဒီစာကိုတွေ့မှာပါအစ်မ အပင်ပန်းခံဒုက္ခခံပီးပါရမီဖြည့်ပေးခဲ့တဲ့ ဗိုလ်မှူးဖြစ်တော့မဲ့ယောက်ျားတစ်ယောက်ကို မင်းပိုင်ဆိုင်ရတော့မယ်အတွက် Congratulationsပါညီမလေး. ပခုံးပေါ်ကအပွင့်ပဲမင်းပိုင်ဆိုင်ရမှာမဟုတ်ဘူး အစ်မရဲ့ဝဋ်ကြွေးကိုပါ မင်းပိုင်ဆိုင်ရမှာ.
အဆင်ပြေလျက်
ယဉ်ခိုင်(သဲသဲ)
Mask တပ် တာ ကိုဗစ်ကူးစက် မှု လျှော့ကျစေကြောင်း ကြွက်ကလေးတွေ နဲ့ စမ်းသပ်ေ တွ့ရှိ
Mask တပ် တာ ကိုဗစ်ကူးစက် မှု လျှော့ကျစေကြောင်း ကြွက်ကလေးတွေ နဲ့ စမ်းသပ်ေ တွ့ရှိ
ဟောင်ကောင်တက္ကသိုလ်က သုသေသနပညာရှင်တွေဟာ Mask တပ်ခြင်းဖြင့် ရောဂါကူးစက်မှုလျော့ကျမှု ရှိ မရှိ စမ်းသပ်ခဲ့ကြပါတယ်။
Professor Yuen Kwok-yung ဦးဆောင်တဲ့ ကမ္ဘာ့ထိပ်တန်း ကိုရိုနာဗိုင်းရပ်ကျွမ်းကျင်သူအဖွဲ့ဟာ Hamster ကြွက်ကလေးတွေကို Covid-19 ကူးစက်စေခဲ့ပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ ကြွက်ကလေးတွေမှာ symptomatic လို့ခေါ်တဲ့ ရောဂါလက္ခဏာပြနေတဲ့ ကြွက်ရော၊ asymptomatic လို့ခေါ်တဲ့ ရောဂါလက္ခဏာမပြ တဲ့ ကြွက်ရောပါပါတယ်။ အဲ့ဒီရောဂါကူးစက်ခံထားရတဲ့ ကြွက်ကလေးတွေကို လှောင်အိမ်တစ်ခု၊ ရောဂါမရှိသေးတဲ့ ကျန်းမာတဲ့ကြွက်ကလေးတွေကို လှောင်အိမ်တစ်ခု ခွဲထားပါတယ်။ ဒါမှ မရောသွားပဲ လေ့လာရလွယ်မှာဖြစ်ပါတယ်။
လေကို ရောဂါကူးစက်ခံထားရတဲ့ကြွက်တွေရှိတဲ့ လှောင်အိမ်ဘက်ကနေ ရောဂါမရှိတဲ့ကြွက်တွေရှိတဲ့ လှောင်ဘက်ကို တိုက်စေပါတယ်။ အဲ့လိုလုပ်ရာမှာ အောက်ပါတွေ့ရှိချက်ကို တွေ့ရှိခဲ့ပါတယ်။
တပတ်အတွင်းမှာ…
အကယ်၍ လှောင်အိမ်နှစ်ခုစလုံးကို Mask လုံးဝမကာထားရင် ကျန်းမာတဲ့ကြွက်တွေရှိတဲ့ လှောင်အိမ်ထဲက ကြွက် ၃ ပုံ ၂ ပုံဟာ ရောဂါကူးစက်ခံရပါတယ်။
အကယ်၍ ရောဂါရှိနေတဲ့ကြွက်တွေရှိတဲ့ လှောင်အိမ်ကို Mask နဲ့ကာထားရင် ကျန်းမာတဲ့ကြွက်တွေရှိတဲ့ လှောင်အိမ်ထဲကကြွက် ၁၅ ရာနှုန်းကျော်လေးပဲ ရောဂါကူးစက်ခံရပါတယ်။
အကယ်၍ ကျန်းမာတဲ့ကြွက်တွေရှိတဲ့ လှောင်အိမ်ကို Mask နဲ့ကာထားရင် ကျန်းမာတဲ့ ကြွက်တွေထဲက ကူးစက်မှု ၃၅ ရာနှုန်းလျော့ကျသွားစေပါတယ်တဲ့။
ကျနော်နားလည်သလို ပြန်ရှင်းရရင်..
ဘာမှမကာထားရင် ကျန်းမာတဲ့အကောင်တွေထဲက 67 % ရောဂါအကူးစက်ခံရမယ်။ မကျန်းမာတဲ့အကောင်တွေကို Mask ကာထားရင် ကျန်းမာတဲ့အကောင်တွေထဲက ၁၅% ကျော်ပဲ ရောဂါအကူးစက်ခံရမယ်။
ကျန်းမာတဲ့အကောင်တွေကို Mask ကာထားရင် ကျန်းမာတဲ့အကောင်တွေထဲက ၃၂% ရောဂါအကူးစက်ခံရမယ်။ (မူလ ၆၇% ထဲက ၃၅% လျော့ကျသွားလို့ ၃၂% လို့ရေးထားတာပါ)
အဲ့မှာ ထပ်ပြောထားတာက….
Mask ဘယ်လိုပဲကာကာ Mask သုံးတာနဲ့ အကူးစက်ခံရတဲ့ကြွက်တွေမှာတွေ့ရတဲ့ ဗိုင်းရပ်စ်ပမာဏက Mask မသုံးတဲ့အချိန်မှာ တွေ့ရတဲ့ ပမာဏထက် ပိုနည်းပါသတဲ့။ အဲ့ဒီတော့ Mask ကိုအားလုံးမေးမှာမချိတ်ပဲ အပြည့်အဝတပ်ခြင်းဖြင့် ကူးစက်မှုကို အတော်ကြီးကို လျော့ချနိုင်လိမ့်မယ်။
ရောဂါရှိနိုင်ပြီး လက္ခဏာမပြတဲ့သူတွေက Mask တပ်ဖို့ ပိုအရေးကြီးတယ်။ ရောဂါရှိနိုင်ပြီးလက္ခဏာမပြတဲ့သူကဂျိုမပါတော့ အားလုံးအပြင်ထွက်ရင်မေးမှာမချိတ်ပဲ အပြည့်အဝ Mask တပ်ပေးကြပါ။
Richard Myo Thant
Zawgyi
တပတ်အတွင်းမှာ…
အဲ့မှာ ထပ်ပြောထားတာက….
Richard Myo Thant
အကြော်တစ်ခုကို ၅၀ပါ…၁၀၀ဖိုး ကို ၃ ခု ထား လိုက်…မရ လို့ပါကွယ်…၂၀၀ ဖိုး ၅ ခုေ တာ့ ထားလိုက်ပါလို့ ပြောလိုက်သောအခါ
အကြော်တစ်ခုကို ၅၀ပါ…၁၀၀ဖိုး ကို ၃ ခု ထား လိုက်…မရ လို့ပါကွယ်…၂၀၀ ဖိုး ၅ ခုေ တာ့ ထားလိုက်ပါလို့ ပြောလိုက်သောအခါ
ကျွန်တော်နဲ့အကြော်သည်အမေကြီး”အမှတ်တမဲ့ပါပဲ နားထဲခပ်သဲ့သဲ့ကြားလိုက်တာပါ။အကြော်တစ်ခုကို ဘယ်လောက်လဲ ?ကလေးတစ်ယောက်ကိုလက်ဆွဲပြီးတော့ အမျိုးသမီးတစ်ယောက်(ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပုံစံမျိုးပါပဲ)အကြော်ဝယ်ဖို့မေးနေတဲ့ အသံပါ။အကြော်တစ်ခုကို ၅၀ပါ၁၀၀ဖိုးကို ၃ ခု ထားလိုက်မရလို့ပါကွယ်၂၀၀ ဖိုး ၅ ခုတော့ ထား…တအောင့်လောက်နေတော့..နောက်ထပ်ကြား လိုက်ရတယ်”လာ…သားး…အကြော်တွေက ညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူး…မစားချင်နဲ့..သား”..ဆိုပြီး .ကလေးကို ဆွဲခေါ်သွားတယ်။
ကျွန်တော် စိတ်ဝင်စားသွားတယ်…သေချာလှမ်းကြည့်လိုက်တော့…အသက်(၆၀)ကျော် အမေကြီးတစ်ယောက် အကြော်ရောင်းနေတာကို အမျိုးသမီးတစ်ယောက်က ဈေးဆစ်နေတာ။သြော်..လူတွေများခက်လိုက်တာဗျာအကြော်ဝယ်ဖို့ဈေးဆစ်လို့မရတော့ညစ်ပတ်တယ်မစားနဲ့လို့ ပြောသွားတယ်။ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့အဆင့်အတန်းကို မဝေဖန်ချင်တော့ မစဉ်းစားချင်တော့အကြော်သည် အမေကြီးကို ကြည့်လိုက်တော့ အားငယ်သွားတဲ့ မျက်နှာလေးနဲ့ထွက်သွားတယ်။
” ဟောဒီက…အကြော်ပူပူလေး…”ရင်ထဲမှာ တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ် ကျွန်တော် ကမန်းကတန်းလှမ်းခေါ်လိုက်တယ် အမေကြီး…ခဏနေပါအုံးဗျ အကြော်ဝယ်ချင်လို့ပါပြန်လှည့်လာပြီး…အကြော်ဗန်းကို ချပေးတယ် ကြည့်လိုက်တော့ မုန့်ပေါင်းနဲ့ အကြော်လေးတွေက အစီအရီ…ဗန်းထဲမှာ စားချင်စဖွယ်သန့်သန့်ရှင်းရှင်းလုပ်ထားတာပါ။
(စဉ်းစားမိတယ်. းနေရဲ့ အပူရှိန်အောက်မှာ အကြော်တွေကမနက်က ကြော်ထားတာဖြစ်နိုင်ပေမယ့် အပူရှိန်ကြောင့် အကြော်တွေကပူနေမှာမလွဲ ….အကြော်ပူပူလေးလို့ အော်ရောင်းတာနဲ့ အကိုက်ပဲ)သြော်..ဒီအသက်အရွယ်နဲ့ နေပူပူမှာ ဘယ်လောက်ပင်ပမ်း ရှာလေမလဲ….ငါ့အမေ များ ဒီလိုဆိုရင်ဆိုတဲ့ အတွေးနဲ့. ကိုယ်ချင်းစာစိတ်မကောင်းဖြစ်မိတယ်။အမေကြီး ” အကြော် တစ်ခု ဘယ်လောက်လဲ” သိပေမယ့် ထပ်မေးလိုက်တယ်…” အကြော်တစ်ခု (၅၀)ပါ သားလေးရယ်”(နောက်ထပ်ဈေးဆစ်မှာရောင်းမကောင်းမှာ စိုးရိမ်နေပုံပါပဲ..မျက်နှာပေါ်ကချွေးစက်တွေကို သဘက်နဲ့သုတ်ရင်း ခပ်တိုးတိုးဖြေတယ်)
” အမေကြီး အကြော်တွေက စားချင်စရာပဲ..စားကောင်းမယ့်ပုံပဲဗျ ” ..ဆိုပြီး အကြော်တစ်ခုကို ကောက်ဝါးလိုက်တယ်။(သူ့ခမျာ အမောပြေ သဘောကျသွားပုံပဲ.ညှိုးငယ်နေတဲ့ မျက်နှာချက်ခြင်းပြုံးလာတယ် ဝမ်းသာသွားပုံပဲ)
” အရသာရှိတယ် အမေကြီးး.ရုံးကလူတွေလည်း ကျွေးချင်လို့..အကုန်လုံးဆိုရင်ဘယ်လောက်ကျလဲ “လို့ မေးပြီး..ငါးထောင်တန် တစ်ရွက်ထုတ် ပေးလိုက်တယ်
အကြော်တွေထည့်ရင်းနဲ့… ဗန်းအောက်က ငါးရာတန်နဲ့နှစ်ရာတန် အနွမ်းလေးတွေတုန်တုန်ရီရီနဲ့ ထုတ်ရေပြီး..ပြန်အမ်းဖို့ ကြိုးစားနေတယ်။” ရတယ် အမေကြီး..ပြန်မအမ်းပါနဲ့တော့” ..ဆိုတော့..” မဟုတ်တာ သားလေးရယ်” တဲ့” ရတယ်..ပိုတာကို ကုသိုလ်လုပ်တာပါ”လို့ပြောလိုက်ရော….” ကျေးဇူးတင်လိုက်တာ စိတ်ကောင်းရှိလိုက်တာ သားလေးရယ်။အိမ်က သားတွေများ ဒီလိုသိတတ်ရင်ဆိုပြီး ပုခုံးပေါ်တင်ထားတဲ့ သဘက်အနွမ်းလေးနဲ့ မျက်ရည်စတချို့ကို ဖျတ်ခနဲသုတ်ရှာတယ်။
“ရင်ထဲမှာမကောင်း မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ မျက်ရည်လည်မိတယ်”” အမေကြီး အသက်ဘယ်လောက်ရှိပြီလဲ ဆိုတော့(၆၅)နှစ်တဲ့ကျွန်တော့်အမေနဲ့ အသက်သိပ်မကွာအသက်သိပ်မကွာ။လောကဒဏ်ရဲ့ရိုက်ပုတ်မှုပင်ပမ်းဆင်းရဲမှုတွေကြောင့် အမေ့ထက်တောင် အများကြီးအိုစာနေပါလား။တကယ်ဆို ဒီအရွယ်က ဘုရားရိပ်..တရားရိပ်မှာ..တရားအားထုတ်ပြီး အေးအေးချမ်းချမ်းနေရမယ့် အရွယ်လေ”သားသမီးတွေ ရှိလားလို့လည်း ကျွန်တော် မမေးချင်တော့ပါ….သားသမီးတွေက မထောက်ပံ့ကြဘူးလားလို့လည်း မမေးချင်တော့ပါ…
ဒီလို ပင်ပင်ပန်းပန်း ဈေးရောင်းနေကြရတဲ့ အမေမျိုးတွေ မြန်မာပြည်မှာ ဘယ်လောက်တောင် ရှိနေမလဲ…ကျွန်တော်ကကော ဘယ်နှစ်ခါ ဘယ်လောက်ကူညီနိုင်မှာမို့လဲ။တကယ်တော့ ….လူတိုင်းရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့စိတ် သားသမီးတိုင်းရဲ့ ရင်ထဲမှာ..မိဘကျေးဇူးကိုသိတတ်နားလည်လုပ်ကျွေးပြုစုချင်တဲ့စိတ် လူသားတိုင်းရဲ့ ရင်ထဲမှာကိုယ်စီတာဝန်ကျေနားလည်မှုတွေ.ရှိနေကြမယ်ဆိုရင်…
Zawgyi
မုံရွာ Q စင်တာ တွင် စုံတွဲ တ တွဲ လက်မှတ်ေ ရးထိုး ၍ မင်္ဂလာ ပွဲ ထူးထူးခြားခြား ပြုလုပ်
မုံရွာ Q စင်တာ တွင် စုံတွဲ တ တွဲ လက်မှတ်ေ ရးထိုး ၍ မင်္ဂလာ ပွဲ ထူးထူးခြားခြား ပြုလုပ်
မုံရွာမြို့၊ ထန်းတောရပ်ကွက် အသွားအလာကန့်သတ် Q စင်တာတွင် စုံတွဲတစ်တွဲအား မိဘများရှေ့မှောက် လက်မှတ်ထိုး လက်ထပ်ပေးခြင်းအား ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
သတို့သမီးမှာ မကွေးတိုင်း ပေါက်မြို့မှလာသဖြင့် မုံရွာမြို့ ထန်းတောရပ်ကွက် အမှတ် (၆) အထက်တန်းကျောင်း အသွားအလာကန့်သတ်နေရာတွင် ထားရှိခဲ့ခြင်းဖြစ်သည်။ သတို့သားမှာ ထန်းတော အောင်လံရပ်မှဖြစ်ပြီး ၎င်းနေအိမ်တွင်သာ နေထိုင်နေသူ ဖြစ်ပါတယ်။
“မိဘတွေက သဘောတူပြီးသားတွေပါ။ ကောင်လေးရဲ့ အဖေက သူ့ချွေးမကို မကွေးကနေ ခေါ်လာတာ၊ အခု ကွာရန်တင်းမှာ ကောင်မလေးရယ်၊ သူ့အမကြီးရယ်၊ ကောင်လေးရဲ့အဖေတို့ရယ်ကို နေခိုင်းထားတယ်၊ ကောင်လေးက သူယူမယ့် ကောင်မလေးကို ထိတွေ့မှုမရှိခဲ့လို့ သူ့ကိုတော့ ကွာရန်တင်းမှာ မထားဘူး၊ ဒီနေ့ ရက်ကောင်းလို့ လက်မှတ်ထိုးချင်လို့ပါဆို လို့ စီစဉ်ပေးလိုက်တာပါ ” ဟု ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုဝင်းက ပြောပါတယ်။
လက်မှတ်ထိုးပွဲအား လူချင်းထိတွေ့မှုမရှိရန် အကွာအဝေးသတ်မှတ်၍ အချိန်အနည်းငယ်သာယူကာ ပြုလုပ်စေခဲ့သည်ဟု ဆိုသည်။ လက်မှတ်ထိုးပြီး သတို့သားအား နေအိမ်သို့ပြန်စေကာ သတို့သမီးအား Quarantine စင်တာတွင် ဆက်လက်ထားရှိပါတယ်။ ထန်းတောရပ်ကွက် Quarantine စင်တာတွင် စောင့်ကြည့်အဖြစ်ထားသူ ၁၃ ဦး ရှိနေပါတယ်။
Zawgyi
ဆေးဖက်ဝင်ရုံမက ဟင်းချက်စားနိုင်သော ကျားရှာပင်
ဆေးဖက်ဝင်ရုံမက ဟင်းချက်စားနိုင်သော ကျားရှာပင်
အပင်ကို အတော်များများသိကြ၏။ တွေ့ဖူးကြသည်။ ထိုအပင်၏ ဆေးအသုံးသိစေရန် တင်ပြလိုက်ပါသည်။ ယောက်ျား ပန်းထဆေး၊ အကိုက်အခဲပျောက်ဆေး၊ အကြောလျောက်သက်တန့်ဆေး၊ ကြက်ညှာချောင်းဆိုးပျောက်ဆေး စသည်ဖြင့် အသုံးပြုကြသည်။
ပန်းထလိမ်းဆေး
အသီးမှအစေ့ကိုဆီချက်ရသည်။ ယင်းအဆီကို နံက်ညလိမ်းပေးပါက ကာမသတ္တိပွားများခြင်း၊ ပန်းသေ ရောဂါပျောက်ကင်းခြင်း စသောအကျိးများကို ခံစားမြင်တွေ့ရပါမည်။ ထိုပြင်လိင်တံကို တောင့်တင်းမာကြောစေပါသည်။
ဆေးကျမ်းတွင် မှတ်ချက်အဖြစ် တင်ပြထားသည်မှာ ယင်းဆီကိုလိမ်းသောအခါ သာမန်လိမ်းရုံမဟုတ်ဘဲ အကြောအသားအတွင်းသို့ စိမ့်ဝင်အောင် ခပ်ပြင်ပြင်း လိမ်းပေးရန်ဟု ပါရှိပါသည်။
ကျမ်းကိုး(အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်)တတိယတွဲ
အကိုက်အခဲပျောက်ဆေး-
ရှားစောင်းလက်ဝါးပဉ္စ(၅)ပါးကိုထုချေပြီး နှမ်းဆီ၊ မုန်ညင်းဆီတို့ဖြင့် (၁)ရက်ကြာ စိမ်၍ အဝတ်ဖြင့် စစ်ယူရသည်။ ယင်းဆီကို ကိုယ်လက်အင်္ဂါကြီးငယ်တို့ကို နာနာပွတ်၍ လိမ်းပေးပါက အကိုက်အခဲ ပျောက်ကင်း စေပါသည်။
အကြောလျောက်သက်တန့်-
အကြောတွင် ပေါက်သောအနာဖြစ်ပါမူ ရှားစောင်းလက်ဝါး အတွင်းသားများကို မီးနွေးနွေးဖြင့်ကင်ပြီး အနာပေါ် အုံပေးရသည်။ အကြောနာရောဂါ၊ အကြောလျောက်သက်တန့်နာများ ပျောက်ကင်းပါလိမ့်မည်။
သည်းခြေဖောရောဂါ-
ရှားစောင်းလက်ဝါးအရွက်ကို ကြိတ်ပြီးအုံပေးခြင်း၊ ကျပ်ထုပ်ထိုးခြင်းဖြင့် အပူဖော၊ သည်းခြေဖောရောဂါကို ပျောက်ကင်းစေသည်။
ကြက်ညှာချောင်းဆိုး-
ရှားစောင်းလက်ဝါးအသီးကို မီးကင်း၍ အရည်ညှစ်ပါ။ ထိုအရည်ကို ကြက်ညှာချောင်းဆိုးသူများအား သင့်ရုံတိုက်ပေးပါက ပျောက်ကင်းစေသည်။
ဝမ်းနုတ်ဆေး-
အစေး(၁၀)စက်မျှကို သကြားခဲနှင့်ရောပြီး သောက်ပါမူ ဝမ်းစင်ကြယ်စွာ သက်ပါသည်။ ယင်းဝမ်းနုတ်ဆေးမှာ ရေဖျဉ်း၊ဖေါရောင်သူ၊ ဆီးခိုးမှုတ်ခြင်း၊ ကိုယ်လက်ကိုက်ခဲ ညောင်းညာ၊ ချွဲသလိပ်ကျပ်ခြင်းတို့ကို ပျောက်ကင်းစေပါသည်။ အခြားပျောက်ကင်းစေသော ရောဂါများလည်း များစွာရှိ နေပါသေးသည်။
ရှားစောင်းလက်ဝါး
ရှားစောင်းမျိုးရင်း ဖြစ်သည်။ လက်ဝါးပုံ(သို့) နဂါး ပါးပျဉ်းကဲ့သို့ ရှိသည်။ ရှည်၍ ချွန်ထက်မာကျောသော အဆူးများရှိသည်။ အစုလိုက်ပေါက်တတ်ပြီး၊ အပင်များကို သတ်ရန် ခဲယဉ်းလှသည်။ ရှေးက အလှူအတန်းများတွင် မဏ္ဍပ်ဆင်ခြင်း၊လိုက်ကာ၊ မျက်နှာကျက် ဆွဲခြင်းများတွင် တွယ်ချိတ်အဖြစ် အဆူးကို သုံးကြသည်။
အခေါ်အဝေါ်
မြန်မာတို့က ရှာစောင်းလက်ဝါး၊ အချို့အရပ်များတွင်ဘီလူးလက်ဝါး၊ ကျားရှာဟု ခေါ်ကြသည်။ ဆေးကျမ်းတို့တွင် နာဂ်ဖနီ(နဂါးပါးပျဉ်း)ဟု ခေါ်ပါသည်။
ခြံဝန်းလုံခြုံရန် စိုက်ပျိုးထားတတ်ကြသော ရှားစောင်းလက်ဝါး အဆူးပင်မှာ ဆေးဖက်ဝင်ပင် ဖြစ်နေသည်မှာ အံ့သြစရာဖြစ်ပါတော့သည်။
Credit – ရဲမျိုးသူ(ဗောဓိမြိုင်)
Zawgyi
ပန်းထလိမ်းဆေး
အကိုက်အခဲပျောက်ဆေး-
အကြောလျောက်သက်တန့်-
သည်းခြေဖောရောဂါ-
ကြက်ညှာချောင်းဆိုး-
ဝမ်းနုတ်ဆေး-
ရှားစောင်းလက်ဝါး
အခေါ်အဝေါ်