ခေါင်း မှာ သန်းများရှိလျှင်
ဦးခေါင်း သန်းများရှိခြင်း အတွက်
တောကြက်ဟင်းခါးအစေ့ခြောက်ကိုအမှုန့်ပြုပြီးအုန်းဆီနှင့်် ဆံပင်များကြား နံှ့နှံ့သေခြာဖိပွတ်၍လူးပေးပါ ။
ညနေလူးညသိပ်နောက်တနေ့မနက်ခေါင်းလျှော်ပေးပါ ဦးခေါင်းသန်းများ ကင်းရှင်းသွားပါလိမ့်မည် ။
( အထက်ပါအတိုင်း တောကြက်ဟင်းခါးအရင့်အစေ့ခြောက် အဆင်မပြေလျှင် ” တမာသီး၏အစေ့ခြောက်အမှုန့်ဖြင့်ပြုပါပေးပါ )
လက်တွေ့ဦးခေါင်းသန်း ပျောက်ကင်းစေသောနည်းပါ ။
ဆေးနည်းပေးသော တိုင်းရင်းဆေးဆရာကြီး အဘဦးတင်ထွေးအားဦးခိုက်ပါသည် ။
စိုင်းမင်းသန့်
Zawgyi
တောကြက်ဟင်းခါးအစေ့ခြောက်ကိုအမှုန့်ပြုပြီးအုန်းဆီနှင့် ဆံပင်များကြား နှံ့နှံ့သေခြာဖိပွတ်၍လူးပေးပါ ။
စိုင်းမင်းသန့်
(၁၀)နှစ် သားအရွယ် ကောင်ေ လးကြောင့် ကိုယ်ဝန် ရခဲ့တယ် ဆို တဲ့ (၁၃)နှစ်ကောင်မလေး၊ အဖြစ်မှန်ကို ပြန်ရှင်း
(၁၀)နှစ် သားအရွယ် ကောင်ေ လးကြောင့် ကိုယ်ဝန် ရခဲ့တယ် ဆို တဲ့ (၁၃)နှစ်ကောင်မလေး၊ အဖြစ်မှန်ကို ပြန်ရှင်း
ပီးခဲ့တဲ့နှစ် နှောင်းပိုင်း က တစ်ကမ္ဘာလုံးက သတင်းမီဒီယာတွေ ထက်မှာ ရေပန်းစားခဲ့တဲ့ သတင်းတစ်ပုဒ် ရှိခဲ့ပါတယအသက်(၁၀)နှစ်သာရှိသေးတဲ့ ကောင်လေးကြောင့် (၁၃)နှစ်အရွယ် ကောင်မလေးမှာ ကိုယ်ဝန်ရှိခဲ့တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ရုရှားနိုင်ငံမှာ ဖြစ်ခဲ့တာပါ။(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေးကောင်မလေးကို ဆေးပညာရှင်တွေက သေချာ စမ်းသပ်ကြည့်တဲ့အခါ တကယ်ကိုယ်ဝန် ရှိနေတာ ဟုတ်ပါတယ်။
ဒါပေမယ့် ဆေးဘက်ဆိုင်ရာ ပညာရှင်တွေရဲ့အမြင်အရ ဆယ်နှစ်ကောင်လေးဟာ ကလေးရအောင် စွမ်းဆောင်နိုင်တဲ့ အရွယ်ကို မရောက်သေးဘူးဆိုတာပါပဲ။ အဲဒီတုန်းက ဒေါက်တာတွေက ဒီကိုယ်ဝန်ဟာ တခြားသူကြောင့် ဖြစ်ရမယ်၊ ဒီ(၁၀)နှစ်အရွယ် ကောင်လေးကြောင့် လုံးဝ မဟုတ်ဘူးလို့ ယတိပြတ် ငြင်းဆိုခဲ့ပါတယ်။
(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေးဒါပေမယ့် ကောင်မလေးက လူငယ်ကလေးပီပီ နာမည်ကြီးချင်လို့ “၁၃ နှစ်နဲ့ ကိုယ်ဝန်ဆောင်တဲ့ ကောင်မလေး”ဆိုပြီး လူမှုကွန်ရက်မှာ ပရိသတ်စုဆောင်းကာ နာမည်ကြီးဖို့အရေး ကြိုးပမ်းပါတော့တယ်။ တစ်ရက်တည်းမှာပဲ ပရိသတ် သိန်းချီ စုဆောင်းနိုင်ခဲ့ပါတယ်။ ကလေးမလေးရဲ့ မိခင်က ရင်သားကင်ဆာ ဝေဒနာ ခံစားနေရတယ်လို့ ဆိုပါတယ်။
(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေးအဲဒီကောင်မလေးက Influencer ဘဝနဲ့ မိခင်ကို လုပ်ကျွေးချင်တယ်ဆိုပြီး အကြွေချက်ကို ကိုင်ကာ၊ လူတွေကို သူမဆီ ပါအောင်စည်းရုံးနိုင်ခဲ့ပြီး၊ ဆယ်နှစ်အရွယ် ကောင်လေးနဲ့ တွဲသွားတွဲလာပုံတွေကို တင်ခဲ့ရာ၊ တစ်နေ့တခြား နာမည်ကြီးလာခဲ့ပါတယ်။
(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေးဒီကြားထဲမှာ ကလေးအဖေ ဘယ်သူဆိုတာ သူတို့ လုံးဝ မထုတ်ဖော်ခဲ့ပါဘူး။ နောက်ကွယ်မှာ ကလေးမလေးနဲ့ တွဲနေတယ်ဆိုတဲ့ အသက်(၂၄)နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးစစ်ဆေးတာမျိုးတောင် လုပ်ခဲ့ပါတယ်။ကောင်မလေးရဲ့နာမည်ကတော့ Darya ဖြစ်ပါတယ်။ သူမဟာ အခု (၁၄)နှစ် ရှိနေပါပြီ။ သူမရဲ့ကိုယ်ဝန်ဟာ အခု အသက်(၁၁)နှစ်ကို ရောက်နေပြီဖြစ်တဲ့ Ivan ရဲ့ ကိုယ်ဝန်မဟုတ်သလို၊
ရဲက ဖမ်းဆီးခဲ့တဲ့ (၂၄)နှစ်အရွယ် အမျိုးသားရဲ့ကိုယ်ဝန်လည်း မဟုတ်ဘူးလို့ ပြောပါတယ်။ သူမကို လူတစ်ယောက်က မုဒိမ်းကျင့်ခဲ့ကြောင်း၊ အဲဒီလူဟာ ဝဖိုင့်တဲ့ခန္ဓာကိုယ်နဲ့အတူ အရပ်လည်း အလွန်ရှည်တယ်လို့ ဆိုပါတယ်။
(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေးဒီဝန်ခံမှုက တကယ် ဟုတ်နိုင်မဟုတ်နိုင်ကိုတော့ မသိရသေးပါဘူး။ အကြောင်းကတော့ Darya ဟာ အောင်မြင်မှုကို ဆာလောင်နေသူဖြစ်တဲ့အတွက် သူမကို တနည်းနည်းနဲ့ စိတ်ဝင်စားသူတွေ ရှိလာဖို့၊ ဒါမှမဟုတ် နာမည်ပိုကြီးလာဖို့၊ ဒါမှမဟုတ် အေးစက်နေတဲ့ သူမအကြောင်းကို လူတွေ ပြန်ပြီး သတိတရဖြစ်သွားအောင်လို့ဆိုတဲ့ သဘောနဲ့ ဇာတ်လမ်းသစ် ပြန်စတာလားဆိုတာ တွေးစရာပါ။ ဒီလို လုပ်ခဲ့တဲ့ အစဉ်အလာကလည်း ရှိနေတာကိုး။
(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေးDarya ဟာ Zheleznogorsk မှာ နေထိုင်ပါတယ်။ နောက်ပိုင်းတော့ သူမဟာ လူမှုကွန်ရက်ပေါ်မှာ တောင်စဉ်ရေမရ လျှောက်ပြောတာတွေကြောင့် တချို့ကလည်း ဒီကောင်မလေး စိတ်ပုံမှန်မှ ရှိရဲ့လားလို့ သံသယတွေ ရှိနေကြပါတယ်။ လက်ရှိအချိန်မှာ သူမရဲ့ Pregnant at 13 အမည်ရ လူမှုကွန်ရက်မှာ ပရိသတ် (၃)သိန်းခန့် ပိုင်ဆိုင်ထားပါတယ်။(၁၀)နှစ်သားအရွယ် ကောင်လေးကြောင့် ကိုယ်ဝန်ရခဲ့တယ် ဆိုတဲ့ (၁၃)နှစ်ကောင်မလေးသူမက Pregnant at 13 အကောင့်မှာ ” အခု ကျွန်မ လျှို့ဝှက်ထားတဲ့ ဗိုက်ထဲက ကလေးရဲ့ အဖေအရင်းအကြောင်းကို အများသိအောင် ပြောချင်ပါတယ် … ဒါက ကျွန်မအတွက် အလွန်နာကျင်စေတဲ့ ကိစ္စပါ …ကျွန်မ ဘယ်ကိုမှ ထွက်ပြေးသွားလို့ မရသလို … နာကျင်မှုက စိတ်ထဲကို စွဲနေပါတယ် … တကယ်က အဓမ္မကျင့်ခံရတာပါ … ဘယ်လို ဖြစ်တယ်ဆိုတာ အပြည့်အစုံ မပြောချင်ပါဘူး .. စိတ်နာရလို့ပါလို့ “ပြောခဲ့ပါတယ်။
Zawgyi
လျှပ်စစ်မီတာခများ ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်
လျှပ်စစ်မီတာခများ ကျေနပ်မှုမရှိပါက သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးအထိ တိုင်ကြားနိုင်
ဓာတ်ပုံ-မြင့်မိုးညို (လတ်တလောတွင် မီတာခကိစ္စကို အတိုင်ပင်ခံရုံးအနေနှင့် ပြန်လည်စဉ်းစား သုံးသပ်ပေးမည့်အစီအစဉ် မရှိသေးဟုဆိုသည်)
လျှပ်စစ်မီတာခများနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသော ပြည်သူများရှိပါက နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရုံးသို့ လိပ်မူတိုင်ကြားနိုင်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်များကို ပြောကြားလိုက်သည်။
လတ်တလောတွင် မီတာခကိစ္စကို အတိုင်ပင်ခံရုံးအနေဖြင့် ပြန်လည်စဉ်းစားသုံးသပ်ပေးမည့် အစီအစဉ်မရှိသေးကြောင်းလည်း ဦးဇော်ဌေးက ထည့်သွင်းပြောကြားခဲ့သည်။
လျှပ်စစ်မီတာခများကို ဧပြီလတွင် ယူနစ် ၁၅၀ သုံးစွဲခွင့် အခမဲ့ပေးခဲ့သော်လည်း ပြည်သူအများစုတွင် မီတာခငွေ ပိုမိုကုန် ကျသောကြောင့် ဝေဖန်ပြောဆိုမှုများမြင့်တက်ခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေလ ၁၅ ရက်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ရပြီ ဖြစ်သည်။
မီတာခများနှင့်ပတ်သက်၍ မကျေနပ်ပါက သက်ဆိုင်ရာလျှပ်စစ်ဌာနတွင် ပြောဆိုဖြေရှင်းနိုင်ကြောင်းလည်း လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန်ဦးစိုးမြင့်က ပြောဆိုထားသည်။
လျှပ်စစ်ဝန်ကြီးဌာနတွင် မီတာဖတ်စာရေး (ဝန်ထမ်းများ) လိုအပ်ချက်ရှိနေပြီး မီတာဖတ်စာရေး၏ ခန့်မှန်းမီတာဖတ် သည့်ကိစ္စများရှိနေကြောင်း ၎င်းက ဝန်ခံပြောဆိုထားသည်။
ယင်းဝန်ထမ်း လိုအပ်ချက်ကို နိုင်ငံတော်သမ္မတရုံးအနေဖြင့် ယခင်ကပင် ဝန်ထမ်းခန့်နိုင်ရေးအတွက် ၎င်းတို့တွင် လုပ်ဆောင်ခွင့်ရှိကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။
The Voice
Zawgyi
The Voice
တကယ့်လူသားအစစ်လို ချောမောလှပလွန်းတဲ့ အမျိုးသမီးစက်ရုပ် ( ရုပ် / သံ )
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ တကယ့်လူသားလား၊ စက်ရုပ်လားဆိုတဲ့ မကွဲပြားမှုက ပိုမိုတိုးမြှင့်လာနေတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ရုပ်သံထဲမှာတွေ့ရတဲ့ အလွန်ချောမောလှပတဲ့ တကယ့်လူသားအစစ်လို အမျိုးသမီးစက်ရုပ်က သင့်ကို လူလား၊ စက်ရုပ်လားဆိုတဲ့ အမြင်မကွဲပြားမှုကို လုံးဝပျောက်ကွယ်သွားစေပြီး တကယ့်လူသားစင်စစ်လို အထင်ရောက်စေမယ်လို့ ဆိုထားပါတယ်။
ဂျပန်နိုင်ငံမှာ တိုကျိုမြို့မှာကျင်းပတဲ့ ဂိမ်းပြပွဲမှာ ခင်းကျင်းပြသထားတဲ့ မိန်းကလေးစက်ရုပ် ဗွီဒီယိုရုပ်သံကို လူမှုကွန်ရက်ပေါ် တင်ခဲ့ရာမှာ ကြည့်ရှုသူပေါင်း ၃ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
အခု မိန်းကလေးစက်ရုပ်နဲ့အတူ ခင်းကျင်းပြသထားတဲ့ သူမလို အမျိုးအစားတူ အရုပ်တော်တော်များများက ပြင်သစ်ကုမ္ပဏီဖြစ်တဲ့ ကွန်တစ်ဒရီးမ် (Quantic Dream) က တိုးတက်တီထွင်ထားတဲ့ ဂိမ်းအမျိုးအစားတွေဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ဆိုနီ အင်တာအက်တစ်ဗ် အန်တာတိန်းမန့် ဂိမ်းကုမ္ပဏီ (Sony Interactive Entertainment) က ထုတ်လုပ်ထားတာလို့ သိရပါတယ်။
ရုပ်သံထဲမှာ မိန်းကလေးစက်ရုပ်ရဲ့ မျက်နှာနဲ့ ခြေလက်လှုပ်ရှားမှုတွေ အသေးစိတ် တည်ဆောက်ပုံတွေကို အလွန်လှပ အံ့သြဖွယ် တွေ့ရလို့ လာရောက်ကြည့်ရှုသူတွေအနေနဲ့ တကယ့်လူသားလို့ အထင်ရောက်ကြမှာဖြစ်ပြီး စက်ရုပ်က ပြုံးပြ၊ လက်တွေဝှေ့ယမ်းပြလို့ လာရောက်ကြည့်သူတွေနဲ့ လူမှုကွန်ရက် သုံးစွဲသူတွေ အံအားသင့်စေခဲ့တယ်လို့ ဆိုပါတယ်။Credit
Zawgyi
Credit
ကဲ ခုချိန်​ကသရက်​သီး​ပေါတဲ့ ရာသီဆို​တော့ သရက်​သီးရဲ့ အကျိုးအာနိသင်​လေး​တွေ​ဖော်​ပြ​ပေးလိုက်​ပါတယေ်​နာ်​
🌳🌳နွေရာသီမှာ သရက်သီးစားပါ
`အသီးမှာ သရက်(King of fruits)´လို့ ဆိုးရိုးစကား ရှိပါတယ်။ ကမ္ဘာ့နေရာ အနှံ့အပြားမှာ သရက်သီး မျိုးစိတ်ပေါင်းများစွာ ရှင်သန်ပေါက်ရောက်ပြီး လူမျိုးစုများစွာကလည်း သရက်သီးကို မြိန်ရေရှက်ရေ စားသုံးကြပါ တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စိန်တလုံး၊ မချစ်စု၊ ရွှေဟင်္သာ၊အောင်ဒင်၊နတ်တဲ့၊ သုံးလုံးတစ်တောင် အစရှိတဲ့ သရက်သီး မျိုးစိတ်ပေါင်းများစွာ ရှင်သန်ပေါက်ရောက် ပါတယ်။
သရက်သီးမှည့်မှာ ဘီတာမင် အမျိုးနှစ်ဆယ်ကျော်နှင့် သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းများ၊ အမျှင်ဓာတ်နှင့် ရေဓာတ်များစွာပါဝင်လို့ သရက်သီးမှည့်ကို စားသုံးခြင်းအားဖြင့် အောက်ပါ ကျန်းမာရေးအကျိုးကျေး ဇူးတွေ ရရှိနိုင်ပါတယ်။
🍋🍋🍋🍋🍋🍋🍋🍋🍋🍋
၁။ အမြင်အာရုံပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း
သဘာဝအရ အသက်ကြီးလာနဲ့အမျှ လူ့ခန္ဓာကိုယ်က ပျက်စီးယိုယွင်းလာပါတယ်။ ပျက်စီးယိုယွင်းလာတဲ့ အထဲမှာ မြင်လွှာ(မျက်လုံးအိမ်အနောက်ဘက်ရှိ အမြှေးပါး) လည်း ပါပါတယ်။သရက်သီးမှာ ပါတဲ့ Zeaxanthin ဆို တဲ့ ဒြပ်ပေါင်းက မြင်လွှာကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးပါတယ်။ သရက်သီးမှာ ဘီတာမင်အေ Vit A အများအပြား ပါဝင်ပါသေးတယ်။ သရက်သီးကို ပုံမှန်စားသုံးခြင်းအားဖြင့် အမြင်အာရုံ ပျက်စီးယိုယွင်းတာ၊ ကြက်မျက်သင့်ရောဂါနဲ့ မျက်ကြည်လွှာခြောက်သွေ့ပျက်စီးတာတွေကနေ ကာကွယ်ပေးပါတယ်။
၂။ ပန်းနာရင်ကြပ်သမားတွေနေ့စဉ်မှီဝဲသင့်
သရက်သီးမှာ Betacarotene များစွာ ပါဝင်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ သည်တွေသာ Betacarotene ဓာတ်ပါတဲ့ အစားအစာတွေ နေ့စဉ်စားသုံးရင် ရင်ကြပ်ရောဂါဖြစ်ပွားနှုန်း လျော့ကျနိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။
၃။ အရိုးကို သန်မာစေ
ဘီတာမင်ကေ ဓာတ်ချို့တဲ့သူတွေနဲ့ အရိုးကျိုးလွယ်တာက များစွာဆက်စပ် နေပါတယ်။ သရက်သီးမှာ ဘီတာမင်ကေ များစွာ ပါဝင်လို့ အရိုးကို သန်မာစေပါတယ်။ ဘီတာမင်ကေက ကယ်ဆီယမ် စုပ်ယူမှုကို အားပေးပါတယ်။
၄။ မှတ်ဥာဏ်ကောင်းပြီး အာရုံစူးစိုက်မှုရစေ
သရက်သီးမှာပါတဲ့ ပရိုတင်းတစ်မျိုး (Glutamin acid)ကြောင့် ဦးနှောက်နဲ့အာရုံကြောကို အားတိုးစေပြီး မှတ်ဥာဏ်ကောင်းကာ အာရုံစူးစိုက်မှု မြင့်မားစေပါတယ်။
၅။ ကင်ဆာဖြစ်ပွားနှုန်းကိုလျော့ချနိုင်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါတဲ့ သစ်သီးဝလံအားလုံးက ကင်ဆာဖြစ်ပွားမှုကို လျော့ချနိုင်ပါတယ်။ သရက်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ( Antioxidant_Gallic acid, Fisetin, quercetin, isoquercitrin, astragalin, methylgallat)ကြောင့် ဆီးကြိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊အူလမ်းကြောင်းကင် ဆာ၊ သွေးကင်ဆာ ဖြစ်ပွားနှုန်းတွေ လျော့ကျစေနိုင်တယ်လို့ Harvard school of Public Health`s Department of Nutrition ရဲ့လေ့လာမှုအရ သိရပါတယ်။
၆။ သရက်သီး အနည်းငယ်စားသုံးခြင်းက ဆီးချိုထိန်းညှိပေးနိုင်
သရက်သီးမှည့်ကို ဆီးချိုသမားတွေ စားလို့ ရ မရ ကို ဆေးပညာရှင်တွေ ငြင်းခုန်နေကြဆဲပါပဲ။ တစ်နေ့ သရက်သီး မှည့် တစ်လုံး၊ နှစ်လုံး စားခြင်းက သွေးထဲက အင်ဆူလင်နဲ့ သကြားဓာတ်ကို သဟဇာတ ဖြစ်စေပါတယ်။ ဆီးချိုပမာဏ ထိန်းထားနိုင်ရင် စားလို့ရပါတယ်။တန်ဆေးလွန်ဘေးဆိုသလို ဆီးချိုသမားများက သရက်သီးကို အလွန်အကျွံ မစားရပါဘူး။ဆီးချိုတက်နေချိန် မစားသင့်ပါ။
၇/၈။၀မ်းချုပ်ခြင်းမှကာကွယ်ပြီး အလေးချိန်ကျစေ
သရက်သီးမှည့်မှာပါဝင်တဲ့ အမျှင်ဓာတ်(fibers)နဲ့ ရေဓာတ်တွေက အစာအိမ်အူလမ်းကြောင်းလှုပ်ရှားမှုကို အားပေးပြီး ၀မ်းချုပ်ခြင်းမှာ ကာကွယ်တားဆီးပေးပါတယ်။ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားဖို့ ကယ်လိုရီ များစွာ အသုံးပြုခြင်းအားဖြင့် ခန္ဓာကိုယ် အလေးချိန်ကို လျော့ချနိုင်ပါတယ်။
၉။ နွေရာသီရဲ့အပူကို သရက်သီးဖျော်ရည်နဲ့ အန်တုပါ။
နွေရာသီရဲ့ ပူပြင်းမှုကြောင့် ခန္ဓာကိုယ်က ရေဓာတ်များစွာ ဆုံးရှုံးပြီး Heat stroke ရကာ အသက်သေဆုံးတဲ့ အထိ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ် အပူချိန် မလွန်စေဖို့ သရက်သီးဖျော်ရည်က သင့်ကို ကူညီနိုင်ပါတယ်။ သရက်သီး၊ပျားရည်နဲ့ ရေကို ရောဖျော်ကာ သောက်သုံးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါလိမ့်မယ်။
၁၀။ စိုပြည်ဝါဝင်းပြီး ၀က်ခြံကင်းတဲ့မျက်နှာ
သရက်သီးကို စားသုံးခြင်းအားဖြင့် အသားရေကို စိုပြည်စေပါတယ်။ သရက်သီးကို အစိတ်ငယ်လေးတွေ လှီးကာ မျက်နှာပေါ် ပေါင်းတင်နိုင်ပါတယ်။ ၁၅မိနစ်ခန့် မျက်နှာပေါ်တင်ပြီး မျက်နှာသစ်ပါ။ မျက်နှာပေါ်က ချွေးပေါက်ကို ကျဉ်းစေပြီး ၀က်ခြံထွက်ခြင်းမှ ကာကွယ်ပေးပါတယ်။
၁၁။ ပိတုန်းရောင်ဆံကေသာ
သရက်သီးမှာပါတဲ့ Vit C,collagen တွေက ဆံကေသာကို ခွန်အားပေးပြီး နက်မှောင် သန်စွမ်းကာ နူးညံ့ပျော့ပျောင်း စေပါတယ်။
၁၂။ အမျိုးသားများအတွက် သတင်းကောင်း
သရက်သီးကို အနောက်နိုင်ငံတချို့မှာ Love fruitလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သရက်သီးမှာပါတဲ့ ဒြပ်ပေါင်းတွေက လင်နဲ့မယားကြား ကာမစိတ်ဆန္ဒဖြစ်ပေါ်မှုကို အားပေးပြီး အမျိုးသားများကိုလည်း အမြင့်ဆုံးသော ကာမစွမ်းဆောင်မှုကို ရရှိစေတယ်လို့ ဆိုပါတယ်။
၁၃။ ကိုယ်ခံအားကိုမြင့်မားစေ
သရက်သီးမှာပါတဲ့ ဘီတာမင်အမျိုး၂၀ကျော်နဲ့ သတ္တုဓာတ်တွေကြောင့် ကိုယ်ခံအားကို မြင့်မားစေပြီး ရောဂါ မျိုးစုံဝင်ရောက်ခြင်းမှ ကာကွယ်တားဆီး ပေးပါတယ်။
၁၄။ ပန်းနုရောင်နှုတ်ခမ်းပိုင်ရှင်
သရက်သီးမှာပါတဲ့ သံဓာတ်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သွေးဆုံးပြီး အမျိုးသမီးများနဲ့ သွေး အားနည်းရောဂါသည်တွေက သရက်သီးကို ပုံမှန်စားသုံးသင့် ပါတယ်။ သွေးအားပြည့်ဝနေရင် သင့်ရဲ့ နှုတ်ခမ်းလေး က ပန်းနုရောင်လေးပြေးနေမှာ အသေချာပါ။
၁၅။ ဆီးကျောက်အန္တရာယ်မှကင်းဝေစေ
သရက်သီး ပုံမှန်စားသုံးရင် ဆီးကျောက်တည်ခြင်းမှ ကင်းဝေးတယ်လို့ တရုတ်ဆေးပညာရှင်တွေက ဆိုပါတယ်။
၁၆။ ငွေကုန်သက်သာစွာ အိမ်မှာပဲ ပေါင်းတင်ပါ
သရက်သီး၊ ပျားရည်၊ နို့တွေရောကြိတ်ပြီး ခန္ဓာကိုယ်အနှံ့ ပေါင်းတင်နိုင်ပါတယ်။ ငွေကုန်ကြေးကျ သက်သာ စွာ မိမိအိမ်မှာပဲ ပေါင်းတင် နိုင်ပါတယ်။
“သတိပြုရန်”
တန်ဆေးလွန်ဘေးဆိုသလို သရက်သီးမှည့်တွေကို အလွန်အကျွံ စားသုံးရင်
၁။အ၀လွန်ခြင်း(သရက်သီးမှည့်မှာ သကြားဓာတ်များစွာပါလို့ပါ)
၂။ဆီးချိုတက်ခြင်းနဲ့
၃။ယင်နားထားတဲ့သရက်သီး၊မသန့်ရှင်းသောလက်နဲ့ကိုင်ထားတဲ့ သရက်သီးတွေစားမိရင် ၀မ်းလျှောခြင်းတွေ ဖြစ်နိုင်ပါတယ်။
၄။ရေမဆေးဘဲစားရင် သရက်သီးအစေး ပူလောင်ပြီး ပါးစပ်တစ်ဝိုက်မှာ အရေပြား ရောင်ရမ်းနာ ရတတ်ပါတယ်။
၅။ သရက်သီးနဲ့ ဓာတ် မတည့်ခြင်းကို လူအနည်းငယ်မှာ ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ ဓာတ်မတည့်သော လက္ခဏာများ ချွေးစေးပြန်လာခြင်း။ အသက်ရှူနှုန်း နှလုံးခုန်နှုန်းမြန်လာခြင်း။ ဗိုက်အောင့်လာခြင်း။ သတိလစ်မေ့မြောခြင်း။
အထက်ပါကောင်းကျိုးများနဲ့ ဆိုးကျိုး အနည်းငယ်ကို မှတ်သားကာ နွေရာသီရဲ့ အပူချိန်ကို သရက်သီး စားသုံးပြီး အန်တုဖို့ တိုက်တွန်းလိုက်ပါတယ်။
Credit &Copy
Health updates journal
Zawgyi
🍋🍋🍋🍋🍋🍋🍋🍋🍋🍋
၃။ အရိုးကို သန်မာစေ
၁၁။ ပိတုန်းရောင်ဆံကေသာ
“သတိပြုရန်”
၂။ဆီးချိုတက်ခြင်းနဲ့
Credit &Copy
အမျိုးသားတို့အတွက်​ဆေးဘက်ဝင်တဲ့လေးနာရီပန်းခေါ် မဥ္ဇူပန်း
လေးနာရီပန်း– မဉ္ဇူ ပန်း
အာနိသင်
မြန်မာ ဆေးကျမ်းများ အလိုအရ မဉ္ဇူပန်း ပင်၏ အရွက်သည် ခါး၏ ၊ အဖုအနာ ကို ပျောက်ကင်း စေ၏ ၊ ကာမကို အားပေး၏ ၊ အပူကို နည်းပါး စေသည်။
အသုံးပြုပုံ-
၁ ။ ဥကို ပန်းသေ ၊ ပန်းညှိုးရောဂါ အတွက် ဆေးဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံးပြု ၏ ။
၂ ။ မဉ္ဇူပန်းဥ ၊ ချင်းခြောက် ၊ ငရုတ်ကောင်း ၊ ပိတ်ချင်း သီး တို့ကို အမှုန့် ပြု၍ ပျားရည်နှင့် လျက်သော် ညောင်းကျ ရောဂါ ပျောက်၏။
အရွက်
၁ ။ မဉ္ဇူ ရွက်စိမ်း ကြိတ်ရည် ညှစ်ရည်နှင့် လိမ်းပေးသော် အရေ ပြား ပေါ် တွင် ယားဖု ကလေးများ ပေါက်၍ မနေနိုင် အောင် ယားယံခြင်း ပျောက်၏။
၂ ။ အရိုးကျိုး ခြင်း ၊ အဆစ်လွှဲ ခြင်း ၊ အကြောထုံး ဖွဲ့ခြင်း များအတွက် အရွက်ကို ရေအေးနှင့် ကြိတ်၍ အုံပေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။
ပဉ္စငါးပါး
၁ ။ အပင် ၏ ပဉ္စငါးပါးကို သကြားနှင့် သုံးခွက် တစ်ခွက် တင် ကျို သောက်လျှင် ဆီးပူ ၊ ဆီးကိုက် ၊ ဆီးကျင် ၊ ဆီးပိတ် ၊ ဆီးကျောက် တည်သော ရောဂါ ပျောက်၏ ။
Credit to — IVU Plant Lover’s
Zawgyi
အာနိသင်
အသုံးပြုပုံ-
အရွက်
ပဉ္စငါးပါး
သွေးလွန်တုပ်ကွေး ကာကွယ်ဆေး
သွေးလွန်တုပ်ကွေးကိုကုသပေးမဲ့ သင်္ဘောရွက်သင်္ဘောရွက်က ဘာလို့ သွေးလွန်တုပ်ကွေးကို ပျောက်ကင်းစေတာလဲ
တကယ်ကိုမေးသင့်တဲ့မေးခွန်းပါပဲ။ သင်္ဘောရွက်မှာ Papain နဲ့ Chymopapin စတဲ့ အစွမ်းထက် အင်ဇိုင်းတွေပါဝင်ပါတယ်။ Platelet လို့ခေါ်တဲ့ သွေးမွှာဆဲလ်တွေကို တိုးလာစေပါတယ်။ ဒါ့အပြင် ဗီတာမင်၊ ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ သံဓါတ် နဲ့ ဖော့စ်ဖိုးရပ် စတဲ့ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။သွေးလွန်တုပ်ကွေးပျောက်ကင်းစေမဲ့သင်္ဘေၤာရွက်ဖျော်ရည်ပြုလုပ်နည်းပါဝင်ပစ္စည်းသဘောင်္ရွက်အစိမ်း ၂ ရွက်ပြုလုပ်နည်း
သဘောင်္ရွက်ရဲ့ အညှာတွေကိုဖယ်ပြီး အရွက်ကိုသာ သုံးရမှာပါ။ သင်္ဘောရွက်ကို သေချာရေဆေးပြီး ညှက်အောင်ထောင်းကာ အရည်ထွက်လာအောင် ညစ်ထုတ်ပါ။
အဲဒီအရည်ကို ဒီအတိုင်းသောက်သုံးပေးရမှာဖြစ်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်လောက်သောက်ပေးရမှာဖြစ်ပြီး သက်သာလာတာကို ခံစားရပါလိမ့်မယ်။
နောက်တစ်နည်းသင်္ဘောရွက်ဖျော်ရည်အကြမ်းလိုပဲ သင်္ဘောရွက်ကို ညှက်အောင်ထောင်းပေးပြီး ဖျော်သောက်လို့ရပါတယ်။ပါဝင်ပစ္စည်း
သင်္ဘောရွက်အစိမ်း ၃ ရွက်အသီးဖျော်ရည် (မိမိကြိုက်နှစ်သက်ရာ) စားပွဲတင်ဇွန်း ၂ ဇွန်းပြုလုပ်နည်း
လတ်ဆတ်တဲ့ သဘောင်္ရွက်တွေကိုယူပြီး ကြိတ်လိုက်ပါ။ ပြီးရင် အသီးဖျော်ရည်နဲ့ သေချာသမအောင်ရောပေးပါ။
ရောပြီးရင် သောက်သုံးနိုင်ပါပြီ။ တစ်နေ့ ၂ ကြိမ်နဲ့ ၇ ရက်လောက်သောက်ပေးပါ။ သက်သာလာပါလိမ့်မယ်။
မေတ္တာဖြင့်…
Zawgyi
နောက်တစ်နည်း
ပါဝင်ပစ္စည်း
မေတ္တာဖြင့်…
တက္ကသိုလ်ဝင်တန်းအပါအဝင် အခြေခံပညာအောင်စာရင်းများ ဘယ်တော့ သိရမလဲ
မေလ ၁၈
တက္ကသိုလ်ဝင်တန်းအပါအဝင် အခြေခံပညာအောင်စာရင်းများကို ဇွန်လမကုန်မီ ထုတ်ပြန်မည်ဖြစ် ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။
လက်ရှိတွင် အခြေခံပညာကျောင်းများကို လာမည့် ဇူလိုင်လအတွင်း ပြန်လည် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟိုကော်မတီမှ အခြေခံကျောင်းများအား ဇူလိုင်လအတွင်း ဖွင့်လှစ်ရန် အတွက် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ တွင် Community Based Facility Quarantine ဖွင့်လှစ်ထားသောအခြေခံပညာကျောင်းများကို ပိုးသတ်ဆေးဖျန်းကာ ဇွန် ၁၅ ရက် နောက်ဆုံးထား၍ ပညာရေးဝန်ကြီးထံ ပြန်လွှဲပြောင်းပေးရန် ညွှန်ကြားစာထုတ်ပြန်ထားပါတယ်။
ယင်းကြောင့် ကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်အတွင်း ကျောင်းသူကျောင်းသားများလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရေးဆွဲလျက်ရှိကြောင်း သိရပါတယ်။
ရေးဆွဲလျက်ရှိသည့် စည်းကမ်းချက်များတွင် ကျောင်းသို့ မလာရောက်မီ နှင့် လာရောက်ချိန်တွင် ကျောင်းသူ ကျောင်းသားနှင့် မိဘများ လိုက်နာရမည့် အချက်များ၊ ကျောင်းရောက်ပြီး စာသင်ချိန်တွင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ အားလပ်ချိန်၌ လိုက်နာ ရမည့် အချက်များ၊ ကျောင်းမှ အိမ်သို့ အပြန်၌ ကျောင်းသား ကျောင်းသူများနှင့် မိဘများ လိုက်နာ ရမည့် အချက်များ၊ ကျောင်းတွင် စာသင်ခန်းများ ပြင်ဆင်ရမည့် အချက်များပါဝင်ကြောင်း သိရပါတယ်။
တစ်နိုင်ငံ လုံးတွင် အခြေခံ ပညာ ကျောင်း စုစုပေါင်း ၄၈၀၀၀ ကျော်ရှိပြီး ကျောင်းသူ ကျောင်းသား ဦးရေမှာ ၉ ဒသမ ၇ သန်းကျော် ရှိကြောင်းသိရပါတယ်။
Zawgyi
မေလ ၁၈
တစ်လုံးကို တစ်သိန်းကျော်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီး
ဒီတသက်စားရဖို့နော့မမြင် တလုံးကို တစ်သိန်းကျော်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံးMiyazakiသရက်သီး
အသီးမှာသရက်ဆိုသည့်အတိုင်း သစ်သီးများတွင်သရက်သီးသည် အရသာနှင့်အရောင်အနံ့ကစွဲမက်ဖွယ်ကောင်းပါသည်။
ကမ္ဘာ့သရက်သီးဇျေးကွက်တွင်ဇျေးအကြီးဆုံးသရက်သီးမျိုးမှာဂျပန်နိုင်ငံထွက်မီယာဇာကီသရက်သီးဖြစ်ပြီးသတ်မှတ်အလေးချိန်ရှိအသီးတလူံးလျင်($50-$70(မြန်မာငွေတသိန်းကျော်)တန်ဖိုးရှိပါသည်။
အသီးအလေးချိန်သည်350gmအထက်ရှိရပါမည်။Miyazakiသရက်သီးသည်သာမန်သရက်သီးထက်၁၅%မျှပိုချိုပါသည်။
Miyazaki သရက်ကို ဂျပန်နိုင်ငံတောင်ပိုင်း ကျူရူးကျွန်းမှာ စိုက်ပျိုးပြီး ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီးဖြစ်ပါတယ်။
သူ၏အရောင်နှင့် အချိုဓာတ်မြင့်မားမှုကြောင့် နာမည်ကြီးသရက်အဖြစ်ရပ်တည်နေပါတယ်။
စိုက်ပျိုးသောနေရာသည်နေ့အလင်းရောင်ရရှိမှုမြင့်မားပြီး မိုးရေချိန်များ သောကြောင့်သရက်သီးက အရောင်လှစေတယ်လို့ ယူဆကြပါတယ်။
အသီး ရင့်မှည့်ပါက သူ့အလိုလိုကြွေသောအသီးက အချိုဓာတ်မြင့်မားတာကို သတိပြုမိတဲ့ စိုက်ပျိုးသူတွေဟာ နောက်ပိုင်းမှာ အသီးကိုဇကာပိုက်အိပ် စွပ်ပေးပြီး အလိုအလျောက်ကြွေကျမှ အသီးကိုယူကြပါတယ်။
ရင့်မှည့်ပါကအနီရင့်ရောင်ရှိသည်။ ထို့ကြောင့် Miyazaki သရက်ကို “Egg of Sun” ဟုတင်စားခြင်း ဖြစ်မည်။ အသီးကို အရောင်ညီမျှစေရန် အသီး၏အောက်ခြေတွင်အရောင်ပြန်စေသောခွက်ကလေးတွေ ထားပေးပြီးအသီးအရောင်ကို ညီညာလှပသော အသီးကိုရရှိစေသည်။
Zawgyi
မိန်းခလေးတိုင်း အတုယူဖို့ကောင်းတဲ့ single mother ယဉ်ခိုင်(သဲသဲ)
2.2.2010မှာလက်ထပ်ခဲ့တယ်24.1.2019မှာကွာရှင်းခဲ့ပီ(သူမနဲ့ပျော်ရွှင်ပါစေ)
9နှစ်ပြည့်ဖို့၈ရက်ပဲလိုတော့တယ်. Anni Dateလဲမှတ်ထားမယ်မထင်……..
နှစ်ယောက်လုံးချစ်လို့လက်ထပ်ခဲ့တယ်. အစပိုင်းမှာအရမ်းတွေသာယာပီးအဆင်ပြေခဲ့တယ်. တပ်ထဲမှာနေရတာ ဘယ်လောက်ပင်ပန်းလဲ တပ်ထဲကသူတွေပဲသိတယ်. ခေတ်ရှေ့ပြေးပီးဖလန်းဖလန်းနေခဲ့တဲ့ကျမ တပ်ထဲမှာ အဘွားအိုလေးလိုနေခဲ့ရတယ်.အဆင်ပြေပါတယ် သူငွေသုံးကြမ်းတာလေးကလွှဲရင်ပေါ့.
တဖြေးဖြေးသူ့အချိုးတွေပြောင်းလာခဲ့တယ်. ကျမကိုအရင်လိုဂရုမစိုက်တော့ဘူး. အိမ်လဲမကပ်တော့ဘူး ကျမအိပ်မှပြန်လာတတ်တယ်. တာဝန်ကျတဲ့နေရာက သူပုန်တပ်တွေပတ်လည်ဝိုင်းနေတဲ့ဖာပွန်မှာပါ ခေါင်ပါတယ် အစားအစာလဲရှားတယ် မီးလဲအချိန်နဲ့ပါ့ ဖုန်းလဲမမိပါဘူး လိုင်းသုံးလို့မရဘူးအဲ့တုန်းကပေါ့. ကျမနေရတဲ့အိမ်က တောင်ကုန်းပေါ်မှာအိမ်လုံးချင်းလေးတွေ တစ်အိမ်နဲ့တစ်အိမ်ကပ်မနေဘူး. တစ်နေ့နေ့သူပြန်အလာကို အိမ်အကျယ်ကြီးထဲမှာ သရဲအရမ်းကြောက်တတ်တဲ့ကျမ ကလေးလေးကိုဖက်ပီး စာင့်နေခဲ့တယ်. သူပြန်မလာတဲ့ညတွေဆို ဘယ်လောက်ခြောက်ခြားခဲ့ရလဲကို့ဘာသာကိုအသိဆုံး. ဘတ်ထရီမီးကလဲတဖြေးဖြေးမှိန်မှိန်လာတယ် အပျင်းပြေစရာ သမီးလေးမျက်နှာပဲထိုင်ကြည့်ပီးမိုးလင်းခဲ့ရတယ်.
အိမ်မှာအမေက ဘာမှမခိုင်းဘဲ ဘောကြော့နေလာတဲ့ကျမ ခုတော့ဟင်းချက်လဲကျမ အိမ်သန့်ရှင်းရေးလဲကျမ အဝတ်လျှော်လဲကျမ ကလေးထိန်းလဲကျမ ကို့ကိုယ်ကိုတောင် အဲ့လောက်လုပ်နိုင်ခဲ့မယ်မထင်ထားဘူး အိမ်အကူလဲခေါ်လို့မရ ရဲမေဆိုတာလဲ အမြလာမပေးနိူင်ဘူးလေ အရေးထဲက တပ်ကိစ္စကပေါ်လာလို့ပြေးရပီဆို သမီးလေးကို အိမ်မှာဘယ်လိုမှစိတ်မချဘူးသူများနဲ့ထားခဲ့ရတာ အဖေနဲ့ထားခဲ့ရင်ပိုဆိုး တပ်အလုပ်တွေဆိုလဲမလစ်ဟင်းအောင်လုပ်ခဲ့တယ် တပ်မှာလဲနာမည်ဆိုးမရှိအောင်သူ့အတွက်နခဲ့တယ်. အိမ်အလုပ်ရောတပ်အလုပ်ရော ကလေးတစ်ဖက်နဲ့ လူရုပ်တောင်မပေါက်ဘူး ပိန်ပီးမဲလာတယ်ဒါပေမဲ့ပျော်ပါတယ် သူကြောင့်တော့မဟုတ်ဘူး တပ်ထဲမှာ သမီးအရင်းလိုသဘောထားပေးတဲ့အမကြီးနဲ့ ညီအမအရင်းလိုတိုင်ပင်ဖော်တိင်ပင်ဘက် လုပ်ဖော်ကိုင်ဘက် အန်တီကြီးတွေကြောင့် ပျော်ခဲ့ပါတယ်
နဂိုကသူအသုံးကြမ်းတာပဲရှိတာပါ. နောက်တော့ ပေးရမယ်တဲ့ ဆပ်ရမယ်တဲ့ သိန်းဘယ်နှစ်ဆယ်ဆိုပီး. ကို့ယောကျ်ားရာထူးမထိခိုက်အောင် ရှိသမျှအကုန်ထုတ်ပေးခဲ့တယ်.နောက်ပိုင်းမော်လမြိုင်ကိုရုံးကတစ်ရက်လွှတ်ရင်သူကသုံးလေးရက်ကြာပီးသုံးသိန်းလောက်ဖြုန်းလာခဲ့တယ်.သူဠေးသုံးခွေးသုံးသုံးတာ ကိုင်သမျှBrandedတွေကြီးပဲ.
သူ့အချိုးတွေပိုပိုဆိုးလာတယ်မိန်းမနဲ့ကလေးကိုလုံးဝဂရုမစိုက်ဘူးကျမမှာညနေရုံးဆင်းချိန်ရောက်လို့ ပျော်ရွှင်နေတဲ့မိသားစုကိုကြည့်ပီး ကြိတ်ပီးမျက်ရည်ကျရတယ် အားကျခဲ့ရတယ်အလုပ်ရှုပ်နေလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုထဲနဲ့ သူထင်ရာစိုင်းနေခဲ့တယ်မှောင်မဲနေတဲ့အိမ်အိုကြီးထဲမှာ ကလေးနှစ်ယောက်နဲ့ကျမကို တစ်ယောက်ယောက်ကတစ်ခုခုလုပ်သွားမှာသူမစိုးရိမ်ဘူး
အချိုးပြင်လဲခဏပဲကလေးနှစ်ယောက်မွေးပီးထဲက ပိုဆိုးလာတာပါဲအိမ်ကိုလုံးဝမကပ်တော့ဘူး ကားတွေဆိုင်ကယ်တွေဝယ်တယ်လဲတယ် လုပ်ချင်းတိုင်းလုပ်တယ်ပိုက်ဆံပေးစရာအကြွေးတွေရှိတယ်လဲဆိုတော့
ရှိသမျှအကုန်ထုတ်ပေးတယ် မိဘဆင်သမျှအကုန်ပေါင်နှံပီးပေးခဲ့တယ် ကျမကိုယ်ပေါ်ကအနည်းကျဉ်းလောက်ပဲရှိတော့တယ် ကျမသူ့လစာတစ်ခုထဲစုတာမဟုတ်ပါဘူး အိမ်ကအထည်တွေယူတယ် လဆိုင်းနဲ့ပေးတယ် ကျမစုထားသမျှအကုန်သူဖြုနးပစ်တယ် ဘာတွေဒီလောက်ဆယ်နဲ့ချီကုန်လဲမသိပါဘူး တစ်ခါတစ်လေMlmကိုရောက်သွားတယ် အဆက်အသွယ်လဲမလုပ်ဘူး
မိန်းမကိစ္စလားပထမကိုယ်ဝန်ဆောင်နေတုန်းကတော့မိတယ်သူတောင်းပန်တယ် ထပ်မလုပ်ဘူးတဲ့ပြောတာပါပဲ လိုင်းမိတော့ သူလိုင်းပေါ်မှာပလူပျံနေတာပဲထားတာတွေ ကျမနဲ့ကျတော့ မေးတခွန်းပြောတခွန်း
တဖြေးဖြေးကျမလုံးပါးပါးလာတယ်ရှိသမျှလဲအကုန်ကုန်ပီတစ်နေကုန်အိမ်မကပ်ဘူး ကျမအိပ်တဲ့အချိန်ရောက်လာပီး အိမ်ရှေ့ ကဆိုဖာမှာလိုင်းသုံးရင်းသူအိပ်တယ် ကျမအပေါ်လုံးဝဥပက္ခေပြုခဲ့တယ်
တစ်နေ့ကျမသည်းမခံနိုင်တဲ့အဆုံး ကလေးလက်ဆွဲပီး မိဘအိမ်ကိုအလည်သွားခဲ့တယ် သူလိုက်လာချော့မယ်မျှော်လင့်ထားခဲ့တယ် တတ်တတ်စင်အောင်လွှဲတာပဲရောက်ခါစက ကျမဘက်က ကွာမယ်ပြောတော့သူက ငါသေမှကွာမယ်ဆို ခုတော့ အဲ့မိန်းကလေးကညို့အားအရမ်းကောင်းနေလို့လားအတင်းလာပီးအမြန်ကွာရအောင်.
ဖောက်ပြန်နေတာသိတယ်ဟိုးအရင်ထဲက အပျော်ပဲဆိုပီးထားထားတာ ခုတစ်ယောက်ကိုကျအတည်လား. မဆိုးပါဘူးရွေးတတ်တယ် ချစ်စရာလေး.သူကထားရင် အလန်းတွေပဲထားတတ်တာလေ.အဲ့မိန်းကလေးအတွက်တော့စိတ်မကောင်းပါဘူး
သူမများကျမAccကိုခိုးကြည့်ခဲ့ရင် ဒီစာကိုတွေ့မှာပါအစ်မ အပင်ပန်းခံဒုက္ခခံပီးပါရမီဖြည့်ပေးခဲ့တဲ့ ဗိုလ်မှူးဖြစ်တော့မဲ့ယောကျ်ားတစ်ယောက်ကို မင်းပိုင်ဆိုင်ရတော့မယ်အတွက် Congratulationsပါညီမလေး. ပခုံးပေါ်ကအပွင့်ပဲမင်းပိုင်ဆိုင်ရမှာမဟုတ်ဘူး အစ်မရဲ့ဝဋ်ကြွေးကိုပါ မင်းပိုင်ဆိုင်ရမှာ.
အစ်မတိုင်ရင် ထောင်ကျပီးပြုတ်တယ်သိလား.အော် သူအစ်မအပေါ်ကောင်းခဲ့တာတွေလဲရှိတာပဲဆိုပြီး ထားလိုက်တာ. အစ်မရဲ့ဝဋ်ကြွေးကိုလွှဲပြောင်းပေးခဲ့တယ်နော်. ဗိုလ်မှူးဆိုတဲ့ဂုဏ်ကိုလဲအစ်မမက်ဘူး. သမီးလေးမွေးထားကိုမှမထောက်လုပ်ရက်တာပဲအံ့သြယ်. မင်းတို့ပျော်ရွှင်နေတာမြင်ရလဲအထင်ကြီးမိမှာမဟုတ်ဘူး. အတွင်းမှာဘယ်တွေဖြစ်နေမလဲသိနေတာမို့. မကြာပါဘူး…ဝဋ်မလိုက်ပါစေနဲ့လို့ဆုတောင်းပေးတယ်ညီမလေး.
ဒါတောင်ကွာရှင်းတော့ ကလေးစရိတ်ကိုလုံးဝမပေးချင်ဘူး နှမသားချင်းမစာမနာ.ကျမအိမ်ပြန်သွားလို့ စိတ်လေပီးဖောက်ပြန်တာလို့ပြောတဲ့ယောက္ခမကိုလဲအံ့သြတယ်.အရင်ထဲကဖောက်ပြန်နေတာသိရဲ့သားနဲ့ သားသမီးချင်းကိုယ်ချင်းမစာဘူး ခုထိသူ့သားဘက်ကမှားပါတယ်တစ်ခွန်းမပြောဘူးသူက ပထမကလေးမမွေးခင်ထဲက ဖောက်ပြန်တာ
ဘာပဲဖြစ်ဖြစ် ကွာရှင်းလိုက်ပြီးတဲ့နောက် ကျမပျော်နေတယ် လွတ်လပ်သွားပီလေ
ကျမရဲ့ငယ်ရွယ်ပျိုမြစ်ခြင်းတွေကို ဒုက္ခတောမှာစတေးလိုက်ရတာ ကျမရဲ့ဝဋ်ကြွေးလို့သတ်မှတ်ပါတယ် ကျေလောက်ပီထင်ပါတယ်.
ကလေးနှစ်ယောက်ရဲ့မုန့်ဖိုးလောက်ပဲတောင်းထားတယ်. ကျန်တာကျမရှာကြွေးမယ်. ကျမကြိုးစားမယ်. ကျမကလေးတွေကို ကျမလိုမဖြစ်အောင် သေချာပြုစုပျိုးထောင်ပီး လင်ကောင်းသားကောင်းနဲ့ပေးစားမယ်. ကျမကို အားပေးကြတဲ့ စိတ်ပူပေးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုအကုန် ကျေးဇူးတင်ပါတယ် ခုလိုအရေးကြုံတော့ မိတ်ဆွေအစစ်တွေပေါလာတာ အဆိုးထဲကအကောင်းပဲ
ဝမ်းနည်းနေမယ်လဲမထင်ပါနဲ့ ကျမပျော်နေပါတယ်
ကျမအတွက်အမေမျက်ရည်ကျတာတစ်ခုပဲ ကျမဝမ်းနည်းတယ်
နောက်ဆိုမျက်ရည်မကျအောင်ထားပါ့မယ်အမေ
ကျမအခုအရမ်းအဆင်ပြေနေပါတယ်
Single Motherအနေနဲ့ ကလေးနှစ်ယောက်ကိုတာဝန်ယူပီး ရှာကြွေးမှာပါ. ဘာမှမသိရှာတဲ့ ကလေးနှစ်ယောက် အဖမဲ့ဖြစ်သွားရှာပြီအဖေ့မေတ္တာမရတော့တဲ့အတွက် ကျမနှစ်ဆပိုချစ်ပြရမယ် ဂရုစိုက်ရမယ် ပိုက်ဆံပိုရှာရမယ် သူတို့အနာဂတ်လေးတွေအတွက်ကျမလိုအဖြစ်ဆိုးမျိုး ဘယ်သူမှမကြုံတွေ့ပါစေနဲ့နော် အားလုံးကိုကျေးဇူးတင်ပါတယ်
အဆင်ပြေလျက်
ယဉ်ခိုင်(သဲသဲ)
မိန်းခလေးတိုင်း အားကျအတုယူဖို့ တင်ပြခြင်းဖြစ်ပါသည်…
Zawgyi
အိမ်မှာအမေက ဘာမှမခိုင်းဘဲ ဘောကြော့နေလာတဲ့ကျမ ခုတော့ဟင်းချက်လဲကျမ အိမ်သန့်ရှင်းရေးလဲကျမ အဝတ်လျှော်လဲကျမ ကလေးထိန်းလဲကျမ ကို့ကိုယ်ကိုတောင် အဲ့လောက်လုပ်နိုင်ခဲ့မယ်မထင်ထားဘူး အိမ်အကူလဲခေါ်လို့မရ ရဲမေဆိုတာလဲ အမြလာမပေးနိုင်ဘူးလေ အရေးထဲက တပ်ကိစ္စကပေါ်လာလို့ပြေးရပီဆို သမီးလေးကို အိမ်မှာဘယ်လိုမှစိတ်မချဘူးသူများနဲ့ထားခဲ့ရတာ အဖေနဲ့ထားခဲ့ရင်ပိုဆိုး တပ်အလုပ်တွေဆိုလဲမလစ်ဟင်းအောင်လုပ်ခဲ့တယ် တပ်မှာလဲနာမည်ဆိုးမရှိအောင်သူ့အတွက်နခဲ့တယ်. အိမ်အလုပ်ရောတပ်အလုပ်ရော ကလေးတစ်ဖက်နဲ့ လူရုပ်တောင်မပေါက်ဘူး ပိန်ပီးမဲလာတယ်ဒါပေမဲ့ပျော်ပါတယ် သူကြောင့်တော့မဟုတ်ဘူး တပ်ထဲမှာ သမီးအရင်းလိုသဘောထားပေးတဲ့အမကြီးနဲ့ ညီအမအရင်းလိုတိုင်ပင်ဖော်တိင်ပင်ဘက် လုပ်ဖော်ကိုင်ဘက် အန်တီကြီးတွေကြောင့် ပျော်ခဲ့ပါတယ်
နဂိုကသူအသုံးကြမ်းတာပဲရှိတာပါ. နောက်တော့ ပေးရမယ်တဲ့ ဆပ်ရမယ်တဲ့ သိန်းဘယ်နှစ်ဆယ်ဆိုပီး. ကို့ယောက်ျားရာထူးမထိခိုက်အောင် ရှိသမျှအကုန်ထုတ်ပေးခဲ့တယ်.နောက်ပိုင်းမော်လမြိုင်ကိုရုံးကတစ်ရက်လွှတ်ရင်သူကသုံးလေးရက်ကြာပီးသုံးသိန်းလောက်ဖြုန်းလာခဲ့တယ်.သူဠေးသုံးခွေးသုံးသုံးတာ ကိုင်သမျှBrandedတွေကြီးပဲ.
အချိုးပြင်လဲခဏပဲကလေးနှစ်ယောက်မွေးပီးထဲက ပိုဆိုးလာတာပဲါအိမ်ကိုလုံးဝမကပ်တော့ဘူး ကားတွေဆိုင်ကယ်တွေဝယ်တယ်လဲတယ် လုပ်ချင်းတိုင်းလုပ်တယ်ပိုက်ဆံပေးစရာအကြွေးတွေရှိတယ်လဲဆိုတော့
သူမများကျမAccကိုခိုးကြည့်ခဲ့ရင် ဒီစာကိုတွေ့မှာပါအစ်မ အပင်ပန်းခံဒုက္ခခံပီးပါရမီဖြည့်ပေးခဲ့တဲ့ ဗိုလ်မှူးဖြစ်တော့မဲ့ယောက်ျားတစ်ယောက်ကို မင်းပိုင်ဆိုင်ရတော့မယ်အတွက် Congratulationsပါညီမလေး. ပခုံးပေါ်ကအပွင့်ပဲမင်းပိုင်ဆိုင်ရမှာမဟုတ်ဘူး အစ်မရဲ့ဝဋ်ကြွေးကိုပါ မင်းပိုင်ဆိုင်ရမှာ.
အဆင်ပြေလျက်
ယဉ်ခိုင်(သဲသဲ)