မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူကြောင်းကို ကြားသိရသော အဇာတသတ်မင်းကြီး၏ အမှတ်သညာမဲ့ကာ မူမေ့လဲသွားရခြင်း အကြောင်းတရား(၃)ပါး

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူကြောင်းကို ကြားသိရသော အဇာတသတ်မင်းကြီး၏ အမှတ်သညာမဲ့ကာ မူမေ့လဲသွားရခြင်း အကြောင်းတရား(၃)ပါး

(၁)ဘုရားရှင်၏ ဂုဏ်အထူးဟူသော အမြိုက်အရသာကိုသိ၍ စွဲစွဲမြဲမြဲတည်သောမေတ္တာရှိခြင်းကြောင့်လည်းကောင်း။

(၂)ပုထုဇဉ်သဒ္ဓါတရားဖြင့် စွဲမြဲစွာတည်သော ကြည်ညိုခြင်းရှိသောကြောင့်လည်းကောင်း။ (၃)မြတ်စွာဘုရားရှင်သည် ကျေးဇူးပြုမူကြောင့် စိတ်နှလုံးနူးညံံ၍နေသောကြောင့်လည်းကောင်း

မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူသည်ကိုကြားသိရသော အဇာတသတ်မင်းကြီးသည် အမှတ်သညာကင်းမဲ့ကာ မေ့မျောသွားရပါသည်။

ဝိသညီဇာတော ယထာတံ ဘဂဝတော ဂုဏဝိသေသာမတရသညုတာယ အဝဋ္ဌိတပေမော ပေါထုဇ္ဇနိကသဒ္ဓါယ ပတိဋ္ဌိတပသာဒေါ ကတူပကာရတာယ သဉ္ဇနိတစိတ္တမဒ္ဒဝေါ။ (သုတ်မဟာဝါဋီကာ၁၉၀)Credit

 

Zawgyi

ျမတ္စြာဘုရား ပရိနိဗၺာန္စံေတာ္မူေၾကာင္းကို ၾကားသိရေသာ အဇာတသတ္မင္းႀကီး၏ အမွတ္သညာမဲ့ကာ မူေမ့လဲသြားရျခင္း အေၾကာင္းတရား(၃)ပါး

(၁)ဘုရားရွင္၏ ဂုဏ္အထူးဟူေသာ အၿမိဳက္အရသာကိုသိ၍ စြဲစြဲၿမဲၿမဲတည္ေသာေမတၱာရွိျခင္းေၾကာင့္လည္းေကာင္း။

(၂)ပုထုဇဥ္သဒၶါတရားျဖင့္ စြဲၿမဲစြာတည္ေသာ ၾကည္ညိဳျခင္းရွိေသာေၾကာင့္လည္းေကာင္း။ (၃)ျမတ္စြာဘုရားရွင္သည္ ေက်းဇူးျပဳမူေၾကာင့္ စိတ္ႏွလုံးႏူးညံံ၍ေနေသာေၾကာင့္လည္းေကာင္း

ျမတ္စြာဘုရားရွင္ပရိနိဗၺာန္စံေတာ္မူသည္ကိုၾကားသိရေသာ အဇာတသတ္မင္းႀကီးသည္ အမွတ္သညာကင္းမဲ့ကာ ေမ့ေမ်ာသြားရပါသည္။

ဝိသညီဇာေတာ ယထာတံ ဘဂဝေတာ ဂုဏဝိေသသာမတရသညဳတာယ အဝ႒ိတေပေမာ ေပါထုဇၨနိကသဒၶါယ ပတိ႒ိတပသာေဒါ ကတူပကာရတာယ သၪၨနိတစိတၱမဒၵေဝါ။ (သုတ္မဟာဝါဋီကာ၁၉၀)Credit

ဘိုးဘွားရိပ်သာမှ အဖိုးအိုတွေကို အပျင်းပြေစေရန် မဖွယ်မရာတွေပေးကိုင်ပြီး ဖျော်​ဖြေပေးခဲ့တာကြောင့် ဝေဖန်ခံနေရသည့် မော်ဒယ်မလေး

ဘိုးဘွားရိပ်သာဆိုသည်မှာ အသက်အရွယ်ကြီးရင့်ပြီး ပြုစုစောင့်ရှောက်မည့်သူမရှိသူများကို ဂရုစိုက်ပေးနိုင်ရန် ဖွင့်လှစ်ထားသော နေရာတစ်ခုဖြစ်ပါတယ်။ယခုတွင်လည်း ထိုင်ဝမ်နိုင်ငံ၏ ဘိုးဘွားရိပ်သာတစ်ခုမှ အဖြစ်အပျက်တွေဟာ ဆိုရှယ်မီဒီယာထက်တွင် ရုတ်တရက်နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့သောရက်အနည်းငယ်က မော်ဒယ်ကောင်မလေးတစ်ဦးဟာ ဘိုးဘွားရိပ်သာသို့လာရောက်ပြီး အဖိုးအိုများထံလာရောက်လည်ပတ်ရင်း ဖျော်ဖြေပေးခဲ့ပါတယ်။အဖိုးအိုတွေက မော်ဒယ်မလေးက ဆက်စီကျသောအလန်းစားကကွက်များအပြင် သူမ၏မဖွယ်မရာပစ္စည်းတွေကို အဖိုးအိုများနှင့်ပေးကိုင်ခဲ့သေးတာဖြစ်ပါတယ်။

ရင်သားများကိုလည်း အဖိုးတို့၏မျက်နှာနှင့်ထိတွေ့စေခဲ့သည့်အတွက် အခြားသူများကနားလည်မပေးနိုင်ဘဲ ဒေါသထွက်ဝေဖန်နေကြပါတယ်။

Credit:Cele Daily

Zawgyi

ဘိုးဘြားရိပ္သာဆိုသည္မွာ အသက္အ႐ြယ္ႀကီးရင့္ၿပီး ျပဳစုေစာင့္ေရွာက္မည့္သူမရွိသူမ်ားကို ဂ႐ုစိုက္ေပးႏိုင္ရန္ ဖြင့္လွစ္ထားေသာ ေနရာတစ္ခုျဖစ္ပါတယ္။ယခုတြင္လည္း ထိုင္ဝမ္ႏိုင္ငံ၏ ဘိုးဘြားရိပ္သာတစ္ခုမွ အျဖစ္အပ်က္ေတြဟာ ဆိုရွယ္မီဒီယာထက္တြင္ ႐ုတ္တရက္နာမည္ႀကီးလာခဲ့တာျဖစ္ပါတယ္။

လြန္ခဲ့ေသာရက္အနည္းငယ္က ေမာ္ဒယ္ေကာင္မေလးတစ္ဦးဟာ ဘိုးဘြားရိပ္သာသို႔လာေရာက္ၿပီး အဖိုးအိုမ်ားထံလာေရာက္လည္ပတ္ရင္း ေဖ်ာ္ေျဖေပးခဲ့ပါတယ္။အဖိုးအိုေတြက ေမာ္ဒယ္မေလးက ဆက္စီက်ေသာအလန္းစားကကြက္မ်ားအျပင္ သူမ၏မဖြယ္မရာပစၥည္းေတြကို အဖိုးအိုမ်ားႏွင့္ေပးကိုင္ခဲ့ေသးတာျဖစ္ပါတယ္။

ရင္သားမ်ားကိုလည္း အဖိုးတို႔၏မ်က္ႏွာႏွင့္ထိေတြ႕ေစခဲ့သည့္အတြက္ အျခားသူမ်ားကနားလည္မေပးႏိုင္ဘဲ ေဒါသထြက္ေဝဖန္ေနၾကပါတယ္။

Credit:Cele Daily

“ကမ္ဘာပျက်တာလား၊ ကပ်ဆိုက်တာလား”

ခုခေတ်လူတွေ မယုံမရှိကြနဲ့။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ကျော်က မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေဟာ ယနေ့ခေတ်လူတွေနဲ့ ကိုက်ညီနေတယ်။

အခုခေတ်လူတွေဟာ ကြမ်းတမ်းလာတယ်။ ရုပ်ဝတ္ထုတွေ အထွဋ်အထိပ် ရောက်လာတယ်။ အဏုမြူလက်နက်တွေ တိုးပွားနေတယ်။ ခါးသီးတဲ့အမုန်းတရားတွေ ပွားများလာကြတယ်။

မြတ်စွာဘုရားကဟောထားတယ် “တိတ္ထောအာဂေတာ”တဲ့။ Terrorismဆိုတာ ခါးသီးတဲ့အမုန်းတရားကြောင့် ဖြစ်လာတာမျိုးတဲ့။ (တိန္နာနိ) အစွမ်းထက်ကုန်သော၊ (သတ္တာနိ) လက်နက်တို့ကို၊ (ဂိတွာ)စွဲကိုင်၍ တိုက်ခိုက်လာကြလိမ့်မယ်။

အဲဒီစစ်ပွဲကြီးမှာ (၇)ရက်အတွင်း လူတွေသေကြေပြီး လူတွေကုန်သလောက်ဖြစ်သွားလိမ့်မယ်။ စိတ်ကောင်းရှိသူ လူအနည်းငယ်သာ ကျန်ခဲ့လိမ့်မယ်။ ကျန်ခဲ့တဲ့သူတွေဟာ အချင်းချင်းပြန်ဆုံဆည်းတဲ့အခါ

“မသေလို့တွေ့ကြတယ်” ဆိုပြီးဖက်ပြီး ငိုကြလိမ့်မယ်။ မေတ္တာစိတ်တွေဖြစ်ကြမယ်၊ မေတ္တာတွေ အကြင်နာတွေ ယိုဖိတ်မှုကြောင့် ရာသီဥတုတွေလည်း ပြန်ကောင်းလာမယ်။ သစ်ပင်တွေလည်း ပြန်ပေါက်လာကြမယ်။

လူတွေရဲ့ရင်ထဲနှလုံးသားထဲမှာ အသိတရားတွေ ပြန်ဝင်လာမယ်။ မေတ္တာတွေ အကြင်နာတွေ ယိုဖိတ်မှုကြောင့် ရာသီဥတုတွေ ပြန်ကောင်းလာမယ်။ သစ်ပင်တွေလည်း ပြန်ပေါက်လာမယ်ဆိုတာ မယုံမရှိကြနဲ့နော်။

ရင်ထဲမှာမေတ္တာတရားကိန်းသူ ကြည်လင်အေးမြသူ ပြုံးရွှင်ဖော်ရွေသူမှာ မိတ်ဆွေများလူချစ်လူခင်ပေါသကဲ့သို့ မေတ္တာရိပ်ကြောင့် သစ်ပင်လေးတွေလည်း ပြန်ရှင်သန်နိုင်သလို သတ္တဝါလေးတွေလည်း အချင်းချင်းချစ်ချစ်ခင်ခင်မေတ္တာ ကူးစက်စွာနဲ့
အဲ့သလိုမှီတင်းနေထိုင်ကြတဲ့ခါကျတော့ ကမ္ဘာကြီးဟာလည်း ပြန်လည်စိုပြေ လန်းဆန်းအသက်ဝင်လာမယ်။

အေးဒါဟာကမ္ဘာပျက်တာလားလို့ဆိုရင် ကမ္ဘာပျက်တာတော့ မဟုတ်သေးဘူးနော်။ ကပ်တစ်ခုဆိုက်သွားမှာ ဒီလိုဆိုတာနော်။ (ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ) credit

Zawgyi

ခုေခတ္လူေတြ မယုံမရွိၾကနဲ႔။ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၆၀၀ေက်ာ္က ျမတ္စြာဘုရားေဟာထားတဲ့ တရားေတာ္ေတြဟာ ယေန႔ေခတ္လူေတြနဲ႔ ကိုက္ညီေနတယ္။

အခုေခတ္လူေတြဟာ ၾကမ္းတမ္းလာတယ္။ ႐ုပ္ဝတၳဳေတြ အထြဋ္အထိပ္ ေရာက္လာတယ္။ အဏုျမဴလက္နက္ေတြ တိုးပြားေနတယ္။ ခါးသီးတဲ့အမုန္းတရားေတြ ပြားမ်ားလာၾကတယ္။

ျမတ္စြာဘုရားကေဟာထားတယ္ “တိေတၳာအာေဂတာ”တဲ့။ Terrorismဆိုတာ ခါးသီးတဲ့အမုန္းတရားေၾကာင့္ ျဖစ္လာတာမ်ိဳးတဲ့။ (တိႏၷာနိ) အစြမ္းထက္ကုန္ေသာ၊ (သတၱာနိ) လက္နက္တို႔ကို၊ (ဂိတြာ)စြဲကိုင္၍ တိုက္ခိုက္လာၾကလိမ့္မယ္။

အဲဒီစစ္ပြဲႀကီးမွာ (၇)ရက္အတြင္း လူေတြေသေၾကၿပီး လူေတြကုန္သေလာက္ျဖစ္သြားလိမ့္မယ္။ စိတ္ေကာင္းရွိသူ လူအနည္းငယ္သာ က်န္ခဲ့လိမ့္မယ္။ က်န္ခဲ့တဲ့သူေတြဟာ အခ်င္းခ်င္းျပန္ဆုံဆည္းတဲ့အခါ

“မေသလို႔ေတြ႕ၾကတယ္” ဆိုၿပီးဖက္ၿပီး ငိုၾကလိမ့္မယ္။ ေမတၱာစိတ္ေတြျဖစ္ၾကမယ္၊ ေမတၱာေတြ အၾကင္နာေတြ ယိုဖိတ္မႈေၾကာင့္ ရာသီဥတုေတြလည္း ျပန္ေကာင္းလာမယ္။ သစ္ပင္ေတြလည္း ျပန္ေပါက္လာၾကမယ္။

လူေတြရဲ႕ရင္ထဲႏွလုံးသားထဲမွာ အသိတရားေတြ ျပန္ဝင္လာမယ္။ ေမတၱာေတြ အၾကင္နာေတြ ယိုဖိတ္မႈေၾကာင့္ ရာသီဥတုေတြ ျပန္ေကာင္းလာမယ္။ သစ္ပင္ေတြလည္း ျပန္ေပါက္လာမယ္ဆိုတာ မယုံမရွိၾကနဲ႔ေနာ္။

ရင္ထဲမွာေမတၱာတရားကိန္းသူ ၾကည္လင္ေအးျမသူ ၿပဳံး႐ႊင္ေဖာ္ေ႐ြသူမွာ မိတ္ေဆြမ်ားလူခ်စ္လူခင္ေပါသကဲ့သို႔ ေမတၱာရိပ္ေၾကာင့္ သစ္ပင္ေလးေတြလည္း ျပန္ရွင္သန္ႏိုင္သလို သတၱဝါေလးေတြလည္း အခ်င္းခ်င္းခ်စ္ခ်စ္ခင္ခင္ေမတၱာ ကူးစက္စြာနဲ႔
အဲ့သလိုမွီတင္းေနထိုင္ၾကတဲ့ခါက်ေတာ့ ကမာၻႀကီးဟာလည္း ျပန္လည္စိုေျပ လန္းဆန္းအသက္ဝင္လာမယ္။

ေအးဒါဟာကမာၻပ်က္တာလားလို႔ဆိုရင္ ကမာၻပ်က္တာေတာ့ မဟုတ္ေသးဘူးေနာ္။ ကပ္တစ္ခုဆိုက္သြားမွာ ဒီလိုဆိုတာေနာ္။ (ပါခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ) credit

တရု.တ်နိုင်ငံရဲ့ အကြီးမားဆုံး ၂၆ ထပ် မြင့်မားသည့် ဝက်ဟိုတယ်

တရု.တ်နိုင်ငံရဲ့ အကြီးမားဆုံး ၂၆ ထပ် မြင့်မားသည့် ဝက်ဟိုတယ်

အခုပုံမှာ မြင်ရတဲ့ အဆောက်အအုံက ဟိုတယ် မဟုတ်ပါဘူး။ တရု.တ်နိုင်ငံက ဝက်မွေးမြူရေးခြံပါ။ အီကျိုးမြို့မှာ တည်ရှိတဲ့ ဒီအဆောက်အအုံက ၂၆ ထပ် မြင့်မားပါတယ်။

စတုရန်းမီတာ ၄၀၀၀၀၀ ကျယ်ဝန်းတဲ့ အဆောက်အအုံ ၂ လုံး ပါဝင်ပြီး အလိုအလျောက် အစာကျွေးစက်တွေ တပ်ဆင်ထားပါတယ်။

လေဝင် လေထွက်ကောင်းဖို့၊ ပိုးသတ်ဖို့၊ အညစ်အကြေးတွေကနေ လျှပ်စစ်စွမ်းအင်နဲ့ အပူစွမ်းအင် ထုတ်လုပ်ဖို့ စနစ်တွေလည်း ရှိပါတယ်။

တစ်နှစ်ကို ဝက်အကောင်ရေ ၆၀၀၀၀၀ မွေးမြူပြီး ဝက်သားတန်ချိန် ၅၄၀၀၀ ထုတ်လုပ်နိုင်ဖို့ ခန့်မှန်းထားပါတယ်။

ဒီဝက်မွေးမြူရေးခြံကို Zhongxin Kaiwei Modern Farming ကုမ္ပဏီက ပိုင်ဆိုင်ပြီးတရု.တ်နိုင်ငံရဲ့အကြီးမားဆုံး ဝက်မွေးမြူရေးခြံ ဖြစ်ပါတယ်။ ဝက်ဟိုတယ်လို့လည်း ခေါ်ကြပါတယ်။

 

Ref: China’s ‘Pig Hotels’

– Massive Multi-Storey Pork Production Facilities

Credit … ရိုးရာလေး

Zawgyi

တ႐ု.တ္ႏိုင္ငံရဲ႕ အႀကီးမားဆုံး ၂၆ ထပ္ ျမင့္မားသည့္ ဝက္ဟိုတယ္

အခုပုံမွာ ျမင္ရတဲ့ အေဆာက္အအုံက ဟိုတယ္ မဟုတ္ပါဘူး။ တ႐ု.တ္ႏိုင္ငံက ဝက္ေမြးျမဴေရးၿခံပါ။ အီက်ိဳးၿမိဳ႕မွာ တည္ရွိတဲ့ ဒီအေဆာက္အအုံက ၂၆ ထပ္ ျမင့္မားပါတယ္။

စတုရန္းမီတာ ၄၀၀၀၀၀ က်ယ္ဝန္းတဲ့ အေဆာက္အအုံ ၂ လုံး ပါဝင္ၿပီး အလိုအေလ်ာက္ အစာေကြၽးစက္ေတြ တပ္ဆင္ထားပါတယ္။

ေလဝင္ ေလထြက္ေကာင္းဖို႔၊ ပိုးသတ္ဖို႔၊ အညစ္အေၾကးေတြကေန လွ်ပ္စစ္စြမ္းအင္နဲ႔ အပူစြမ္းအင္ ထုတ္လုပ္ဖို႔ စနစ္ေတြလည္း ရွိပါတယ္။

တစ္ႏွစ္ကို ဝက္အေကာင္ေရ ၆၀၀၀၀၀ ေမြးျမဴၿပီး ဝက္သားတန္ခ်ိန္ ၅၄၀၀၀ ထုတ္လုပ္ႏိုင္ဖို႔ ခန႔္မွန္းထားပါတယ္။

ဒီဝက္ေမြးျမဴေရးၿခံကို Zhongxin Kaiwei Modern Farming ကုမၸဏီက ပိုင္ဆိုင္ၿပီးတ႐ု.တ္ႏိုင္ငံရဲ႕အႀကီးမားဆုံး ဝက္ေမြးျမဴေရးၿခံ ျဖစ္ပါတယ္။ ဝက္ဟိုတယ္လို႔လည္း ေခၚၾကပါတယ္။

Ref: China’s ‘Pig Hotels’

– Massive Multi-Storey Pork Production Facilities

Credit … ႐ိုးရာေလး

မလေးရှားကို အလည်အပတ် ဗီဇာနဲ့လာပြီး အလုပ်မရှာပါနဲ့လို့ ပြောတာ ဒါတွေကြောင့်ပါ

မလေးရှားကို အလည်အပတ် ဗီဇာနဲ့လာပြီး အလုပ်မရှာပါနဲ့လို့ ပြောတာ ဒါတွေကြောင့်ပါ

မလေးရှားကို အလည်အပတ် ဗီဇာနဲ့လာပြီး အလုပ်မရှာပါနဲ့လို့ ခနခန စာတွေ ရေးတင်အသိပေးနေတဲ့ကြားက ရောက်လာတဲ့သူတွေထဲက ဒုက္ခရောက်နေသူတွေ အကြောင်းလေးပါ..

အလည်နဲ့လာမယ်ဆို လာဖူးသားလူဟောင်းတွေအတွက် ကိုယ်ကျွမ်းကျင်ပြီးသား နယ်မြေဆို သိပ်ပြဿနာမရှိဘူး.. စကားလည်းတတ် သွားတတ် လာတတ်ဆိုရင် အလုပ်ရှာရတာ အခက်အခဲတော့သိပ်မရှိပါဘူး..


ခုမှ မလေးမြေကို စနင်းမယ်ဆိုရင် ယောကျာ်းလေးအတွက်ကလည်း ပြဿနာ သိပ်မရှိသေးဘူး.. ဒေါင်ကျကျ ပြားကျကျ ရတဲ့အလုပ်ကိုရှာလုပ်.. အဆင်ပြေတဲ့နေရာမှာနေ.. တစ်ခါမှလည်းမရောက်ဖူး ၊မသွားဖူး မလာဖူးတဲ့ မိန်းကလေးတွေအတွက်ကတော့ အရဲမစွန့်ကြပါနဲ့.. မစွန့်စားကြပါနဲ့လို့ ထပ်မံပြီး မေတ္တာရပ်ခံပါရစေဗျာ..

လူခံရှိတယ် ပါမစ်ကပ်ပေးမယ့်သူဌေးရှိတယ် စိတ်ချရတယ် သူငယ်ချင်းရှိတယ် အလုပ်ရှာပေးမယ် အေးဆေးဆိုပြီး အားကိုးတကြီးနဲ့ ရောက်လာပြီးမှ မျက်နှာလွှဲခဲပစ် လုပ်တတ်တဲ့သူတွေကြောင့် ကျွန်တော့ဆီ အကူအညီလာတောင်းကြတာ မိန်းကလေးတွေပါ ၂ ဖွဲ့ရှိနေပြီ..

လုံခြုံမှုကမရှိ တာဝန်ယူမှု၊တာဝန်ခံမှုမရှိတဲ့သူတွေ ကိုယ့်လူမျိုးအချင်းချင်း မကူညီတဲ့အပြင် ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြတဲ့ လူတွေကြောင့် ကိုယ့်မြန်မာလူမျိုးတွေ ဒုက္ခတွေရောက်နေရပါတယ်..

ကျွန်တော်လည်းတက်နိုင်သလောက်တော့ ကူနေပါတယ်၊ အဆင်ပြေလုံခြုံစိတ်ချရမယ့် အလုပ်လေးတွေတော့ချိတ်ပေးနေပါတယ်.. အစ်ကိုနဲ့တွေ့ရတာ အရမ်းကံကောင်းတာပဲတဲ့.. အစ်ကိုတဲ့ Service ကြေးဘယ်လောက်ပေးရမလည်းတဲ့..

အော် အော် ညီမတို့ရယ် အစ်ကိုက ပွဲစားရုပ်ပေါက်နေလို့လားဆိုတော့ တစ်ပြားမှ ပေးစရာမလိုဘူးလို့.. ညီမတို့အဆင်ပြေရင် ပြီးပြီလို့.. မသိလို့နော် ဆောရီးပါအစ်ကိုတဲ့.. ရတယ်အေးဆေးလို့.. သနားလည်းသနားသလို စိတ်လည်းတိုရတယ်..

အစ်ကို့အကောင့်ကို ညီမတို့ဟိုအရင်တည်းက တွေ့မိရင် ညီမတို့မလာပါဘူးတဲ့.. ခုအစ်ကိုပြောနေတာတွေ ရေးနေတာတွေက လက်တွေ့ဆိုတာ ညီမတို့သိရပါပြီတဲ့.. အဲတာဆိုရင် အစ်ကို့ကို ပြန်ကူညီပါလို့ ၊သူငယ်ချင်းတွေ အသိတွေထဲက အလည်နဲ့လာပြီး အလုပ်ရှာမယ်ဆို မလာဖို့တားမြစ်ပေးပါလို့.. စိတ်ချပါတဲ့ တားမြစ်ပါ့မယ် အသိပေးပါ့မယ်တဲ့လေ.. ကျေနပ်တယ်လေ ဘာကြောင့်အလည်နဲ့ မလာသင့်တာလည်း ကျွန်တော်ထောက်ပြမယ်နော်..

အလည်နဲ့လာတဲ့ ကုန်ကျစရိတ်က စက်ရုံကောလင်းနဲ့လာတဲ့စရိတ်နဲ့အတူတူလောက်ပဲ.. အလည်က မြန်တယ် ကောလင်းနဲ့က နဲနဲစောင့်ရမယ်.. အလည်နဲ့က Risk ပိုများတယ် ကံမကောင်းလို့ အချက်အလက်တွေမစုံလင်ရင် မလေးရှားလေဆိပ်ကနေလှည့်ပြန်ရတတ်တယ်..

လဝကကိုဖြတ်ဖို့ဆိုတာ လူရည်လည်မှ ပါးနပ်မှုရှိမှ မေးတာဖြေနိုင်မှ တောင်းတဲ့အချက်ပြနိုင်မှ အဆင်ပြေမှာ အဲလိုမှမဟုတ်ပဲ အူတူတူ အတတဆို အတေရစ်မှာ..

စဉ်းစားကြည့်လေ သူများနိုင်ငံအလည်သွားမယ့်သူက E လိုလည်းမတတ်.. မလေးလိုလည်းနားမလည်ဘူးဆိုရင် အလည်နဲ့လာပြီး မပြန်ပဲခွေနေမယ်ဆိုတာ သူတို့ကောင်းကောင်းသိတာပေါ့..

အဆင်ပြေပြေနဲ့ရောက်လာပြီထား အလုပ်ကရှာရမယ်.. အလုပ်ရပြီထား နေထိုင်ခွင့်ပါမစ် အလုပ်လုပ်ခွင့်ပါမစ်က လွယ်လွယ်နဲ့ရပါသလား? No ပါ.. ပါမစ်က အေးဆေးကပ်လို့ရတယ်ဆိုရင် ဂျင်းပါ..

ဒီနိုင်ငံမှာ ပိုက်ဆံပုံပေးပြီး ရော့ပိုက်ဆံပေး ပါမစ်ဆိုပြီးဝယ်လို့ရတဲ့ အထဲမှာ ပါမစ်မပါဘူး.. သူဌေးက ကပ်ပေးမယ်ဆိုတာလည်း အချိန်အတိုင်းအတာကို စောင့်ရတယ်.. အစိုးရကဖွင့်ပေးတဲ့ အချိန်မှ ကပ်လို့ရတာပါ..

မနှစ်က တရားမဝင်နေထိုင်သူတွေကို တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ပါမစ်ကပ်ဖို့ အစိုးရကဖွင့်ပေးတာ ၁၂ လပိုင်းက ပိတ်သွားပြီ.. နောက်ထပ်ဘယ်အချိန်ဖွင့်မယ်ဆိုတာက ဘယ်သူမှ အတိအကျပြောလို့မရပါဘူး..

အလည်ဆိုတာ ၁ လပဲနေထိုင်ခွင့်ရှိတာ ၁ လကျော်တာနဲ့ အော်တို တရားမဝင်နေထိုင်သူပဲ.. အသွားအလာ အနေအထိုင်အစစအရာရာ ဆင်ခြင်ရတော့မယ်.. ကံဆိုးလို့ ကိုယ်လုပ်နေတဲ့အလုပ်က Complain ရှိရင် အော်ပရာစီဝင်တတ်ရင် ရှောင်ရ ရှားရ ပုန်းရ ပြေးရ လွှားရမယ်..

ပါမစ်ကပ်တဲ့အချိန် ကုန်ကျစရိတ်ကလည်းများတယ်.. သူဌေးစိုက်ပေးရင်တော့ ကံကောင်းတာပေါ့.. ပါမစ်ကပ်ခွင့်ရပြီး ပါမစ်ရဖို့ကြာချိန်လေး လက်တွေ့ပြောပြမယ်.. မနှစ်က ပါမစ်ကပ်ချိန်မတိုင်ခင် ၁ နှစ်အလိုက ကျွန်တော့စက်ရုံကို အသိမိတ်ဆွေရဲ့ညီကိုတော် ကောင်လေး ၂ ယောက်ခေါ်သွင်းပေးထားတာ ပါမစ်ဖွင့်တဲ့အချိန်ပါ.. လက်ဗွေနှိပ်လုပ်စာရှိတာတွေလုပ်ပြီးတာတောင် ခုလမှ ပါမစ်ရတယ်.. ၁ နှစ်နီးပါးအချိန်ကြာတယ်.. အဲတာလက်တွေ့မယ်.. ဒါတောင်ူဌေးက ကပ်ပေးလို့ ပါမစ်ကလည်းဖွင့်တဲ့အချိန်မို့နော်..

စုစုပေါင်း မလေးငွေ ၇၀၀၀ လောက်ကုန်တယ်.. အကုန်စိုက်ထုတ်ပေးထားတယ်ဆိုပေမဲ့ သူဌေးက levy ကြေးပဲခံတယ် ကျန်တဲ့ ၅၀၀၀ က လစာထဲကပြန်ဖြတ်မှာ.. ဒါတွေအားလုံးကအလည်နဲ့လာပြီး အလုပ်လုပ်ရင်ကြုံတွေ့ရမဲ့ ကောင်းခြင်းဆိုးခြင်းတွေပါပဲ..

အလည်နဲ့ဆို ကုန်ကျစရိတ်က ၂ ခါကုန်မယ်.. ပါမစ်ကပ်ဖို့ဖွင့်တဲ့အချိန်စောင့်ရမယ်.. အဲ့အတောအတွင်း အစစအရာရာ ဂရုစိုက်နေထိုင်ဆင်ခြင်ရမယ်.. ပါမစ်ကပ်ရင် ပိုက်ဆံထပ်ကုန်မယ်.. အချိန်စောင့်ရမယ်..

တစ်ချို့တွေဆို မြန်မာအေးဂျင့်တွေနဲ့ကပ်လို့ အလိမ်တွေခံရတာ စာအုပ်တွေဆုံး ပိုက်ဆံတွေဆုံး ဘယ်သူတွေဆိုတာတော့ နာမည်တပ် မပြောတော့ပါဘူးနော်.. ကဲကဲတော်သေးပြီ ပြောမဆုံးပေါင်တောသုံးထောင်တို့ရေ..

Credit to (Ko Nway Oo)

Zawgyi

မေလးရွားကို အလည္အပတ္ ဗီဇာနဲ႔လာၿပီး အလုပ္မရွာပါနဲ႔လို႔ ေျပာတာ ဒါေတြေၾကာင့္ပါ

မေလးရွားကို အလည္အပတ္ ဗီဇာနဲ႔လာၿပီး အလုပ္မရွာပါနဲ႔လို႔ ခနခန စာေတြ ေရးတင္အသိေပးေနတဲ့ၾကားက ေရာက္လာတဲ့သူေတြထဲက ဒုကၡေရာက္ေနသူေတြ အေၾကာင္းေလးပါ..

အလည္နဲ႔လာမယ္ဆို လာဖူးသားလူေဟာင္းေတြအတြက္ ကိုယ္ကြၽမ္းက်င္ၿပီးသား နယ္ေျမဆို သိပ္ျပႆနာမရွိဘူး.. စကားလည္းတတ္ သြားတတ္ လာတတ္ဆိုရင္ အလုပ္ရွာရတာ အခက္အခဲေတာ့သိပ္မရွိပါဘူး..

ခုမွ မေလးေျမကို စနင္းမယ္ဆိုရင္ ေယာက်ာ္းေလးအတြက္ကလည္း ျပႆနာ သိပ္မရွိေသးဘူး.. ေဒါင္က်က် ျပားက်က် ရတဲ့အလုပ္ကိုရွာလုပ္.. အဆင္ေျပတဲ့ေနရာမွာေန.. တစ္ခါမွလည္းမေရာက္ဖူး ၊မသြားဖူး မလာဖူးတဲ့ မိန္းကေလးေတြအတြက္ကေတာ့ အရဲမစြန္႔ၾကပါနဲ႔.. မစြန္႔စားၾကပါနဲ႔လို႔ ထပ္မံၿပီး ေမတၱာရပ္ခံပါရေစဗ်ာ..

လူခံရွိတယ္ ပါမစ္ကပ္ေပးမယ့္သူေဌးရွိတယ္ စိတ္ခ်ရတယ္ သူငယ္ခ်င္းရွိတယ္ အလုပ္ရွာေပးမယ္ ေအးေဆးဆိုၿပီး အားကိုးတႀကီးနဲ႔ ေရာက္လာၿပီးမွ မ်က္ႏွာလႊဲခဲပစ္ လုပ္တတ္တဲ့သူေတြေၾကာင့္ ကြၽန္ေတာ့ဆီ အကူအညီလာေတာင္းၾကတာ မိန္းကေလးေတြပါ ၂ ဖြဲ႕ရွိေနၿပီ..

လုံၿခဳံမႈကမရွိ တာ၀န္ယူမႈ၊တာ၀န္ခံမႈမရွိတဲ့သူေတြ ကိုယ့္လူမ်ိဳးအခ်င္းခ်င္း မကူညီတဲ့အျပင္ ေခါင္းပုံျဖတ္အျမတ္ထုတ္ေနၾကတဲ့ လူေတြေၾကာင့္ ကိုယ့္ျမန္မာလူမ်ိဳးေတြ ဒုကၡေတြေရာက္ေနရပါတယ္..

ကြၽန္ေတာ္လည္းတက္ႏိုင္သေလာက္ေတာ့ ကူေနပါတယ္၊ အဆင္ေျပလုံၿခဳံစိတ္ခ်ရမယ့္ အလုပ္ေလးေတြေတာ့ခ်ိတ္ေပးေနပါတယ္.. အစ္ကိုနဲ႔ေတြ႕ရတာ အရမ္းကံေကာင္းတာပဲတဲ့.. အစ္ကိုတဲ့ Service ေၾကးဘယ္ေလာက္ေပးရမလည္းတဲ့..

ေအာ္ ေအာ္ ညီမတို႔ရယ္ အစ္ကိုက ပြဲစား႐ုပ္ေပါက္ေနလို႔လားဆိုေတာ့ တစ္ျပားမွ ေပးစရာမလိုဘူးလို႔.. ညီမတို႔အဆင္ေျပရင္ ၿပီးၿပီလို႔.. မသိလို႔ေနာ္ ေဆာရီးပါအစ္ကိုတဲ့.. ရတယ္ေအးေဆးလို႔.. သနားလည္းသနားသလို စိတ္လည္းတိုရတယ္..

အစ္ကို႔အေကာင့္ကို ညီမတို႔ဟိုအရင္တည္းက ေတြ႕မိရင္ ညီမတို႔မလာပါဘူးတဲ့.. ခုအစ္ကိုေျပာေနတာေတြ ေရးေနတာေတြက လက္ေတြ႕ဆိုတာ ညီမတို႔သိရပါၿပီတဲ့.. အဲတာဆိုရင္ အစ္ကို႔ကို ျပန္ကူညီပါလို႔ ၊သူငယ္ခ်င္းေတြ အသိေတြထဲက အလည္နဲ႔လာၿပီး အလုပ္ရွာမယ္ဆို မလာဖို႔တားျမစ္ေပးပါလို႔.. စိတ္ခ်ပါတဲ့ တားျမစ္ပါ့မယ္ အသိေပးပါ့မယ္တဲ့ေလ.. ေက်နပ္တယ္ေလ ဘာေၾကာင့္အလည္နဲ႔ မလာသင့္တာလည္း ကြၽန္ေတာ္ေထာက္ျပမယ္ေနာ္..

အလည္နဲ႔လာတဲ့ ကုန္က်စရိတ္က စက္႐ုံေကာလင္းနဲ႔လာတဲ့စရိတ္နဲ႔အတူတူေလာက္ပဲ.. အလည္က ျမန္တယ္ ေကာလင္းနဲ႔က နဲနဲေစာင့္ရမယ္.. အလည္နဲ႔က Risk ပိုမ်ားတယ္ ကံမေကာင္းလို႔ အခ်က္အလက္ေတြမစုံလင္ရင္ မေလးရွားေလဆိပ္ကေနလွည့္ျပန္ရတတ္တယ္..

လ၀ကကိုျဖတ္ဖို႔ဆိုတာ လူရည္လည္မွ ပါးနပ္မႈရွိမွ ေမးတာေျဖႏိုင္မွ ေတာင္းတဲ့အခ်က္ျပႏိုင္မွ အဆင္ေျပမွာ အဲလိုမွမဟုတ္ပဲ အူတူတူ အတတဆို အေတရစ္မွာ..

စဥ္းစားၾကည့္ေလ သူမ်ားႏိုင္ငံအလည္သြားမယ့္သူက E လိုလည္းမတတ္.. မေလးလိုလည္းနားမလည္ဘူးဆိုရင္ အလည္နဲ႔လာၿပီး မျပန္ပဲေခြေနမယ္ဆိုတာ သူတို႔ေကာင္းေကာင္းသိတာေပါ့..

အဆင္ေျပေျပနဲ႔ေရာက္လာၿပီထား အလုပ္ကရွာရမယ္.. အလုပ္ရၿပီထား ေနထိုင္ခြင့္ပါမစ္ အလုပ္လုပ္ခြင့္ပါမစ္က လြယ္လြယ္နဲ႔ရပါသလား? No ပါ.. ပါမစ္က ေအးေဆးကပ္လို႔ရတယ္ဆိုရင္ ဂ်င္းပါ..

ဒီႏိုင္ငံမွာ ပိုက္ဆံပုံေပးၿပီး ေရာ့ပိုက္ဆံေပး ပါမစ္ဆိုၿပီးဝယ္လို႔ရတဲ့ အထဲမွာ ပါမစ္မပါဘူး.. သူေဌးက ကပ္ေပးမယ္ဆိုတာလည္း အခ်ိန္အတိုင္းအတာကို ေစာင့္ရတယ္.. အစိုးရကဖြင့္ေပးတဲ့ အခ်ိန္မွ ကပ္လို႔ရတာပါ..

မႏွစ္က တရားမ၀င္ေနထိုင္သူေတြကို တရား၀င္ေနထိုင္လုပ္ကိုင္ခြင့္ပါမစ္ကပ္ဖို႔ အစိုးရကဖြင့္ေပးတာ ၁၂ လပိုင္းက ပိတ္သြားၿပီ.. ေနာက္ထပ္ဘယ္အခ်ိန္ဖြင့္မယ္ဆိုတာက ဘယ္သူမွ အတိအက်ေျပာလို႔မရပါဘူး..

အလည္ဆိုတာ ၁ လပဲေနထိုင္ခြင့္ရွိတာ ၁ လေက်ာ္တာနဲ႔ ေအာ္တို တရားမ၀င္ေနထိုင္သူပဲ.. အသြားအလာ အေနအထိုင္အစစအရာရာ ဆင္ျခင္ရေတာ့မယ္.. ကံဆိုးလို႔ ကိုယ္လုပ္ေနတဲ့အလုပ္က Complain ရွိရင္ ေအာ္ပရာစီဝင္တတ္ရင္ ေရွာင္ရ ရွားရ ပုန္းရ ေျပးရ လႊားရမယ္..

ပါမစ္ကပ္တဲ့အခ်ိန္ ကုန္က်စရိတ္ကလည္းမ်ားတယ္.. သူေဌးစိုက္ေပးရင္ေတာ့ ကံေကာင္းတာေပါ့.. ပါမစ္ကပ္ခြင့္ရၿပီး ပါမစ္ရဖို႔ၾကာခ်ိန္ေလး လက္ေတြ႕ေျပာျပမယ္.. မႏွစ္က ပါမစ္ကပ္ခ်ိန္မတိုင္ခင္ ၁ ႏွစ္အလိုက ကြၽန္ေတာ့စက္႐ုံကို အသိမိတ္ေဆြရဲ႕ညီကိုေတာ္ ေကာင္ေလး ၂ ေယာက္ေခၚသြင္းေပးထားတာ ပါမစ္ဖြင့္တဲ့အခ်ိန္ပါ.. လက္ေဗြႏွိပ္လုပ္စာရွိတာေတြလုပ္ၿပီးတာေတာင္ ခုလမွ ပါမစ္ရတယ္.. ၁ ႏွစ္နီးပါးအခ်ိန္ၾကာတယ္.. အဲတာလက္ေတြ႕မယ္.. ဒါေတာင္ူေဌးက ကပ္ေပးလို႔ ပါမစ္ကလည္းဖြင့္တဲ့အခ်ိန္မို႔ေနာ္..

စုစုေပါင္း မေလးေငြ ၇၀၀၀ ေလာက္ကုန္တယ္.. အကုန္စိုက္ထုတ္ေပးထားတယ္ဆိုေပမဲ့ သူေဌးက levy ေၾကးပဲခံတယ္ က်န္တဲ့ ၅၀၀၀ က လစာထဲကျပန္ျဖတ္မွာ.. ဒါေတြအားလုံးကအလည္နဲ႔လာၿပီး အလုပ္လုပ္ရင္ႀကဳံေတြ႕ရမဲ့ ေကာင္းျခင္းဆိုးျခင္းေတြပါပဲ..​

အလည္နဲ႔ဆို ကုန္က်စရိတ္က ၂ ခါကုန္မယ္.. ပါမစ္ကပ္ဖို႔ဖြင့္တဲ့အခ်ိန္ေစာင့္ရမယ္.. အဲ့အေတာအတြင္း အစစအရာရာ ဂ႐ုစိုက္ေနထိုင္ဆင္ျခင္ရမယ္.. ပါမစ္ကပ္ရင္ ပိုက္ဆံထပ္ကုန္မယ္.. အခ်ိန္ေစာင့္ရမယ္..

တစ္ခ်ိဳ႕ေတြဆို ျမန္မာေအးဂ်င့္ေတြနဲ႔ကပ္လို႔ အလိမ္ေတြခံရတာ စာအုပ္ေတြဆုံး ပိုက္ဆံေတြဆုံး ဘယ္သူေတြဆိုတာေတာ့ နာမည္တပ္ မေျပာေတာ့ပါဘူးေနာ္.. ကဲကဲေတာ္ေသးၿပီ ေျပာမဆုံးေပါင္ေတာသုံးေထာင္တို႔ေရ..

Credit to (Ko Nway Oo)

လူငယ်များအတွက် ဦးသန့်၏တန်ဖိုးမဖြတ်နိုင်တဲ့စကား(၅)ခွန်း

(၁)ရည်ရွယ်ချက်ရှိပါ။ လောက၌ရည်ရွယ်ချက် မရှိသောသူသည် မည်သည့်အရေးသို့သွားရန် မသိသေးသော ခရီးသည်နှင့်တူ၏။ ကြီးပွားလိုသောလူတိုင်း၌ ရည်ရွယ်ချက်ရှိရပါမည်။ သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစားအားထုတ်တော်မူခဲ့ပေသည်။

မည်သူမဆို ငယ်စဉ်ကပင် မှန်းခြေတစ်ခုရှိရမည်။မှန်းခြေရှိသောလူတို့သည် မိမိတို့လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေမရှိသောသူထက် မနှိုင်းယှဉ်သာအောင် ကြီးပွားကြလေသည်။

(၂)သူများနှင့် မတူအောင်လုပ်ပါ။ ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။ သို့ရာတွင် စေ့စေ့တွေးသော် ကြီးပွားသောသူတို့၏ လက်သုံးအချက်ကြီးဖြစ်သည်။ သူများကဲ့သို့လုပ်လျှင် သူများကဲ့သိုပင်ဖြစ်မည်။

သူများနှင့်မတူအောင်လုပ်လျှင် သူများနှင့်တူမည် မဟုတ်ပေ။ မြတ်စွာဘုရားသည် ခပ်သိမ်းသောသူတို့နှင့် မတူအောင်အားထုတ်တော်မူခဲ့၍ သူများနှင့်မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

(၃)အများသဘောကိုမလိုက်နှင့်။ အများသဘောသည် အမှားပေါ၏။ လောက၌ပညာရှိသောသူနှင့် မရှိသောသူအရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင်ပညာရှိသူက မနှိုင်းယှဉ်လောက်အောင်နည်းလှ၏။

အများသဘောကို မလိုက်နှင့်ဟုဆိုရာ၌ မည်သည့်အခါမဆို အများသဘောနှင့် ဆန့်ကျင်ရမည်ဟု မဆိုလိုပေ။ မည်သည့်ကိစ္စ၌မဆို “ဟာ…အများသဘောပါ” ဟုပြောလေ့ရှိသောသူကို အသုံးမကျသူ ဟူ၍မှတ်အပ်၏။

အများသဘောသည် မှားလျှင်လည်းမှားကြောင်း ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်ရဲရမည်။ ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကုန်။

(၄)ပြုပြင်ရန်မကြောက်နှင့်။ လောက၌ဘာသာရေးမှလွဲလျှင် အားလုံးသောကိစ္စဟူသမျှသည် အမြဲပြုပြင်ပြောင်းလဲလျက်ရှိ၏။ အဝတ်အစား၊ အနေအထိုင်၊ အပြောအဆို၊ အယူအဆ စသည်တို့မှာ အမြဲပြောင်းလဲလျက်ရှိ၏။

ယခုခေတ်သည် အလွန်မြန်နိုင်မှ တော်ရုံရှိ၏။ အပြေးသွားအပြေးလာ အပြေးလုပ်ရသော ခေတ်ကြီးဖြစ်၏။ ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူးအရေးကြီးလှပေသည်။

(၅)မယုံလွယ်နှင့်။ မစဉ်းစားပဲယုံလွယ်သူ ပေါများသောတိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည်ဖြစ်၏။ အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်းပြည်၏ သတင်းစာကိုကြည့်၍ အကဲခတ်နိုင်၏။

သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသောဥစ္စာစောင့်မ၊ နတ်ပေးသောကလေး စသည်ဖြင့်ခေါင်းစဉ်တပ်ထားသော ဆောင်းပါးများကို အလုအယက်ဖတ်သမျှ ကာလပတ်လုံး မြန်မာလူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန်များစွာလိုသေးသည်ဟု ဆိုရမည်ဖြစ်သည်။

ပြောတိုင်းမယုံနှင့်၊ ယုံတိုင်းလည်းမပြာနှင့်၊ ချင့်ချိန်မှန်းဆ၍ ပြုလုပ်ပြောဆိုရာ၏။ ဤသည်လည်းကြီးပွားရေး လှေကားတစ်ထစ်ပေတည်း။ (Credit)

Zawgyi

(၁)ရည္႐ြယ္ခ်က္ရွိပါ။ ေလာက၌ရည္႐ြယ္ခ်က္ မရွိေသာသူသည္ မည္သည့္အေရးသို႔သြားရန္ မသိေသးေသာ ခရီးသည္ႏွင့္တူ၏။ ႀကီးပြားလိုေသာလူတိုင္း၌ ရည္႐ြယ္ခ်က္ရွိရပါမည္။ သုံးလူ႔ထြတ္ထား သဗၺညဳဘုရားပင္လွ်င္ တစ္ခုတည္းေသာ ရည္႐ြယ္ခ်က္ျဖင့္ ႀကိဳးစားအားထုတ္ေတာ္မူခဲ့ေပသည္။

မည္သူမဆို ငယ္စဥ္ကပင္ မွန္းေျခတစ္ခုရွိရမည္။မွန္းေျခရွိေသာလူတို႔သည္ မိမိတို႔လုပ္ငန္း၌ လြယ္ကူသည္သာမက မွန္းေျခမရွိေသာသူထက္ မႏႈိင္းယွဥ္သာေအာင္ ႀကီးပြားၾကေလသည္။

(၂)သူမ်ားႏွင့္ မတူေအာင္လုပ္ပါ။ ထိုအခ်က္သည္ ဆန္းဆန္းျဖစ္သည္။ သို႔ရာတြင္ ေစ့ေစ့ေတြးေသာ္ ႀကီးပြားေသာသူတို႔၏ လက္သုံးအခ်က္ႀကီးျဖစ္သည္။ သူမ်ားကဲ့သို႔လုပ္လွ်င္ သူမ်ားကဲ့သိုပင္ျဖစ္မည္။

သူမ်ားႏွင့္မတူေအာင္လုပ္လွ်င္ သူမ်ားႏွင့္တူမည္ မဟုတ္ေပ။ ျမတ္စြာဘုရားသည္ ခပ္သိမ္းေသာသူတို႔ႏွင့္ မတူေအာင္အားထုတ္ေတာ္မူခဲ့၍ သူမ်ားႏွင့္မတူေသာ သဗၺညဳအျဖစ္သို႔ ေရာက္ရွိခဲ့ေပသည္။

(၃)အမ်ားသေဘာကိုမလိုက္ႏွင့္။ အမ်ားသေဘာသည္ အမွားေပါ၏။ ေလာက၌ပညာရွိေသာသူႏွင့္ မရွိေသာသူအေရအတြက္ကို ႏႈိင္းယွဥ္ၾကည့္လွ်င္ပညာရွိသူက မႏႈိင္းယွဥ္ေလာက္ေအာင္နည္းလွ၏။

အမ်ားသေဘာကို မလိုက္ႏွင့္ဟုဆိုရာ၌ မည္သည့္အခါမဆို အမ်ားသေဘာႏွင့္ ဆန႔္က်င္ရမည္ဟု မဆိုလိုေပ။ မည္သည့္ကိစၥ၌မဆို “ဟာ…အမ်ားသေဘာပါ” ဟုေျပာေလ့ရွိေသာသူကို အသုံးမက်သူ ဟူ၍မွတ္အပ္၏။

အမ်ားသေဘာသည္ မွားလွ်င္လည္းမွားေၾကာင္း ၫႊန္ျပႏိုင္ရမည္။ ဆန႔္က်င္ရဲရမည္။ ေရလိုက္ငါးလိုက္ ေနေသာသူတို႔သည္ မႀကီးပြားႏိုင္ကုန္။

 

(၄)ျပဳျပင္ရန္မေၾကာက္ႏွင့္။ ေလာက၌ဘာသာေရးမွလြဲလွ်င္ အားလုံးေသာကိစၥဟူသမွ်သည္ အၿမဲျပဳျပင္ေျပာင္းလဲလ်က္ရွိ၏။ အဝတ္အစား၊ အေနအထိုင္၊ အေျပာအဆို၊ အယူအဆ စသည္တို႔မွာ အၿမဲေျပာင္းလဲလ်က္ရွိ၏။

ယခုေခတ္သည္ အလြန္ျမန္ႏိုင္မွ ေတာ္႐ုံရွိ၏။ အေျပးသြားအေျပးလာ အေျပးလုပ္ရေသာ ေခတ္ႀကီးျဖစ္၏။ ဘဝသံသရာ ႀကီးပြားေရးအတြက္ ျပဳျပင္ေရးသည္လည္း အထူးအေရးႀကီးလွေပသည္။

(၅)မယုံလြယ္ႏွင့္။ မစဥ္းစားပဲယုံလြယ္သူ ေပါမ်ားေသာတိုင္းျပည္သည္ ေအာက္တန္းက်ေသာ တိုင္းျပည္ျဖစ္၏။ အသိဉာဏ္ကို ခ်င့္ခ်ိန္ႏိုင္ရန္ ၎တိုင္းျပည္၏ သတင္းစာကိုၾကည့္၍ အကဲခတ္ႏိုင္၏။

သတင္းစာမ်ားတြင္ ျမတ္စြာဘုရား ဆင္းတုေတာ္မွ မ်က္ရည္က်ျခင္း၊ ကိုယ္ဝန္ရွိေသာဥစၥာေစာင့္မ၊ နတ္ေပးေသာကေလး စသည္ျဖင့္ေခါင္းစဥ္တပ္ထားေသာ ေဆာင္းပါးမ်ားကို အလုအယက္ဖတ္သမွ် ကာလပတ္လုံး ျမန္မာလူမ်ိဳးတို႔၏ အဆင့္အတန္းသည္ ေခတ္မီရန္မ်ားစြာလိုေသးသည္ဟု ဆိုရမည္ျဖစ္သည္။

ေျပာတိုင္းမယုံႏွင့္၊ ယုံတိုင္းလည္းမျပာႏွင့္၊ ခ်င့္ခ်ိန္မွန္းဆ၍ ျပဳလုပ္ေျပာဆိုရာ၏။ ဤသည္လည္းႀကီးပြားေရး ေလွကားတစ္ထစ္ေပတည္း။ (Credit)

အရင်းအနှီး နည်းနည်းနဲ့ လုပ်ငန်းစမယ့်သူတွေ မသိမဖြစ် သိထားသင့်တဲ့ နည်းလမ်း (၈) ခု

စွန့်ဦးတီထွင်လုပ်ငန်းရှင်များဟာ အောင်မြင်နိုင်လောက်တဲ့ စီးပွားရေးအိုင်ဒီယာများ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံနိုင်တဲ့ စွမ်းအားမရှိတာကြောင့် ရှေ့မဆက်ကြတော့ပါဘူး။ သူတို့မှာ ရင်းနှီးငွေ မရှိရင်ပဲ ခြေတလှမ်းတောင်မှ ဆက်မလှမ်းနိုင်တော့ဘူးလို့ ယူဆကြပါတယ်။

နေ့စဉ်နေ့တိုင်း လုပ်ငန်းသစ်များဟာ ဒေါ်လာ မီလျံနဲ့ချီပြီးတော့ စွန့်စားရင်းနှီးတဲ့လုပ်ငန်းတွေကနေ ငွေကြေးအရင်းအနှီးတွေ ရနေကြပါတယ်။ ဒါပေမယ့် သင်မကြားလိုက်တာကတော့ လုပ်ငန်းတစ်တော်တော်များများဟာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ကျရှုံးသွားပြီးတော့ ရင်းနှီးထားတဲ့ မီလျံချီဒေါ်လာတွေဟာလည်း မီးရှို့လိုက်သလို ဆုံးရှုံးသွားပါတယ်။

သင့်မှာ ငွေဘယ်လောက်ရှိရှိ ပထမချင်းအိုင်ဒီယာနဲ့ အလုပ်လုပ်ဖို့ စီမံကိန်းချတာသာ မကောင်းခဲ့ရင် အဲဒီငွေတွေဟာ သင့်ကို အောင်မြင်အောင် လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ အိုင်ဒီယာကောင်းကောင်းရှိတယ်၊ ဒါပေမယ့် ငွေနည်းနည်းပဲရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီအကြောင်းလေးနဲ့တော့ သင့်အိပ်မက်တွေကို ရပ်မပစ်လိုက်ပါနဲ့။

အိပ်ချိန်မရလိုက်တဲ့ နေ့တွေလည်း ရှိကောင်းရှိမယ်။ စိတ်ဖိစီးမှုတွေလည်း အလူအလိမ့် ခံစားမယ်။ ဒါပေမယ့် လိုချင်စိတ်ပြင်းပြနေရင်တော့ တချိန်မှာ ဖြစ်လာမှာပါ။ လုပ်ငန်းသစ်စတင်ဖို့အတွက် အကန့်အသတ်ရှိတဲ့ ရင်းနှီးငွေနဲ့ အလုပ်ဖြစ်မယ့် နည်းလမ်းကောင်းရှစ်ခုကို ဖော်ပြပေးထားပါတယ်-

၁။ သင်ကောင်းကောင်းသိတဲ့ အလုပ်ကိုလုပ်ပါ။ သင် သိပ်မကျွမ်းကျင်တဲ့ နယ်ပယ်က အလုပ်ကို စွန့်စားပြီးစတင်မယ့်အစား သင်သေချာသိတဲ့၊ ကျွမ်းကျင်မှုရှိတဲ့ လုပ်ငန်းကို လုပ်ဖို့ကြိုးစားပါ။

အပြင်ကိုအားကိုးနေရတာ လျော့နိုင်လေ သင့်အတွက် ကောင်းလေပါပဲ။ သင်ကျွမ်းကျင်ပြီးသား အလုပ်ကိုသာလုပ်မယ်ဆိုရင်တော့ အတိုင်ပင်ခံခလျော့ချနိုင်သလို ကုန်ကျစာရိတ်လည်း လျော့နိုင်မှာပါ။

စွန့်ဦးတီထွင်လုပ်ရတဲ့ လုပ်ငန်းအောင်မြင်ဖို့အတွက် ကျွမ်းကျင်မှုတခုတည်းက လုံလောက်တဲ့ အရင်းအနှီးဖြစ်နေ တတ်ပါတယ်။

၂။ သင်ဘာလုပ်နေလဲဆိုတာ အားလုံးကို ကြေငြာပါ။

သင့်ရဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် စတဲ့သူတွေအားလုံးကို သင့်ရဲ့ လုပ်ငန်းသစ်အကြောင်း ပြောပြပါ။ ဖုန်းခေါ်ပါ၊ မတ်ဆေ့ချ်ပို့ပါ။ သင့်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ပါ။

သင့်ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုကလည်း သင့်ရဲ့လုပ်ငန်းအကြောင်း တခြားသူတွေကို ထပ်ဆင့်ပြောပြနိုင်ကြပါတယ်။ ဒီ အခြေခံကျတဲ့ မားကက်တင်းနည်းလမ်းက သင့်အကြောင်းကို လူအများကြီး သိသွားစေနိုင်ပါတယ်။

၃။ မလိုအပ်တဲ့ အသုံးအစွဲတွေ လျော့ချပါ။

သင်ကုန်ကျစရာတွေ အများကြီး ရှိနေမှာပါ။ အဲဒီအထဲမှာ တချို့ကုန်ကျစာရိတ်တွေက ရှောင်လွှဲလို့ကို မရပါဘူး။ သင်ရှောင်လွှဲလို့ရတာကတော့ ပိုမသုံးမိဖို့ပါပဲ။

ဥပမာ – သင့်ရဲ့ လိပ်စာကဒ်ကို ကြည့်ပါ။ ဒေါ်လာ ၁၀၀၀ လောက်သုံးလို့ သတ္တုနဲ့လုပ်ထားတဲ့ လိပ်စာကဒ် ၅၀၀ ကိုလုပ်မလား (ဒါမှမဟုတ်) ဆယ်ဒေါ်လာလောက်ပဲကုန်မယ့် ပုံမှန်လိပ်စာကဒ် ၅၀၀ ကိုယူမလား။ ချွေချွေတာတာနဲ့ စတင်ခြင်းက အောင်မြင်မှုနဲ့ ကျရှုံးမှုကို ကွဲပြားစေနိုင်မှာပါ။

၄။ အကြွေးဝယ်ကဒ်တွေကြောင့် အကြွေးနွံမနစ်ပါစေနဲ့။

အကြွေးဝယ်ကဒ်တွေဟာ လုပ်ငန်းသစ်စလုပ်တဲ့အခါမှာ စမတ်ကျကျသုံးတတ်ရင် အတော်အသုံးဝင်သလို အသုံးမတတ်ရင်တော့ ကိုယ့်ကိုကိုယ်သတ်သေတာနဲ့ တူနေပါတယ်။

ရုံးသစ်လုပ်ဖို့အတွက် ကွန်ပျူတာတွေ၊ ပရိဘောဂပစ္စည်းတွေ၊ ဖုန်း နဲ့ အခြားသော အသုံးအဆောင်တွေ တခဏအတွင်း လိုအပ်လာမှာပါ။ ဒီ ကုန်ကျစာရိတ်အားလုံးကို အကြွေးဝယ်ကဒ်နဲ့ တပြိုင်နက်ဝယ်လိုက်မယ့်အစား ကုမ္ပဏီရဲ့ ဝင်ငွေပေါ်မူတည်ပြီး ဖြည်းဖြည်းချင်းဝယ်ယူသင့်ပါတယ်။

အကြွေးကြောင့်ရလာမယ့် စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုတွေသာမရှိရင် လုပ်ငန်းအောင်မြင်ဖို့ ရာခိုင်နှုန်းပိုများပါလိမ့်မယ်။

၅။ ငွေလက်ခံတဲ့ ပုံစံကြောင့် ဒုက္ခမရောက်ပါစေနဲ့။

ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းပဲဖြစ်ဖြစ်၊ လက်လီရောင်းချတာပဲဖြစ်ဖြစ် ငွေလက်ခံပေးချေမှုပုံစံကို သေသေချာချာ စနစ်တကျလုပ်ထားသင့်ပါတယ်။

သင့်လုပ်ငန်းဟာ တလ၊ နှစ်လလောက်အထိ ငွေမဖော်နိုင်သေးပဲ ရပ်တည်နိုင်ပါသလား။ ဖောက်သည်တွေ ပေးလိုတဲ့အတိုင်းမလုပ်ဘဲ ကိုယ့်လုပ်ငန်းအဆင်ပြေမယ့် ပုံစံကိုလုပ်မယ်ဆိုရင် သင့်အတွက် ပိုပြီးအကျိုးရှိပါလိမ့်မယ်။

၆။ နဖူးကချွေး ခြေမကျလောက်တဲ့အထိ ကြိုးစားမှုနဲ့ အရင်းတည်ပါ။

ကျွန်တော်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စလုပ်တုန်းက ကျွန်တော် အချိန်ပြည့်လုပ်ခဲ့ပါတယ်။ အချိန်ပြည့်ဆိုတာ နံနက် ၉ ညနေ ၅ မဟုတ်ပါဘူး။ အိပ်ချိန်ကလွဲလို့ ကျန်တဲ့အချိန်အားလုံးပါ။

လုပ်ရတာတွေက အစုံပါပဲ။ မားကက်တင်းလုပ်ရသလို စာရင်းဇယားတွေကော၊ ဈေးညှိနှိုင်းမှုတွေပါ လုပ်ရပါတယ်။ အဲလို ရေကုန်ရေခမ်းကြိုးစားရခြင်းက အချည်းနှီးတော့ မဟုတ်ပါဘူး။ သင်ဟာ အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်နေတာပါ။

သင်ကြိုးစားလေလေ သင့်ရဲ့တန်ဖိုးက တက်လာလေလေပါပဲ။ သင့်ရဲ့ ကုမ္ပဏီကို ရောင်းတော့မယ် ဒါမှမဟုတ် ပါတနာတစ်ယောက်နဲ့ လက်တွဲလုပ်ဖို့ ကမ်းလှမ်းတော့မယ်ဆိုရင် သင့်ရဲ့ ချွေးနဲ့ကြိုးစားမှုတွေဟာ ရုပ်လုံးပေါ်လာပါလိမ့်မယ်

၇။ ကြော်ငြာနဲ့ မားကက်တင်း အခမဲ့လုပ်လို့ရမယ့် နည်းလမ်းတွေကို အသုံးချပါ။

ငွေကြေးအလွန်အကျွံသုံးစွဲစရာမလိုအပ်ဘဲ သင့်လုပ်ငန်းကို လူသိအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ဆိုရှယ်မီဒီယာ ဥပမာ ၊ ၊ များဟာ အလားအလာရှိတဲ့ ဖောက်သည်များနဲ့ ထိတွေ့မှုရအောင်လို့ ကူညီနိုင်ပါတယ်။

သင်ဟာ ဒေသခံမီဒီယာတွေနဲ့ ဆက်သွယ်ပြီးတော့ သင်ကျွမ်းကျင်တဲ့အရာတွေကို လူတွေသိအောင် ဗဟုသုတပေး ဒါမှမဟုတ် သင်ကြားပေးတဲ့ပုံစံမျိုးနဲ့လည်း သင့်ကိုယ်သင်ကြော်ငြာလို့ရပါတယ်။

၈။ အကြမ်းပတမ်းခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။

ကြိုးကြိုးစားစားလုပ်ရတာဟာ တကယ့်လိုအပ်တဲ့အရာပါ။ သင့်ဟာ ငွေကြေးအရင်းအနှီးမရှိဘဲ စီးပွားရေးတစ်ခုကို စလုပ်တော့မယ်လို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ လုပ်ငန်းအောင်မြင်ဖို့ သင့်မှာရှိသမျှ ခွန်အားတွေကို အသုံးချရတော့မှာပါ။

ဖောက်သည်အသစ်တွေနဲ့ စကားပြောဆိုရခြင်း၊ ဖောက်သည်လိုအပ်တာတွေကို ပြင်ဆင်ပေးရခြင်း၊ ငွေပေးချေရခြင်း၊ စာရင်းဇယားတွက်ချက်ရခြင်း စတာတွေ အားလုံးလုပ်ဖို့ ပြင်ဆင်ထားပါ။ ခွန်အားတွေ အချိန်တွေ ပေးဆပ်ရမယ့် အလုပ်အစုံကို သင်လုပ်ရတော့မှာပါ။

ငွေသိပ်မရှိလို့ သင့်အိုင်ဒီယာကို အကောင်အထည်မဖော်နိုင်ဘူးဆိုတာမျိုး အဖြစ်မခံပါနဲ့။ ခက်ခဲမှာလား၊ စိတ်ပင်ပန်းမှာလားလို့ မေးရင်၊ မပူပါနဲ့။

ဖြစ်ကိုဖြစ်မှာပါ။ ဒါဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ သွားရမယ့် ခရီးလမ်းတစ်ခုပဲဖြစ်ပါတယ်။

Credit

Zawgyi

စြန႔္ဦးတီထြင္လုပ္ငန္းရွင္မ်ားဟာ ေအာင္ျမင္ႏိုင္ေလာက္တဲ့ စီးပြားေရးအိုင္ဒီယာမ်ား ရွိတတ္ၾကပါတယ္။ ဒါေပမယ့္ ရင္းႏွီးျမဳပ္ႏွံႏိုင္တဲ့ စြမ္းအားမရွိတာေၾကာင့္ ေရွ႕မဆက္ၾကေတာ့ပါဘူး။ သူတို႔မွာ ရင္းႏွီးေငြ မရွိရင္ပဲ ေျခတလွမ္းေတာင္မွ ဆက္မလွမ္းႏိုင္ေတာ့ဘူးလို႔ ယူဆၾကပါတယ္။

ေန႔စဥ္ေန႔တိုင္း လုပ္ငန္းသစ္မ်ားဟာ ေဒၚလာ မီလ်ံနဲ႔ခ်ီၿပီးေတာ့ စြန႔္စားရင္းႏွီးတဲ့လုပ္ငန္းေတြကေန ေငြေၾကးအရင္းအႏွီးေတြ ရေနၾကပါတယ္။ ဒါေပမယ့္ သင္မၾကားလိုက္တာကေတာ့ လုပ္ငန္းတစ္ေတာ္ေတာ္မ်ားမ်ားဟာ အခ်ိန္အတိုင္းအတာတစ္ခုအတြင္းမွာ က်ရႈံးသြားၿပီးေတာ့ ရင္းႏွီးထားတဲ့ မီလ်ံခ်ီေဒၚလာေတြဟာလည္း မီးရႈိ႕လိုက္သလို ဆုံးရႈံးသြားပါတယ္။

သင့္မွာ ေငြဘယ္ေလာက္ရွိရွိ ပထမခ်င္းအိုင္ဒီယာနဲ႔ အလုပ္လုပ္ဖို႔ စီမံကိန္းခ်တာသာ မေကာင္းခဲ့ရင္ အဲဒီေငြေတြဟာ သင့္ကို ေအာင္ျမင္ေအာင္ လုပ္ေပးႏိုင္မွာမဟုတ္ပါဘူး။ အိုင္ဒီယာေကာင္းေကာင္းရွိတယ္၊ ဒါေပမယ့္ ေငြနည္းနည္းပဲရွိတယ္ဆိုရင္ ဘယ္လိုလုပ္မလဲ။ ဒီအေၾကာင္းေလးနဲ႔ေတာ့ သင့္အိပ္မက္ေတြကို ရပ္မပစ္လိုက္ပါနဲ႔။

အိပ္ခ်ိန္မရလိုက္တဲ့ ေန႔ေတြလည္း ရွိေကာင္းရွိမယ္။ စိတ္ဖိစီးမႈေတြလည္း အလူအလိမ့္ ခံစားမယ္။ ဒါေပမယ့္ လိုခ်င္စိတ္ျပင္းျပေနရင္ေတာ့ တခ်ိန္မွာ ျဖစ္လာမွာပါ။ လုပ္ငန္းသစ္စတင္ဖို႔အတြက္ အကန႔္အသတ္ရွိတဲ့ ရင္းႏွီးေငြနဲ႔ အလုပ္ျဖစ္မယ့္ နည္းလမ္းေကာင္းရွစ္ခုကို ေဖာ္ျပေပးထားပါတယ္-

၁။ သင္ေကာင္းေကာင္းသိတဲ့ အလုပ္ကိုလုပ္ပါ။ သင္ သိပ္မကြၽမ္းက်င္တဲ့ နယ္ပယ္က အလုပ္ကို စြန႔္စားၿပီးစတင္မယ့္အစား သင္ေသခ်ာသိတဲ့၊ ကြၽမ္းက်င္မႈရွိတဲ့ လုပ္ငန္းကို လုပ္ဖို႔ႀကိဳးစားပါ။

အျပင္ကိုအားကိုးေနရတာ ေလ်ာ့ႏိုင္ေလ သင့္အတြက္ ေကာင္းေလပါပဲ။ သင္ကြၽမ္းက်င္ၿပီးသား အလုပ္ကိုသာလုပ္မယ္ဆိုရင္ေတာ့ အတိုင္ပင္ခံခေလ်ာ့ခ်ႏိုင္သလို ကုန္က်စာရိတ္လည္း ေလ်ာ့ႏိုင္မွာပါ။

စြန႔္ဦးတီထြင္လုပ္ရတဲ့ လုပ္ငန္းေအာင္ျမင္ဖို႔အတြက္ ကြၽမ္းက်င္မႈတခုတည္းက လုံေလာက္တဲ့ အရင္းအႏွီးျဖစ္ေန တတ္ပါတယ္။

၂။ သင္ဘာလုပ္ေနလဲဆိုတာ အားလုံးကို ေၾကျငာပါ။

သင့္ရဲ႕ မိသားစု၊ မိတ္ေဆြ၊ သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္ စတဲ့သူေတြအားလုံးကို သင့္ရဲ႕ လုပ္ငန္းသစ္အေၾကာင္း ေျပာျပပါ။ ဖုန္းေခၚပါ၊ မတ္ေဆ့ခ်္ပို႔ပါ။ သင့္ရဲ႕ ဆိုရွယ္မီဒီယာေပၚမွာ တင္ပါ။

သင့္ရဲ႕ သူငယ္ခ်င္းေတြနဲ႔ မိသားစုကလည္း သင့္ရဲ႕လုပ္ငန္းအေၾကာင္း တျခားသူေတြကို ထပ္ဆင့္ေျပာျပႏိုင္ၾကပါတယ္။ ဒီ အေျခခံက်တဲ့ မားကက္တင္းနည္းလမ္းက သင့္အေၾကာင္းကို လူအမ်ားႀကီး သိသြားေစႏိုင္ပါတယ္။

၃။ မလိုအပ္တဲ့ အသုံးအစြဲေတြ ေလ်ာ့ခ်ပါ။

သင္ကုန္က်စရာေတြ အမ်ားႀကီး ရွိေနမွာပါ။ အဲဒီအထဲမွာ တခ်ိဳ႕ကုန္က်စာရိတ္ေတြက ေရွာင္လႊဲလို႔ကို မရပါဘူး။ သင္ေရွာင္လႊဲလို႔ရတာကေတာ့ ပိုမသုံးမိဖို႔ပါပဲ။

ဥပမာ – သင့္ရဲ႕ လိပ္စာကဒ္ကို ၾကည့္ပါ။ ေဒၚလာ ၁၀၀၀ ေလာက္သုံးလို႔ သတၱဳနဲ႔လုပ္ထားတဲ့ လိပ္စာကဒ္ ၅၀၀ ကိုလုပ္မလား (ဒါမွမဟုတ္) ဆယ္ေဒၚလာေလာက္ပဲကုန္မယ့္ ပုံမွန္လိပ္စာကဒ္ ၅၀၀ ကိုယူမလား။ ေခြၽေခြၽတာတာနဲ႔ စတင္ျခင္းက ေအာင္ျမင္မႈနဲ႔ က်ရႈံးမႈကို ကြဲျပားေစႏိုင္မွာပါ။

၄။ အေႂကြးဝယ္ကဒ္ေတြေၾကာင့္ အေႂကြးႏြံမနစ္ပါေစနဲ႔။

အေႂကြးဝယ္ကဒ္ေတြဟာ လုပ္ငန္းသစ္စလုပ္တဲ့အခါမွာ စမတ္က်က်သုံးတတ္ရင္ အေတာ္အသုံးဝင္သလို အသုံးမတတ္ရင္ေတာ့ ကိုယ့္ကိုကိုယ္သတ္ေသတာနဲ႔ တူေနပါတယ္။

႐ုံးသစ္လုပ္ဖို႔အတြက္ ကြန္ပ်ဴတာေတြ၊ ပရိေဘာဂပစၥည္းေတြ၊ ဖုန္း နဲ႔ အျခားေသာ အသုံးအေဆာင္ေတြ တခဏအတြင္း လိုအပ္လာမွာပါ။ ဒီ ကုန္က်စာရိတ္အားလုံးကို အေႂကြးဝယ္ကဒ္နဲ႔ တၿပိဳင္နက္ဝယ္လိုက္မယ့္အစား ကုမၸဏီရဲ႕ ဝင္ေငြေပၚမူတည္ၿပီး ျဖည္းျဖည္းခ်င္းဝယ္ယူသင့္ပါတယ္။

အေႂကြးေၾကာင့္ရလာမယ့္ စိတ္ဖိစီးမႈနဲ႔ ပင္ပန္းမႈေတြသာမရွိရင္ လုပ္ငန္းေအာင္ျမင္ဖို႔ ရာခိုင္ႏႈန္းပိုမ်ားပါလိမ့္မယ္။

၅။ ေငြလက္ခံတဲ့ ပုံစံေၾကာင့္ ဒုကၡမေရာက္ပါေစနဲ႔။

ဝန္ေဆာင္မႈေပးတဲ့လုပ္ငန္းပဲျဖစ္ျဖစ္၊ လက္လီေရာင္းခ်တာပဲျဖစ္ျဖစ္ ေငြလက္ခံေပးေခ်မႈပုံစံကို ေသေသခ်ာခ်ာ စနစ္တက်လုပ္ထားသင့္ပါတယ္။

သင့္လုပ္ငန္းဟာ တလ၊ ႏွစ္လေလာက္အထိ ေငြမေဖာ္ႏိုင္ေသးပဲ ရပ္တည္ႏိုင္ပါသလား။ ေဖာက္သည္ေတြ ေပးလိုတဲ့အတိုင္းမလုပ္ဘဲ ကိုယ့္လုပ္ငန္းအဆင္ေျပမယ့္ ပုံစံကိုလုပ္မယ္ဆိုရင္ သင့္အတြက္ ပိုၿပီးအက်ိဳးရွိပါလိမ့္မယ္။

၆။ နဖူးကေခြၽး ေျခမက်ေလာက္တဲ့အထိ ႀကိဳးစားမႈနဲ႔ အရင္းတည္ပါ။

ကြၽန္ေတာ္ရဲ႕ ကိုယ္ပိုင္လုပ္ငန္းတစ္ခု စလုပ္တုန္းက ကြၽန္ေတာ္ အခ်ိန္ျပည့္လုပ္ခဲ့ပါတယ္။ အခ်ိန္ျပည့္ဆိုတာ နံနက္ ၉ ညေန ၅ မဟုတ္ပါဘူး။ အိပ္ခ်ိန္ကလြဲလို႔ က်န္တဲ့အခ်ိန္အားလုံးပါ။

လုပ္ရတာေတြက အစုံပါပဲ။ မားကက္တင္းလုပ္ရသလို စာရင္းဇယားေတြေကာ၊ ေဈးညႇိႏႈိင္းမႈေတြပါ လုပ္ရပါတယ္။ အဲလို ေရကုန္ေရခမ္းႀကိဳးစားရျခင္းက အခ်ည္းႏွီးေတာ့ မဟုတ္ပါဘူး။ သင္ဟာ အမွတ္တံဆိပ္တစ္ခုကို တည္ေဆာက္ေနတာပါ။

သင္ႀကိဳးစားေလေလ သင့္ရဲ႕တန္ဖိုးက တက္လာေလေလပါပဲ။ သင့္ရဲ႕ ကုမၸဏီကို ေရာင္းေတာ့မယ္ ဒါမွမဟုတ္ ပါတနာတစ္ေယာက္နဲ႔ လက္တြဲလုပ္ဖို႔ ကမ္းလွမ္းေတာ့မယ္ဆိုရင္ သင့္ရဲ႕ ေခြၽးနဲ႔ႀကိဳးစားမႈေတြဟာ ႐ုပ္လုံးေပၚလာပါလိမ့္မယ္

၇။ ေၾကာ္ျငာနဲ႔ မားကက္တင္း အခမဲ့လုပ္လို႔ရမယ့္ နည္းလမ္းေတြကို အသုံးခ်ပါ။

ေငြေၾကးအလြန္အကြၽံသုံးစြဲစရာမလိုအပ္ဘဲ သင့္လုပ္ငန္းကို လူသိေအာင္လုပ္လို႔ရတဲ့ နည္းလမ္းေတြရွိပါတယ္။ ဆိုရွယ္မီဒီယာ ဥပမာ ၊ ၊ မ်ားဟာ အလားအလာရွိတဲ့ ေဖာက္သည္မ်ားနဲ႔ ထိေတြ႕မႈရေအာင္လို႔ ကူညီႏိုင္ပါတယ္။

သင္ဟာ ေဒသခံမီဒီယာေတြနဲ႔ ဆက္သြယ္ၿပီးေတာ့ သင္ကြၽမ္းက်င္တဲ့အရာေတြကို လူေတြသိေအာင္ ဗဟုသုတေပး ဒါမွမဟုတ္ သင္ၾကားေပးတဲ့ပုံစံမ်ိဳးနဲ႔လည္း သင့္ကိုယ္သင္ေၾကာ္ျငာလို႔ရပါတယ္။

၈။ အၾကမ္းပတမ္းခံႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားပါ။

ႀကိဳးႀကိဳးစားစားလုပ္ရတာဟာ တကယ့္လိုအပ္တဲ့အရာပါ။ သင့္ဟာ ေငြေၾကးအရင္းအႏွီးမရွိဘဲ စီးပြားေရးတစ္ခုကို စလုပ္ေတာ့မယ္လို႔ စဥ္းစားလိုက္ၿပီဆိုတာနဲ႔ လုပ္ငန္းေအာင္ျမင္ဖို႔ သင့္မွာရွိသမွ် ခြန္အားေတြကို အသုံးခ်ရေတာ့မွာပါ။

ေဖာက္သည္အသစ္ေတြနဲ႔ စကားေျပာဆိုရျခင္း၊ ေဖာက္သည္လိုအပ္တာေတြကို ျပင္ဆင္ေပးရျခင္း၊ ေငြေပးေခ်ရျခင္း၊ စာရင္းဇယားတြက္ခ်က္ရျခင္း စတာေတြ အားလုံးလုပ္ဖို႔ ျပင္ဆင္ထားပါ။ ခြန္အားေတြ အခ်ိန္ေတြ ေပးဆပ္ရမယ့္ အလုပ္အစုံကို သင္လုပ္ရေတာ့မွာပါ။

ေငြသိပ္မရွိလို႔ သင့္အိုင္ဒီယာကို အေကာင္အထည္မေဖာ္ႏိုင္ဘူးဆိုတာမ်ိဳး အျဖစ္မခံပါနဲ႔။ ခက္ခဲမွာလား၊ စိတ္ပင္ပန္းမွာလားလို႔ ေမးရင္၊ မပူပါနဲ႔။

ျဖစ္ကိုျဖစ္မွာပါ။ ဒါဟာ စြန႔္ဦးတီထြင္လုပ္ငန္းရွင္ေတြ သြားရမယ့္ ခရီးလမ္းတစ္ခုပဲျဖစ္ပါတယ္။

01 အောက်တိုဘာ 2022 နောက်ဆုံးတွင် ထီဖော်မြူလာများကို ကြည့်ကြပါစို့။ ထိုင်းထီ၊

01 အောက်တိုဘာ 2022 နောက်ဆုံးတွင် ထီဖော်မြူလာများကို ကြည့်ကြပါစို့။ ထိုင်းထီ၊

01 အောက်တိုဘာ 2022 နောက်ဆုံးတွင် ထီဖော်မြူလာများကို ကြည့်ကြပါစို့။ ထိုင်းထီ၊

ဤကာလအတွင်း 1/10/65 အတွက် ကံကောင်းစေမည့် ဂဏန်းများ လမ်းညွှန်ချက်များ ရောက်ရှိလာပါပြီ။ အပေါ်ဆုံးထီဂဏန်းနှစ်လုံးသည် ဖြောင့်ဖြောင့်ဖြစ်ပြီး၊ ထိပ် 2 အတွဲသည်

ဤကံကောင်းဂဏန်းများဖြစ်သည်။ ဩဂုတ်လ 1 ရက်၊ 2022 နေ့၏ကာလ၊ ဤကာလကို ကြည့်ကြပါစို့ ဘယ်ဂဏန်းတွေက စိတ်ဝင်စားစရာကောင်းလဲ။ ကံစမ်းမဲ များကို ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

01 အောက်တိုဘာ 2022 နောက်ဆုံးတွင် ထီဖော်မြူလာများကို ကြည့်ကြပါစို့။ ထိုင်းထီ၊

01 အောက်တိုဘာ 2022 နောက်ဆုံးတွင် ထီဖော်မြူလာများကို ကြည့်ကြပါစို့။ ထိုင်းထီ၊

ဤကာလအတွင်း 1/10/65 အတွက် ကံကောင်းစေမည့် ဂဏန်းများ လမ်းညွှန်ချက်များ ရောက်ရှိလာပါပြီ။ အပေါ်ဆုံးထီဂဏန်းနှစ်လုံးသည် ဖြောင့်ဖြောင့်ဖြစ်ပြီး၊ ထိပ် 2 အတွဲသည်

ဤကံကောင်းဂဏန်းများဖြစ်သည်။ ဩဂုတ်လ 1 ရက်၊ 2022 နေ့၏ကာလ၊ ဤကာလကို ကြည့်ကြပါစို့ ဘယ်ဂဏန်းတွေက စိတ်ဝင်စားစရာကောင်းလဲ။ ကံစမ်းမဲ များကို ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Zawgyi

01 ေအာက္တိုဘာ 2022 ေနာက္ဆုံးတြင္ ထီေဖာ္ျမဴလာမ်ားကို ၾကည့္ၾကပါစို႔။ ထိုင္းထီ၊

01 ေအာက္တိုဘာ 2022 ေနာက္ဆုံးတြင္ ထီေဖာ္ျမဴလာမ်ားကို ၾကည့္ၾကပါစို႔။ ထိုင္းထီ၊

ဤကာလအတြင္း 1/10/65 အတြက္ ကံေကာင္းေစမည့္ ဂဏန္းမ်ား လမ္းၫႊန္ခ်က္မ်ား ေရာက္ရွိလာပါၿပီ။ အေပၚဆုံးထီဂဏန္းႏွစ္လုံးသည္ ေျဖာင့္ေျဖာင့္ျဖစ္ၿပီး၊ ထိပ္ 2 အတြဲသည္

ဤကံေကာင္းဂဏန္းမ်ားျဖစ္သည္။ ဩဂုတ္လ 1 ရက္၊ 2022 ေန႔၏ကာလ၊ ဤကာလကို ၾကည့္ၾကပါစို႔ ဘယ္ဂဏန္းေတြက စိတ္ဝင္စားစရာေကာင္းလဲ။ ကံစမ္းမဲ ​​မ်ားကို ၾကည့္ရႈဖို႔ ဖိတ္ေခၚလိုက္ပါတယ္။

01 ေအာက္တိုဘာ 2022 ေနာက္ဆုံးတြင္ ထီေဖာ္ျမဴလာမ်ားကို ၾကည့္ၾကပါစို႔။ ထိုင္းထီ၊

01 ေအာက္တိုဘာ 2022 ေနာက္ဆုံးတြင္ ထီေဖာ္ျမဴလာမ်ားကို ၾကည့္ၾကပါစို႔။ ထိုင္းထီ၊

ဤကာလအတြင္း 1/10/65 အတြက္ ကံေကာင္းေစမည့္ ဂဏန္းမ်ား လမ္းၫႊန္ခ်က္မ်ား ေရာက္ရွိလာပါၿပီ။ အေပၚဆုံးထီဂဏန္းႏွစ္လုံးသည္ ေျဖာင့္ေျဖာင့္ျဖစ္ၿပီး၊ ထိပ္ 2 အတြဲသည္

ဤကံေကာင္းဂဏန္းမ်ားျဖစ္သည္။ ဩဂုတ္လ 1 ရက္၊ 2022 ေန႔၏ကာလ၊ ဤကာလကို ၾကည့္ၾကပါစို႔ ဘယ္ဂဏန္းေတြက စိတ္ဝင္စားစရာေကာင္းလဲ။ ကံစမ္းမဲ မ်ားကို ၾကည့္ရႈဖို႔ ဖိတ္ေခၚလိုက္ပါတယ္။

 

ရန်ကုန် – မန္တလေး အမြန်လမ်းမှ မရပ်သင့်သောနေရာ မနားသင့်သောနေရာ မစားသင့်သောနေရာ

ရန်ကုန် – မန္တလေး အမြန်လမ်းမှ မရပ်သင့်သောနေရာ မနားသင့်သောနေရာ မစားသင့်သောနေရာ

ဒီနေရာလေးကို သိကြလား။ ဒီနေရာလေးက အမြန်လမ်း ၁၃၅ မိုင်မှာ ရှိတဲ့ အလယ်ကျွန်းမှာ ပေါက်နေတဲ့ ထန်းညီနောင်ပါပဲ။

အဲဒီနား ရောက်ရင် ကားရပ်ပြီး သေးပေါက်တာ မလုပ်ပါနဲ့။ လုပ်တော့ ဘာဖြစ်လဲကွာ ဆိုရင် စမ်းကြည့်လိုက်လေ။

ကားကို အနားပေးချင်လို့ ခဏရပ်မယ်ဆိုရင်လည်း သင့်ကားပေါ်မှာ အညှီအဟောက် အစားအသောက်တွေ မပါပါစေနှင့်။

အထူးသဖြင့် ညဘက် မရပ်နားသင့်ပါ။ 259 မိုင် သီးကုန်းနားမှာလည်း ညောင်ပင်ကြီးတစ်ပင် ရှိတယ်။ အခန့်မသင့်လျင် နွားခလောက်သံ ခြူသံတွေ ကြားရတတ်တယ်။

အဲဒီနားမှာလည်း မနားသင့်သေး မပေါက်သင့်ပါဘူး ။ ကိုယ်တွေ့တွေ ရှိပါတယ်။ တံတားဘေးနားတွေမှာ နားရင် သတိနဲ့ နားပါ။

တချို့က အိမ်က ထည့်လာတဲ့ ထမင်းဟင်းကို အမြန်လမ်းဘေးက သစ်ပင်ရိပ်အောက်တွေမှာ စားတတ်ကြပါတယ်။ နေ့ေ့နေ့ညည ပရလောကသားတွေဟာ အမြန်လမ်း တလျောက်မှာ ရှိနေကြပါတယ်။

လူဟာ သူတို့ထက် မြင့်ပါတယ်။ ဒါပေမယ့် အမှားမလုပ်မိစေနဲ့ပေါ့။ ခွင့်လွှတ်ခြင်းဆိုတာ သူတို့မှာ မရှိဘူး။ မယုံရင် စမ်းကြည့်လိုက်။

သင် ကံနိမ့်နေပြီ ဆိုရင်တော့ ဟုတ်ကဲ့ အမြန်လမ်းမှာ ကားမှောက်တာ တိုက်တာ ရုတ်တရက် ရပ်သွားတာတွေ ရှိတတ်ပါတယ်။

လမ်းမကောင်းလို့ ဒရိုင်ဘာ အိပ်ငိုက်လို့ စသည်ဖြင့် မဟုတ်ဘဲ ဖြစ်နေကြတာတွေ အများကြီးပါ။ မေတ္တာပို့ပေးပါ ဘုရားစာ တတွတ်တွတ် ရွတ်သွားပါ။

ကား ရပ်နားတဲ့ အခါလည်း မေတ္တာပို့ပေးပါ ထမင်းစားကြမယ်ဆိုရင် ခပ်ဝေးဝေးမှာ စက္ကူလေး ခင်းပြီး နည်းနည်းပုံပြီး ထည့်ပေးလိုက်ပါ။

ညဘက်တော့ မလုပ်ပါနဲ့။ အမြန်လမ်း အသုံးပြုသူတိုင်း ဘေးရန် ကင်းကြပါစေ။

Credit

Zawgyi

ရန္ကုန္ – မႏၲေလး အျမန္လမ္းမွ မရပ္သင့္ေသာေနရာ မနားသင့္ေသာေနရာ မစားသင့္ေသာေနရာ

ဒီေနရာေလးကို သိၾကလား။ ဒီေနရာေလးက အျမန္လမ္း ၁၃၅ မိုင္မွာ ရွိတဲ့ အလယ္ကြၽန္းမွာ ေပါက္ေနတဲ့ ထန္းညီေနာင္ပါပဲ။

အဲဒီနား ေရာက္ရင္ ကားရပ္ၿပီး ေသးေပါက္တာ မလုပ္ပါနဲ႔။ လုပ္ေတာ့ ဘာျဖစ္လဲကြာ ဆိုရင္ စမ္းၾကည့္လိုက္ေလ။

ကားကို အနားေပးခ်င္လို႔ ခဏရပ္မယ္ဆိုရင္လည္း သင့္ကားေပၚမွာ အညႇီအေဟာက္ အစားအေသာက္ေတြ မပါပါေစႏွင့္။

အထူးသျဖင့္ ညဘက္ မရပ္နားသင့္ပါ။ 259 မိုင္ သီးကုန္းနားမွာလည္း ေညာင္ပင္ႀကီးတစ္ပင္ ရွိတယ္။ အခန႔္မသင့္လ်င္ ႏြားခေလာက္သံ ျခဴသံေတြ ၾကားရတတ္တယ္။

အဲဒီနားမွာလည္း မနားသင့္ေသး မေပါက္သင့္ပါဘူး ။ ကိုယ္ေတြ႕ေတြ ရွိပါတယ္။ တံတားေဘးနားေတြမွာ နားရင္ သတိနဲ႔ နားပါ။

တခ်ိဳ႕က အိမ္က ထည့္လာတဲ့ ထမင္းဟင္းကို အျမန္လမ္းေဘးက သစ္ပင္ရိပ္ေအာက္ေတြမွာ စားတတ္ၾကပါတယ္။ ေန႔ေ့ေန႔ညည ပရေလာကသားေတြဟာ အျမန္လမ္း တေလ်ာက္မွာ ရွိေနၾကပါတယ္။

လူဟာ သူတို႔ထက္ ျမင့္ပါတယ္။ ဒါေပမယ့္ အမွားမလုပ္မိေစနဲ႔ေပါ့။ ခြင့္လႊတ္ျခင္းဆိုတာ သူတို႔မွာ မရွိဘူး။ မယုံရင္ စမ္းၾကည့္လိုက္။

သင္ ကံနိမ့္ေနၿပီ ဆိုရင္ေတာ့ ဟုတ္ကဲ့ အျမန္လမ္းမွာ ကားေမွာက္တာ တိုက္တာ ႐ုတ္တရက္ ရပ္သြားတာေတြ ရွိတတ္ပါတယ္။

လမ္းမေကာင္းလို႔ ဒ႐ိုင္ဘာ အိပ္ငိုက္လို႔ စသည္ျဖင့္ မဟုတ္ဘဲ ျဖစ္ေနၾကတာေတြ အမ်ားႀကီးပါ။ ေမတၱာပို႔ေပးပါ ဘုရားစာ တတြတ္တြတ္ ႐ြတ္သြားပါ။

ကား ရပ္နားတဲ့ အခါလည္း ေမတၱာပို႔ေပးပါ ထမင္းစားၾကမယ္ဆိုရင္ ခပ္ေဝးေဝးမွာ စကၠဴေလး ခင္းၿပီး နည္းနည္းပုံၿပီး ထည့္ေပးလိုက္ပါ။

ညဘက္ေတာ့ မလုပ္ပါနဲ႔။ အျမန္လမ္း အသုံးျပဳသူတိုင္း ေဘးရန္ ကင္းၾကပါေစ။

Credit

ရန်ကုန်မြို့ မီးပွိုင့်မှာ တောင်းရမ်းရုံနဲ့ တလ ၂၂ သိန်း ရရှိနိုင်ပါပြီ (ဒီထက် သေချာတဲ့ စီးပွားရေး မရှိတော့ပါ)

ရန်ကုန်မြို့ မီးပွိုင့်မှာ တောင်းရမ်းရုံနဲ့ တလ ၂၂ သိန်း ရရှိနိုင်ပါပြီ (ဒီထက် သေချာတဲ့ စီးပွားရေး မရှိတော့ပါ)

ယနေ့ အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ ဗီဒီယိုဖိုင်ကတော့ တနေ့ ၅ သောင်းနဲ့ တလ ၂၂ သိန်းနီးပါးရတဲ့ တောင်းရမ်းစားသောက်သူ အဒေါ်ကြီး တယောက်ရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာတော့ လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ တောင်းရမ်းလို့ ရလာတဲ့ ပိုက်ဆံတွေကို ရေတွက်နေတဲ့ ကလေးတဦးနဲ့ မိန်းမကြီး တဦးတို့ စကားပြောနေပုံ ပါဝင်ပါတယ်။ ဗီဒီယိုရိုက်နေသူက တရက် အများဆုံး ငါးသောင်းလောက် ရတယ်ဆိုတော့ တလ ဆို ၁၀ သိန်းလောက် ရမလာ မေးပါတယ်။ အဒေါ်ကြီးက ၂၂ ရတယ်လို့ ပြန်ဖြေပါတယ်။ တလ ၂၂ သိန်းလား၊ လက်ရှိ ရေနေတဲ့ ပိုက်ဆံက နှစ်သောင်းနှစ်ထောင်လားဆိုတာ သဲသဲကွဲကွဲ မသိရပါဘူး။

အဒေါ်ကြီးရဲ့ ပုံစံက ဘေးနားက ကလေးကို တောင်းရမ်းခိုင်းပြီးတဲ့နောက် ရလာတဲ့ပိုက်ဆံတွေကို လက်ဖက်ရည်ဆိုင်မှာ ဝေစုခွဲနေတဲ့ ပုံဖြစ်နေပါတယ်။ ယခုကာလမှာ ရန်ကုန်မြို့ရဲ့ မီးပွိုင့်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ပုံစံအမျိုးမျိုးနဲ့ တောင်းရမ်းစားသောက်တဲ့သူတွေ များပြားလာတာကို တွေ့ရပါတယ်။

ကားမှန်တွေကို ရေဆေးတဲ့ ပုံစံနဲ့ ပိုက်ဆံတောင်းတဲ့ ကလေးတွေ အနည်းငယ် ပပျောက်သွားပြီးတဲ့နောက် ပန်းသည်၊ မုန့်ဖတ်ထုပ်သည် ကလေးများ ပေါ်ပေါက်လာသလို ဒီအတိုင်း တောင်းတဲ့ သူတွေလည်း အတော်များလာတာကို တွေ့ရပါတယ်။

အဆိုပါ တောင်းရမ်းစားသောက်သူများဟာ အရွယ်စုံဖြစ်ပြီး တချို့ သက်လတ်အရွယ် ကျန်းမာရေးကောင်းတဲ့ တောင့်တောင့်တင်းတင်း အရွယ်တွေကပါ မိုက်ကြေးခွဲသလို လိုက်လံတောင်းရမ်းနေကြတာကို တွေ့ရပါတယ်။

ကလေးချီထားတဲ့ တောင်းရမ်းသူများလည်း များပြားလာပြီး ချီထားတဲ့ကလေးတွေဟာ အိပ်ဆေးအကျွေးခံထားရသလို အမြဲတမ်းအိပ်နေတာကို တွေ့ရပါတယ်။ ဘတ်စ်ကားတွေပေါ်မှာလည်း စာအိတ်နဲ့ တောင်းရမ်းသူတွေ အလွန် များပြားလာတာကို တွေ့ရပါတယ်။

မီးပွိုင့်တွေမှာ တောင်းရမ်းသူတွေဟာ ကားတွေကြားမှာ လျှောက်သွားပြီး တောင်းရမ်းကြတာကြောင့် သူတို့အတွက်ရော၊ ယာဉ်မောင်းသူတွေအတွက်ပါ အန္တရာယ်များလွန်းလှပါတယ်။ အဆိုပါ တောင်းရမ်းသူတွေကို ကြပ်မတ်ဖို့ စည်ပင်သာယာအဖွဲ့မှာ တာဝန်ရှိပေမယ့် မည်သည့်အကြောင်းကိစ္စကြောင့်မှန်းမသိ စည်ပင်ဝန်ထမ်းများကို လုံးဝ မတွေ့ရဘူး ဖြစ်နေပါတယ်။

ဗီဒီယိုဖိုင်ကို ကြည့်ရှုပြီး တောင်းရမ်းစားသောက်တဲ့သူတောင် တရက် ၅ သောင်း၊ တလ ၂၂ သိန်း ရနေတာကြောင့် လစာ ၂ သိန်း ဝန်းကျင်ပဲရတဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ ကြေကွဲ ဝမ်းနည်းသံတွေကိုလည်း မှတ်ချက်ထဲမှာ တွေ့မြင်နေရပါတယ်။

မြန်မာပြည်သူတွေရဲ့ သနားကရုဏာ ထားတတ်တဲ့ စိတ်ကို အသုံးချပြီး အချောင်ခိုနေကြတဲ့ တောင်းရမ်းစားသောက်နေကြသူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်နေကြသူတွေ အမြန်ဆုံး ပပျောက်သွားပါစေလို့ ဆုတောင်းရင်း…

Credit to blacker

Zawgyi

ရန္ကုန္ၿမိဳ႕ မီးပြိဳင့္မွာ ေတာင္းရမ္း႐ုံနဲ႔ တလ ၂၂ သိန္း ရရွိႏိုင္ပါၿပီ (ဒီထက္ ေသခ်ာတဲ့ စီးပြားေရး မရွိေတာ့ပါ)

ယေန႔ အြန္လိုင္းေပၚမွာ လူေျပာမ်ားေနတဲ့ ဗီဒီယိုဖိုင္ကေတာ့ တေန႔ ၅ ေသာင္းနဲ႔ တလ ၂၂ သိန္းနီးပါးရတဲ့ ေတာင္းရမ္းစားေသာက္သူ အေဒၚႀကီး တေယာက္ရဲ႕ ဗီဒီယိုဖိုင္ပဲ ျဖစ္ပါတယ္။

ဗီဒီယိုဖိုင္ထဲမွာေတာ့ လက္ဖက္ရည္ဆိုင္လို ေနရာမ်ိဳးမွာ ေတာင္းရမ္းလို႔ ရလာတဲ့ ပိုက္ဆံေတြကို ေရတြက္ေနတဲ့ ကေလးတဦးနဲ႔ မိန္းမႀကီး တဦးတို႔ စကားေျပာေနပုံ ပါဝင္ပါတယ္။ ဗီဒီယို႐ိုက္ေနသူက တရက္ အမ်ားဆုံး ငါးေသာင္းေလာက္ ရတယ္ဆိုေတာ့ တလ ဆို ၁၀ သိန္းေလာက္ ရမလာ ေမးပါတယ္။ အေဒၚႀကီးက ၂၂ ရတယ္လို႔ ျပန္ေျဖပါတယ္။ တလ ၂၂ သိန္းလား၊ လက္ရွိ ေရေနတဲ့ ပိုက္ဆံက ႏွစ္ေသာင္းႏွစ္ေထာင္လားဆိုတာ သဲသဲကြဲကြဲ မသိရပါဘူး။

အေဒၚႀကီးရဲ႕ ပုံစံက ေဘးနားက ကေလးကို ေတာင္းရမ္းခိုင္းၿပီးတဲ့ေနာက္ ရလာတဲ့ပိုက္ဆံေတြကို လက္ဖက္ရည္ဆိုင္မွာ ေဝစုခြဲေနတဲ့ ပုံျဖစ္ေနပါတယ္။ ယခုကာလမွာ ရန္ကုန္ၿမိဳ႕ရဲ႕ မီးပြိဳင့္ေတြနဲ႔ လမ္းဆုံလမ္းခြေတြမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေတာင္းရမ္းစားေသာက္တဲ့သူေတြ မ်ားျပားလာတာကို ေတြ႕ရပါတယ္။

ကားမွန္ေတြကို ေရေဆးတဲ့ ပုံစံနဲ႔ ပိုက္ဆံေတာင္းတဲ့ ကေလးေတြ အနည္းငယ္ ပေပ်ာက္သြားၿပီးတဲ့ေနာက္ ပန္းသည္၊ မုန႔္ဖတ္ထုပ္သည္ ကေလးမ်ား ေပၚေပါက္လာသလို ဒီအတိုင္း ေတာင္းတဲ့ သူေတြလည္း အေတာ္မ်ားလာတာကို ေတြ႕ရပါတယ္။

အဆိုပါ ေတာင္းရမ္းစားေသာက္သူမ်ားဟာ အ႐ြယ္စုံျဖစ္ၿပီး တခ်ိဳ႕ သက္လတ္အ႐ြယ္ က်န္းမာေရးေကာင္းတဲ့ ေတာင့္ေတာင့္တင္းတင္း အ႐ြယ္ေတြကပါ မိုက္ေၾကးခြဲသလို လိုက္လံေတာင္းရမ္းေနၾကတာကို ေတြ႕ရပါတယ္။

ကေလးခ်ီထားတဲ့ ေတာင္းရမ္းသူမ်ားလည္း မ်ားျပားလာၿပီး ခ်ီထားတဲ့ကေလးေတြဟာ အိပ္ေဆးအေကြၽးခံထားရသလို အၿမဲတမ္းအိပ္ေနတာကို ေတြ႕ရပါတယ္။ ဘတ္စ္ကားေတြေပၚမွာလည္း စာအိတ္နဲ႔ ေတာင္းရမ္းသူေတြ အလြန္ မ်ားျပားလာတာကို ေတြ႕ရပါတယ္။

မီးပြိဳင့္ေတြမွာ ေတာင္းရမ္းသူေတြဟာ ကားေတြၾကားမွာ ေလွ်ာက္သြားၿပီး ေတာင္းရမ္းၾကတာေၾကာင့္ သူတို႔အတြက္ေရာ၊ ယာဥ္ေမာင္းသူေတြအတြက္ပါ အႏၲရာယ္မ်ားလြန္းလွပါတယ္။ အဆိုပါ ေတာင္းရမ္းသူေတြကို ၾကပ္မတ္ဖို႔ စည္ပင္သာယာအဖြဲ႕မွာ တာဝန္ရွိေပမယ့္ မည္သည့္အေၾကာင္းကိစၥေၾကာင့္မွန္းမသိ စည္ပင္ဝန္ထမ္းမ်ားကို လုံးဝ မေတြ႕ရဘူး ျဖစ္ေနပါတယ္။

ဗီဒီယိုဖိုင္ကို ၾကည့္ရႈၿပီး ေတာင္းရမ္းစားေသာက္တဲ့သူေတာင္ တရက္ ၅ ေသာင္း၊ တလ ၂၂ သိန္း ရေနတာေၾကာင့္ လစာ ၂ သိန္း ဝန္းက်င္ပဲရတဲ့ ကုမၸဏီဝန္ထမ္းေတြရဲ႕ ေၾကကြဲ ဝမ္းနည္းသံေတြကိုလည္း မွတ္ခ်က္ထဲမွာ ေတြ႕ျမင္ေနရပါတယ္။

ျမန္မာျပည္သူေတြရဲ႕ သနားက႐ုဏာ ထားတတ္တဲ့ စိတ္ကို အသုံးခ်ၿပီး အေခ်ာင္ခိုေနၾကတဲ့ ေတာင္းရမ္းစားေသာက္ေနၾကသူေတြနဲ႔ ေနာက္ကြယ္က ႀကိဳးကိုင္ေနၾကသူေတြ အျမန္ဆုံး ပေပ်ာက္သြားပါေစလို႔ ဆုေတာင္းရင္း…

Credit to blacker